ငပျင်းသူ (စာမျက်နှာ - ၁၇၁)
သလ္လာဝတီမြစ်အနောက်ဖက်မှ “မဟာမြိုင်မြို့” ပျက်သောအခါ မဟာမြိုင်မင်းမျိုးမှ မင်းသားအဲခန်းနှင့် တူတော်စောပေါမှိုင်းတို့သည် ဝန်းသိုစော်ဘွားကြီးထံ ဝင်ရောက်လာကြသည်။ စော်ဘွားကြီးလည်း မိမိနယ်မြေအတွင်းနေထိုင်ရန်ခွင့်ပြုလိုက်လျှင် စောပေါမှိုင်းသည် ကျယ်ပြန့်သောကွင်းပြင်ကြီးကိုထွင်လျက် လယ်ယာလုပ်ကိုင်စားသောက်နေသည်။ အဲခန်း သို့မဟုတ် မြန်မာလို ငပျင်းသူသည် ဝန်သိုမြို့ကိုပတ်ရစ် လျက်စီးဆင်းနေသော ဒေါင်းယူးချောင်း၏ အဖျား ကိုးတန်းဝအနီးတွင် ဥယျာဉ်ကြီးတည်၍ သရက်ပင်များ စိုက်ပျိုးထားသည်။
ဒေါင်းယူးချောင်းသည် မိုင်းသုံတောင်မကြီး၏ တောင်ဖက်တင်းတိမ်တောင်စပ်မှ အဖျားခံ၍ စီးဆင်းသည်။ လေးတာချောင်းသည် တောင်မကြီး၏ မြောက်ဖက်မှ အဖျားခံ၍ မဲဇာဖက်သို့စီးဆင်းသည်။ နမ္မားချောင်းသည် တောင်မကြီး၏ အနောက်ဖက်တွင် အဖျားခံ၍ ပင်လယ်ဘူဖက်သို့ စီးဆင်းသည်။ ငပျင်းသူဥယျာဉ်ဖွဲ့သောနေရာသည် ဒေါင်းယူးချောင်းနှင့် ကိုးတန်ချောင်း တို့ ပေါင်းဆုံးရာအနီး တွင် ဖြစ်သည်။
ငပျင်းသူ၏ ဥယျာဉ်မှ သရက်ပင်တို့သည် သုံးနှစ်မျှစိုက်ပျိုးသော်လည်း တလုံးတလေမျှမသီးပေ။ ငပျင်းသူလည်း အလွန်စိတ်ဆိုးနေသည်။ တနေ့တွင် ဥယျာဉ်တွင်းလိုက်ကြည့်ရာ သရက်သီးတစ် လုံးကိုမြင်ရသည်။ ထိုသရက်သီးတစ်လုံးကို ကောက်ယူ၍ သုံးနှစ်စိုက်သည်မှ သရက်သီးတစ်လုံး တည်းသီးသဖြင့် ထိုသရက်သီးကို မတော်မလျောင်ပြုလုပ်ပြီးလျှင် ချောင်းထဲပစ်ချလိုက်သည်။
သရက်သီးလည်းရေထဲမျောပါလာသည်။ ဝန်သိုမြို့အနီးကျောက်အိုက် တွင် စော်ဘွားသမီးတော်ရေချိုးနေစဉ် သရက်သီးကိုမြင်လေသည်။ ရံရွေတော်များလည်း စားလို၍ လိုက် ဆယ်ကြရာ မရနိုင်ပဲရှိနေသည်။ မင်းသမီးလည်း မိမိနှင့်ထိုက်တန်ပါလျှင် အလွယ်တကူဆယ်ယူနိုင်ပါစေဟု ဓိဌာန်လိုက်ရာ သရက်သီးသည် စော်ဘွားသမီးတော်ထံသို့ ဝဲလှည့်၍ရောက်ရှိလာသည်။ မင်းသမီးလည်း ထိုသရက်သီးကို စားသောက်လိုက်တော့သည်တွင် ကိုယ်ဝန်သည်ရှိလာသည်။
သမီးတော်၏ ကိုယ်ဝန်ကိစ္စ မည်သို့မျှစစ်မေး၍ မရရကားတဦးတည်းသော သမီးတော်လည်းဖြစ်၍ စော်ဘွားကြီးမှာ အရှက်ဖြင့် တိတ်တိတ်သာနေရတော့သည်။ နောင် သားငယ်မွေးမှ ဖအေကိုရှာပေးတော့မည်ဟု အောက်မေ့နေရသည်။ ကိုးလလွယ်၍ ၁၀လရောက်သောအခါ သားယောကျ်ားလေးကို မွေးဖားလာတော့သည်။ ထိုကလေးငယ်မှာ မည်သူချော့ချော့ မတိတ်ပဲ ငို၍သာနေလေသည်။ စော်ဘွားကြီးလည်း ပညာရှိများကိုမေးရာ ပညာရှိများက ကလေး၏ အဖေအရင်းလက်ပေါ်သို့ရောက်မှ အငိုတိတ်ပါလိမ့်မည်ဟု လျှောက်ထားကြသည်။ စော်ဘွားကြီးလည်း မြေးငယ်၏ အဖေအရင်းကိုတွေ့နိုင်ရန် မိမိနယ်ပယ်အတွင်းမှ ယောကျ်ားမှန်သမျှကို ဆင့်ခေါ်၍ ကလေးကို ပွေ့ချီစေသည်။ ကလေးလည်း ဆက်၍သာငိုနေသည်။ နောက်ဆုံး စော်ဘွားကြီး၏ နယ်ထဲတွင် ငပျင်းသူ တယောက်သာ ကျန်တော့သည်။
