ဝန်းသိုစော်ဘွားကြီး စ၀်အောင်မြတ်
မျိုးရိုးဇာတိ
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် ပုဂံမင်းလက်ထက်
ဝန်းသိုစော်ဘွားဦးထင်၏ မြစ်များဖြစ်သော ဦးမုန်း၊ ဦးရွှေသား၊ ဦးခါ၊ သုံးဦးတို့အနက်
ဦးရွှေသား၏ သားဖြစ်သည်။ ဦးရွှေသားမှာ မင်းတုန်းမင်းတရား ကြီး၏ ကျွန်ယုံဖြစ်ရာ မင်းတုန်းမင်း နန်းတက်သောအခါ
မင်းလှ သနမန္တန်အောင် ဘွဲ့ပေးပြီး ၀န်းသို မြို့ သူကြီး ခန့်သည်၊ နောက် ပန်းတိမ်မင်းသား၏
ပုန်ကန် မှူကို ဦးရွှေသား နှိမ်နှင်းအောင်မြင်ပြန်သဖြင့် မင်းတုန်းမင်း တရားကြီးက ’”မဟာဝံသရာဇာ သိုဟန်ဘွား’’
ဘွားပေး ဟူသော ဘွဲ့ကိုချီးမြင့်ပြီး ၀န်းသိုစော်ဘွားကြီးအရာ ခန့်သည်။
ဝန်းသိုစော်ဘွား ဦးရွှေသားတွင် ဇနီး (၃) ဆက်
၊သား သမီး (၁၁) ယောက်ရှိရာ သုဝဏ္ဏကာယဒေ၀ီ ဒေါ်ဒွေးဖြူနှင့် ဖွားမြင်ေ သာ သားသမီးများအနက်
ဝန်းသိုစော်ဘွားဦးအောင်မြတ်မှာ အကြီးဆုံးသား ဖြစ်သည်။
ဦးရွှေသား(ပထမဇနီး) တို့မှ
၁။
မဆုံ ( မိုင်းခိုင်းမြို့သူကြီး ကတော်)
ဦးရွှေသား-ဒေါ်ထွေးဖြူတို့မှ
၂။
မောင်အောင်မြတ် ( ၀န်းသိုစော်ဘွား)
၃။
မသူဇာ ( တောင်သွတ်စော်ဘွားကတော်)
၎။
မောင်ရွှေသိုက်
၅။
မယ်မူ
၆။မယ်ဖန်
၇။
ခွန်ကျယ်
၈။
ခွန်ဆိုင်
ဦးရွှေသား-ဒေါ်ဝဲတို့မှ
၉။
ဦးဘိုးအို
၁၀။
မယ်ယုံ
၁၁။မောင်သက်ရှည်
တို့ဖြစ်သည်
ဝန်းသိုစော်ဘွား ဦးအောင်မြတ်
ဝန်းသိုအာဇာနည် ဦးအောင်မြတ်ကို ၁၂၂၃ ခု၊ တပို့တွဲလဆန်း
(၁၁)ရက် ၊ တနင်္ဂနွေနေ့တွင် အဖ ဦးရွှေသား ၊ အမိ ဒေါ်ဒွေးဖြူ တို့မှ မွေးဖွားခဲ့သည် ။ ငယ်စဉ်က
ဝန်းသိုဆရာတော် ဦးဂုဏထံတွင် ပညာသင်ကြား သာမဏေ၀တ်သည်။ သီပေါမင်းနန်းတက်သောအခါ ဖခင်
ဦးရွှေသားက ကင်းဝန် မင်းကြီး ဦးကောင်းထံတွင် အပ်နှံပြီး ကွမ်းရေတော်ကိုင် အလုပ်မှစတင်ကာ
စာပေ ကျမ်းဂန်နှင့်တကွ အုပ်ချုပ်ရေး ၊ တရားဥပဒေ၊ ဆင်စီးမြင်းစီး၊ ဓားခုတ် ၊လှံထိုး အမျိုးမျိုးကို သင်ကြားစေသည်။
ဦးအောင်မြတ်သည် မြင်းစီး ကစားရသော ဂူလီသဘင်ခေါ် ပိုလိုရိုက်ကစားခြင်းကို အနှစ်သက်ဆုံးဖြစ်သည်ဟု
ဆိုသည်။
၁၂၄၅ ခုနှစ်တွင် မိုးကောင်းဘက်၌ ဗိုလ်ဝ ခေါင်းဆောင်သော
သူပုန် သုံးထောင်ကျော် လေးထောင်နီး ပါးမျှကို ဦးအောင်မြတ်နှိမ်နှင်းတိုက်ခိုက်သဖြင့်
ရှိရင်းအမည်ဖြစ်သော “ မဟာဝံသ သီရိဇယသိုဟုံဘွား ‘’ ဘွဲ့နာမည်မှ မောရိယမဟာဝံသ “ သီရိသုဓမ္မရာဇာ”
ဘွဲ့ကို တိုးတက်ချီးမြင့်ခြင်း ခံခဲ့ရပြန်သည်။ ထို့ပြင် လည်း ဘုရင်မင်းမြတ်က ဆောင်ဘွာံးများ၏
အဆောင်အရောင်ကို အပ်နှင်းသည့်ပြင် ဟော်နန်း၌ ရွှေချနိုင် ၏။ ရွှေပြသာဒ် တင်နိုင်၏။ ဟော်နန်းကို
