ပင်မစာမျက်နှာ
▼
Pages
▼
စိတ်ဝင်စားဖွယ် စာမျက်နှာများ
▼
Sunday, March 27, 2016
ဝန်းသိုဘက်က ပွဲ
ကျွန်မတို့ဘက်ကအလှူကတော့ အများအားဖြင့်
လူထမ်းပြီးလှည့်ပါတယ်
နောက်ပိုင်းခေတ်မီမှ တချို့က မြင်းငှားတာ တွေ့ဖူးပါတယ်
အများအားဖြင့် "ပွဲ" လုပ်တယ်လို့ပဲ ခေါ်ကြတယ် - ပိုအသေးစိတ်ရှင်းပြချင်မှ အလှူပွဲ၊ ရှင်ပြုပွဲ ဆိုပီး သုံးတယ်။
ဆော်သြသူက ဘယ်သူပီး ဘယ်သူလိုက်ဖို့ အစီအစဉ် ကြေငြာပေးပါတယ်
အစီအစဉ် ထုံးထမ်းစဉ်လာအရ
#ကြေးစည်အဖွဲ့ ရှေ့ဆုံးမှာထားပါတယ်
အစီအစဉ် အလိုက်ကိုတော့ မမှတ်မိတော့ပါဘူး
တခြား ပါဝင်တာတွေကတော့
-ငှက်ပျော/အုန်းပွဲ (ဒေသအခေါ် အုတ်ပွဲ)
- သာသနာ့အလံ ကိုင်အဖွဲ့ (လူပျိုချောလေးများ)
- မလေးဘွားအဖွဲ့ (အဘိုးကြီးများ)
- ပရိတ်ရေအိုးရွတ်သူ အဖွား ကြီး(မိန်းမကြီးများအဖွဲ့)
- သင်္ကန်း နှင့် အခြား ဝတ္ထုပစ္စည်း- မောင်ရှင်လောင်းအတွက် ဖျာ၊ခေါင်းအုံးတွေစတာတွေပါ တစ်ခါတည်းပါပါတယ် (ဒေသအခေါ် ဝတ္ထုစာ)ကိုင်အမျိုးသမီး ကလေးမများ အဖွဲ့
- ကွန်းတောင်ကိုင် မချောများအဖွဲ့
- မောင်ရှင်လောင်းထမ်းအဖွဲ့
- အကအဖွဲ့
- ပေါက်ပေါက် ချိုချဉ်ကျဲ ပိုက်ဆံကျဲအဖွဲ့
- နားသ အဖွဲ့
- ဗျောအဖွဲ့ (ဂလုန်း ချချမ်း ဂလုန်းအဖွဲ့)
- အလှု ဒါယိကာမ/ ဒါယိကာအဖွဲ့
- ဆေးလိပ် ချိုချဉ် ပိုက်ဆံအများကြီးကိုင်တဲ့ သူကို ကြားမှာ ညှပ် ညှတ် ထည့်ပါတယ် (တားရင် လိုက်ပေးရအောင်လို့)
လိုတာ ထပ်ဖြည့်နိုင်ပါတယ် ကျွန်မတော့ ပွဲ မသွားတာကြာတော့ အကုန် အသေးစိပ်မမှတ်မိတော့ပါဘူး
(အထက်ပါ အဖွဲ့ ထဲက ဘယ်တစ်ခုလည်းမသိဘူး လင်ယောင်္ကျား #မိဘ စုံမှ ကိုင်လို့ရတာ)
မဏ္ဍပ်ကနေ ဘုန်းကျောင်းအထိသွား
ဘုန်းကျောင်းကို ၃ ခါ သို့မဟုတ် ၅ ခါ ၇ ခါ ပတ်တယ်
၅ ပါးသီလယူတယ်
(အပြန် ဘုန်းကျောင်းကို ပြန်ပတ်သေးလား မသိတော့ဘူး တစ်ပတ် ပတ်သေးတယ် ထင်တာပ)ဲ
ကလေးတေကတော့ ချိုချဉ် ပိုက်ဆံလုတဲ့ အဖွဲ့ပေါ့
ဆော်သြသူက တော့ လူအဆက်ပြတ်ရင် ရပ်ဖို့ (ရပ် ကြည့် သွား)စီမံခန့်ခွဲတယ် ( အတန်းက အရှည်ကြီးကိုး)
