ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Tuesday, April 12, 2016

ကျွန်မငယ်ငယ်က အကယ်ဒမီဆုပေးပွဲ


ငယ်ငယ်တုန်းက အကယ်ဒမီဆုပေးပွဲလာတော့မယ်ဆို ထမင်းမစား
မလာခင်နေ့ကတည်းက လာမယ့်နေ့အကြောင်း ပြောပီးစောင့်ရတာအမော
ကျွန်မ ငယ်ငယ်က TV ‪#‎colour‬ နဲ့ အများကြီးမပေါ်သေးပါဘူး
ကျွန်မတို့အိမ်မှာ ၂၄ လက်မ အဖြူအမည်း TV လေးတစ်လုံး ရှိတော့ အိမ်နီးချင်းတေကလည်း လာကြည့်ကြတာ တစ်အိမ်လုံးပြည့်ပါ။
ညနေ ၃ နာရီ ၄ နာရီဆိုရင် ဘယ်မင်းသမီး မင်းသားက ဘယ်လိုလေးဝတ်ထားတာ
ဘယ်မင်းသမီး မင်းသားက ရောက်နေပီ
ဘယ်သူက မလာဘူး
စပီးတစ်ယောက်တစ်ပေါက်
တကယ်တော့ TV က အဖြူအမဲမို့ ‪#‎အနီ‬ နဲ့ အနက်ဝတ်ခဲ့ရင် အမဲရောင်
ကျန်တဲ့အရောင် ဝတ်ခဲ့ရင် အဖြူပဲ ပေါ်ပါတယ်
ဒါပေမယ့် အဲ့ဒီ ၂ ရောင်ကိုပဲကြည့်ပီး ဘာရောင် ဝတ်ခဲ့တယ်ဆိုတာကို ကိုယ့်ဘာသာ အပြိုင်အဆိုင် ဆုံးဖြတ်ချက်ပေး ငြင်းကြပါတယ်
ဆုကြေငြာမပေးမီ ပြန်ကြားရေး (ယဉ်ကျေးမှု။ သမာဝါယမ)က ‪#‎ဦးကျော်ဆန်းအဖွင့်အမှာစကားပြောပီဆိုရင်တော့‬ ကျော်ပစ်ချင်ကြပါတယ် အရှည်ကြီးပြောတော့ နားကလည်း မလည်နိုင်တော့ စိတ်မဝင်စားကြဘူးလေ
တကယ်တော့ ကျော်လို့လည်းမရပါဘူး
ပီးလို့ ဆုကြေငြာရင် ကိုယ်ရစေချင်တဲ့ သရုပ်ဆောင်ရရင် ဝိုင်းညာသံပေးတယ်
ရတဲ့ဇာတ်ဝင်ခန်းပြရင်တော့ ကျွန်မကတော့ ဘာကြောင့်ဆုရတာလဲဆိုတာ သိပ်မရှင်းလိုက် တချို့ကားတေကတော့ နားလည်ပါတယ် ဥပမာ - သီဟတင်စိုးရတဲ့ ငရဲသား ကားဆိုရင် ကောင်းတယ်လို့ ကိုယါ့ကလေးအတွေးနဲ့ မှတ်ချက်ပေးမိပေမယ်
ဇာတ်ကားနာမည်မသိတော့ပါဘူး နှစ်လည်းမမှတ်မိတော့ အိင်္ဒြာကျော်ဇင်ရတဲ့ကားကို ပြတော့ ဘာမှလည်းမဟုတ်ဘူးလို့မှတ်ချက်ပေးမိတယ်
ကိုယ်က ကလေးဆိုတော့ အနုပညာမြှောက်မှုကို သိပ်မသိတော့ ဒီလောက်ပဲ နားလည်ခဲ့ပါတယ်
နောက်ပီး အကယ်ဒမီက မပီးခင် သတင်း (ပုံနောင် ပုံ့နောင်)လာတော့ ဟင် . . .ဟာ ပြောပီး တန်းလန်းကြီးထားခဲ့ရမလားလို့ ပွစိ ပွစိ
သတင်းထဲမှာတော့ ဘယ်သူတေ ဘယ်ဇာတ်ကားနဲ့ရတယ်ဆိုတာ ကြိုထည့်ပြောသွားတယ်
ကျွန်မတို့က သတင်းကျော်လို့လည်းမရ ဝန်ကြီး အစိုးရ ဟိုသွား ဒီစားသတင်းကြည့်နေရတယ်
တစ်ချို့သတင်းမကြည့်တဲ့သူတေကတော့ အဲ့အချိန် ထမင်းစားချိန်ပေါ့
သတင်းက ည ၉ နာရီနားလောက်ပီးတယ်ဆို မိုးလေဝသ
ပီးရင်တော့ အကယ်ဒမီအဆက် လာတာ ကြည့်ရင်း
ည ၁၀း နာရီ ဆယ် ခွဲ ပီးပီ
အဲ့တော့မှ ကိုယ့်အိမ်ကိုယ်ပြန်ကြတယ်
တကယ်ဆို အစောကြီးအိပ်တတ်ကျပေမယ့် ဒီတညတော့ အထူးညပေါ့
အော့ ဒါနဲ့ TV က အင်တာနာတိုင်ကို အမြင့်ကြီးထောင်ရတော့ သူရဲ့ ပင်မလိုင်းရှိရာဘက်ကို ရှာပီး လှည့်ရသေးတယ်
လိုင်းရှာတာပါ
မတည့်ရင်တော့ TV က အဖြူအမဲတောင် မကြည်ပဲ ဗြုတ်တေကြားတည်း ကြည့်ကြရပါတော့တယ်

အခုခေတ်ကတော့ ဖုန်းခေတ်ဆိုတော့ တိုက်ရိုက်လွင့်တဲ့လိုင်းအောက် တိုက်ရိုက် မှတ်ချက်ပေးနိုင်ကြပါပီ
အခုခေတ်အထိ ရုပ်ဝတ္ထု ပစ္စည်း နည်းပညာတွေကတော့ မမျှော်မှန်းနိုင်လောက်အောင်ကို တိုးတက်လာနေတော့ ဟိုးတုန်းကလောက် ခဲရာခဲဆစ် ကြံစည်စရာ အားထုတ်စရာမလိုပဲ
အားလုံးအဆင်သင့်ဖြစ်လာပါပီ
ဒီဘက် မျိုးဆက်ကတော့ အဆင်သင့်ခူးခပ်စားရုံပဲပေါ့
ဒါပေမယ့် အပျင်းမကြီးဖို့ စိတ်ဝင်စားမှုရှိဖို့လေးတော့ လိုတာပေါ့နော်

No comments:

Post a Comment