အုပ်ရိုးကာနိုင်၏။သစ်တောမြို့ရိုး ဆောက်လုပ်ခွင့်ရ၏။ မြင်းမိုရ် တောင် အလယ်ဗဟိုထားပြီး
နေလတံဆိပ် ဘေးက ရံသောတံဆိပ် စသည်တို့ဖြင့် ချီးမြှောက်စားခံရသည်။
ဦးအောင်မြတ်
အသက် (၂၁) နှစ်တွင် စကားစော်ဘွားကြီး ၏သမီး မှန်နန်းအပျိုတော်
စောကြည်နှင့် လက်ဆက် ခဲ့သည်။
ပါတော်မူချိန်
၁၂၄၇ ခု ၊သီပေါမင်း ပါတော်မူသော်
ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် နေပြည်တော် သို့ အထောက်တော်များစေလွှတ်၍ သတင်းမှန်ကိုရယူစေသည်။
နေပြည်တော်မှ အထောက်တော်များ ပြန် လည်ရောက်ရှိလာ၍ သီပေါမင်း ပါတော်မူကြောင် ကြားသိရသောအခါ
အင်္ဂလိပ်ကို ပြန်လည်တိုက်ခိုက်ရန် လူသူလက်နက် စုဆောင်း၏ ။ သို့သော် ကင်းဝန်မင်းကြီးထံမှ
အင်္ဂလိပ်ကို ပြန်လည် တိုက်ခိုက်ခြင်းမပြု ရန် အောက်ပါအတိုင်းစာရေးသား၍ အကြောင်းကြားခဲ့သည်။
ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်
ယခုအခါ နေပြည်တော်၌ အင်္ဂလိပ်မင်း၏ အမိန့်ကို ခံယူ
အုပ်ချုပ်လျက်ရှိသည်။ အချို့သော စော်ဘွား များမှာ အင်္ဂလိပ်မင်း လက်အောက်သို့ ၀င်ရောက်ခိုလှုံရာတွင်
ယခင် အပိုင်စားပြုခဲ့သော နယ်မြေများနှင့် ရာ ထူး မပျက်၊ဘွဲ့မပျက် ဆက်ခံမြဲ ဆက်ခံစေသည်။
အချို့သောစော်ဘွားများမှာ လက်နက်စွဲကိုင်၍ အင်္ဂလိပ် မင်း၏ သစ္စာကို မခံလိုဟုဆိုလျက် သီးခြားနေပြီးလျှင်
တော်လှန်နေကြသည်။ ယခုအရေးတော်ပုံတွင် ၀န်း သိုစော်ဘွားဦးအောင်မြတ်မှာ ကျွန်ု၏တပြည့်ရင်းဖြစ်သောကြောင့်
အင်္ဂလိပ် မင်းများအား ရန်မပြုဘဲ ငြိမ် သက်စွာပင် နေလိုသည်။ ယခင်က လုပ်ကိုင်မြဲဖြစ်သော
လုပ်ငန်းများကိုပင် ဆက်လုပ်ကိုင်၍ စော်ဘွားအ ဖြစ်နှင့်ပင်အုပ်ချုပ်ပါ။
ကင်းဝန်မင်းကြီး
သို့စာရေးပြီး အကြောင်းကြားသော်လည်း ဦးအောင်မြတ် သည် အင်္ဂလိပ် အလံ တော်အောက်သို့ မ၀င်နေဘဲ
နေခဲ့သည်။ ဒုတိယမ္ပိ ကင်းဝန်မင်းကြီးက ၀န်းသိုစော်ဘွား ဦးအောင်မြတ်အား မန္တလေးနေပြည်
တော်သို့ ခေါ်သော်လည်း တစ်ပါးကျွန်မလုပ် လိုပြီဖြစ် ၍ နေပြည်တော်သို့ မလာလိုတော့ကြောင်း၊သီပေါအ
ရှင်သခင်ကို ဖမ်းဆီးသွားသော အင်္ဂလိပ်ကိုယ် စားလှယ်တို့အားလည်း အရိုအသေမပြုတော့ကြောင်းများ
အကြောင်းပြန်လိုက်သည်။
သို့သဖြင့် ဖခင် မိုးကောင်းမြို့ဝန် ဦးရွှေသားနှင့်
တိုင်ပင်၍ အခိုင်အမာပြုကာ အင်္ဂလိပ်တို့ကို တော်လှန် ရန်စီစဉ်သည်။ နောက်တစ်ကြိမ် အင်္ဂလိပ်
အစိုးရက ကင်းဝန်မင်းကြီးကို ၀န်းသိုမြို့သို့ စေလွှတ်၍ ဦးအောင် မြတ်အားအင်္ဂလိပ်လက်အောက်သို့ဝင်ရောက်ရန်
တိုက်တွန်းစေခဲ့သော်လည်း ထိုအချိန်တွင် ဦးအောင်မြတ် သည် မိုးကောင်းမြို့သို့ ရောက်ရှိနေ၍