အသွားရော အပြန်ရော အလှု့ဒါယိကာမ/ဒါယိကာ ဆီက ပိုက်ဆံတားလို့ရတယ် (ဒါကတော့ တစ်နေရာရာမှာ ဆက်မသွားခိုင်းပဲ တားထားလိုက်တာ ပိုက်ဆံပေးမှ ဆက်သွားခိုင်းတာ- ဈေးညှိကြနယ် ၁၀၀၀၀ တိုရင် ၇၀၀၀ နဲ့ ချိဖုချဉ်လေးပေးပါမယ်ပေါ့ - အပျော်သဘောပါ- သူတို့က အလှူလှည့် မလိုင်နိုင်ကြတဲ့သူ ဆွမ်း ထမင်းဟင်း ချက်နေကြရတဲ့သူတွေပါ)
ကျွန်မတို့ဘက်က ဓလေ့လေးက ချစ်စရာ ကောင်းလို့ ပြန်ရေးလိုက်တာပါ
အောက်က ပုံကတော့ မလေးဘွားကိုင်
အဘိုးကြီးများအဖွဲ့ပေါ့ Photo - Ko Kadu
#ဝန်းသိုဘက်က ပွဲ

- အကအဖွဲ့
- နားသ အဖွဲ့
၅ ပါးသီလယူတယ်
Photo - Ko Kadu

28.3.2016 သက္ကရာဇ် နဲ့ မာဂရက်
မာဂရက်က တစ်ခုတည်းသော စကားကိုပြောခဲ့ပါတယ်။
" တစ်ခုခုကို လုပ်နေတဲ့ အကျင့်ဖြစ်အောင် ကြိုးစားပါ
အဲဒါက တစ်စုံတစ်ယောက် ဖြစ်လာအောင် ကြိုးစားနေတာနဲ့ အတူတူပါပဲ"
"It Used to Be about Trying to Do Something
Now Its about Trying to Be Someone."
Remarkable by မာဂရက်သက်ချာ

Friday, March 25, 2016
လမ်း
ကျွန်မတို့တွေဟာ ရေရှည်အနာဂတ် မျှော်မှန်းချက် (Vision) တွေရှိကြတယ်။ မရှိရင်လည်း ချရမယ်။ ဒါကတော့ မခက်ပါဘူး ကိုယ်ဖြစ်ချင်တာပေါ့။ တစ်နည်းအားဖြင့် အိပ်မက်ပေါ့။ ကိုယ့်ရဲ့အိပ်မက်ဟာ လက်တွေ့ဆန်ဖို့တော့ လိုတာပေါ့။ ဥပမာ - ငါ နောက် (၁၀)နှစ်မှာ ဘီလီယံနာကြီးဖြစ်ရမယ်။ ငါ နောက် (၂၀)မှာ နိုင်ငံတော် သမ္မတကြီးဖြစ်ရမယ်။ ငါနောက် (၁၅)နှစ်မှာ ၀န်ကြီးချုပ်ဖြစ်ရမယ် စသဖြင့်ပေါ့။
ပြီးရင်တော့ အဲ့ဒီပန်းတိုင်ဆီအရောက်သွားဖို့ လမ်းစဉ်တွေ (Mission)တွေချမယ်။ ရည်မှန်းချက်တွေချရပါမယ်။
ဥပမာ - ငါဒီနှစ်မှာ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် လေ့လာမယ်။ ငါ ဒီနှစ်မှာ မဟာဘွဲ့ရအောင်ယူမယ်။စသဖြင့်ပေါ့။ လက်တွေ့ကျဖို့၊တိုင်းတာလို့ရဖို့ (SMART ဖြစ်ဖို)့တော့ လိုတာပေါ့/
