ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Wednesday, March 23, 2016

My Resolution for Year 2016

အခု ၂၀၁၆ ခုနှစ် နှစ်သစ်ရောက်တော့ ကျွန်မ ဒီနှစ်မှာ ဘာတွေကို လုပ်ဆောင်မလဲဆိုတာကို ချမှတ် ခဲ့ပါတယ်။ 

တဖြည်းဖြည့်နဲ့ အသက်ကလည်း ကြီးလာတယ် ဒီအသက်အရွယ်ဒီကာလအထိ အတွေ့အကြုံတွေ လည်း တော်တောများများ ရရှိခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်မရဲ့ သင်ခန်စာတွေ၊ နောက်လုပ်ချင်တာတွေအတွက် အခြေခံကောင်းဖြစ်ဖို့နဲ့ လက်ရှိလုပ်သင့်တာ၊ လုပ်ချင်တာကို အကောင်အထည်ဖော်ဖို့ ကျွန်မရဲ့  ၂၀၁၆ စီမံကိန်းကို ရေးဆွဲထားခြင်းဖြစ်ပါတယ်။
ဒီနှစ်မှာ 
- ကျွန်မ အလုပ်အများကြီး (ငွေရှာတဲ့အလုပ်၊ ရုံးကိစ္စ)မလုပ်တော့ဘူး။
- ကျွန်မ ဒီတစ်နှစ်လုံး ပညာသင်ဆုရဖို့အတွက် (၂၀၁၈)မှာ ပညာတော်သင် သွားနိုင်ဖို့အတွက် အာရုံစိုက်မယ်၊ ကောင်းကောင်းကြိုတင်ပြင်ဆင်မယ်။ 
- ကျွန်မ နိုင်ငံရေး နှင့် နိုင်ငံရေးပေါ်လစီ အကြောင်းကို ဒီပလိုမာ ယူမယ်။
- စာများများ ဖတ်မယ် ။
- ကျွန်မချစ်သူတွေအပေါ် ကြင်နာမယ်။
ဒီအစီအစဉ်တွေက ဘယ်လောက်အထိ အောင်မြင်လိုက်လဲဆိုတာ ဒီနှစ်ကုန်ရင် ကျွန်မရဲ့   ပြန်လည်ဆန်း စစ်လွှာမှာ ပြန်လာကြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
ကဲ သူငယ်ချင်းတို့ရော ဘယ်လို နှစ်သစ်အစီအစဉ်မျိုးတွေကို ကိုယ့်ရဲ့ ဘ၀ပန်းတိုက်အတွက် ချမှတ် လိုက်ကြသလဲ။ 
မျှဝေပေးလို့ရပါတယ်နော်...............

No comments:

Post a Comment