ပင်မစာမျက်နှာ
▼
Pages
▼
စိတ်ဝင်စားဖွယ် စာမျက်နှာများ
▼
Monday, September 19, 2016
ကလေး၊တမူးအပါအဝင် ခရိုင် ရှစ်ခုပေါင်း၍ ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန်တောင်းဆို
ကလေး၊ တမူးအပါအဝင် ခရိုင်ရှစ်ခုပေါင်း၍ တိုင်းလိုင်(ရှမ်းနီ) ပြည်နယ်သတ်မှတ်ပေးရန် စက်တင်ဘာ ၂ ရက်နေ့တွင်ကျင်းပသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တတိယနေ့တွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကတောင်းဆိုခဲ့သည်။
“သမိုင်း အစဉ်အဆက်က ဓားမဦးချ နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးများသည် မိမိကြမ္မာ မိမိ ဖန်တီးရန်အတွက် ၁၉၇၂ ခုနှစ်တွင် မြေလတ် ရှမ်းပြည်နယ် (ခေါ်) ရှမ်းနီ ပြည်နယ် ရရှိရန် တောင်းဆိုခဲ့ပါကြောင်း၊ ယခုလည်း ရှမ်းနီလူမျိုးများ နေထိုင်ရာ ဒေသများဖြစ် သည့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ခရိုင်များကို စုပေါင်းပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် တင်ပြလိုပါတယ်။ မိမိတို့ ရှမ်းနီပါတီ အနေ ဖြင့် ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်နိုင်ငံလုံး အနေဖြင့် တန်းတူ ညီတူ ရရှိခံစား စေလိုပါကြောင်း၊ ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြ သည့် နိုင်ငံ များကို လေ့လာ သည့်အခါတွင် နိုင်ငံသားများ၊ လူမျိုးစုများကို ဥပဒေဖြင့် အကာအကွယ် ပေးထားသည့် အပြင် ပြည်နယ် ရသင့်ရထိုက်သော လူမျိုးစုများ အတွက် ပြည်နယ်သစ်များမူဘောင် ထည့်သွင်း ပြဋ္ဌာန်းထားကြသည်ကို တွေ့ရှိရပါတယ်။ ထို့ကြောင့် တိုင်းလိုင်ပါတီအနေဖြင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင် ငံ တော်ကြီးကို တည်ဆောက်ရာတွင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲခြင်း၊ ပြည်နယ်သစ်များ မူဘောင်ကို ထည့်သွင်း ရေးဆွဲပြဋ္ဌာန်းခြင်းနှင့် လူမျိုး(၁၃၅)မျိုးကို ပြန်လည်သုံးသပ်ပြီး မိမိတို့ရှမ်းနီလူမျိုးအမည်ကို နိုင်ငံတော်က တရားဝင်သတ်မှတ်ပေးရန် တောင်းဆို တိုက်တွန်းပါတယ်” ဟုတိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ စိုင်းဌေးအောင် ကပြောသည်။
တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးဇော်ဦးက ငြိမ်းချမ်းရေးလုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်ရာတွင် လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးအာမခံချက်များနှင့် ကြိုတင်သတ်မှတ်ချက်များကိုအလွန်အကျွံတောင်းဆိုနေခြင်း၊ တရားမဝင်ရယူထားသည့်အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ စီးပွားရေးအခွင့်အလမ်းများကိုတရားဝင်အသိအမှတ်ပြုရန်တောင်းဆိုနေခြင်းများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အဓိကနှောင့်နှေးကြန့်ကြာမှုတစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ လမ်းဖွင့်ပေးထားသည့် နိုင်ငံရေးလမ်းကြောင်းနှင့် ပြည်သူလူထုကရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်းမှန်ကန်စွာလျှောက်လှမ်းသွားရမည်ဖြစ်ပါကြောင်းဆွေးနွေးသည်
Credit - http://chinworld.info/?p=320
မုံရွာမြို့ မှာသတင်းသုးံနေတဲ့ဆရာ တော်မှစော်ဘွားဟော်နန်းဆောက် လုပ်မည့်နေရာ
မုံရွာမြို့ မှာသတင်းသုးံနေတဲ့ဆရာ
တော်မှစော်ဘွားဟော်နန်းဆောက်
