ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Tuesday, October 8, 2019

ပုံတွေကပြောသော ၀န်းသို (Photos Telling about WUNTHO)

ပုံတွေကပြောသော ၀န်းသို
(Photos Telling about WUNTHO)









 ပုံတွေကပြောသော ၀န်းသို (Photos Telling about WUNTHO)
 ပုံတွေကပြောသော ၀န်းသို (Photos Telling about WUNTHO)
 ပုံတွေကပြောသော ၀န်းသို (Photos Telling about WUNTHO)
 ပုံတွေကပြောသော ၀န်းသို (Photos Telling about WUNTHO)
 ပုံတွေကပြောသော ၀န်းသို (Photos Telling about WUNTHO)
 ပုံတွေကပြောသော ၀န်းသို (Photos Telling about WUNTHO)
ပုံတွေကပြောသော ၀န်းသို (Photos Telling about WUNTHO)

အင်မတန် လူသိနည်းလှတဲံ ကဒူး တိုင်းရင်းသားများအကြောင်း ဖော်ပြပေးလိုက်ပါတယ် .....................

အင်မတန် လူသိနည်းလှတဲံ ကဒူး တိုင်းရင်းသားများအကြောင်း ဖော်ပြပေးလိုက်ပါတယ် .....................
 .....................

Credit to Original Creators of Video and Photo

Sunday, April 14, 2019

'The Sawbwa's Troops Surrendering Arms to the British authorities at Wuntho

Burmese rebels surrender at Wuntho Captured Burmese rebels surrender their arms to British forces under a general amnesty. Allied to the Saopha of Wuntho, their opposition to the British annexation of Burma (Mynamar) led to conflict at Wuntho where they subsequently lost control of the area. Wuntho, Burma (Myanmar), 1891. Caption reads: 'The Sawbwa's Troops Surrendering Arms to the British authorities at Wuntho, No. 422'

Friday, April 12, 2019

ဝါးထွက် ပစ္စည်းများ နိုင်ငံတကာ စီးပွားရေးဖြစ်ထုတ်လုပ်မှု ပုံစံများ လေ့လာရန် စာမျက်နှာများ

 မြန်မာနိုင်ငံ ဟာ ကမ္ဘာမှာ စီးပွားရေးမှာ နောက်ကောက်အကျဆုံး နိုင်ငံ။ စီးပွားရေး နိမ့်ကျတာနဲ့ အမျှ အားလုံးမှာ နောက်ကောက်ကျကျန်ကုန်တယ်။ ပညာရေး၊ ကျန်းမာရေး ဘယ်အရာမှ အခြေမခိုင်တဲ့ လူ့အဖွဲ့အစည်းကနေ နှလုံးရည် မပြည့်ဝတဲ့၊ လက်ရုံးရည်အားနည်းတဲ့ အသိုက်အ၀န်းတွေပဲ လက်ဆင့်ကမ်း ဖြတ်သန်းလာနေခဲ့ရတယ်...
အခု အတော်အတန် လုပ်ကိုင်ခွင့်သာတဲ့ ခေတ်ကိုတော့ ရောက်နေပြီ။ ငါတို့ ဘာလုပ်နိုင်လဲ... ငါတို့ဘာလုပ်တတ်လဲ... ငါတို့မှာ ဘာရှိလဲ.... သူများဘာလိုသလဲ... သူများ ဘာလုပ်နေသလဲ ဆိုတဲ့ အခြေခံကျကျ စဉ်းစား... အလုပ်လုပ်မယ်ဆိုရင် မဖြစ်နိုင်စရာဆိုတာမရှိပါဘူး...
သူများတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ တစောက်ကမ်း အားကျရုံသက်သက်... ကိုယ့်အသိုင်းအ၀ိုင်းကို အပြစ်တင်ရုံသက်သက်နဲ့တော့ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းကို ငါ့တို့မရနိုင်ဘူး...
ဒီတော့..... တနိုင်တပိုင် ကိုယ်ဘာလုပ်နိုင်လဲ...... သူများဘာတွေ..လုပ်နေလဲ.. ဘာတွေလုပ်လို့ရလဲတွေထဲကမှ ..... မြန်မာနိုင်ငံမှာ ... ဘယ်နေရာစိုက်စိုက်ဖြစ်ထွန်းတဲ့ ... ဟောဒီဝါးတွေ .... စီးပွားဖြစ် စိုက်.... ကုန်ချောထုတ်မယ်ဆို ..... ငါတို့အခက်အခဲတွေ ...ပြေလည်ဖို့အတွက် ... တစိတ်တဒေသ မကူညီနိုင်ဘူးလားလို့... စိတ်အားထက်သန်စွာတွေးရင်း.. ဒီ အသုံးဝင်မယ့် တရုတ်ပြည်က ထုတ်လုပ်တဲ့ ၀ါးအသုံးချပစ္စည်းတွေကို လေ့လာနိုင်မယ့် စာမျက်နှာတွေကို လက်လှမ်းမှီသလောက် စုစည်းဖော်ပြထားချင်တယ်........................................................
- အစိုးရကလည်း ကူညီမယ်လို့တော့ မျှောင်လင့်ရတာပါပဲ... သူလည်း ... ကြပ်မယ်.. ကိုင်မယ်... ဆွဲမယ်ဆိုတာချည်းပဲ..ဆိုတော့ ... မကူညီတဲ့အပြင် .... ကြိုးကွင်းစွပ်မှာတော့ ခန့်လန့်လန့်နဲ့ပဲ ... လုပ်ကြပါ... ဒီနည်းလေးကို... ကျမလည်း နည်းနည်းချင်းစကြည့်မယ်..... ဒါပါပဲ....

1) http://www.lscrafts.com/products/
2) https://maytredanphuvinhvn.blogspot.com/?fbclid=IwAR3O6GKYcshgcL4_xvi1kJfxmJdg5eog7DjS9rVL1JzXAIevQ5FJywPbIhQ

3) https://www.facebook.com/Bamboo-Wave-1211573582340713/
4) https://www.facebook.com/Shwe-pin-LeL-Rattan-Furniture-220021651754364/
5)  https://www.facebook.com/W-K-Bamboo-Placemat-733703913431268/
6) https://www.facebook.com/Rainbow-Bamboo-World-417740982026279/
7) https://www.facebook.com/WIN-Family-rattan-ware-souvenir-shop-311568062586464/
8) https://www.facebook.com/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%9D%E1%80%AB%E1%80%B8%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%84%E1%80%94%E1%80%B9%E1%80%B8%E1%80%96%E1%80%BC%E1%80%B6%E1%82%94%E1%81%BF%E1%80%96%E1%80%AD%E1%80%B3%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%80%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%B9%E1%80%B8-MBIDA-2159028797670840/
9) https://www.facebook.com/oasisbamboo/
10) https://www.facebook.com/%E1%80%99%E1%80%BA%E1%80%BD%E1%80%85%E1%80%B9%E1%80%81%E1%80%BA%E1%80%AD%E1%80%AF%E1%80%9D%E1%80%AB%E1%80%B8%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BA%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%95-524750494341812/
10) https://www.facebook.com/Byron-Bamboo-Control-898019623702818/
11) https://www.facebook.com/MB-Myanmar-Bamboo-249527302665200/
12) https://www.facebook.com/%E1%80%A7%E1%80%9B%E1%80%AC%E1%80%9D%E1%80%90%E1%80%AE-%E1%80%9D%E1%80%AB%E1%80%B8%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BA%E1%80%B3%E1%80%AD%E1%80%B8%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%B9%E1%80%B8-503213590105401/
13) https://www.facebook.com/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%9D%E1%80%AB%E1%80%B8%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%B9%E1%80%B8-%E1%80%85%E1%80%85%E1%80%B9%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%82%80%E1%80%80%E1%80%AE%E1%80%B8-194679647784663/
14) https://www.facebook.com/%E1%80%9D%E1%80%AB%E1%80%B8%E1%80%B1%E1%80%86%E1%80%AC%E1%80%80%E1%80%B9%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8-%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%84%E1%80%94%E1%80%B9%E1%80%B8-%E1%80%A1%E1%80%85%E1%80%AF%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%95-2001311673476186/?eid=ARDWJLKYhmdK41FF6Peyj4z25OQsTqqXwgkr2-xmiL1liGJ17pwv-2mpKknIoBnhO9Kmv4pfBspwqCVS
