မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း အပိုင်း (၁)
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း
အပိုင်း (၁)
(၁၈၈၅-၁၈၉၅)
မြန်မာတိုင်းရင်းသားတို့ဧ။် လက်နက်စွဲကိုင်တော်လှန်ရေး
တောင်တန်းဒေသများဧ။်နယ်ချဲ့ဆန့်ကျင်ရေး
ကချင်တောင်တန်းဒေသ
တိုင်းရင်းသားကချင်လူမျိုးတို့သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် နေထိုင်ကြသည်။ ခန္တီးနယ်၊ ချင်းတွင်းမြစ်ဧ။် အရှေ့ဘက် ဦးရုဆယ်ရွာ၊ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ မိုးလှိုင်၊ ဝန်းသို၊ ဗန်းမော်၊ ကသာ၊ ကောင်းတုံ၊ ရွှေကူ၊ မံစီ၊ မြတောင်နှင့် သန္နီနယ်တို့ရှိ တောင်စဉ် တောင်တန်းများ၊ တောင်ကြားသေသများတွင် ကချင်လူမျိုးတို့နေထိုင်ကြသည်။ သန်းခေါင် စာရင်းနှင့် မှတ်တမ်းများအရဆိုလျှင် ကချင်လူမျိုးတို့နေထိုင်ရာ ဒေသသည် ယေဘုယျအားဖြင့် မြောက်လတ္တီတွဒ် ၂၃· ၃၀' နှင့် ၂၈· ၃၀'၊ အရှေ့လောင်ဂျီတွဒ် ၉၆· နှင့် ၉၈· ၄၄' တို့အကြားတွင် တည်ရှိသည်။
ဟိမဝန္တာတောင်တန်းကြီးမှ ဖြာထွက်လာသော တောင်တန်း တောင်စွယ်တို့သည် ကချင်လူမျိုးတို့နေထိုင်ရာဒေသတွင် လက်ချောင်းများသဖွယ် တောင်နှင့်မြောက် သွယ်တန်းလျက် ရှိကြဧ။်။ ပလောင်လန်ဘွန်တောင်တန်းသာလျှင် တောင်မြောက်မတန်းဘဲ အရှေ့နှင့် အနောက် သွယ်တန်းနေပေသည်။ တောင်တန်းတောင်စွယ်အသွယ်သွယ် ယှက်ဖြာနေသဖြင့် ကချင်တို့ဒေသတွင် ဧရာဝတီမြစ်ဝှမ်းနှင့် ဟူးကောင်းချိုင့်ဝှမ်းတို့မှ တစ်ပါး ညီညာသောမြေပြန့်လွင်ပြင်ဟူ၍ အလွန်နည်းပါးသည်။ တောင်နှင့်မြောက်သွယ်တန်းနေသော တောင်ရိုးတောင်တန်းတို့အကြားတွင် မြစ်များသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိရာ ဧရာဝတီမြစ်မှာ အထင်ရှားဆုံးသောမြစ်ကြီးဖြစ်သည်။ ကချင်လူမျိုးတို့နေထိုင်သောဒေသတွင် မြစ်ချောင်းအသွယ်သွယ်ရှိသော်လည်း ဧရာဝတီမြစ်တွင်သာ လှေသင်္ဘောတို့ သွားလာခုတ်မောင်းနိုင်သည်။ အထက်ဘက် ဗန်းမော်အထိ သင်္ဘောများ ခုတ်မောင်းသွားလာနိုင်၍ ဗန်းမော်နှင့် ဆင်ဘိုအကြားတွင် သင်္ဘောများ သွားလာခြင်း မပြုနိုင်ချေ။ ဆင်ဘိုမှ မြစ်ကြီးနားသို့မူ သင်္ဘောများ သွားလာနိုင်ပေသည်။ မြစ်ကြီးနားမှ အထက်ဘက်သို့ လှေသင်္ဘောများ ခရီးမဆက်နိုင်တော့ပေ။