ငပျင်းသူသည် ဥယျာဉ်စိုက်ပျိုး၍ မအောင်မြင်သဖြင့် အလုပ်ကို အတည်တကျမလုပ်တော့ပဲ အပျင်းဖက်၍သာ နေတော့သည်။ စော်ဘွားကြီးလည်း ငပျင်းသူကို အခေါ်လွှတ်၍ ကလေးကိုချီစေသည်။ ကလေးမှ ငပျင်းသူ၏ လက်ထဲရောက်သောအခါ အငိုတိတ်၍ ပြုံးရယ် ၍ နေသည် ။ စော်ဘွားကြီးအလွန်စိတ်ဆိုးလေသည်။ မိမိသမီးကို မိမိနယ်အတွင်းမှ မှူးမတ်သေနာပတိ သူဌေးသူကြွယ်တို့နှင့်သာ ညားစေချင်သည်။ ယခုမူ အိမ်မရှိယာမရှိ လူဆင်းရဲ အပျင်းကြီးသူကိုမှ အဖေခေါ်ရသည်။ ဤတွင် သမီးတော်ကို လူဆင်းရဲ ငပျင်းသူနောက်အဝတ်တထည် ကိုယ်တခုနှင့် လိုက်ပါသွားစေသည်။
ငပျင်းသူသည် မင်းပေးသောမယားနှင့်သားကိုပါရလာသဖြင့် အပျင်းကြီးနေ၍ မဖြစ်တော့ပြီ။ မိမိကံကြောင့် ပေါင်းဆုံလာရသော မင်းသမီးကိုသနားလာ၍ တကြောင်း၊ ကလေးငယ်ကိုချစ် ခင်၍တကြောင်း မယားနှင့် သားငယ်ကိုကျွေးမွေးရန် ဒေါင်းယူးချောင်း၏ နံဘေးတွင် တောင် ယာခုတ်ရေ တာ့သည်။
သို့သော် ငပျင်းသူ၏ တောင်ယာမှာ ယနေ့ခုတ်ထားသော်လည်း နက်ဖန်သစ်ပင်းများ ထောင်မြဲထောင်နေသည်။ တောမကတိပင်ဖြစ်နေသည်။ ငပျင်းသူလည်း မည်သို့ဖြစ်သည်ကို အစစ်အမှန်သိရှိရန် ခါတိုင်းကဲ့သို့ တောင်ယာကို ခုတ်ထွင်ပြီးနောက် မပြန်သေး ပဲ စောင့်၍ ချောင်းမြောင်းနေသည်။ ထိုတွင် မျောက်ဖြူကြီးတစ်ကောင်သည် မျောက်သင်း ၅၀၀ ခြံရံလျက်ရောက်လာသည်။ မျောက်ဖြူကြီးသည် ပလုပ်တုတ်တခုကိုကိုင်လျက် “ငပျင်းသူတောင် ယာ ထောင်ထောင်” ဟုဆို၍ တီးလိုက်သည်။ သစ်ပင်များလည်း ပကတိအ တိုင်း ပြန်လည်ထောင် လာကြတော့သည်။ ငပျင်းသူလည်း ဤမျောက်ဖြူကြီးလက်ချက်ကြောင့် မိမိတောင်ယာပျက်ရပုံ ကို မြင်တွေ့ရသည်။ မျောက်ဖြူကြီးထံမှ ပလုပ်တုတ်စကြာကို ရအောင်ကြံမှဟု အကြံထုတ်ကာ တဲသို့ပြန်သွားလေသည်။
တညလုံးစဉ်းစား၍ နံနက်မိုးလင်းလာသောအခါ ဇနီးအားကောက်ညှင်း ဆံကို ပေါင်းပေးရန်ပြောလေသည်။ မင်းသမီးလည်း ခမည်းတော်ပေးစား၍ရသော လင်ယောကျ်ား ကို ငြူစူုခြင်းမရှိ။ လင်၏ စကားကိုနာခံကာ ကောက်ညှင်းပေါင်းပေးလိုက်သည်။ ငပျင်းသူလည်း မိမိခုတ်ေ နကျတောင်ယာသို့ထွက်လာ၍ တောင်ယာခုတ်ပြီးလျှင် သစ်ငုပ်များဍ် ကောက်ညှင်းဆုပ်များ ကို နေရာအနှံ့ကပ်ထားလိုက်သည်။ တနေရာတွင် ပုန်းအောင်းစောင့်လိုက်သည်။ မျောက်ဖြူကြီးလည်း ခါတိုင်းကဲ့သို့ မျောက်သင်းခြံရံကာ ငပျင်းသူ၏ တောင်ယာသို့လာလေသည်။ သစ်ငုပ်များ တွင် ကောက်ညှင်းပေါင်းများကို တွေ့သောအခါကောက်ယူ စားသောက်ကြတော့သည်။ ပလုပ်တုပ် စကြာကို တီးခတ်ရန် မေ့လျော့နေသည်။ ပလုပ်တုပ်စကြာကို သစ်ပင်တွင်ချိတ်၍ ကောက်ညှင်းပေါင်းကို လုယက်စားသောက်နေကြစဉ် ငပျင်းသူသည် ပုန်းကွယ်နေရာမှ ချက်ခြင်းထွက် ၍ ချောက်လှန့်လိုက်သည် မျောက်ဖြူနှင့်တကွ မျောက်သင်း ၅၀၀ တို့သည် ကြောက်လန့်၍ ထွက်ပြေး သွားလေသည်။ ပလုပ်တုတ်စကြာကို ငပျင်းသူ ရလိုက်လေသည်။