ကင်းဝန်မင်းကြီးမှာ ၎င်းနှင့်မတွေ့ဘဲ မန္တလေး သို့ ပြန်ခဲ့ရသည်။
မှန်ကင်းတောင်တိုက်ပွဲနှင့်ကောလင်းတိုက်ပွဲများ
ခရစ်နှစ် ၁၈၉၁ ခုနှစ်တွင် အင်္ဂလိပ်တပ်များ ၀န်းသိုမြို့သို့
ချီတက်တာရာ ၀န်းသိုစော်ဘွားသည် မှန်ကင်းတောင်မှ ခုခံတိုက်ခိုက်သည်။ ထိုတိုက်ပွဲတွင်
အင်္ဂလိပ်တပ်များ အရေးရှုံးနိမ့်၍ ဆုပ်ခွာပေးရသည်။ ၀န်းသိုတပ်များက ဆုပ်ခွာသွားသော အင်္ဂလိပ်တပ်များကို
ထက်ကြပ်မကွာ လိုက်လံတိုက် ခိုက်ရာ ကောလင်း ဘက်တွင် အင်္ဂလိပ်တို့က ရွာမဘက်မှ အပြင်းအထန်ခုခံကြသည်။
ထိုတိုက်ပွဲတွင် အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက်နှင့် တပ်သားသုံးဦး ကျဆုံးကာ အင်္ဂလိပ်တို့
ကောလင်းအထိ ဆုတ်ခွာရသည်။
ဦးအောင်မြတ်သည် ကောလင်းရွာမကို မီးရှို့ဖျက်ဆီး၍
ကျောက်ပြင်သာရွာမ၊ စစ်ပုလိပ်ကင်းစခန်း၊ ကျွန်းကုန်း၊ ဆင်ကုန်းနှင့် ဥက္ကံရွာမ ပုလိပ်ဂါတ်တဲများကို
မီးရှို့ဖျက်ဆီးလိုက်သည်။ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကသာမှ ဗိုလ်နစ်(စ်) ဗက်(Nisbet)
ဦးဆောင်သော အမှတ် ၂၀ ခြေလျင်တပ်ရင်း နှင့် ရွှေဘိုမှ ဗိုလ်ကြီးကေရီ (Keary) တို့ဦးဆောင်သော
မြင်းစီးတပ်ဖွဲ့များ ကောလင်းသို့အင်္ဂလိပ်တပ်ကူအဖြစ် ရောက်ရှိ လာသည်။
ဒုတိယကောလင်းတိုက်ပွဲ
ဝန်းသိုစော်ဘွားဦးအောင်မြတ်နှင့် ဖခင်ဦးရွှေသားတို့သည်
လက်နက်လူအင်အား ပိုမိုစုဆောင်း ၍အင်္ဂလိပ်တို့ကို တိုက်ခိုက်ရန် စီစဉ်ပြန်သည်။ တော်လှန်ရေးအင်အား
တစ်ထောင်ခန့် ရှိ ၍ တူမီးသေနတ် ငါးရာခန့် ပါဝင်ပြီး ကျန်တပ်သားများမှာ လေး၊ မြှား၊၀ါး၊လှံ၊ဒူးလေး
လက်နက်များကို ကိုင်ဆောင် နိုင်ကြ၏။
နယ်ချဲ့တပ်များ ချီတက်လာသောအခါ ဦးအောင်မြတ်၏ တပ်များသည်
ကောလင်းဘက်သို့လည်းကောင်း ၊ဦးရွှေသား၏ တပ်များသည် ခန်းပေါက်မှ ကောလင်းသို့လည်းကောင်း
ချီတက်လာရာ ထိုအချိန်တွင် နယ်ချဲ့တပ်များ ကောလင်းသို့ရောက်ရှိကာ အခိုင်အမာ တပ်စွဲပြီးဖြစ်သည်။
ထို့ကြောင့် ၀န်းသိုတပ်များက မြို့ပြင်မှ ၀န်းရံပြီး အင်္ဂလိပ်တပ်များကို ခြောက်လှန့်ကာ
မြို့ပြင်သို့မျှားခေါ်သည်။ သို့သော် ၀န်းသိုတပ်များ၏ တိုက်ရည်ခိုက်ရည်ကို သိရှိပြီးဖြစ်သော
နယ်ချဲ့တပ်များသည် မြို့တွင်းမှသာ နေ၍ အခြေနေကို အကဲခတ်စောင့်ကြည့်နေကြသည် ။
ဝန်းသိုတပ်များသည် ဘုရားတောင်ကုန်းပေါ်မှ နေရာယူ၍
အင်္ဂလိပ်တပ်များနှင့် စတင်တိုက်ခိုက်သည်။ တစ်နေ့လုံး တိုက်ပွဲဖြစ်ပွား၏ ညဘက်တွင် လက်တစ်ကမ်းတိုက်ပွဲများ
ဆင်နွဲရသေးသည်။ နောက်ဆုံး အင်အားချင်း မမျှတသဖြင့် ၀န်းသို တပ်များဆုပ်ခွာခဲ့ရသည်။