ကုန်းဘောင်ခတ်အတွင်း တိုင်းရင်းသား ကချင်လူမျိုးများစွာတို့သည် တောင်ရိုးတောင်စဉ်များ၊ တောင်ကြားဒေသများနှင့် ချောင်းရိုးများတွင် ရွာငယ်များတည်၍ နေထိုင်ခဲ့ကြသည်။ ထိုရွာငယ်တို့ကို တောင်စားတောင်အုပ်တို့က ကွပ်ကဲအုပ်ချုပ်ကြသည်။ ကုန်းဘောင်ခေတ် မြန်မာမင်းဧ။်အုပ်ချုပ်မှုအာဏာ သက်ရောက်ရာ မြို့ရွာများအနီးရှိ ကချင် တောင်စား၊ တောင်အုပ်တို့သည် မြန်မားမင်းဧ။် ဩဇာကို နာခံကြသည်။ တောင်စားတောင်အုပ်တို့ လစ်လပ်လျှင်လည်း ရပ်ရွာအတွင်းရှိ အစုအဖွဲ့များမှ သင့်ရာပုဂ္ဂိုလ်ကို ရွေးချယ်၍ ထိုပုဂ္ဂိုလ်ကို မြန်မာမင်းက တောင်စားတောင်အုပ်အဖြစ် ခန့်ထားသည်။ မြန်မာမင်းဧ။်သစ္စာကို ခံယူသော တောင်စား တောင်အုပ်တို့ကိုလည်း ကုန်းဘောင်ဆက်မင်းတို့က ပဗ္ဗတရာဇာဘွဲ့ အပ်နှင်း၍ အုပ်ချုပ်စေသည်။ တောင်အုပ်တောင်စားတို့ဧ။် လက်ထောက်များကို ပေါမှိုင်းဟူ၍ ခေါ်သည်။ ထိုပေါမှိုင်းတို့ကိုလည်း မြန်မာ အဝေးအရာရှိက စီမံခန့်ထားသည်။ ဧရာဝတီမြစ်ကမ်းရှိ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ မိုးညှင်း၊ ကသာ၊ ကောင်းတုံ၊ မြတောင်နှင့် မိုးမိတ်၊ မိုးလှိုင်၊ ဝန်းသိုမြို့တို့တွင် စော်ဘွား၊ မြို့ဝန်၊ ဝန်ထောက်၊ အမတ်ချုပ်၊ နာခံ၊ စစ်ကဲနှင့် မြို့စာရေးတို့က ကြီးကြပ်အုပ်ချုပ်ကြသည်။ စောဘွားတို့ အုပ်ချုပ်သော အခြားရွာငယ်များစွာလည်း ရှိပေသေးသည် စလဲ၊ မန်တောင်၊ မာတင် ကဲ့သို့သောရွာများ ဖြစ်ကြပေသည်။
ကချင်တို့နေထိုင်ရာ ဒေသတွင် ကချင်လူမျိုးများသာမက မြန်မာ၊ ရှမ်းနှင့် ပလောင် လူမျိုးများစွာလည်း နေထိုင်ကြသည်။ ကချင်လူမျိုးတို့တွင် ဂျိန်းဖော့၊ မရူ၊ အဇီး၊ လရှီ၊ လီဆူး၊ ရဝမ်း ဟူသော လူမျိုးစုတို့ပါဝင်သည်။ ဤလူမျိုးစုတို့မှလ ည်း လူမျိုးှုယ်များစွာ ခွဲထွက်လာခဲ့ကြပေသည်။ ဂျိန်းဖော့၊ မရူ၊ အဇီး၊ လရှီ၊ ရဝမ်၊ ကချင်မျိုးနွယ် (ဆာနကချင်)၊ မရန်နွယ်၊ ကွိတုနွယ်၊ ထရံနွယ်၊ ဇာရီဝမ်၊ ထလူ၊ အခူးဖိုင်၊ အနမ်းဖိုင်၊ ရမီလ်၊ လုံမီ၊ လေဇူး၊ ယိမူ၊ ဟူချာ စသည်တို့ ဖြစ်ကြလေသည်။