လုပ်မည့်နေရာသည်စော်ဘွားကန် အ
နီးရှိတောင်ကုန်းများကိုသဘောကြ
ကြောင်းမေမြို့ ရုက္ခဗေဒဥယျာဉ်လိုလုပ်
ချင်ကြောင်းလွှတ်တော်ကိုယ်စားလှယ်
နှင့်ဖုန်းဆက်ပြီးဆွေးနွေးခဲ့တာကိုကြား
သိခဲ့ရပါတယ်ကျနော်တို့၏ဆန္ဒများမှာ
လည်းဝန်းသိုစော်ဘွားဦးအောင်မြတ်
၏အမှတ်တရနေရာများထားရှိမှာကို
ကြိုက်နှစ်သက်မိပါကြောင်ြးေ ပာလိုပါသည်
တော်မှစော်ဘွားဟော်နန်းဆောက
လုပ်မည့်နေရာသည်စော်ဘွားကန်
နီးရှိတောင်ကုန်းများကိုသဘေ
ကြောင်းမေမြို့ ရုက္ခဗေဒဥယျာဉ်လိုလုပ်
ချင်ကြောင်းလွှတ်တော်ကိုယ်စ
နှင့်ဖုန်းဆက်ပြီးဆွေးနွေးခ
သိခဲ့ရပါတယ်ကျနော်တို့၏ဆန္ဒမ
လည်းဝန်းသိုစော်ဘွားဦးအောင
၏အမှတ်တရနေရာများထားရှိမှာက
ကြိုက်နှစ်သက်မိပါကြောင်ြးေ
ဝန်းသို စက်တင်ဘာ ၃ ဝန်းသိုနှင့်ဂျိုးတောင်ကြားကားလမ်း ယာယီကွင်းလမ်းအား တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်ဝင်း
ဝန်းသို စက်တင်ဘာ ၃
ဝန်းသိုနှင့်ဂျိုးတောင်ကြားကားလမ်း
ယာယီကွင်းလမ်းအား
တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်ဝင်း
ယနေ့စက်တင်ဘာ၃၊ရက်ညနေ၅နာရီခန့်က
ကြည့်ရှု့နေစဉ်။
ဝန်းသိုနှင့်ဂျိုးတောင်ကြားကားလမ်း
ယာယီကွင်းလမ်းအား
တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်ဝင်း
ယနေ့စက်တင်ဘာ၃၊ရက်ညနေ၅နာရီခန့်က
ကြည့်ရှု့နေစဉ်။
ဝန်းသိုစော်ဘွား ဦးအောင်မြတ် ၁၅၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲနှင့် ၀န်းသိုမြို့တည် ၁၀၇၅ နှစ်ပြည့် အခမ်းအနား ကျင်းပမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရှမ်းအဖွဲ့အစည်းများ တက်ရောက်နိုင်ရန် စီစဉ်သွားမည်
Credit - Kyaw Win (Facebook)
ဝန်းသိုစော်ဘွား ဦးအောင်မြတ် ၁၅၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲနှင့်
ဝန်းသိုမြို့တည် ၁၀၇၅ နှစ်ပြည့် အခမ်းအနား ကျင်းပမည်ဖြစ်ပြီး
မြန်မာတစ်နိုင်ငံလုံးရှိ ရှမ်းအဖွဲ့အစည်းများ တက်ရောက်နိုင်ရန်
စီစဉ်သွားမည်
စက်တင်ဘာ ၁၁
ဝန်းသိုစော်ဘွား ဦးအောင်မြတ်၏ ၁၅၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲနှင့် ၀န်းသိုမြို့တည် ၁၀၇၅ နှစ်ပြည့် အခမ်းအနားကို ၀န်းသိုမြို့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး နာယက ဆရာတော် တစ်ပါးဖြစ်သည့် ဆရာတော် ဦးသူရိယက ရှမ်းနီအသံဂျာနယ်သို့ ပြောကြားသည်။
ဝန်းသိုစော်ဘွား ဦးအောင်မြတ် ၁၅၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲနှင့်
ဝန်းသိုမြို့တည် ၁၀၇၅ နှစ်ပြည့် အခမ်းအနား ကျင်းပမည်ဖြစ်ပြီး
မြန်မာတစ်နိုင်ငံလုံးရှိ ရှမ်းအဖွဲ့အစည်းများ တက်ရောက်နိုင်ရန်
စီစဉ်သွားမည်စက်တင်ဘာ ၁၁
ဝန်းသိုစော်ဘွား ဦးအောင်မြတ်၏ ၁၅၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲနှင့် ၀န်းသိုမြို့တည် ၁၀၇၅ နှစ်ပြည့် အခမ်းအနားကို ၀န်းသိုမြို့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး နာယက ဆရာတော် တစ်ပါးဖြစ်သည့် ဆရာတော် ဦးသူရိယက ရှမ်းနီအသံဂျာနယ်သို့ ပြောကြားသည်။
“ ပွဲကတော့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ လောက် ကျင်းပဖို့ အကြမ်းဖျင်း ရာထားတယ်။
သုံးရက်လောက် ကျင်းပပြီးတော့ ရံပုံငွေပေါ်မူတည်ပြီးတော့မှ တစ်နိုင်ငံလုံးက
ရှမ်းအဖွဲ့အစည်းတွေ တက်ရောက်နိုင်အောင်လည်း စီစဉ်သွား မယ်။ ရံပုံငွေ