အင်္ဂလိပ်တို့ဘက်မှလည်း အထိခိုက်အ များပြားရှိသည် ။နောက်တစ်နေ့တွင် ဗိုလ်ကြီးကေဗီ ခေါင်းဆောင်သော
အင်္ဂလိပ်တပ်သည် ဆုတ်ခွာသွားေ သာ ၀န်းသိုတပ်များနှောက်သို့ လိုက်လံတိုက်ခိုက်ပြန်ရာ ပြင်းထန်သော
တိုက်ပွဲများဆက် လက်ဖြစ်ပွား သည် ။ဝန်းသိုတပ်များစုဝေးရာ ပေကုန်းရွာတွင် တိုက်ပွဲဖြစ်၍
အင်္ဂလိပ်တပ်များက ရွာကို မီးရှို့ဖျက် ဆီးလိုက်သည်။
ကျိုင်းခွင်တိုက်ပွဲ
ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ရွှေဘိုမှ အင်္ဂလိပ်တပ်များနှင့်
ထီးချိုင့်မှ ဗိုလ်ကြီးကပ်(စ)တင့် (Custance) ဦးဆောင်သော ခြေမြန်တပ်ရင်းသည် ကောလင်းသို့ထပ်မံရောက်ရှိလာသည်။
ထို့နောက် ရှိရင်းစွဲအင်္ဂလိပ်တပ်များနှင့်ပူးပေါင်းကာဝန်းသိုတပ်များကိုလိုက်လံတိုက်ခိုက်ပြန်ရာ
ကျောက်ကြမ်းတောင်အနီး စန္ဒရော်ကုန်း၌ တပ်စခန်းချကြ၏။
ကျိုင်းခွင်တောင်ကုန်းကို ရစ်ပတ်စီးနေသော ဒေါင်းမြူးချောင်းကို
ဝန်းသိုတပ်များက စိုးမိုးနေသဖြင့် စစ်ရေးအရ အချက်အချာကျသော နေရာဖြစ်၏။ အင်္ဂလိပ်တပ်များက
ဒေါင်းမြူးချောင်းကို ဖြတ်မကူးရဲ ၊ အဝေးမှ အမြောက်စိန်ပြောင်းတို့ဖြင့် ပစ်ခတ်သော်လည်း
ဝန်းသိုတပ်များကိုမှု ထိခိုက်မှုမရှိခဲ့ပေ။
ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဗိုလ်ကြီးဒေဗီး(Davies)
ဦးဆောင်သော တပ်ရင်းနှင့်အင်္ဂလိပ်စစ်တပ် ၊ ပုလိပ်တပ် များ၊ ဒေါင်းမြူးချောင်းကိုကူးရန်
ကြိုးစားသည်။ ၀န်းသိုတပ်များက အားသွန်ပစ်ခတ်သဖြင့် အင်္ဂလိပ်တို့အသေပျောက်များခဲ့ကြသည်။
သို့သော် နယ်ချဲ့များ ချောင်းကို ပင်ပန်းကြီးစွာ ကူး၍ ကျိုင်းခွင်တောင်ကုန်း တောင်ဘက်မှ
နေရာယူတိုက်ခိုကိပြန်သည်။ ထိုအချိန်တွင် ဗိုလ်ကြီး ဒေဗီးနှင့် ကပ်(စ်)တင့်(စ်)တို့ဦးဆောင်သောတပ်များ
ချောင်းအရှေ့ဘက်ကမ်းရှိ ၀န်းသိုတပ်များဆုတ် မည်ထင် သည့် နေရာမှ စောင့်ကြသည်။ သို့သော်
ဝန်းသိုစော်ဘွားသည် ၎င်းနှင့်အသွင်ပြင်တူသော စိန်ကတောင် သူကြီး ဦးခိုင်အားမိမိကဲ့သို့ဝတ်ဆင်စေပြီး
တပ်သားအချို့ကို အုပ်ချုပ်စေကာ တိုက်ခိုက်စေ သည်။ ၀န်းသိုစော်ဘွားမှာမူ ၀န်းသိုတပ်ကို စုစည်း၍ တောင်ကုန်းတစ်ဖက်မှ အင်္ဂလိပ်တပ် များကို
ဖောက်၍ ထွက်သားခဲ့၏။
အင်္ဂလိပ်တပ်များက ကျိုင်းခွင်ရွာမှ လူအချို့ကို
ဖမ်းကာ တောင်ပေါ်သို့ အလွယ်တကူ တက်နိုင် မည့်လမ်းကို ပြခိုင်း၏။ သို့သော် ရွာသားများမှာ
တော်လှန်ရေးတပ်သားများအပေါ် သစ္စာ မဖောက်ပဲ ခက်ခဲသော လမ်းကိုသာ ပြခဲ့သည်။ ထိုလမ်းသည် အချိန်ကြာ
အတက်ခက်သဖြင့် အင်္ဂလိက်တို့ အထိ အခိုက်များ၏။ တိုက်ပွဲဖြစ်၍ အင်္ဂလိပ်တို့ တောင်ပေါ်ကို