ကုန်းဘောင်ခေတ်အတွင်း ကချင်လူမျိုးတို့နေထိုင်ရာဒေသတွင် အရေးပါသောမြို့တို့မှာ ဗန်းမော်၊ မိုးကောင်း၊ မိုညှင်း၊ မိုးမိတ်၊ မိုလှိုင်၊ ကောင်းတုံ၊ ရွှေကူ၊ မြတောင်နှင့် ဝန်းသိုမြို့တို့ ဖြစ်ကြသည်။ ယင်းတို့အနက် ကူသန်းရောင်းဝယ်ရေးအရ အရေးအပါုံးသောမြို့မှာ ဗန်းမော်မြို့ဖြစ်သည်။ ဗန်းမော်မြို့သည် တရုတ်မြန်မာ ကုန်သွယ်ရေးတွင် အချက်အချာကျသောမြို့ ဖြစ်သည်။ ဗန်းမော်မှ တရုတ်နိုင်ငံ အနောက်ဘက်တောင်ပိုင်းသို့ ပေါက်ရောကသော လမ်းသုံးသွယ်ရှိသည်။ ထိုလမ်းတို့ဖြင့် တရုတ်ကုန်သည်တို့သည် တရုတ်နိုင်ငံထွက် ကြွေထည်၊ ပိုးထည်၊ ပိုးချည်များကို ယူဆောင်လျက် ဗန်းမော်သို့ လာရောက်ရောင်းချကြသည်။ အချို့တရုတ်လူမျိုးတို့က ဗန်းမော်ပတ်ဝန်းကျင်သို့ လာရောက်၍ ကျောက်စိမ်းတူးဖော်ကြသည်။ တရုတ်ကုန်သည်တို့သည် မြန်မာနိုင်ငံမှ ကျောက်စိမ်း၊ ချည်ထည်နှင့် ဝါဂွမ်းတို့ကို ဝယ်ယူကြသည်။ ဗန်းမော်မှ တရုတ်နိုင်ငံအနောက်ပိုင်းသို့ ပေါက်ရောက်ကုန်သွယ်နိုင်သောလမ်းကို အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ ဖြစ်ပွားမီကပင် ဗြိတိသျှသံကိုယ်စားလှယ်အဖြစ် အမှုထမ်းခဲ့သော မေဂျာဘာနေက တရုတ်ဗန်းမော်ကုန်သွယ်ရေးအကြောင်းကို မှတ်တမ်းတင်ခဲ့ဖူးသည်။ ထိုစဉ်ကပင် တရုတ်နိုင်ငံအနောက်ပိုင်းသို့ ချည်ထည်များကို တင်ပို့ရောင်းချလိုသော ဗြိတိသျှတို့သည် ဗန်းမော်မြို့ကို စိတ်ဝင်စားခဲ့ကြဧ။်။ မင်းတုန်းမင်းလက်ထက်သို့ ရောက်သောအခါ ဗြိတိသျှတို့သည် ဗန်းမော်မှတစ်ဆင့် တရုတ်နိုင်ငံအနောက်တောင်းပိုင်းသို့ ဝင်ရောက်ကုန်သွယ်လိုသောဆန္ဒ ပြင်းပြလာခဲ့သည်။ ၁၈၆၇ ခုနှစ် အင်္ဂလိပ်နှင့်မြန်မာတို့ ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုသည့်အခါ ဗန်းမော်မြို့၌ ဗြိတိသျှကိုယ်စားလှယ်ထားလိုသည်ဟု မင်းတုန်းမင်းတရားကြီးထံ ခွင့်ပန်ခဲ့ကြသည်။ ဗြိတိသျှတို့ဧ။် တောင်းဆိုချက်ကို မင်းတုန်းမင်းတရားကြီးကလည်း ခွင့်ပြုခဲ့သည်။ ခွင့်ပြုရုံသာမက ဗန်းမော်တရုတ်ကုန်သွယ်ရေးလမ်းကြောင်းကို စူးစမ်းလေံလာကြသည့် ဗြိတိသျှတို့အား အစောင့်အရှောက်များ ထည့်၍ အကာအကွယ်ပေးခဲ့သည်။ ထိုစဉ်က တရုတ်နိုင်ငံ နောက်တောင်ပိုင်းတွင် သူပုန်ဓားပြများ ဆူပူလှုပ်ရှားနေသဖြင့် ဗြိတိသျှလေ့လာရေးသမားတို့သည် ဗန်းမော်မှ မိုးမျဉ်းအထိ အရောက်သွားနိုင်ခဲ့သော်လည်း ကုန်သွယ်ရေးလုပ်ငန်းကို အကောင်အထည်မဖော်နိုင်ခဲ့ပေ။ သို့သော် ဗြိတိသျှတို့သည် ဗန်းမော်တရုတ် ကုန်သွယ်ရေးကို စိတ်အားထက်သန်လျက်ပင်ရှိကြ၏။ သီပေါမင်းလက်ထက် ဘုံဘေဘားမားသစ်ကိစ္စ ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ သီပေါမင်းထံ ရာဇသံငါးချက် ပေးခဲ့ရာတွင် နောက်ဆုံးအချက်၌ “ဗန်းမော်မှတစ်ဆင့်တရုတ်နိုင်ငံနှင့် ဗြိတိသျှတို့ ကုန်သွယ်ရောင်းဝယ်ရာတွင် မြနမ်မာလင်းက လိုအပ်သောအကူအညီများပေးရန်” ဟူ၍ ပါရှိသည်။ ထို့ကြောင့် အထက်မြန်မာနိုင်ငံကို မသိမ်းပိုက်မီကပင် ကချင်တို့နေထိုင်သည့်ဒေသကို ဗြိတိသျှတို့က ကုန်သွယ်ရေးအတွက် အရေးပါသောဒေသ ဖြစ်သည်ဟု ယုံကြည်ယူဆနေကြောင်း ထင်ရှားပေသည်။
မန္တလေးရတနာပုံနေပြည်တော်ကို သိမ်းပိုက်မိပြီးသည့်နောက် ၁၈၈၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့ ရက်ပေါင်း နှစ်ဆယ်ခန့်အကြာတွင်ပင် ဗြိတိသျှပြည်သိမ်းတပ်၏ စစ်ဦးစီးချုပ် မေဂျာဂျင်နရယ်ပရင်ဒါဂတ်စ်သည် ဗန်းမော်မြို့သို့ ချီတက်ခဲ့သည်။ ချီတက်ရာတွင်
(၁) ရွိုင်ရယ်ဝေလဖျူဇိလီယား တပ်ရင်းတစ်ဝက်
(၂) ၄/၁ ရွိုင်ရယ်အမြောက်တပ်တစ်ဝက်
(၃) ဟာဇရာ တောင်ပေါ်ပစ်အမြောက်တပ်
(၄) အမှတ် (၂၅) မဒရပ်ခြေလျင်တပ်ရင်းတစ်ဝက်
(၅) ဆက်ပါတပ်ခွဲတစ်ခွဲ
(၆) အမှတ် (၃၆) မြင်းစီးခြေလျင်တပ်
(၇) ဘလူးဂျက်ကက်တပ်သား ၃၀၀ ခန့်
တို့ ပါဝင်ခဲ့ကြသည်။ မေဂျာဂျင်နရယ်ပရင်ဒါဂတ်စ်နှင့် ဘရီဂေးဒီးယား ဂျင်နရယ်နော်မန်၊ မေဂျာ စီ၊ဘီ၊ကွတ် နှင့် ကက်ပတိန်အဒမ်ဆင် တို့လည်း လိုက်ပါခဲ့ကြသည်။
ဧရာဝတီမြစ်ရိုးအတိုင်း စစ်သင်္ဘောများဖြင့် ဗန်းမော်သို့ဆန်တက်ခဲ့ရာတွင် မြစ်ကမ်းတစ်လျှောက် အခုအခံမရှိ၊ ငြိမ်ဝပ်အေးချမ်း၍ ဗြိတိသျှတပ်များ ချီတက်လာသည်ကို ဝမ်းမြောက်ဝမ်းသာလက်ခံကြသည်ဟု ပရင်ဒါဂတ်စ်က ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့တွင် အတွင်းဝန်ထံသံကြိုးရိုက်၍ အကြောင်းကြားခဲ့သည်။ စင်စစ် မြန်မာတိုင်းသူပြည်သားတို့သည် သဘာဝအားဖြင့် ငြိမ်းချမ်းစွာနေလိုသူတို့ ဖြစ်ကြ၏။ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သီပေါမင်းပါတော်မူသည်ကိုလည်း