ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Friday, April 15, 2016

နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူ့အမြင်

ဒီနေ့ကတော့ ကျွန်မအစ်ကိုရဲ့ လက်ရှိ ပြောနေ ဖြစ်နေကြတဲ့ ကျောင်းသားကိစ္စအကြောင်း လေးနှင့် ပတ်သက်ပြီး သူ့ရဲ့ အမြင်လေးကို ဒီမှာ မျှဝေပေးချင်ပါတယ်.......
"နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ်ခိုင်ခိုင် မာမာရပ်တည်တော့မယ်ဆိုရင် ပထမဦး ဆုံးလုပ်ရမှာက ပြည်သူလူထုရဲ့ အသိပညာရေချိန်ကို စနစ်တကျလေ့ လာပြီးတော့ ပြည်သူ့စွမ်းအင်အဖြစ် ထိထိရောက်ရောက် အသုံးပြုနိုင်အောင် လုပ်ဖို့လိုပါမယ်။ အာဏာတစ်ခုတည်းအတွက်ဆိုရင် တော့ ပြည်သူမပါလဲ ဖြစ်ပါတယ်။ ခေါင်း ဆောင်တွေကစားသွားရုံပါပဲ။ နောင်တချိန်ကျရင်တော့ ကျွန်တော်တို့ရဲ့ အားထားရမယ့်ခေါင်းဆောင်ကတော့ အားလုံး တိုင်းရင်းသားအားလုံး လက်ခံတဲ့ ဥပဒေ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ပဲဖြစ်ပါလိမ့်မယ်။ အဓိကကတော့ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင် အလွန်ကို စဉ်းစားရတော့မှာပါ။ ကျောင်းသားတွေဘက်က လွန်ခဲ့သည် ဖြစ်စေ မလွန်ခဲ့သည်ဖြစ်စေ အာဏာလွန်ဆွဲပွဲကမောက် ကမ ဖြစ်ခဲ့ရင်တော့ သူတို့ကပဲ အရင်စတင်ပါလိမ့်မယ်။ ကျောင်းသားဆိုရာဝယ် တိုင်းရင်းသားအားလုံးရဲ့ ကျောင်းသားတွေပါ။ နိုင်ငံက ပြည်တွင်းစစ်ရဲ့ ဒဏ်လည်း အလူးအလဲ ခံခဲ့ရပြီးပြီ။ စီးပွားရေး အရလည်း အနာတရဖြစ်ခဲ့ပြီးပြီ။ အနာဂတ်မှာ ကျွန်တော်တို့ လူထုတွေ တက်ညီလက်ညီ လှုပ်ရှားကြတာပေါ့။"
Credit - Aung Hlaing Tun (Nan Khan- Wuntho) 

No comments:

Post a Comment