သိမ်းပိုက်နိုင်သောအခါ ၀န်းသိုတပ်များ ဆုတ်ခွာရသည်။ ထိုတိုက်ပွဲတွင် နယ်ချဲ့ဘက်မှ တပ်သားသုံးယောက်ကျပြီး
(၁၅) ယောက် ဒဏ်ရာရကာ ၀န်းသိုဘက်မှ လူ(၅၀) ခန့် ကျဆုံးသည်ဟု အင်္ဂလိပ်တို့က ဖော်ပြသည်။
ယင်းတိုက်ပွဲတွင် ၀န်းသိုစော် ဘွားကြီး၏ သွေးသောက်တပ်ဗိုလ် ဗိုလ်တွတ်ကြီး ကျဆုံးသည်။
မိုးနန်းနှင့် အခြားတိုက်ပွဲများ
၎င်းနေ့တွင် ရေဦးမှ ဗိုလ်ကြီး ဟပ်ချင်ဆွန်
(Hutchinson) အင်္ဂလိပ်ပုလိပ်စစ်တပ်နှင့် ဥက္ကံအနီး မိုးနန်းကျောင်းတွင် တပ်စွဲနေသည့်
ဝန်းသိုတပ်များတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြန်သည်။ မြန်မာဘက်မှ (၂၇)ယောက်ကျဆုံးပြီး
အင်္ဂလိပ်တပ်ဘက်မှ ဗိုလ်ကြီး ဟပ်ချင်ဆွန်၊ တပ်သား (၁)ယောက်ကျ၊ (၇)ယောက်ဒဏ်ရာ ရရှိခဲ့သည်။
မြန်မာ့တော်လှန်ရေး တပ်များသည် အင်္ဂလိပ်တို့နှင့် ၀န်းသို၊ ကောလင်း၊ မိုးကောင်း၊ ပင်လည်ဘူး၊
မိုးညှင်း စသည့် နေရာများအပြင် မဲဇာချောင်းအနီးရှိ မန်လောင်၊ မန်စီ ဒေသများ တွင်လည်း
အပြင်းအထန် တိုက်ပွဲ အကြိမ်ကြိမ်ဆင်နွဲခဲ့ရသည်။
တရုတ်သို့ ခိုဝင်ခြင်း
ဦးရွှေသားမှာ တော်လှန်ရေးစိတ်ဓါတ်သာပြင်းထန်ပြီး
ကိုယ်မပါနိုင်တော့သဖြင့် သားဖြစ်သူ ဦးအောင်မြတ်ကို တရုတ်ပြည်သို့ ခိုလုံရန်ပြောပြီး
ယူနန်စန်းတာမြို့၌ သွားရောက်နေထိုင်လေသည်။ ထိုမြို့တွင် ၁၂၇၈ ခု၌ အဖ ဦးရွှေသားကွယ်လွန်သည်။
ယင်းသို့လျှင် တရုတ်ပြည်တွင်း မိုင်းလားမြို့၌ (၁၉) နှစ် စန်းတာမြို့တွင် (၁၃) နှစ်
ပေါင်း (၃၂) နှစ်နေပြီးလျှင် ၀န်းသိုစော်ဘွားကြီးသည် ဦးရီးတော် ညောင်ရွှေစော်ဘွားကြီး
ဆာစောမောင်၏ ဆောင်ရွက်ချက်ဖြင့် ၁၂၈၅ခုနှစ်တွင် မဟာဒေ၀ီနှင့် သားသမီးများပါ ဗန်းမော်မှ
တဆင့် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ခရစ်နှစ် ၁၈၉၁ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင်
ဝန်းသိုမြို့ကို ဗြိတိသျှတပ်များ ၀င်ရောက်သိမ်း ပိုက်စဉ်က မြန်မာအချို့ အင်္ဂလိပ်ထံ ၀င်ရောက်အညံ့ ခံကြသည်။
စော် ဘွားဦးအောင်မြတ်နှင့် ဖခင်ဦးရွှေ သားတို့ကို သတင်းပေးနိုင်သူအတွက် ဆုနွေ (၅၀၀၀)
ကျပ်ထုတ် ခဲ့သေးသည်။ မည်သို့ပင်ဖြစ်စေ တရုတ်ပြည် မှ မြန်မာပြည် သို့ ပြန်လည်ရောက်ရှိလာသော
အခါ၌ ဆွေမျိုး ညာတိများနှင့် ၀န်းသိုစော် ဘွားကြီး သည် အေးအေးချမ်း ချမ်းပင်နေထိုင်ကာ ကုသိုလ်ကောင်းမှုများ ကိုသာ
ပြုနေတော့သည်။
ဘ၀နိဂုံး
ဤသို့လျှင်
ဝန်းသိုစော်ဘွားကြီးသည် တောင်ကြီးမြို့ကို ဟော်နန်း၌ နေထိုင်ကာ ဥပုဒ်သ တင်း ဆောက် တည်လျှက်
