ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Wednesday, April 29, 2020

စော်ဘွားကြီး ဦးအောင်မြတ် သက်တော်(၁၅၅)နှစ်ပြည့်ပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့၌ ဝန်းသိုမြို့တည်( ၁ဝ၇၅ ) နှစ် ပြည့် အထိမ်းအမှတ်နှင့် စော်ဘွားကြီး ဦးအောင်မြတ် သက်တော်(၁၅၅)နှစ် ပြည့်ပွဲတော် အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို စော်ဘွားကြီး ဦးအောင်မြတ် ကြေးရုပ်တုရှေ့၌ ကျင်းပရာ တိုင်းဒေသကြီး ရှမ်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး၊ ခရိုင် အား ကစားနှင့် ကာယပညာဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆွေ ဝင်းနှင့် တာဝန်ရှိသူတို့က ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အနယ်နယ်အရပ်ရပ်မှ ရှမ်းတိုင်းရင်းသား များနှင့် ဒေသခံ ပြည်သူများက ဝန်းသိုအာဇာနည် စော်ဘွားကြီး ဦးအောင်မြတ်အား ပန်းစည်းချကာ တစ်မိနစ်ခန့်ငြိမ်သက် စွာဖြင့် ဂါရဝပြုခဲ့ကြပြီး မြို့တွင်းသို့ ရှမ်းရိုးရာ အကအလှများဖြင့် စီတန်း လှည့်လည်ခဲ့ကြသည်။ ယင်းနောက် ဦးအောင်မြတ်ခန်းမ၌ စော်ဘွားကြီး သက်တော် (၁၅၅) နှစ်ပြည့် အထိမ်း အမှတ်အခမ်းအနားကို ကျင်းပခဲ့ရာ မုံရွာမြို့ လမ်းတံတားဆရာတော် ဦးသူရိယက နှုတ်ခွန်းဆက်စကားပြော ကြားသည်။ အဆိုပါပွဲတော်တွင် ရှမ်းရိုးရာ ပစ္စည်းအရောင်းပြခန်းများ၊ ရှမ်းနီ အမျိုးသားဆိုင်ရာ ဓာတ်ပုံပြခန်းများ၊ စော်ဘွားကြီး၏ မှတ်တမ်းဓာတ်ပုံပြပွဲ များကိုလည်း ပြသခဲ့ရာ ဒေသခံပြည်သူ များ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
https://www.moi.gov.mm/?q=news/17/01/2017/id-13025 

No comments:

Post a Comment