ညယ်/မောင် = ဟယ် ကွယ် မယ်
အိုအို = အဖွား
ကျစ်သား = ကြက်သား
ကော = ဟင်းရည်
အစီ = အငယ်
အအယ် = ကလေးလေး
အဘ = အဖေ
အိုကြီး = အဖွား၏ အမေ
အဲ = စုပေါင်းလုပ်သည် (အဲစားသည်၊ အဲလုပ်သည်)
အငမ်း = အကြွေး
ပေါက်တတ်ကန= အများကြီး
ကိစ္စ = မသာ အသုဘ
ခေါစီ = ခေါပုတ်
ကောက် = ခူးသည်
နွေး = နွှာ
ပရက်ဆိတ် = ပရွက်ဆိတ်
ခရဲသီး = ဖရဲသီး
နွားဒင် = နွားထီး
ဗလွတ်ရွှတ်တ = ဗရုတ် သုတ်ခ
မိစီမ = ကလေးမ
မျှစ် = ရန်ငြိုးထားသည်
စို့ = ဝင်ခါစ
အစို့ = အပိတ် အဖုံး
အစုံ့ = ကျင်းပေါ်မြေစာပုံ
ပက်ကျင်း = ပိုးလိုးပက်လက်
ပက်အရက် = ပိုးလိုးပက်လက်
ဝမ်းစာ = စားစရာ
ရေဆွဲ = ရေငင်
မိုးစိပ်စိပ် = မိုးအေးအေး
တလိပ်ဆန် = တရိစ္ဆာန်
ကောက်သစ် = စပါးအသစ်
ပေါင်းသင်း = ကောက်ညှင်းကျည်တောက်
ဆာတာ = ထော့နဲ့ ထော့နဲ့
မျှစ်ပါးယ = ထိုးမုန့်
ဗုန်းဘလအော = အများကြီး
သတ္တိကုန် = အကြီးအကျယ်
ဘယ်လယ်ပုံ = အများကြီး
တို့ = စသည်။ ကျီစားသည်။ (သူများကလေးကို မတို့နဲ့= သူများအလေးကို မစနဲ့ မကျီစားနဲ့။)
ပေါ့စပ်ကနပ် = ပေါ့တီး ပေါ့ဆ
ဝါစာကမာ = အကြမ်းဖျင်း
ပီစိ ပါစာ = တတွပ်တွပ် (ပီစိ ပါစာများ = စကားများ)
မမန်မန်း ၊ နိုင်နိုင် = ထမင်း
စာစာ = အီအီး။ချီး (ရွံစရာ)
ဗုတ်အော = အကြီးကြီး။ ထိုင်းထိုင်းကြီး။
အခင်း = ခြံဝင်း
ဗျတ်လတ်သုတ် = ခဏလေး (တစ်ခုမလုပ်ခင် တစ်ခုကြား ဒီတစ်ခုကို လုပ်ခြင်း)
အာဂါပါဂါ = အတည်ပေါက်နဲ့ (တကယ်ထင်ထားပီး နောက်တော့ တကယ်မဟုတ်။မဖြစ်။မလုပ်စသည်)
(ဥပမာငါကတော့ အာဂါပါဂါနဲ့ ပြောလိုက်ရတယ်ညယ် မင်းကတော့ ဘာမှ မလုပ်ဘူး။)
(မှတ်ချက် ။ ။ ၀န်းသိုဒေသသားတို့သည် ဟတ်ထိုး(ှ)သံများ ထည့်၍ မပြောတတ်ကြပါ (ဥပမာ - နှမ်း ဆိုရင် နမ်းဟုသာ ပြောတတ်သည်။ (လှော် (လော်)၊ နှမ်း (နမ်း)၊ လှေ (လေ)၊ လှည်း (လည်း)၊ လွှတ် (လွတ်) စသည်ဖြင့်။ တချို့ နေရာများမှာ သ နဲ့ တကို မကွဲပါ (ဥပမာ - သိတယ် ကို တိတယ်)။ စ နဲ့ ဆမကွဲတဲ့ နေရာများလည်း ရှိသည်။ ကျွန်မနေတဲ့ နေရာအနီးကတော့ ကသတ် (က်) နဲ့ စသတ် (စ်) မကွဲပါ။
ဥပမာ - ကြက်သားသိုရင် (ကြစ်သား)တို့ပဲ အသံထွက်တတ်သည်။ သစ်ပင်ဆိုရင် (သက်ပင် - တခါခါ သက် နဲ့ သစ်ကြားက အသံကိုပင် ထွက်တတ်ကြပါသေးသည်။ ကျမအမေဆိုရင် သစ်ပင်လို့ မပြောတတ် သက်ပင် နဲ့ သပင်ကြားက အသံကို ပြောလေ့ရှိသည်။
အခုလို စကားလုံးအရ ဒေသအသုံးအနှုံးကွဲပြားမှုနဲ့ စကားလုံးအသံထွက် စကားပြောသံ နိမ့်မြှင့် (Tone) မတူသောကြောင့် တခြားဒေသက လာသူများသည် ၀န်းသိုဒေသစကားကို နားမလည်ကြ။
No comments:
Post a Comment