နေရာ မြန်မာနိုင်ငံ လွှတ်လပ်ရေးရသော အချိန်တွင် မြန်မာနိုင်ငံအစိုးရက ၀န်းသိုစော် ဘွားကြီး အား
လစဉ်ငွေ (၅၀၀) ကျပ်ထောက်ပံ့ခဲ့သည်။ ၁၉၆၅ ခုနှစ် ဖော်ဖော်ဝါရီလ (၄)ရက်နေ့တွင် ၀န်းသိုနယ်သူ
နယ်သားများကိုယ်စား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများက ငွေ(၅၀၀) ကျပ်ဖြင့်
ဂါရ၀ပြုခဲ့သည်။ အသက် (၁၀၅) နှစ် တော်လှန်ရေးအာဇာနည် ၀န်းသိုစော်ဘွားကြီး သည် တောင်ကြီး မြို့
ဟော်နန်းရပ် နေအိမ်၌ သွေးဝမ်းသွားသော ဝေဒနာဖြင့် ဇန်န၀ါရီလ (၅) ရက်နေ့ မွန်းလွဲ (၂)နာရီ ခန့်အချိန်တွင်
ကွယ်လွန်အနိစ္စရောက်သည်။ ၀န်းသိုစော်ဘွားကြီး အနိစ္စရောက်သွား သည်နှင့် ပတ်သက်၍ အနိစ္စရောက်ပုံ
ဈာပနကိစ္စပြီးသည်အထိ ဆောင်ရွက်ပုံများကို နောင် အခိုင် အမာဖြစ်စေသောငှာ လုပ်သားပြည်သူ့နေ့စဉ်မှ
သတင်းအတိအ ကျကို ကောက်နှုတ်ထည့် သွင်းဖော်ပြလိုက်ပါသည်။
တော်လှန်ရေးအာဇာနည် ၀န်းသိုစော်ဘွားတောင်ကြီးနေအိမ်၌
အနိစ္စရောက်သွားခြင်း
တောင်ကြီး
ဇန်န၀ါရီ - ၅ (ဖုန်း)။ ။ ဇန်န၀ါရီ (၄)ရက် လွတ်လပ်ရေးနေ့က
ဝန်းသိုနယ်သူနယ်သားများကိုယ်စား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ ငွေ(၅၀၀)
ကျပ်ဖြင့် ဂါရ၀ ပြုခဲ့ကြသည့် အသက် (၁၀၅) နှစ်ရှိ တော်လှန်ရေးအာဇာနည် ၀န်းသိုစော်ဘွားကြီး
ဦးအောင်မြတ် သည် တောင်ကြီးမြို့ ဟော်နန်းနေအိမ်၌ သွေးဝမ်းသွားသော ဝေဒနာဖြင့် ယနေ့မွန်းလွဲ
(၂) နာရီခွဲအချိန် တွင် ကွယ်လွန်အနိစ္စရောက်သွားပြီဟု သတင်းရရှိ၏။
စော်ဘွားကြီး၏ ဈာပနသို့ ရှမ်းနှင့် ကယားပြည်နယ်
လ.အ.က အတွင်းရေးမှူး ဗိုလ်မှူး ဘမောင်၊ ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဥက္ကဌ ဦးထွန်းအေးနှင့်
ဇနီးတို့ လာရောက်၍ ဂါရ၀ပြုကြပြီး ဦးထွန်းအေးက ဈာပနအတွက် ငွေကျပ် (၅၀) လှူဒါန်းသွား၏။
စော်ဘွားကြီးအား မည်သည့် ဓလေ့ထုံးစံဖြင့် သင်္ဂြိုဟ် ရမည်ကို ဗိုလ်မှူးဘမောင် ဦးထွန်းအေးနှင့်
စော်ဘွားကြီး၏သား ဦးခွန်ဆက်တို့ ဆွေးနွေးညှိနှိုင်းနေ သည့် ပြင် ဈာပနကော်မတီကို ဇန်န၀ါရီလ
(၆)ရက်နေ့တွင် ဖွဲ့စည်းမည်ဟု သိရှိရ၏။
စော်ဘွားကြီး ကွယ်လွန်ကြောင်းကို ဗန်းမော်ရှိ
စော်ဘွားကြီး၏ သား(၂)ဦးထံအကြောင်းကြား ခဲ့သည့်အပြင် အစိုးရထံသို့လည်း လ.အ.က အတွင်းရေးမှူး
ဗိုလ်မှူး ဘမောင်က အစီရင်ခံလိုက်ပြီဟု စုံစမ်းသိရှိရ၏။
တော်လှန်ရေးကောင်စီ
ဥက္ကဌထံမှ ၀န်းသိုစော်ဘွားအတွက် ထောက်ပံ့ငွေ၊ စော်ဘွားကြီး၏ သားလက် သို့ ပေးအပ်ပွဲ ကျင်းပ၏။
ရန်ကုန်
ဇန်န၀ါရီ (၁၀)။ ။ တောင်ကြီးမြို့တွင်ကွယ်လွန်သွားသော