ငပျင်းသူလည်း ပလုပ်တုပ်စကြာကိုကိုင်၍ “ငပျင်းသူတောင်ယာ ထောင်ထောင်” ဆိုကာ တီးစမ်းကြည့်သည်။ တောင်ယာမှသစ်ပင်များ ပြန်ထောင်ကြသည်။ တဖန် “ငပျင်းသူတောင်ယာလဲလဲ” ဆို၍ တီးခတ်စမ်းပြန်ရာ တောင်ယာမှသစ်ပင်များ ချက်ခြင်းလဲကျသွားကုန်သည်။ ဤသို့စမ်းသပ်ပြီးလျှင် ပလုပ်တုပ်စကြာ၏ အစွမ်းကို သိသောအခါ တဲသို့ပြန်သွားလေသည်။ သို့သော် မိမိ၏ဇနီးကို ဘာမျှပြန်မပြောပြပေ။ မိမိဇနီးသည် မင်း၏သမီး မင်းကပေးစား၍သာပေါင်းသင်းလာရသည်။ မိမိမှာ သာမန်ဆင်းရဲသား ခြေသလုံးအိမ်တိုင်လုပ်နေရသူဖြစ်သည်။ သို့ကြောင့် မင်းသမီးသည် မိမိအပေါ်တွင် မေတ္တာနှင့် သစ္စာရှိပါမည်လောဟု စဉ်းစားမိသည်။ တနေ့တွင် မိမိအားပစ်၍ မိမိထက်သာလွန်သူနောက်လိုက်လိမ့်မည်ဟု တွေးမိသည်။ သို့ကြောင့် မိမိဇနီးကို အချစ်စမ်းလိုသဖြင့် “ရှင်မရယ်၊ ငှက်ပျောသီးစားလိုပါတယ်၊ ဖြစ်သည့်နည်းနှင့် နက်ဖန်ဈေးသွားပြီး ဝယ်ချေပါ။” ဟု ညကာလတွင် ပြောလေသည်။
မင်းသမီးလည်း ကံဆုံ၍ ပေါင်းသင်းလာရသော လင်ဖြစ်သူ ငပျင်းသူက ခိုင်းစေလာသောအခါ မိမိတို့မှာ ဖခင်နှင့် လည်း အမွေပြတ်ခဲ့ရပြီးလျှင် တောင်ယာခုတ်ပြန်လျှင်လည်းမဖြစ်၊ ငွေကြေးလည်းမရှိ၊ ငှက်ပျောက်သီးဝယ်ခိုင်းပြန်ချေပြီ။ မဝယ်ပေးလျှင်လည်း အခက်၊ ဝယ်ပေးစရာလည်း ငွေမရှိ။ သို့သော်လည်း ဝန်းသိုမြို့ရောက်သောအခါ မိမိအသိများထံမှ ချေးငှားလှည့်ဖယ်၍ ဝယ်လျှင် ရကောင်း၏ဟု တွေးတောလျက် အိပ်ပျော်သွားလေသည်။
နံနက်လင်းသောအခါ သားငယ်ကိုပွေ့လျက် ဝန်သို့မြို့သို့လာခဲ့သည်။ ယခင်စော်ဘွား၏ သမီးတော်ဘဝတွင် မိမိသည် အထိန်းတော်အချီတော်သမီးတော်ဘဝတွင် မိမိသည် အထိန်းတော် အချီတော် အချော့တော်များနှင့် အလွန်အခြံအရံများလှသည်။ ခေါ်လိုသူ ပြောလိုသူ ပေါလှသည်။ ယနေ့ ငပျင်းသူ၏ ဇနီးဘဝနှင့် ပြန်လည်ရောက်လာသောအခါ မည်သူကမျှ အရေးမယူဂရုမစိုက်ကြပေ။ အသိဟောင်း မိတ်ဆွေဟောင်းများသည် မေးရမည် ခေါ်ရမည်စိုးသဖြင့် မျက်နှာတိမ်းနေကြသည် ကိုသာ တွေ့ရတော့သည်။ မင်းသမီးသည် လူ့လောကကြီးအကြောင်းကို သံဝေဂရမိသည်။ လူတို့၏ အပြောင်းလဲဖောက်ပြန်မှုများကို ကောင်းစွာ သင်ခန်းစာရမိတော့သည်။ လူ့ဘဝသင်ခန်းစာများကို ရလေလေ မိမိ၏ ငပျင်းသူအပေါ် အားကိုးလေလေဖြစ်လာသည်။
သို့နှင့် မိမိမိတ်ဆွေများအသိများထံ လိုက်လံ၍ တအိမ်ဆင်းတအိမ်တက် ၍ ငေအသပြာကိုချေးရသည်။ မိမိအား ရှောင်တိမ်းသူများရှိသကဲ့သို့ လက်ခံတွေ့ဆုံသူအနည်း ငယ်လည်းရှိသည်ကို တွေ့ရသည်။ ထိုမိတ်ဆွေများထံမှ အသပြာကို ရသောအခါ ငှက်ပျောသီးတဖီးကို ဝယ်၍ ပြန်လာသည်။ လမ်းတွင် မြင်းကိုစီးလျက် မင်းညီမင်းသားအဝတ်များဝတ်ဆင်ထားသော လုလင်တဦး သည် မင်းသမီးကိုဆီးကြိုနေသည်။ ထိုလုလင်က “အသင်မင်းသမီး သင်သည် ငပျင်းသူနှ င့် နေသမျှကာလပတ်လုံး အလွန်ဆင်းရဲဘိသည်။ နောင်ကားလည်း ဆင်ရဲပေမည်။ ငပျင်းသူသည် အလွန်အပျင်းကြီးသည်။ အသက်အားဖြင့်လည်း သင့်ထက်ကြီးသည်။ ဤသို့သော လင်အို လင်ပျင်းကို ဆက်လက်ပေါင်းသင်းခြင်းအားဖြင့် သင့်ဘဝသည် နစ်မွန်းဖွယ်ရာသာဖြစ်သည်။ ပျက်လျှင်အစဉ် ပြင်လျှင် ခဏဖြစ်၍ သင်မင်းသမီးသည် မှားယွင်းပျက်စီးနေသောဘဝကို ပြင်ဆင်ပါ။ ကျွန်ုပ်နောက်လိုက် ပါလျင် ရွေအိမ်ရွေနန်းနှင့် ရံရွေတော်များခြံရံလျက် လိုလေသေးမရှိ စံစားရပါမည်။ ကျွန်ုပ်သည် သင့်အားသနားချစ်ကြည်သဖြင့် သင့်အားဆင်းရဲတွင်းမှ ကယ်လိုပါသည်။”ဟု ပြောသည်။