15) https://www.facebook.com/suriyone.kaewma?__tn__=CH-R&eid=ARASu9QtUddeSGEdmr_96XxUxWTdaMOEHG3KaVKip038oa-GFP4JOY3CXO5OzgITQBGQxnSRZ18hvrGV&hc_ref=ARTf4_O5_WQ5WuUT_YHxrtkW2MazoHPmVV22STOY8qtsaMaDg4Y3ahov0odOySe9D7c&fref=nf&__xts__[0]=68.ARBM1ANUASeFuV9laHGEwM-6lbhMPKkorspDcYV-P8AgHl7u3ZKP9SuQ720yBetIPHL8X5kP3YJqPxWcV3daOR0ldbfunll8X_n7iWSrpBUH1qFqN9lg21fafZG88dsvv6Wy6DCnWv7Usm9OrMKgpse73kErsdSv7bVAlfzA6NZawu2y-w_3vkVbqOIQkiocqSNausHo9arbUHgXWWqRNIYFi8hbeaRFMtEoGSzVM2s7LtIzUM2JO5wxBllfdb9wS1nl3BCA5ovuyLJ87JriZYN30HvSNBjqNcIS63k5pf4s6QVq4lEf90CyHF1gQ6X_JDxBYf6Av5a-792IWw1TWnX70t56
16) https://www.bioversityinternational.org/fileadmin/bioversity/publications/Web_version/572/ch10.htm
17) http://english.forestry.gov.cn/index.php?option=com_content&view=article&id=283:home-of-bamboo-in-china&catid=25&Itemid=163
18) http://www.hsbamboo.com/
19) https://greenbyjohn.com/the-bamboo-craftsmen-of-china/
20) https://www.globalsources.com/gsol/GeneralManager?point_search=on&product_search=on&supplier_search=off&article_search=off&point_id=3000000149681&seach_what=1&type=new&action=GetPoint&action=DoFreeTextSearch&page=search%2FProductSearchResults&catalog_id=2000000003844&query=Bamboo+product&WT.mc_id=1001044&WT.srch=1&gclid=Cj0KCQjw7sDlBRC9ARIsAD-pDFrHLBKCUNzp328xCXdxkwTWjJ3jNkcM11-cXCoqvRssmUF-vmyNeEgaAr4eEALw_wcB&view=grid&WT.mc_id=1001044&gclid=Cj0KCQjw7sDlBRC9ARIsAD-pDFrHLBKCUNzp328xCXdxkwTWjJ3jNkcM11-cXCoqvRssmUF-vmyNeEgaAr4eEALw_wcB
21) http://boonthammeebamboogarden.blogspot.com/
22) https://finoak.com/artificial-flowers-shop/fake-latex-flowers
23) http://greenbamboonursery.com/BambooProducts.aspx
24) https://bamboobeauty.shop/
25) http://www.bamboooz.com/
26) https://www.bambuhome.com/
27) https://bamboahome.com/ 




Saturday, January 19, 2019

ဘ၀မီးအိမ် ကျောင်းစာကြည့်တိုက် (အ.လ.က - ဆေးခင်းခုံ၊ ၀န်းသိုမြို့နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း)

👉👉☃️⛄️ါ ကတော့......စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဝန်းသိုမြို့နယ်၊ ဆေးခင်း ခုံ အခြေခံပညာ အလယ် တန်းကျောင်းကကျောင်းစာကြည့် တိုက်လေးမှာ ကျောင်းသူ၊ ကျောင်းသားလေးတွေ စိတ်ဝင်တစားနဲ့ စာအုပ်တွေ ဖတ်ရှုနေကြတဲ့ ပုံရိပ်လေးတွေ ပါနော်။
ကဲ.....မိတ်ဆွေတို့ရပ်ရွာမှာရော စာကြည့်တိုက်ဖွံ့ဖြိုးရေးနဲ့ပါတ်သက်ပြီး ဘာတွေလုပ်နေကြလဲ။ မျှဝေပေးပါဦး။ သိပါရစေ။
မိမိရဲ့လစဉ်ဝင်ငွေ၊ မုန့်ဖိုး၊ အသုံးစ ရိတ်လေးထဲကမှ လစဉ် ၁ထောင်စီ စုပြီးတော့ ဝန်းသိုမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးရေး အတွက် "လူမှုအခြေပြုလူငယ်များအဖွဲ့-ဝန်းသိုမြို့နယ်" အဖွဲ့နဲ့အတူ ပါဝင်ဆောင်ရွက်ပါလို့လည်း ဖိတ်ခေါ်ပါ ရစေနော်။
ဓါတ်ပုံ - ဆရာမ ဒေါ်သင်းသင်းထွန်း
https://www.facebook.com/cbo.wuntho/photos/pcb.2199870253664550/2199862736998635/?type=3&theater မှ ကူးယူဖော်ပြပေးထားပါသည်။ 