တော်လှန်ရေးအာဇာနည် ပုဂ္ဂိုလ်ကြီးဖြစ်သည့် ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ ဈာပန
ကိစ္စအတွက် တော် လှန်ရေး ကောင်စီ ဥက္ကဌ ထောက်ပံ့ကူညီလိုက်သည့် ငွေကျပ် (၅၀၀၀) ကျပ်ကို ၀န်းသိုစော်ဘွားကြီး
ဦးအောင်မြတ်၏ ဈာပန မဏ္ဍပ်၌ ပေးအပ်လိုက်၏။
အတ္ထုပ္ပတ္တိ
အဆိုပါအခမ်းအနားတွင်
တောင်ကြီးမြို့ မြူနီစီပယ်မှ ဦးချစ်ဆွေက အခမ်းအနား မှူးဖြစ် ဆောင်ရွက် ပြီး ရှေးဦးစွာ
ကွယ်လွန်သွားသော တော်လှန်ရေး အာဇာနည် ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ အတ္ထုပ္ပတ္တိ
အကျဉ်းချုပ်ကို ပရိတ်သပ်အား ရှင်းလင်းပြောကြားသွား၏။
ဦးခွန်ဆက်လက်သို့
၎င်းနောက်
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ ဈာပန ကိစ္စအတွက် တော်လှန်ရေးကောင်စီဥက္ကဌ ကူညီထောက်ပံ့လိုက်သော
ငွေ (၅၀၀၀) ကျပ်ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီး (ပထမတန်း ) ဒုဗိုလ်မှူးကြီး
တင်ညွှန့်က ကွယ်လွန်သူဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ သား ဦးခွန်ဆက် လက်သို့ ပေးအပ်လိုပ်၏။
ဥက္ကဌကြီးအား ကျေးဇူးတင်
ဦးခွန်ဆက်ကလည်း
တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌမှ မိမိဖခင်ဖြစ်သူ ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ ဈာပနအတွက်
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ ဈာပနအတွက် ကူညီထောက်ပံ့ လိုက်ေ သာ ငွေကျပ် ငါးထောင်
ကိုလက်ခံရရှိ၍ မိမိနှင့် တကွ ဆွေမျိုးဥာတကာအားလုံး ကိုယ်စား တော် လှန်ရေး ကောင်စီ ဥက္ကဋ္ဌ
အား ကျေးဇူးတင်ရှိကြောင်းဖြင့်ပြောကြားသွား၏။
တက်ရောက်သူများ
၎င်းအခမ်းအနားသို့ ရှမ်းပြည်နယ် ဦးစီးအဖွဲ့
ဥက္ကဋ္ဌ ဦးထွန်းအေး၊ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဝင် ဦးကျော်ဇော၊ရှမ်းပြည်နယ် ဦးစီးအဖွဲ့
ရုံးအတွင်းဝန် ဦးပါအောင်နှင့် လက်ထောက် အတွင်းဝန်များ ၊ အရှ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ
စစ်ဦးစီး(ကထမတန်း) ဒုဗိုလ်မူးကြီး တင်ညွန့် ၊ရှမ်းနှင့်ကယားပြည် နယ်လုံခြုံ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ
အတွင်းရေးမှူး ဗိုလ်မှူးကြီးဘမောင်၊ တောင်ကြီးခရိုင် လုံခြုံရေးနှင့် အုပ်ချုပ်ရေး
ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောလွင် ၊ရှမ်းပြည်နယ် တောင်ပိုင်း တိုင်းမင်းကြီး ဦးဇော်ဆိုင်းတို့နှင့်
တကွ အထူးဖိတ်ကြားထားသော ပရိတ်သတ်များအပြင် ဈာပနဖြစ်မြောက်ရေးအတွက် ကော်မတီအဖွဲ့ဝင်
များတက်ရောက်ကြ၏။
ဝန်းသိုစော်ဘွားကြီး
ဈာပန၊ လူထုပရိတ်သတ် (၅)သောင်း ခန့် လိုက်ပို့ကြခြင်း