မန္တလေးအထက်ဘက် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိတိုင်းရင်းသားပြည်သူတို့ သိရှိဟန်မတူပေ။ ထို့ကြောင့် ဧရာဝတီမြစ်ရိုးအတိုင်းဆန်တက်လာသော ဗြိတိသျှတို့ကို ခုခံခြင်းမပြုဘဲ ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြသည်။
မန္တလေးမှဗန်းမော်သို့ ဗြိတိသျှတပ်များဆန်တက်ခဲ့ရာတွင် စဉ့်ကူမြို့ဝန်သည် ဗြိတိသျှတို့ထံ အညံ့မခံဘဲ ရှောင်တိမ်းနေခဲ့သည်။ မကြာမီ ရှောင်တိမ်းနေသောစဉ့်ကူမြို့ဝန်သည် ရွှေဘိုမြို့နယ်ရှိ နယ်ချဲ့ဆန့်ကျင်ရေးတပ်များနှင့် ပူးပေါင်းခဲ့သည်။ မန်လည်မြို့ဝန်သည်လည်း ဗြိတိသျှတို့ထံ ဝင်ရောက်အညံ့ခံခြင်း မရှိချေ။ ဗြိတိသျှဆန့်ကျင်ရေးတပ်များနှင့် ပူးပေါင်းသွားခဲ့သည်။ ဗြိတိသျှတို့ထံခိုဝင်သော မြို့ဝန်မှာ မြတောင်မြို့တော်ဝန်သာဖြစ်သည်။ ဗြိတိသျှတပ်မှူးတို့ စစ်မေးသမျှကိုလည်း မြတောင်မြို့ဝန်က ဖြေကြားခဲ့သည်။ ဗြိတိသျှတို့ကို ဆန့်ကျင်တိုက်ခိုက်နေသည့် ငဖူးခေါင်ကိုပင် မြတောင်မြို့ဝန်ကဖမ်းဆီး၍ ဗြိတိသျှတို့ထံ အပ်နှံခဲ့သည်။ ဗြိတိသျှတို့သည် သစ္စာခံမြတောင်မြို့ဝန်ကို အကာအကွယ်ပေးရန်၊ ဝန်းသိုစော်ဘွားကိုသိမ်းသွင်းရန်၊ မြတောင်မြို့ကို သိမ်းပိုက်ထားနိုင်ရန် ရည်ရွယ်၍ ရွိုင်ရယ်ဝေလဖျူဇိလီယားတပ်ခွဲနှစ်ခွဲကို မြတောင်တွင် ချထားခဲ့သည်။ ဗြိတိသျှတို့သည် ဝန်းသိုစော်ဘွားအား မိမိတို့ထံ သစ္စာခံရန်နှင့် မလာရောက်ပါက သူပုန်အဖြစ်သတ်မှတ်မည်ဟုလည်း ခြိမ်းခြောက်မှာကြားခဲ့သည်။ မော်လဲမြို့ဝန်နှင့် မိုးတာမြို့ဝန်တို့ကလည်း ဗြိတိသျှတို့ထံ အညံ့မခံဘဲ ဝန်းသိုစော်ဘွားထံတွင် ရှောင်တိမ်းနေထိုင်ခဲ့သည်။
Pages
Unicode Converter
Translate
စိတ်ဝင်စားဖွယ် စာမျက်နှာများ
About Me
ဝန်းသို အကြောင်း၊ စော်ဘွားကြီးအကြောင်း သတင်းအချက်အလက် ပေးချင်တယ်ဆိုရင်လည်း ကျွန်မရဲ့ Email လိပ်စာ zinmaroo299.zmo@gmail.com ကို ဆက်သွယ်ပေးပို့လို့ရပါတယ်ရှင့်။
:) :) :) :) :) :)
Popular Posts
-
ပင်လုံမှာ မြန်မာနဲ့ ယာယီပူးပေါင်းခဲ့တဲ့ ရှမ်းပြည်များ ဓာတ်ပုံ ရင်းမြစ်, Getty Images ဓာတ်ပုံ ပုံစာ, ရှမ်းနွယ်ဖွားတွေရဲ့ ရိုးရာ ရှင်ပြုပွဲ ...