ကျွန်မလည်း ကျွန်မဘ၀အတွက် Vision နှင့် Mission တွေချမှတ်ထားပြီးဖြစ်ပါတယ်။ ကျွန်မဖန်တီးချင်တာ အရာဖြစ်လာဖို့ Mission အသေးလေးတွေနဲ့ Objective အသေးလေးတွေ အဆင့်တိုင်းကို သွားနေရတာပေါ့။
ဖြစ်ချင်တာဖြစ်လာဖို့ဆိုတာတော့ ဘုရားတရုံနဲ့ ရနိုင်တဲ့ ခေတ်မဟုတ်တော့တာ အားလုံးသဘောပေါက်ပြီးဖြစ်လို့ နားဝင်အောင် ပြောပြနေဖို့လိုမယ်မထင်ပါ။
အားလုံးပဲ အချိန်တွေမဖြုံးပဲ မိမိရဲ့ ဘ၀ပန်းတိုင် အိပ်မက်ကို လျှောက်လှမ်းနိုင်ကြပါစေ။ လောကအကြိုးကို သယ်ပိုးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
အိပ်မက်လှလှ မက်ပါစေ။

Wednesday, March 23, 2016
My Resolution for Year 2016
အခု ၂၀၁၆ ခုနှစ် နှစ်သစ်ရောက်တော့ ကျွန်မ ဒီနှစ်မှာ ဘာတွေကို လုပ်ဆောင်မလဲဆိုတာကို ချမှတ် ခဲ့ပါတယ်။
တဖြည်းဖြည့်နဲ့ အသက်ကလည်း ကြီးလာတယ် ဒီအသက်အရွယ်ဒီကာလအထိ အတွေ့အကြုံတွေ လည်း တော်တောများများ ရရှိခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်မရဲ့ သင်ခန်စာတွေ၊ နောက်လုပ်ချင်တာတွေအတွက် အခြေခံကောင်းဖြစ်ဖို့နဲ့ လက်ရှိလုပ်သင့်တာ၊ လုပ်ချင်တာကို အကောင်အထည်ဖော်ဖို့ ကျွန်မရဲ့ ၂၀၁၆ စီမံကိန်းကို ရေးဆွဲထားခြင်းဖြစ်ပါတယ်။
ဒီနှစ်မှာ
- ကျွန်မ အလုပ်အများကြီး (ငွေရှာတဲ့အလုပ်၊ ရုံးကိစ္စ)မလုပ်တော့ဘူး။
- ကျွန်မ ဒီတစ်နှစ်လုံး ပညာသင်ဆုရဖို့အတွက် (၂၀၁၈)မှာ ပညာတော်သင် သွားနိုင်ဖို့အတွက် အာရုံစိုက်မယ်၊ ကောင်းကောင်းကြိုတင်ပြင်ဆင်မယ်။
- ကျွန်မ နိုင်ငံရေး နှင့် နိုင်ငံရေးပေါ်လစီ အကြောင်းကို ဒီပလိုမာ ယူမယ်။
- စာများများ ဖတ်မယ် ။
- ကျွန်မချစ်သူတွေအပေါ် ကြင်နာမယ်။
ဒီအစီအစဉ်တွေက ဘယ်လောက်အထိ အောင်မြင်လိုက်လဲဆိုတာ ဒီနှစ်ကုန်ရင် ကျွန်မရဲ့ ပြန်လည်ဆန်း စစ်လွှာမှာ ပြန်လာကြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
ကဲ သူငယ်ချင်းတို့ရော ဘယ်လို နှစ်သစ်အစီအစဉ်မျိုးတွေကို ကိုယ့်ရဲ့ ဘ၀ပန်းတိုက်အတွက် ချမှတ် လိုက်ကြသလဲ။
မျှဝေပေးလို့ရပါတယ်နော်...............