ရန်ကုန် ဇန်န၀ါရီ ၁၁
။ ။ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကွယ်လွန်အနိစ္စရောက်သော
အာဇာနည် ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား
ရည်စူး၍ သံဃာတော်အရှင်သူ (၁၀၅) ပါးတို့အား သက်စေ့ ဆွမ်းကပ်လှူဒါန်းသော အခမ်းအနားကို
ယနေ့ နံနက် (၇) နာရီခွဲအချိန် တောင်ကြီးမြို့၊ မြို့လယ် ဓမ္မာရုံ ၌ ရှမ်းပြည်နယ် ဦးစီးအဖွဲ့
ဥက္ကဋ္ဌ ဦးထွန်းအေး ၊ ဦးစီးအဖွဲ့ဝင် ဦးကျော်ဇော၊ စစ်ဘက် နယ်ဘက်အရာရှိ များ ဈာပနဖြစ်မြောက်ရေး
ကော်မတီဝင် များနှင့် စော်ဘွားကြီး၏ ဆွေမျိုးဥာတိများ စုံလင်စွာဖြင့် စည်ကားတိုက်မြိုက်စွာ
ကျင်းပပြီး ရေစက်ချ အမျှ ဝေကြသည်။
မွန်းလွဲ
တစ်နာရီ ခွဲအချိန်၌ စော်ဘွားကြီး ဦးအောင်မြတ်၏ ရုပ်အလောင်းကို ဈာပနမ နေ၍တောင်ကြီးမြို့ ရပ်တော် မူဘုရားကုန်း မြောက်ဘက်ရှိ စီစဉ်ရွေးချယ် သတ်မှတ်ထားသော သုဿာန်သို့ ရှေးထုံးအစဉ်အလာအတိုင်း
ဂူသွင်း သဂြိုဟ်၏။
စော်ဘွားကြီး၏ အသုဘသို့ ရှမ်းပြည်နယ် ဦးစီး
ဥက္ကဋ္ဌ ဦးထွန်းအေးနှင့် အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် စစ်ဦးချုပ် ဗိုလ်မှူးကြီး
တင့်ဆွေ၊ ခေါင်းဆောင်သော စစ်ဘက် အရာရှိ ကြီးများ ၊လမ်းစဉ်ပါတီတိုင်းခွဲ (၈) မှ အတွင်းရေးမှူ
း နှင့် အရံပါတီဝင်များ၊ အစိုးရ ဌာန အသီးသီးမှ မှုထမ်းရာ ထမ်းများနှင့် လုပ်သားပြည်သူများ
စုစုပေါင်း ငါးသောင်းခန့် လိုက်ပါပို့ဆောင်ကြ၏။
ကိုလိုနီခေတ်ဦး တော်လှန်ရေးသမိုင်းဝင် အာဇာနည်များ
တက္ကသိုလ် အေးသန့် (ဒုတိယအကြိမ်) မှ ကူးယူဖော်ပြထားပါသည်။



Thank You နောင်လာနောက်သားတေသိသင့်ပါတယ်
ReplyDeleteကျတော်တို့ နောက်မျိုးဆက်တေက သမိုင်းတေ မသိကြတော့ဘူးဗျ သမိုင်းမသိတော့ အတာပေါ့ဗျာ တန်ဖိုးထား အလေးထားရကောင်းမှန်းလည်းမသိဖူး
ကျေးဇူးအထူးပါဗျာ :):):):)
ဟုတ်ပါတယ်ရှင့်..........
Deleteကျမလည်း ဒီခံစားချက်ရှိလာလို့ ဒီလိုသမိုင်းတေရှာဖတ်ဖြစ် စုဆောင်ဖြစ်နေတာပါ။ အခုက စော်ဘွားနဲ့ ၀န်းသို သမိုင်းကြောင်းက တဖြည်းဖြည်းနဲ့ အဖျောက်ခံနေရပါပြီ။ ဒါကို ထိန်းသိမ်းထားဖို့ ကို ကျမလုပ်နိုင်တာက Online ကနေပဲ အချက်အလက်တွေစုဆောင်းပြီး သိမ်းဆည်းထားတာက အကျိုးရှိမယ်လို့ ယူဆလို့ ပါရှင့်........
ကျေးဇူးတင်ပါတယ်ရှင့်............
ကျေးဇူးတင်ပါတယ်.. ဘိုးဘွားဘီဘင် တွေအကြောင်းသိထားမှဖြစ်မှာပါ
Deleteကျေးဇူးတင်ပါတယ်.. ဘိုးဘွားဘီဘင် တွေအကြောင်းသိထားမှဖြစ်မှာပါ
Deleteကျေးဇူးတင်ပါတယ်.. ဘိုးဘွားဘီဘင် တွေအကြောင်းသိထားမှဖြစ်မှာပါ
Delete