မင်းသမီးသည် အကျိုးကိုပြ၍ သွေးဆောင်ဖြားယောင်းနေသော မင်းသားလုလင်ကိုတွေ့လျှင် “အို … လုလင်၊ ကျွနု်ပ်သည် ခမည်းတော်က အမွေပြတ်စွန်းထားသော သမီးတဦးဖြစ်ပါသည်။ ခမည်းတော်ကပေးစားခဲ့သော ငပျင်းသူသည် ကျွန်ုပ်ထက် အသက်ကြီးသည်ကား မှန်သည်။ သို့သော် သင်ဆိုသကဲ့သို့ အပျင်းကြီးသူမဟုတ်။ တောင်ယာခုတ်၍ လုပ်ကိုင်နေသူဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ငပျင်းသူအား ရှေးကကံကြောင့် ပေါင်းဆုံလာရသူဖြစ်သောကြောင့် မခွဲနိုင်ပါ။ ငပျင်းသူကိုသာ အားကိုးနေရပါသည်။ ငပျင်းသူကိုပစ်၍ သင့်နောက်လိုက်ခြင်းဖြင့် စည်းစိမ်ချမ်းသာကို စံစားရမည်ဆိုေ သာ်လည်း မလိုအားအပ်ပါ။ လက်ရှိ လင်ကြီးကိုစွန့်လျက် လင်ငယ်နောက်လိုက်ပါ လျှင် နောင်သံ သရာတွင်လည်း မကောင်းဖြစ်ရချေမည်။ မျက်မှောက်ဘဝတွင်လည်း လူအများကဲ့ရဲ့ချေမည်။ သို့ကြောင့် သင်မင်းသား၏ စည်းစိမ်ချမ်းသာကိုလည်း မမက်ပါ။ သင့်နောက်လည်း မလိုက်လိုပါ။ ကျွန်ုပ်အားလည်း လမ်းဖယ်ပေးပါ။ အချိန်မှီငပျင်းသူအား ငှက်ပျောသီးပေးရပါမည်။ ငပျင်းသူစေ၍ ငှက်ပျောသီးဝယ် လာခဲ့ရသူဖြစ်ပါသည်။” ဟု မင်းသမီးကဆိုသည်။
မင်းသားကလည်း “အကယ်၍ ကျွန်ုပ်နောက်မလိုက်နိုင်လျှင် ရှိစေတော့။ ငှက်ပျောသီးတော့ မေတ္တာရှေ့ထားလျက် ပေးခဲ့ပါ” ဟု တောင်းပြန်ရာ မင်းသမီးက ငြင်းဆန်ပြန်ေ သာကြောင့် မင်းသားသည် မင်းသမီးလက်ထဲမှ ငှက်ပျောသီးကို လုယူ၍ တဖဲ့ဖဲ့ယူကာ မြင်းစိုင်း ကွယ်ပျေက်သွားလေသည်။ မင်းသမီးလည်း ကျန်နေသော ငှက်ပျောသီးတဖဲ့ကို ယူလျက် ငပျင်းသူစောင့်နေသော တောင်ယာတဲငယ်သို့ ပြန်လာသည်။ တဲသို့ရောက်သောအခါ ငပျင်းသူက ဆီးကြို၍ “ ငှက်ပျောသီးပါ၏လော” ဟု မေးသည်။ မင်းသမီးက ငှက်ပျောသီးတဖဲ့ပဲပါလာသည်။ လမ်းမှမြင်းနှင့်လူက တဖဲ့လုယူထားလိုက်သည် စသဖြင့် ဖြစ်ကြောင်းကို ကုန်အောင် ပြောပြသည်။ ဤတွင် ငှက်ပျောသီးသဖဲ့ကို ဝှက်ထားရာမှ ငပျင်းသူသည် ထုတ်ယူလာကာ မိမိဇနီးကိုပြ၍ နှစ်ဖဲ့ကို တဖီးတည်းဖြစ်အောင်ဆက်ခိုင်းသည်။
အညှာချင်းဆက်ကြည်ရာ တဖီးတည်းပြင်ဖြစ်သွားသည်။ မင်းသမီးပိုမိုအံ့သြသွားသည်။ လမ်းတွင်တွေ့ခဲ့သော လုလင်၏ ရုပ်နှင့် မိမိလင် ငပျင်းသူ၏ ရုပ်ရည်မှာလည်း အလွန်ကွာခြားလှသည်။ မည်သည့်နည်းနှင့်မျှ မြင်းနှင့်လုလင်သည် ငပျင်းသူမဖြစ်နိုင်ဟုစဉ်းစားနေသည်။ ထိုတွင်မှ ငပျင်းသူက ပလုပ်တုပ်စကြာကို မျောက်ဖြူကြီးထံမှရခဲ့ပုံမှအစ ယခုပလုပ်တုပ်စကြာတန်ခိုးဖြင့် ဖြစ်လိုရာကို ဖြစ်စေနိုင်ပုံ၊ လမ်းမှာတွေ့ခဲ့သော လုလင်သည် သူပင်ဖြစ်ပုံ၊ မိမိဇနီးကို အချစ်စမ်းလို၍ ပြုလုပ်ရပုံကို ပြောပြကာ ပလုပ်တုပ်စကြာကို တီး၍ မြင်းနှင့် လုလင်အသွင် ပြန်လည်ဖန်ဆင်းပြန်သည်။
မင်းသမီးသည် ဝမ်းမြောက်ဝမ်းသာနှင့် ငပျင်းသူအပေါ် အလွန်အားကိုးယုံကြည်လာသည်။ ထုမှစ၍ ငပျင်းသူနှင့် မင်းသမီးကလေးမှ လိုသမျှ ပလုပ်တုပ်တုပ်ကို တီး၍ တလျက် စည်းစိမ်ချမ်း သာကြီးစွာဖြင့် နေထိုင်ကြသည်။