ရှမ်းလေးမြို့သမိုင်း (မိုးကောင်းမြို့၊ မိုးညှင်းမြို့၊ မိုးမိတ်မြို့၊ ဝန်းသိုမြို့)

တာပိန်မြစ်ညာတွင်ရှီးရွှမ်းပြည်သော တိုင်းပြည်တစ်ပြည်ရှိ၏။ ရှီးရွှမ်းပြည် ဘုရင်တွင်မျက်မမြင်သမီးတော်တစ်ပါး ဖွားရာ မင်းကြီးက ကျက်သရေမရှိဟု ဆိုကာ ကွပ်မျက်စေသည်။ မိခင်ဖြစ်သူ မိဖုရားကြီးဖြစ်သူက ပါးကွက်သား များအား လာဘ်ထိုးပြီး သမီးဖြစ်သူ အားစောင့်ရှောက်ထားလေသည်။ စောလှမယ်ဟုအမည်တွင်၏။
သမီးဖြစ်သူ အရွယ်ရောက်လာချိန်တွင် ၎င်းကိစ္စကို ဖခင်ဘုရင် သိသွားသော အခါသမီးဖြစ်သူအားဖောင်ဖြင့် တင်၍တာပိန်မြစ်အတိုင်းမျှောလေသည်။ သမီးတော် သည်ဖောင်ပေါ်တွင်မျှောပါလာသည်။ ထိုအချိန်တွင် ယခုအင်းတော်ကြီးဖြစ်လာမည့်နေရာတွင် ‘စည်ခမ်း’ အမည်ရှိတိုင်းပြည်တစ်ခုရှိသည်။ ၎င်းတိုင်းပြည်မှလူများသည် နာနာရုပ်အတတ်ဖြင့်လူအဖြစ်မှကျားဖြူအဖြစ်သို့ပြောင်းလဲနိုင်ကြသည်။

စည်ခမ်းပြည်မှ မင်းသားတစ်ပါးသည်နာနာရုပ်အတတ်ဖြင့် မိမိကိုယ်ကိုကျားအဖြစ်ပြောင်းလဲပြီး အမဲလိုက်ထွက်လာရာ တာပိန်မြစ်ကမ်းဘေးရောက်လာသည်။ မြစ်ထဲတွင်ဖောင်ဖြင့်မျှောပါနေသော မိန်းမပျိုကိုမြင်လျှင် ချခဲ့ဘူးသောရေစက်ကြောင့်မြင်မြင်ခြင်းချစ်ခင်သဖြင့် ဖောင်အားမြစ်ကမ်းဘေးသို့ဆွဲယူပြီးလျှင် မိန်းမပျိုအားပြုစုစောင့်ရှောက်ထားရင်းညားကြလေသတည်း။

သို့ဖြင့်သားသုံးယောက်ထွန်းကား၏။ သားများအရွယ်ရောက်သောအခါ သားတို့သည်မိခင်ဖြစ်သူအားမိမိတို့မည်သည့်အမျိုးဖြစ်သည်ကို မေးမြန်းကြရာ မိခင်က “ငါ့သားတို့သည်သာမန်လူများမဟုတ်ကြ၊ ငါ့သားတို့၏ဘိုးအေသည် ရွှီးရွှမ်းပြည်ကိုအစိုးရသောမင်းကြီးပေတည်း။” ဟုဆို၏။ သားသုံးယောက်လည်း မိခင်မရှိသောတစ်နေ့တွင် တိတ်တဆိတ်ရွှီးရွှမ်းပြည်သို့ထွက်လာကြ၏။ ဖခင်ဖြစ်သူသိသော်သားများအားစိတ်မချသဖြင့် ကျားအဖြစ်ဖန်ဆင်းပြီးသားများနောက်လိုက်လေသည်။

