ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Tuesday, April 12, 2016

#‎အီကုတ်‬ စားဖူးလား

 

အီကုတ် - Photo Credit to original uploader

နတ်တရုတ်အဆင့် - Photo Internet- Credit to original uploader

အီကုတ်ကို ကျွန်မတို့ ဝန်းသိုနယ်မှာ စားကြပါတယ် အခု လို နွေရာသီ အီကုတ် အစုံ့စုံ့ချိန် အီကုတ်တူးကြတယ်ကျွန်မတို့ ဘက်မှာ အီကုတ်ကို အီကုတ်သားလေး (ဝန်းသိုတွင် နတ်တရုတ်ဟုခေါ်သည်။) အဆင့်ကနေ ကြီးကျယ်ကောင် (နောက်ချေးပိုး) ဖြစ်တဲ့အထိစားသည်။ စစချင်း ပိုးကောင်အဆင့်ကို သိပ်မစားကြပါ။ နတ်တရုတ်အဆင့်ကို ပိုအစားများကြပါသည်။

အီကုတ်က နွားခြေးပုံကနေ အစုံ့စုံ့ပီး အိမ် အလုံးလေးတွေ ဖွဲ့တယ်
ပိးရင် ပိုးကောင်အဆင့်
ပီးရင် အလယ် အရွယ် အကောင်ပေါ်အဆင့်(ဒီအရွယ်ကိုတော့ ပိုစားကြပ့တယ်- နတ်တရုတ်အဆင့်)
ပီးရင် ကြီးကျယ်ကောင် ဖြစ်သွားပါတယ်။ ကြော်စားသည်။ ကျမဘကြီးသည် ဆူးပုတ်ရွက်နဲ့ ကြော်စားလေ့ရှိသည်။ အီဆိမ့်ဆိမ့်အရသာရှိသည်။
ဘာသာရေးအရတော့ အကုသိုလ်များသလို သနားစရာကောင်းပါတယ်

No comments:

Post a Comment