ငပျင်းသူမှာ ဆင်မြင်းများစွာကို ပိုင်ဆိုင်လာသည်။ သူ၏ဆင်မြင်းများသည် ဒေါင်းယူးချောင်းဖျားတွင် ဆင်း၍မြူးထူးပျော်ပါးကြသဖြင့် ဒေါင်းယူးချောင်းရေများမှာ အလွန်နောက်ကျိလာသည်။ ဝန်းသိုစော်ဘွား လည်း ရေနောက်များကိုသာ သောက်သုံးရသဖြင့် အထောက်တော်များကို မေးမြန်းစုံစမ်းရာ အထောက်ေ တာ်များက ချောင်းဖျားတွင် ဆင်မြင်းများကို စုဆောင်း၍ စော်ဘွားကြီးကို တိုက်ခိုက်ရန် သမက်ငပျင်းသူစီ မံနေပါသည်ဟု လျှောက်ထားကြသည်။ စော်ဘွားလည်း သမက်ကိုစစ်တိုက်ရန် စစ်တပ်ကိုချီတက်တိုက် ခိုက်စေသည်။ သို့သော်ငပျင်းသူ၏ တန်ခိုးကြောင့် စော်ဘွားကြီး၏ စစ်တပ်များမှာ အရေးနိမ့်ကြရသည်။ ဤတွင် ယောက္ခမဖြစ်သူ ဝန်းသိုစော်ဘွားကြီးက သမက်ငပျင်းသူကို အညံ့ခံရကာ နှစ်စဉ် ဆင်နှင့် မြင်းများ ပေးရသည်။ ငပျင်းသူလည်း မိုင်းသုံတောင်တွင် အိမ်ခြေတေ သာင်း၊ ကျောင်းပေါင်းတစ်ထောင်ရှိသော ဝန်ဘာမြိုကို တည်ထောင်နေထိုင်သည်။ ငပျင်းသူသည် မိုင်းသုံေ တာင်တွင် လူတပိုင်းနတ်တပိုင်းအသွင်ဖြင့် အုပ်စိုးသည်။
ယနေ့တိုင်ပင် မိုင်းသုံအရှင်ကြီးငပျင်းသူ၏ ဆင်များကိုးတန်ချောင်းဖျား၊ ဒေါင်းယူးချောင်းဖျားများတွင် ပျော်ပါးမြူတူးတတ်သည်။ ဆင်ချေးများ ချောင်းထဲကျ၍ တနှစ်တကြိမ် ချောင်းရေများ နောက်တတ်သည်ဟူ၏။
မိုင်းသုံအရှင်ကြီးကိုလည်း နှစ်စဉ် ဝန်းသိုမြို့တွင် ပူဇော်ကြရသေးသည်။ ငပျင်းသူ၏ ဝန်ဘာမြို့မှာ ယနေ့ ကျောက်မြို့ရုပ်ကြွင်းဘဝဖြင့် ရှိနေသေးသည်။ ကျောက်မြို့ဟု ခေါ်ကြသည်။ မြို့ရိုး၊ ပစ္စင် ရင်တားအမြောက်အများကို ကျောက်သားပကတိဖြင့် ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ မြို့တံခါးများ မှာလည်း ကျောက်သားဖြင့်ပင် ပြုလုပ်ထားခဲ့သည်။ ထိုမြို့ထဲရှိ အိမ်ခြေတစ်ေ သာင်း၊ ကျောင်းပေါင်းတစ်ေ ထာင်ကို မိုင်းသုံအရှင်ကြီးဝှက်ထားသည်ဟု ယုံကြည်နေကြသည်။ မိုင်းသုံတောင်တွင် ဆေးပင်အမျိုးမျိူး၊ ဂမုန်းပင်အမျိုးမျိုး၊ ပေါက်ရောက်ကြသည်။ ယင်းဆေးပင်များအပြင် သယံဇာတပစ္စည်း များဖြစ်ေ သာ ကျောက်ချဉ်နက်၊ ကြေးဗဟန်း၊ ရွှှေဗဟန်း၊ ငွှေဗဟန်းများရှိသည်။ ဆားတွင်းများလည်း များစွာရှိသည်။ မိုင်းသုံတောင်ေြ ခတွင် ရှေးမြန်မာဘုရင်များလက် ထက်က ရွှေခွန်ဆက်ရန်တူးခဲ့သော ရွှေတွင်းကြီးများမှာ ယနေ့တိုင်ရှိသေးသည်။ ရွှေများကို တူး၍ ကျင်ယူလျှင် ရွှေခဲများပင် ရခဲ့သည်ဆို၏။ ယနေ့ ဆားတွင်းများတွင် ဆားချက်စားနေကြသော ကတူးလူမျိုးများသည် မိုင်သုံအရှင်ကြီးကို ဝါဝင် ဝါထွက် ပူဇော်နေကြရသည်။
မျက်မမြင်မင်းသမီး (၁၈၁)
ရှေးသရောအခါ လဆီမြစ်ဖျားဒေသတွင် တရုတ်နိုင်ငံတခုဖြစ်သော ဝိဒေဟရာဇ်တိုင်းပြည်တပြည်ရှိခဲ့သည်။ လဆီမြစ်သည် ဧရာဝတီမြစ်ကြိးထဲသို့ စီးဆင်းသည်။ ထိုဝိဒေသ ဟရာဇ်တိုင်းပြည်တွင် ဥတည်မင်းစိုးစံသည်။ ထိုကာလတွင် ငှက်မက လူမမည်သော ကိန္နရီမအလှကို မုဆိုးတစ်ယောက်ဖမ်း၍ ဆက်သသောကြောင့် ဥတည်မင်းသည် ကိန္နရီမကို တောင်ညာစီဒေဝီ မဟေသီမိဖုရားအရာအပ်၍ ပေါင်းသင်းလေသည်။ တနှစ်မျှပေါင်းသင်းမိသောအခါ ကိုယ်ဝန်ပိုက်သဖြင့် အချိန်စေ့သောအခါ မျိက်စိနှစ်ဖက် မျက်ဆံမပါသော အမင်္ဂလာမင်းသမီးတပါးကို ဖွားမြင်လေသည်။ ထိုသမီးတော်ကို စောလှမယ်ဟု ခေါ်သည်။