အသက်ကြီးပြီဖြစ်၍ ဧရာဝတီမြစ်ကိုဖြတ်ကူးပြီးနောက် အမောဆို့ကာသေဆုံးလေသည်။ ရွှီးရွှမ်းပြည်ရောက်သော် အဘိုးဖြစ်သူအား ဝင်ရောက်ဖူးမျှော်ပြီးနောက်မိခင်ဖြစ်သူ၏လက်ဝတ်ရတနာများကိုပြသလျှင် အဘိုးဖြစ်သူကလည်းမြေးများအဖြစ်အသိအမှတ်ပြုသည်။ ထို့နောက်အဘိုးဖြစ်သူက မြေးများ  အား “မောင်တို့၊ သည်တိုင်းပြည်မှာတော့ မင်းလျာရွေးနှင့်ပြီးဖြစ်သည်။

မောင်တို့အတွက်အခွင့်မရှိတော့ပေ။ မောင်တို့သည်မင်းမျိုးမင်းနွယ်များဖြစ်ကြရာ ငါ့ထံမှစစ်သည်များ ယူပြီးတိုင်းသစ်ပြည်သစ်ထူထောင်ကြလော့ဟု စစ်သည်ဗိုလ်ပါများခွဲဝေပေး၏။ လက်ဆောင်အဖြစ် စည်တစ်လုံး၊ ဓားမြောင်တစ်ချောင်းကိုလည်းပေးလိုက်၏။ ညီအစ်ကိုသုံးဦးလည်း စစ်သည်ဗိုလ်ပါ များနှင့်နောက်လိုက်နောက်ပါများကိုခေါ်ယူလာခဲ့ပြီး တိုင်းသစ်ပြည်သစ်ထူထောင်ရန်ထွက်လာကြသည်။

တောတွင်းတစ်နေရာအရောက်တွင် စည်ကြီးသည်တီးသူမရှိပဲ မြည်ဟီးလေရာထိုနေရာတွင်မြို့တည်ပြီး အစ်ကိုအကြီးဆုံးဖြစ်သူနန်းစိုက်လေသည်. မြို့အမည်ကို မိန်းကောင်း(မိန်း-မြို့၊ ကောင်း-စည်)ဟူ၍ မှည့်ခေါ်သည်။ မြန်မာဘာသာအားဖြင့် စည်မြို့ဟုအဓိပ္ပယ်ရသည်။ ကာလကြာသော ်မိုးကောင်းဟူ၍ အမည်ရွှေ့လျောသွားလေသည်။ ကျန်ညီအစ်ကိုနှစ်ယောက်ဆက်လက်ထွက်လာခဲ့ကြရာ တောတွင်း တစ်နေရာအရောက်တွင် ညီအလတ်ဖြစ်သူ၏ဆင်ဦးကင်းတွင်ဗျိုင်တစ်ကောက်လာနားသည်။ ထိုနေရာတွင် ညီအလတ်ဖြစ်သူက မြို့တည်ကာစိုးစံ‌လေသည်။ မြို့အမည်ကို မိန်းယန်း(မိန်း- မြို့၊ ယန်း -ဗျိုင်း)ဟူ၍ မှည့်ခေါ်သည်။ မြန်မာလိုအားဖြင့် ဥဗျိုင်းမြို့ဟုအဓိပ္ပာယ်ရသည်။

ကာလကြာသော်မိုးညှင်းမြို့ဟုအမည်တွင်လေသည်။ ညီအထွေးသည်ဆက်လက်ထွက်ခွာခဲ့ရာ တစ်နေရာ အရောက်တွင် ဓားမြောင်သည်အလိုလိုကျွတ်ထွက်ကာမြေတွင်စိုက်လေသည်။ ထိုနေရာတွင်မြို့တည်ပြီးမြို့အမည်ကို မိန်းမစ်(မိန်း- မြို့၊ မစ်- ဓားမြှောင်)ဟူ၍မှည့်ခေါ်သည်။ မြန်မာဘာသာအားဖြင်‌့ ဓားမြှောင်မြို့ဟုအဓိပ္ပာယ်ရသည်။

