ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Sunday, January 7, 2024

စကားစော်ဘွားကြီး၏သမီးကညာ "မဟာဒေဝီစဝ်ရွှေကြည်"_ ဝန်းသိုစော်ဘွားကြီးနှင့် ရေသွန်းလက်ထပ်ခဲ့သော ဝန်းသိုမဟာဒေဝီ

 

"မဟာဒေဝီစဝ်ရွှေကြည်"

သူမသည် စကားဟော်နန်းတော်မှ မင်းသမီးတပါးဖြစ်ပြီး မြန်မာ့နန်းတွင်းသို သမီးကညာအဖြစ် ငယ်ရွယ်စဥ်ကပင် ပိုဆောင်ဆက်သခံခဲ့ရလေသည်။

သိုရာတွင်  သမီးကညာများအား မင်းမိဖုရားအဖြစ်သိမ်းပိုက်သည်ဆိုရာတွင် မင်းတုန်းဘုရင်လက်ထက်တော်၌ သိမ်းပိုက်သည်ဖြစ်သော သိန္နီမိဖုရားသည်သာ နောက်ဆုံးဖြစ်လေပြီး သိန္နီမိဖုရားမှတပါး ထပ်မံ ၍ မြန်မာ့နန်းတွင်း၌ သမီးကညာများအား မိဖုရားအဖြစ်သိမ်းပိုက်ကောက်ယူမြှောက်စားခြင်းမရှိတော့ပေ။

ထိုကြောင့်ပင် စကားစော်ဘွားကြီး၏သမီးကညာဖြစ်လေသော စဝ်ရွှေကြည် သည် နန်းတော်အတွင်း၌ မှန်နန်းအပျိုတော်ဘဝဖြင့်သာ အရွယ်တော်ရောက်သည်အထိ နေထိုင်စံမြန်းခဲ့ရပြီး သီပေါဘုရင်လက်ထက်တော်၌ ဝန်းသိုစော်ဘွားကြီးနှင့် ရေသွန်းလက်ထပ်စေကာ ဝန်းသိုမဟာဒေဝီအဖြစ် ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရလေသည်။

သူမယခင် မြန်မာ့နန်းတွင်း သို စကားဟော်နန်းတော်မှပိုဆောင်ဆင်သွင်းလာသော သမီးကညာ မှာမူကား ပုဂံရွှေနန်းရှင်၏ သိမ်းပိုက်ကောက်ယူမိဖုရားမြှောက်ခြင်းကိုခံခဲ့ရပြီး စကားမိဖုရားကြီးဟု အမရပူရနန်းတော်၌ နာမည်တွင်ခဲ့ဖူးသည်။

ထိုမိဖုရားကြီးသည် ပုဂံမင်းလက်ထက် တော်၌ တန်ခိုးထွားခဲ့သည့် ဘိုင်ဆပ်တိုအပေါင်းအပါ ယစ်ထုတ်တစုအား သူမ၏အသက်အိုးအိမ်စည်းစိမ်ကိုအလောင်းအထပ်ပြုကာ ဖြုတ်ချနိုင်ခဲ့သည်ဖြစ်၍ သမိုင်းစာမျက်နှာတို၌ စကားမိဖုရားကြီး၏ဂုဏ်သတင်း ပျံ့မွှေးခဲ့ဖူးလေသည်။

အောက်ဖော်ပြပါပုံများမှာ စကားဟော်နန်းတော်မှ မြန်မာ့နန်းတွင်း သို နောက်ဆုံးပိုဆောင်ဆက်သလာသော သမီးကညာ စဝ်ရွှေကြည်ဖြစ်ပြီး ဝဲပုံမှာ မှန်နန်းသခင်ဘဝနှင့် အပါးတော်၌ခစားရသည့် ပုံဖြစ်၍ ယာပုံမှာမူကား နန်းတော်မှထွက်ခွာ ပြီးနောက် ဝန်းသိုမဟာဒေဝီဘဝနှင့် ရိုက်ကူးထားသောပုံဖြစ်သည်။

#မငးနန်သူ
#Historynotes

Original Post : History Notes (Facebook Page) 

Original Link: https://www.facebook.com/photo/?fbid=784967030311782&set=a.266479282160562

No comments:

Post a Comment