လူမှုအခြေပြုလူငယ်များအဖွဲ့ (၀န်းသိုမြို့နယ်)

 လူမှုအခြေပြုလူငယ်များအဖွဲ့- ၀န်းသိုမြို့နယ်” (Community –Based Organization – Wuntho Township) ဖြစ်ပေါ်လာပုံအကျဉ်း)

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာ ခရိုင်၊ ၀န်းသိုမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး ကိစ္စများတွင် တက်ကြွသော လူငယ်တစ်စုသည် မြို့နယ်အတွင်းရှိ လူမှုရေး၊ ဖွံ့ဖြိုးရေး ကိစ္စများတွင် တတ်နိုင်သလောက် ပါဝင်အကျိုးပြုနိုင်ရန် “လူမှုအခြေပြုလူငယ်များအဖွဲ့- ၀န်းသိုမြို့နယ်” (Community –Based Organization – Wuntho Township) ကို ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
“လူမှုအခြေပြုလူငယ်များအဖွဲ့- ၀န်းသိုမြို့နယ်” ၏ လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ၀န်းသိုမြို့နယ်၊ ဂျိုးတောင် တိုက်နယ်၊ ဆေးခင်းခုံကျေးရွာတွင် စာကြည့်တိုက်တစ်ခု ထူထောင်ရန် ဆေးခင်းခုံကျေး ရွာအုပ်စုအတွင်းရှိ ကျောင်းကော်မတီများ၊ ဆရာမ/ဆရာများ နှင့် ဆရာတော်များ၊ ရပ်မိ/ရပ်ဖများနှင့် တိုင်ပင်ကာ “ဘ၀မီးအိမ်” စာကြည့်တိုက်ကို ၂၀၁၇ခုနှစ်၊ နိုဝင်ဘာတွင် စတင်အကော်အ ထည်ဖော်ခဲ့ပါ သည်။ 
လူမှုအခြေပြု လူငယ်များအဖွဲ့ - ဝန်းသိုမြို့နယ်အနေဖြင့် စာကြည့်တိုက်ဖွင့်ဖြိုးရေးလုပ်ငန်းတွေမှာ ဆောင်ရွက်ဖို့ရှိတဲ့အတွက်ကြောင့် ရွေ့လျားစာကြည့်တိုက်ပုံစံလေးနဲ့လည်း လုပ်ဆောင်ဖို့ အစီအစဉ်ရှိပါ တယ်။
လစဉ် စာအုပ်အသစ်အသစ်ဖြည့်စွက်ရန် သတ်သတ် ဘတ်ဂျတ်ကို သတ်မှတ်ထားရှိထားပြီး မြို့နယ်တွင်း တည်ထောင်ထားရှိပြီးသော စာကြည့်တိုက်များနှင့်လည်း လက်တွဲလုပ်ဆောင်ကာ စာအုပ်များမျှဝေခြင်း တို့ကိုလည်း လုပ်ဆောင်ရန်ရှိပါတယ်။
"လူမှုအခြေပြုလူငယ်များအဖွဲ့-ဝန်းသိုမြို့နယ်"၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖတ်ချင်စဖွယ် စာအုပ်စာပေများကို တင်ထားပေးသည့်အတွက် စာပေချစ်မြတ်နိုးသူများ ယခုပေ့ခ်ျတွင် ကွန်မင့်များပေးကာ တောင်းဆိုနိုင် ပါတယ်။
အဖွဲ့အနေဖြင့် လစဉ်လျာထားဘတ်ဂျတ်နှင့် ချိန်ညှိကာ ဝယ်ယူပေးပို့ပေးမှာဖြစ်ပြီး လေ့လာဖတ်ရှုပြီးပါက စာကြည့်တိုက်သို့ ပြန်လည်အပ်နှံပေးကာ အသစ်ထွက်ရှိနေသော စာအုပ်စာပေများ၏ စာပေရနံ့များကို စာအုပ်ဂျပိုးလေးများက ရရှိခံစားနိုင်ကြမှာဖြစ်တယ်ဆိုတဲ့အကြောင်း ဝမ်းသာစရာသတင်းစကား ပါးအပ် ပါတယ်။
နောက်ဆက်တွဲအနေဖြင့် ဝန်းသိုမြို့နယ်အတွင်း မိမိနေထိုင်ရာ ဘယ်ရပ်ကွက်/ဘယ်ရွာမှာ စာကြည့်တိုက် ထူထောင်ထားပြီးဖြစ်ကြောင်း ပြောပြပေးမည်ဆိုပါက အချင်းချင်းချိတ်ဆက်ကာ စာကြည့်တိုက်များအား ပိုမိုဖွံ့ဖြိုး လာစေရန် လက်တွဲလုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။
စာကြည့်တိုက်တည်ထောင်လုပ်ကိုင်ဆောင်ရွက်လိုသော ရပ်/ရွာ များအနေဖြင့်လည်း ဖုန်းဖြင့်ဖြစ်စေ မက်ဆေ့ဂျာမှာဖြစ်စေ လာရောက်ဆွေးနွေးနိုင်ပြီး အဖွဲ့၏ ဘတ်ဂျတ်အင်အားနှင့် အဆိုပါရပ်/ရွာမှ ပါဝင် လုပ်ကိုင်နိုင်သောအနေအထားတို့အပေါ်အခြေပြုကာ အနှေးနှင့်အမြန် ဖော်ဆောင်ပေးရန်ရှိပါတယ်။
မြို့နယ်တွင်း မိမိတို့ရပ်/ရွာတွင် ပညာသင်ကြားရေးစရိတ် ကျန်မာရေးအတွက် ကုသရေးစရိတ်အတွက် (လုံးဝ) လိုအပ်ခဲ့သည်ရှိသော် ဆက်သွယ်နိုင်ပြီး လျာထားဘတ်ဂျက်အင်အားပေါ်မူတည်၍ ကူညီပံ့ပိုးပေး မည်ဖြစ်ပါတယ်။
(မှတ်ချက်။ ။ပညာရေးစရိတ် ကျန်းမာရေးစရိတ်တို့အတွက် ရရှိရံပုံငွေမှာ အလွန်တရာ နည်းပါးနေသေး ပါသဖြင့် လောလောဆယ်ဆယ်အချိန်တွင် လက်တွေ့ အကောင်အ ထည်ဖော်ဆောင်ပေးနိုင်ရန်မှာ အခက်အခဲရှိနေပါသေးသည်။ အဖွဲ့၏ ရေ ရှည်မျှော်မှန်းချက်အတိုင်း ဒေသတွင်းဖွံ့ဖြိုးရေးကိစ္စများတွင် ဒေသခံများက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ပေးနိုင်မည်မှာ မလွဲပါ။ လစဉ် ၁ယောက် ၁ထောင်ထည့်ဝင်ခြင်းဖြင့် ဒေသတွင်းနေထိုင်ကြသော သိန်းနှင့်ချီသော လူထု၏ အင်အား သည် လူတစ်ဦးချင်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ များစွာ အကျိုးရှိပါလိမ့်မည်)
https://www.facebook.com/cbo.wuntho မှ

No comments:

Post a Comment