ကာလကြာသော်မိုးမိတ်ဟူ၍တွင်လေသည်။ ထို့နောက်မှမယ်တော်အားသတိရသဖြင်‌့လိုက်ရှာကြရာ ၎င်းတို့ငယ်စဉ်ကနေခဲ့သောတာပိန်မြစ်ကမ်းပေါ်တွင်တွေ့သည်။ မိခင်ကသားများအားစိတ်ခုနေသည်။ သင်တို့အားစိတ်မချသဖြင့်သင်တို့အဖေလိုက်သွားသည်။ ပြန်ရောက်မလာ။

သင်တို့ကြောင့်သင်တို့အဖေသေပြီ။ သင်တို့အားငါစိတ်နာသည်။ ဟုဆို၏။ သားများကလည်း ဖခင်ဖြစ်သူအား လိုက်ရှာရာ ဧရာဝတီမြစ်ကမ်းအရှေ့ဖက်ရှိ ရေအိုင်တစ်အိုင်ဘေးတွင်သေဆုံးနေသော ကျားဖြူအရိုးများကိုတွေ့ရှိသဖြင့် မိခင်ထံယူလာပြီးမည်သို့ပြုလုပ်ရမည့်အကြောင်းမေးမြန်းကြသည်။ မိခင်က မောင်တို့ကြောင့် မောင်တို့ဖခင်သေရသည်။ မောင်တို့မှာအပြစ်ကြီးလှသည်။ ဖခင်အရိုးကိုမောင်တို့ကိုးကွယ်မှ အပြစ်ကျေမည်ပြော၏။ သို့ဖြင့်ကျားရိုးများအားဂူတည်ကြရန်နေရာ စဉ်းစားရာ ညီအစ်ကိုသုံးဦး၏မြို့သုံးမြို့အနက် အလယ်တွင်ကျရောက်သောမိုးညှင်းမြို့တွင် တည်ကြသည်။

ထို့နောက်ညီအစ်ကိုသုံးယောက်နှစ်စဉ်နှစ်တိုင်းလာရောက်ကန်တော့ကြသည်။ နောင်ဗုဒ္ဓသာသနာ ထွန်းကားလာသောအခါ အဆိုပါအုတ်ဂူပေါ်တွင်စေတီထပ်ငုံပြီး စေတီတော်ဘွဲ့အမည်ကိုဆေခေါင်းဖိတ်စေ တီတော်(ဆေ- ကျား၊ ဖိတ်-အဖြူ)မြန်မာလို ကျားဖြူစေတီတော်ဟုခေါ်ကြလေသည်။ မိခင်ဖြစ် သူစောလှမယ်သည် သားများအားစိတ်နာသဖြင့်မည်သည်‌့သားနှင့်မျှအတူမနေဘဲ မြို့သစ်တစ်ခု တည် ၍နေလေသည်။

မြို့အမည်ကို ခင်ပွန်းသည်ကျားဖြူအားသတိရသောအားဖြင့်ဝိန်းဆေ(ဝိန်း- မြို့၊ ဆေ-ကျား)ဟူ၍ မှည့်ခေါ် သည်။ မြန်မာလိုအားဖြင့် ဗျဂ္ဃနာဂရ(ကျားမြို့)ဟူ၍တွင်သည်။ ကာလကြာသော် ဝန်းသိုမြို့ဟုအမည်တွင်၏။ ဤကား မိုးကောင်းမြို့၊ မိုးညှင်းမြို့၊မိုးမိတ်မြို့နှင့်ဝန်းသိုမြို့များ၏ရာဇဝင်ပေတည်း။

https://www.facebook.com/TMHlaing/photos/a.750720058600252/726980834307508/?type=3&theater&ifg=1 မှ ပုံရော စာပါ ကူးယူဖော်ပြပေးထားပါသည်။