ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Friday, April 22, 2016

ဗမာ & မြန်မာ Burma & Myanmar & Burmese




 ဟေ့ မင်းတို့တိုင်းပြည်က ဗမာလား မြန်မာလို့ခေါ်ရမှာလား ငါနားမလည်ဘူးလို့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က အင်္ဂလန်က ဆရာမတစ်ယောက်က ပြောပါတယ်
ကျွန်မလည်း သိပ်နားမလည်ပေမယ့် ကိုယ့်နိုင်ငံ့်အဖြစ်ကို ပြုံးမိတယ်
တကယ်တော့ ဗမာ Burma ဆိုတာလည်း ဒီနိုင်ငံထဲမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုကို ကိုယ်စားမပြုသလို
မြန်မာလို့ မလိမ့်တပတ် ပြောင်းပြန်တော့လည်း ဒါကြီးက အသိသာကြီး ဗမာလူမျိုးကြီးတွေကိုပဲ ကိုယ်စားပြုတဲ့ အမည်နာမဆိုတာ
ဒီကိစ္စနဲ့ ပတ်သက်ပြီး လူနည်းစု တိုင်းရင်းသားတွေကတော့ မချစ်သော်လည်း အောင့်ခါနမ်းနေရတုန်း
ထင်ရှားတာက နိုင်ငံခြားသွားမယ် ဆိုပါစို့ ဘယ်ကလာသလဲ Burma ကလို့ပြောရတာ တော်တော် ကသိကအောက်နိုင်တဲ့ကိစ္စ ကိုယ်က ကိုယ့်ပြည်နယ်ကို Kachin Land Karen Land Shan Land စသဖြင့် နှလုံးစွဲထားသူ ဒီအသံကြားတော့ ကိုယ်က ဗမာလည်း မဟုတ်ပဲ Burma Burmese လို့ပြောရတော့ ခံတွင်း ခါးတာပေါ့
ဆိုတော့ လူကြီးတွေ စကားဝိုင်းတသ်ခုမှာ ကြားဖူးနာ ဒါဖြင့်ရင် ဧရာဝတီ နိုင်ငံ လုပ်မလားတဲ့ ဧရာဝတီ မြစ်ကျောင်းကြီးကို အမှီပြု ပေါက်ဖွား နေထိုင်လာကြလို့တဲ့ တစ်ချို့ကလည်း ခေါင်းညိတ်သလို တချို့ကလည်း ခေါင်းခါတယ်
တစ်ချို့နိုင်ငံရေး အသိုင်းအဝိုင်းကျတော့လည်း ‪#‎ဒီမိုကရေစီ‬ ဖယ်ဒရယ် ပြည်ထောက်စုလို့လည်း ကြားဖူးမိသလိုပါပဲ ထားပါတော့လေ လူကြီးတေ ပြောတာ လိုက်စဉ်းစားမိရုံပါ
UK လိုနိုင်ငံမျိုးတောင် Wales,Northern Ireland England, Scotland
(မှားရင်လည်း ပြင်ပေးပေါ့ Great Britain ((Scotland England Wales) နဲ့ UK မတူပြန်ပါဘူး) ပေါင်းပီး UK United Kingdoms လို့ပေးတာကို
ဗြိတိန်နိုင်ငံ ‪#‎ဗြတိသျှသံရုံးလို့‬ လူတေ ခေါ်နေကြတော့ ဘယ်လိုပြောရမလဲ

ဇင်မာဦး (၂၂.၄.၂၀၁၆)

No comments:

Post a Comment