ဥတည်မင်းလည်း သမိးတော်မျက်ကန်းကလေးကို သားသမီး၏ ချစ်ခြင်းမေတ္တာဖြင့် မစွန့်မပစ် ချစ်စိတ်အလိုက် နန်းတွင်မှာပင်ထားသောကြောင့် ဝိဒေသဟရာဇ်တိုင်းပြည်ကြီးသည် ၁၂ နှစ်ပတ်လုံး မိုးမရွာပဲ ဆင်းရဲသား ပြည်သူအပေါင်းတို့သည် ငတ်မွတ်ခေါင်းပါးသဖြင့် ခိုးမှု လုယက်မှုတိုက်ခိုက်မှုများ ထူပြောလာသည်။ တိုင်းပြည်အလုံး မချမ်းမသာဖြစ်နေရသည့်အရေးကို မင်းကြီးသိလေလျှင် ဉာဏ်ရှင်ကဝိပညာရှိတို့ကို မေးတော်မူလေသည်။ ပညာရှိတို့လည်း ငဲ့ကွက်ထိန်ချန်ခြင်းမရှိ။ တိုင်းပြည်တွင် ဥပါဒ်ရောက်သည်မှာ မျက်စိနှစ်ဖက်မျက်ဆုံမပါ ဖွားမြင်သော အမင်္ဂလာသမီးတော်ကို နန်းတွင်းဍ်ဆက်ထားသောကြောင့် ၁၂ နှစ်ပတ်လုံး မိုးခေါင်ရပါကြောင်း လျှောက်တင်ကြသည်။
မင်းကြီးလည်း သမီးတော်စောလှမယ်ကို နှစ် ၁၂၀ခန့်မငတ်မွတ်ရလေအောင် စားနပ်ရိက္ခာ အလုံအလောက်နှင့် နဂဌာဖောင်တွင်တင်၍ လဆီမြစ်စဉ်အတိုင်းမျှောချလိုက်လေသည်။ မင်းသမီး၏ေ ဖာင်သည် လဆီမြစ်အဆုံးသို့ ရောက်၍ တာလီအင်းကြီးခေါ် ဧရာဝတီဖြစ်ကြောင်းအတွင်းသို့ ဝင်လာခဲ့ေ လသည်။ တရုတ်-မြန်မာနယ်စပ်ဖြစ်သော မိုင်းမော့အရပ်သို့ရောက် လျှင် စောင့်ကြပ်လိုက်ပါ လာကြသော ချောထောက်ချောခံများသည် တရုတ်ပြည်ဖက်သို့ ပြန်သွားကြကလေသည်။
ဤတွင် မည်သူမျှအစောင့်အရှောက်မပါပဲ နဂဌာဖောင်ကြီးပေါ်မှ မင်းသမီးကလေးမှာ တိုက်လိုက်ခိုက်လိုက်နှင့် ကယိမ်းကပါး ဖီလာကန့်လန့်ဖြင့် ဖောင်ကြီးမျော သည့်အတိုင်းစုန်မျော ရလေသည်။ ဤသို့မျောလာရာ ယနေ့ ရွေကူအောက်ရှိ “ဥဒေါင်းဝဲ” တွင်ဖောင်တော်မှာ မထွက်ပဲ ဝဲထဲတွင်လှည့်၍သာ နေသည်။ ဖောင်ပေါ်တွင် မင်းသမီးစောလှမယ်သည် ခိုကိုးရာမဲ့ဖြစ်နေကာ ငိုကြွေးလျက် လိုက်ပါခဲ့ရလေသည်။ ထိုအချိန်တွင် ဝန်ဆေမှနေ၍ ကိုးခရိုင်ကို ကျားဖြူကြီးငအောင်ကျော် အုပ်စိုးနေသည်။ ကျားဖြူကြီးငအောင်ကျော်သည် ကျားတပိုင်း လူတပိုင်းဖြစ်သည်။ လူအယော င်ဆောင်သောအခါ လူ၊ ကျား ယောင်ဆောင်သောအခါ ကျားဖြစ်နိုင်သော လူစွမ်းကောင်းတစ်ေ ယာက်ဖြစ်သည်။ ကျားဖြူယောင်ဆောင်နိုင်သော်လည်း သားငါးကိုမစား။ သစ်သီးဝလံများကိုသာ စားသောက်တ်သော ကျားသူတော်ကောင်းဖြစ်သည်။ က္ကဒ္ဓိပါဒ်တန်ခိုးကြောင့် ကျားဖြူအသွင်ကို ဖန်ဆင်းနိုင် သဖြင့်သာ ကျားဖြူငအောင်ကျော်ဟု ခေါ်သည်။ ကျားဖြူကြီးငအောင်ကျော်ပိုင်သော ဝိန်းဆေကိုးခရိုင်မှာ ၁။ မိုးတား- မင်းလယ်ခရိုင် ၂။ ကသာခရိုင် ၃။ ရေပေါ်မီး - နဘက်ကြီးခရိုင် ၄။ ဦးရူး - မိုင်းခိုင်းခရိုင် ၅။ ပင်းချိုင်း - ပင်းသာခရိုင် ၆။ အင်တောက်သာခရိုင် ၇။ မောင်တုံ -မော်ကယ်ခရိုင် ၈။ မဲဇာ- ထီးချိုင့်ခရိုင် ၉။ ဝန်းသိုခရိုင်တို့ဖြစ်သည်။