-
ဝန်းသိုစော်ဘွားကြီး စ၀်ေ အာင်မြတ် မျိုးရိုးဇာတိ ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည်...
-
Main article: Wuntho Wuntho was a native state of Upper Burma when Burma was under British control. After the British annexed Upper Burm...
-
Wuntho is a town in Katha District , Sagaing Division , Myanmar . It is the administrative seat of Wuntho Township . History Main ar...
-
ဒီစာထဲမှာလည်း #ဝန်းသိုမော်နိုင်းရှမ်းရွာလို့ပါသလို ကျမမှတ်သားဖူးတဲ့စာအုပ်တေ စာပေတွေထဲမှာလည်း မော်နိုင်း မော်ခါးစတဲ့ ရှမ်...
-
|| ဂါမဏိ || နအဖ စစ်အစိုးရဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက် လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမယ့် နေဝင်းလုပ်ခဲ့တဲ...
-
စာအုပ်ထဲမှ ဝန်းသိုဒေသအကြောင်း အကြောင်းအရာအချို့အား ထုတ်နှုတ်ထားတာပါ။ ငပျင်းသူ (စာမျက်နှာ - ၁၇၁) သလ္လာဝတီမြစ်အနောက်ဖက်မှ “မဟာမြို...
-
“ဂုရုရာဇ်တိုင်း” (စည်းခမ်း) ပြည်ရှင် ဥတ္တရစောဖြူမင်း၏ သားတော် စောဝ်ဆေးဖိတ် ထမံသီ အတတ်ပညာဖြင့် ကျားဖြူအဖြစ်သို့ ပြောင်း၍ မိုင်းသုံစခန်း ပတ်ဝန...
-
ရေးမိရေးရာလေးများ နန်းမြို့တော် တစ်ရပ်လုံး၌လည်းဆင်တပ် ၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ် ၊ ဝင်းခင်းအတွင်း စစ်အင်္ဂါ ၄ ပါး ခင်းကျင်းလျက်ရှိသည်။ ...
-
Photograph of a Sawbwa’s wife and child at Wuntho in Burma (Myanmar) from the Elgin Collection: 'Autumn Tour 1898', taken by Felice...
Powered by Blogger.
Books About Wuntho and History
- * Gazetter of Upper Burma by J. GEORGE SCOTT
- *Burma by Sir HERBERT THIRKELL WHITE, K.C.I.E published in 1923
- *Census of India, 1891; Burma Report
- *Kyaw Shin, Mg. Vanʻtuisoʻ bhvāʺ U Aung Myat. Yangon: Cāpe bimānʻ, 1993
- *Selective Annotated Bibliography of Books, Theses and Dissertations on Myanmar Ethnic Groups (Shan and Kayin) Compiled by Ni Ni Naing
No comments:
Post a Comment