တခါက ဝန်းသိုဘက်က ရွာတစ်ရွာကို ကသာက ငါးရောင်းလာပါသတဲ့။
အိမ်တစ်အိမ် ရောက်သော် ငါးဝယ်ဦးမည်ခေါ်ပြီး အိမ်ပေါ်သို့လာခဲ့ရန် အိမ်ရှင်မှ ခေါ်လေတော့
ထိုသူမ ငါးသည်ကလည်း အိမ်ပေါ်လှေကားထိပ်နားတက်ခါ ငါးချိန်ရန်ပြင်တာပေါ့ အဲ့အချိန်မှာ အိမ်ရှင်က အလန့်တကြားနဲ့ "#ရွှေ့"ဆိုပြီး
အော်လိုက်တော့ လန့်သွားတာပေါ့ ဒါနဲ့သူမလည်း စဉ်းစားဝေခွဲရခက်သော
အမူရာဖြင့် နောက်သို့တစ်ချက် ရွှေ့ လိုက်မိတာပေါ့ စိတ်ထဲကလည်း "ငါ့ကို
သူပဲခေါ်ပီး ဘာလို့ ရွှေ့ခိုင်းနေရာတာလဲ"လိုဲ့ စဉ်းစားမရ ဖြစ်နေမိသတဲ့
စဉ်းစားနေတုန်းမှာပဲ " ဟဲ့ . . . ရွှေ့. . ." သူမလန့်လာပါပြီ အနောက်ကို တခါ
ရွှေ့လိုက်ပါတယ် ဒါနဲ့ အိမ်ရှင်ကလည်း "အား....ဟေ့ . . . ရွှေ့ ရွှေ့ ရွှေ့
ရွှေး ရွှေး. . . . "ဆက်တိုက်ဆိုသလို ထအော် မောင်းထုတ်တော့ သူမကလည်း
အလန့်တကြား အိမ်ပေါ်က ဆင်းပြေးလိုက်ရပါတော့တယ်
အဒါနဲ့ အိမ်ရှင်က "ဟေ့ .
, ငါ ငါးဝယ်မလို့ပါဆိုညယ် . . . မင်းက ဘာလို့ဆင်းပြေးတာလဲလို့"ဆိုတော့
ဆိုတော့ ခုဏနသူ့ကို မောင်းထုတ်တာကိုးလို့ပြောတော့ အိမ်ရှင်က တဝါးဝါး
သဘောကျလျက်နဲ့
"အာ. . . ဘယ်ကဟုတ်ချေပြန်ရမာလဲညယ် . . . . ငါက အဒီရွှေ့ဆိုတာ . .. ကြက်မောင်းတာကယ့်" ဟူ၏။
ကျမတို့ဘက်က ကြက် ငှက်တေ မောင်းရင် "ရွှေ့ ရွှေး" လို့မောင်းကြပါတယ်။
:D :D :D :D
No comments:
Post a Comment