ကျားဖြူကြီးငအောင်ကျော်သည် မိမိနယ်ကိုးခရိုင်အတွင်းကျားဖြူယောင်ဆောင်၍ လှည့်လည်မြဲဖြစ်သည်။ ဤသို့နယ်လှည်စဉ် ဧရာဝတီမြစ် “ဥဒေါင်းဝဲ” တွင် ထူးဆန်းအံ့သြဖွယ်ရာ နဂဌာဖောင်ထက်မှ သနားဖွယ်မင်းသမီးကို မြင်ရသည်။ ရေထဲမှမင်းသမီးကိုဆယ်ယူပြီးနောက် အမျိုးအမည်နေရပါဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတို့ကို ငအောင်ကျော်ကမေးမြန်းလေသည်။ မင်းသမီးစောလှမယ်က ဝိဒေဟရာဇ်ပြည်ကြီးကို ထီးမိုးစိုးစံတော်မူသော ဥတည်ဘွား၏ သမီးစင်စစ်ဖြစ်ပါကြောင်း၊ မိဖနှစ်ပါးက စောလှမယ်ဟု အမည်သညာမှည့်ခေါ်ခဲ့ကြောင်း၊ ရှေးဘဝက မကောင်းမှုကံကြောာင့် ယခုဘဝတွင် မျက်စိနှစ်ကွင်အလင်းမရ၊ လူတန်းမစေ့ဖြစ်နေရပါကြောင်း၊ တိုင်းပြည်တွင် မျက်ကန်းမင်းသမီးကြောင့် ၁၂ နှစ်ကာလပတ်လုံးမိုးမရွာ၊ အငတ်ဘေးဆိုက်သောကြောင့် ဘုရင်မွေးသဖခင်သည် သမီးတော်အားချစ်ခင်ပါလျက် မကြင်နာနိုင်ပဲ တိုင်းသူ ပြည်သားများကို ငှဲ့ညှာရသဖြင့် ချစ်သမီးကို စွန့်ကြောင်း၊ သို့သော် ဤဒေသသို့ အဖော်မပါ တကိုယ်တည်း နာဂဌာဖောင်ဖြင်ည ရောက်လာရကြောင်း၊ အသင်လည်း လူလောနတ်လော သိပါရစေဟု မင်းသမီးက ပြန်လည်တင်ပြ၍ မေးမြန်းလေသည်။
ငအောင်ကျော်က “ငါသည် နတ်မဟုတ်။ ဤတော်အုပ်တွင် သွားလာရှာစားသော ကျားဖြူမင်းဖြစ်ပါသည်။ ယခုအစာရှာလာရာမှ သင့်အားတွေ့ခြင်းဖြစ်ပါသည်။” ဟု ပြောလေရာ မျက်မမြင်မင်းသမီးက “အသင်သည် ကျားမင်းဖြစ်ပါလျှင် ကံဆိုးမ ကျွန်ုပ်၏ဘဝကို ကယ်ချွတ်သောအားဖြင့် ကိုက်သတ်ပေးတော်မူပါ။” ဟု တောင်းပန်လေသည်။ ထိုသို့မျက်မမြင်မင်း သမီးက ပြောဆိုတောင်း ပန်သောအခါ ငအောင်ကျော်ကျားဖြူမင်းသည် မကိုက်စားရက်အောင် သနားကြင် နာမိသည်။ မင်းသမီးကလေးသည် မျက်မမြင်သည်မှအပ မိန်းမတို့၏ ရူပနိကယ် အသွယ်သွယ်ေ သာ ကောင်းခြင်း ငါးဖြာတို့နှင့် ပြည့်စုံ၍ လူမက နတ်မမှီအောင် အလှသွေးကြွယ်နေသူကလေးဖြစ်နေသည်။ ကျားမင်းလည်း စောလှမယ်ကို မြင်လျှင်မြင်ခြင်း မေတ္တာသက်ဝင် ချစ်ခင်မိပေသည်။ သို့ကြောင့် မင်းသမီးကို မိမိကျောပေါ် တင်ဆောင်လျက်၊ ဝိန်ဆေမြို့သို့ ပြန်လာခဲ့လေသည်။
ဤသို့ ကျားဖြူ ငအောင်ကျော်နှင့် စောလှမယ်တို့ မေတ္တာမျှ၍ ပေါင်းသင်းနေထိုင်ကြရာမှ ပထမသားဦး သိုကော်ဘွား၊ ဒုတိယသား သိုငံဘွား၊ တတိယသား သိုကျည်ဘွား၊ စတုတ္ထအကြိမ် သုံဟုံဘွားကို မွေးသည်။ ဤသို့အားဖြင့် တရုတ် မင်းသမီးကလေးစောလှမယ်နှင့် ကျားဖြူငအောင်ကျော် တို့မှ သားယောကျ်ား လေးယောက်ကို မွေးဖွားခဲ့သည်။ မင်းသားလေးယောက်တို့သည် အရွယ်ရောက်ေ သာအခါ ဘိုးတော်ဘုရားထံအလည်သွား၍ အမွေတောင်းလိုကြောင်း မိဖများထံမူဆာကြသည်။ မိခင်စောလှမယ်လည်း မိမိသားများကို တားမရသောအခါ မိမိငယ်စဉ်က ခမည်းတော်ဝတ်ဆင်ပေးခဲ့သော အဖိုးအနဂ္ဃထိုက်သည့် နန်းစဉ်လက်စွပ်ကို မိမိ၏ သားများဖြစ်ကြောင်း သက်သေပြနိုင်ရန် သားများကို ပေးအပ်လျက် ဘိုးတော်ထံ အကျိုးအကြောင်းသံတော်ဦးတင်၍ မြေးတော်စင်စစ်များဖြစ်ကြောင်း သိသာအောင် လျှောက်ကြစေဟု မှာကြားလေသည်။