ရရှိအောင်လည်း တရားပွဲတွေ ကျင်းပပြီးတော့လည်း ရှာသွားမယ်။
ရှမ်းနီအဖွဲ့အစည်းတွေကလည်း ကူညီမယ်လို့ ပြောထားတာရှိတယ်။ ရံပုံငွေ
ထည့်ဝင်ချင်တဲ့လူတွေရှိရင်လညး ဖိတ်ခေါ်ပါတယ်။ ” ဟု ဆရာတော်က မိန့်ကြားသည်။
ပွဲတော်ဖြစ်မြောက်ရေးအတွက် ဒုတိယအကြိမ် ပွဲဖြစ်မြောက်ရေးကော်မတီအစည်းအဝေးကို စက်တင်ဘာလ ၂၀ ရက်နေတွင်ကျင်းပသွားမည်ဖြစ်ပြီး ကော်မတီအဖွဲ့ကို ၀န်းသိုမြို့နယ်ရှိ ဆရာတော်ကြီးများ ၊ စာရေးဆရာများ ၊ မြို့မိမြို့ဖ ၅၀ ဦးခန့်ဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းထားကြောင်းလည်းသိရသည်။
“ ၀န်းသိုစော်ဘွားကြီးရဲ့ဟော်နန်းကိုလည်း ၂၀၁၇ ခုနှစ်အတွင်း အပြီးဆောက်သွားမယ်။ သစ်ပင်တွေ ဥယျာဉ်တွေပါ ထည့်သွင်းတည်ဆောက်သွားမယ်။” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ဝန်းသိုမြို့အား သက္ကရာဇ် ၃၀၃ ခုနှစ်တွင် သင်တိုင်းတောင် နှင့် ဒေါင်းရူး(မြူး) ချောင်းအနီးတွင် စတင်တည်ထောင်ခဲ့ကြောင်းလည်း သိရသည်။
ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် ၁၈၈၅ ခုနှစ်တွင် မန္တလေး ရတနာပုံနေပြည်တော်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးချိန်အထိ လက်နက်မချပဲ ဆက်လက်၍ခုခံတွန်းလှန် ခဲ့သော နိုင်ငံတော်အသိအမှတ်ပြု အမျိုးသားခေါင်းဆောင်ကြီးဖြစ်သည်။
အင်္ဂလိပ်တို့အား တော်လှန်၍ အရေးမလှသောအခါ ဦးအောင်မြတ်သည် မိုးညှင်းမြိုမယ် ဟိုပင် နမ့်စလှော် လမ်းမှ တရုတ်ပြည် စန်းတားဒေသသို့ သက္ကရာဇ် ၁၂၃၅ ခု ကဆုန်လအတွင်း သွားရောက်ခိုလူံပြီး ဦးရီးတော် ဆာစောမောင်၏ စီစဉ်ပေးမူဖြင့် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာရာ သက္ကရာဇ် ၁၂၈၅ ခု တပေါင်းလဆန်း ၉ ရက် ( ၁၃.၃.၁၉၂၄) နေ့တွင် ဗန်းမော်သို့ ဆိုက်ရောက်ခဲ့၍ သင်္ဘောဖြင့် စုန်ဆင်းကာ မန္တလေးမြို့သို့ ခေတ္တမျှ လှည့်လည်ကြည့်ရူခဲ့သေးကြောင်းသိရသည်။
ထိုမှတဆင့် သက္ကရာဇ် ၁၂၈၅ ခု နှောင်းတန်းခူးလဆန်း ၃ ရက်နေ့တွင် တောင်ကြီးမြို့သို့ ရောက်ရှိပြီး တူဖြစ်သူ သထုံစော်ဘွားက တောင်ကြီးမြို့ ဟော်ကုန်းရပ် သထုံဟော်ကိုပေးအပ်သဖြင့် သထုံဟော်တွင်ကွယ်လွန်သည်အထိ စိုးစံခဲ့ကြောင်းလည်းသိရသည်။(ကိုးကား= ၀န်းသိုစော်ဘွား ဦးအောင်မြတ် မောင်ကျော်ရှင်းရေး )
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် သက္ကရာဇ် ၁၂၂၃ ခုနှစ် တပို့တွဲ လဆန်း ၁၁ ရက်နေ့တွင် မွေးဖွားပြီး ၁၃၂၆ ခုနှစ် နတ်တော်လဆန်း ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် သက်တော် ၁၀၃ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ ( ကိုးကား = စော်ဘွားအုတ်ဂူကျောက်စာ )
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ၁၅၅ နှစ်ပြည့်နှင့်အတူ ၀န်းသိုမြို့တည်နှစ် ၁၀၇၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲကျင်းပရေးအတွက် ရံပုံငွေထည့်ဝင်လိုပါက ဦးသူရိယ (ပွဲတော်ကျင်းပရေးကော်မတီ နာယကဆရာတော်) ဖုန်း ၀၉ ၄၀၀၄၆၅၈၀၄ ၊ ၀၉၇၉၄၃၄၆၆၁၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
Credit : The Voice of Shan-Ni
ပြန်လည်မျှဝေပါသည်
ကျော်ဝင်း ( ဝန်းသို )

ဝန်းသိုစော်ဘွားစဝ်အောင်မြတ် ကြေးရုပ် // စော်ဘွားကြီး ကြေးရုပ် /
ဝန်းသိုစော်ဘွားစဝ်အောင်မြတ် ကြေးရုပ်
// စော်ဘွားကြီး ကြေးရုပ် /
Credit -
// စော်ဘွားကြီး ကြေးရုပ် /
Credit -