ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Sunday, October 10, 2021

ဒေသခံ PDF များ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ပင်လည်ဘူး ၊ ကောလင်း ၊ဝန်းသို မြို့နယ်များတွင် ဖုန်းလိုင်းအားလုံးနှင့် အင်တာနက်ပြတ်တောက်

  ဝန်းသို စော်ဘွားစ၀်အောင်မြတ်

ဝန်းသိုမြို့





ဒေသခံ PDF များ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ပင်လည်ဘူး ၊ ကောလင်း ၊ဝန်းသို မြို့နယ်များတွင် ဖုန်းလိုင်းအားလုံးနှင့် အင်တာနက်ပြတ်တောက်
စက်တင်ဘာ ၂၆ ၊ ကောလင်း
ဒေသခံ PDF များ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ပင်လည်ဘူး ၊​ကောလင်း ၊ ဝန်းသိုမြို့နယ်များတွင် ယနေ့ကစပြီး ဖုန်းလိုင်းအားလုံးနှင့် အင်တာနက်လိုင်းများပြတ်တောက်နေကြောင်း စုံစမ်းသိရှိရသည်။​
“ ကောလင်းကို အလုပ်တစ်ခုနဲ့ ဖုန်းဆက်တာ ဖုန်းကဧရိယာပြင်ပဖြေဖြစ်နေတယ်”​ ဟု ဗန်းမောက်ဒေသခံတစ်ဦးက ဆိုသည်။
ကောလင်းမြို့နယ် ပင်လည်ဘူးနယ်မြေအစပ်များဖြစ်သည့် နောင်မူး ၊ဝမ်းဘဲအင်း ၊ ဆာတောင်ပုံ ၊ အင်းဂါး ကျေးရွာများတွင် ဒေသခံ PDF အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက အထိနာခဲ့သည်။
စက်တင်ဘာ ၂၄ ရက်နေ့တွင် ဒေသခံPDF အဖွဲ့များက စစ်ကောင်စီတပ်၏ လက်နက်အများအပြား တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
စက်တင်ဘာ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်များက လေယာဉ်များအကူအညီများ ခြေလျှင် တပ်ရင်းများဖြင့် ဒေသခံ PDF များကို ထိုးစစ်ပြန်ဆင်ရန်အတွက် ပြင်ဆင်ခဲ့ကြောင်းသိရသည်။​
စစ်ကောင်စီတပ်များက ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးနီးပါးတွင် စစ်အင်အားအပြားတိုးချဲ့လာခဲ့ပြီး ဒေသခံ PDF များဖြင့် တိုက်ပွဲနေ့စဉ်နီးပါးဖြစ်ပွားလျှက်ရှိနေသည်၊။
 
 

No comments:

Post a Comment