သားတော်လေးပါးကို အဖကျားဖြူမင်းသည် မိမိကျောပေါ်တင်ဆောင်လျက် မိမိပိုင်သော ကိုးခရိုင်နယ်မြေအလွန်ဘိုးတော်ဘုရား ဥတည်မင်းပိုင်နယ် အစပ်သို့ ရောက်အောင်လိုက်ပို့ပေး ခဲ့ပြီးမှ ပြန်လာသည်။ မင်းသားလေးပါးလည်း တတောဝင် တတောတက်နှင့် ဘိုးတော်ထံသို့ အရောက်သွားကြလေသည်။ ဘိုးတော်ထံဝင်၍ မြေးတော်များဖြစ်ကြောင်းပြောပြရာ မယုံကြည်ပေ။ ဤတွင် မိခင်ပေးလိုက်သော နန်းစဉ်လက်စွပ်ကိုတင်ပြမှ မိမိသမီးစောလှမယ်ကို သတိရလာသည်။ မိမိသမီးစောလှမယ်ကို ဆင်ပေးလိုက်သောလက်ဝတ်ရတနာအစစ်ဖြစ်နေသောကြောင့် ရောက်လာသော မင်းသားလေးပါးမှာ မိမိ၏ မြေးတော်များဖြစ်ကြောင်း ယုံကြည်တော်မူသည်။ သမီးတော် မျက်မမြင် ကံဆိုးမလေးအပေါ် သနားကြင်နာပါလျက် ပြည်တင်းမင်းမခံနိုင်သောကြောင့် သမီးတော်ကို နာဂဌာဖောင်ပေါ်တင်၍ မျောလိုက်ရခြင်းဖြစ်ရာ မသေမပျောက် ဝန်ဆေမြို့သို့ ရောက်၍ ကျားဖြူမင်းငအောင်ကျော်နှင့် အကြောင်းပါနေကြောင်းကြားသိရသဖြင့် ဝမ်းသာမိသည်။
ဥတည်မင်းလည်း မြေးတော်များကို အလွန်ချစ်ခင် စွာဖြင့် ကောင်းမွန်စွာပြုစုယု ယတော်မူသည်။ မြေးတော်များကိုလည်း မင်းသားတို့တတ် အပ်သော ပညာများကို သင်ပေးလေသည်။ ဤသို့ မြေးတော်များနှင့် အတူတကွ နေထိုင်ခဲ့ရာမင်း သားလေးပါသည် မိခင်ဖခင်များကို လွမ်းဆွတ်သတိရလာသောကြောင့် ဘိုးတော်ဥတည်မင်းထံပြန်ခွင့်တောင်းကြသည်။ ဘိုးတော်လည်း ပြန် လိုကပြန်နိုင်သည်။ သို့သော် အမွေပေးရန် မိမိမှာ တာဝန်ရှိသဖြင့် “ ဓါးစကြာတစင်းနှင့် လိုတရသော မနောမယအိုးစည်” တို့ကို ယူဆောင်၍ ပြန်ကြစေဟု မိန့်တော်မူ၏။ မင်းသားလေးပါးလည်း ခမည်းတော် မယ်တော်များထံသို့ ဘိုးတော်ပေးလိုက်သော အိုးစည်နှင့် ဓါးစကြာတို့ကို ယူဆောင်ကာ ချောထောက်ချော ခံများနှင့် ပြန်လာသည်။ မိခင်ဖခင်တို့ကို ဘိုးတော်ပေးလိုက်သော လက်ဆောင်အမွေများကို ပြလျက် တိုင်းသစ်ပြည်သစ်တည်ထောင်ခွင့် တောင်းကြသည်။ မိဖတို့လည်း ခွင့်ပေးလေရာ သိုကော်ဘွားသည် မိုးမိတ်မြို့ကိုတည်ထောင်သည်။ သိုကျည်ဘွားသည် မိုးညှင်းမြို့ကို တည်ထောင်သည်။ ညီတော်အထွေးမှာ မဖများစံစားရာ ဝိန်ဆေမြို့တွင်ပင် ချန်နေရစ်သည်။ ထိုမှစ၍ ဝိန်ဆေမြို့တွင် စဉ်ဆက်သိုဟုံဘွား၏ သားမြေးများ အုပ်စိုးခဲ့ကြသည်။
ဝိန်ဆေမှာ ရှမ်းဘာသာအရ ခေါ်ဝေါ်သောအမည်ဖြစ်၍ မြန်မာဘာသာအားဖြင့် “ကျားတလင်း” ဟု အဓိပ္ပါယ်ရသည်။ တနည်း ကျားသတ္တဝါများ ပျော်စံရာ “ဗျဂ္ဃပူရ” ဖြစ်သည်။ ထိုဝိန်ဆေမြို့မှ “ဝန်းသို” မြို့အဖြစ်သို့ အင်းဝမင်းကြီးစော်စွာကဲလက်ထက်ရောက်မှ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်ဟူ၏။ ဝန်းသိုမြို့မှာ ရန်ကုန်- မြစ်ကြီးနား မီးရထားလမ်းပေါ်တွင်ရှိ၍ စော်ဘွားကြီး ဦးအောင်မြတ်မွေးဖွားခဲ့သော မြို့ဖြစ်သည်။ ဦးအောင်မြတ်သည် သီပေါမင်းပါတော်မူပြီးနောက် နယ်ချဲ့အင်္ဂလိပ်ကို ချက်ခြင်းပြန်လည်တိုက် ခိုက်ခဲ့သော မြန်မာနိုင်ငံမြောက်ပိုင်းမှ ခေါင်းဆောင်တဦးဖြစ်လေသည်။
No comments:
Post a Comment