ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Friday, July 29, 2016

ဝန်းသိုနယ်က သဘာဝအလှများ မှတ်တမ်း


-တောကောင်တေလည်း လေ့လာလို့ရတယ် (ဗျားဖွတ်တဲ့နည်းတေ တောလိုက်တဲ့ နည်းတေ လက်ဖက်ပင် ဟင်းပျင်းပင်တေ ရှည်မျှောမျှော ပဒပ်ကောင်တေ ချောက်တေ စိမ့် စမ်းရေတေ)
- ဒေသက လူမှုဘဝ စုဝေးနေထိုင်ကြတဲ့ ဓလေ့တေလည်းလေ့လာလို့ရပါမယ်
- ဒေသစကား ညယ် မောင် ပေါ့စကနပ် အိုစို ပဒပ်ပျက် ဧည်း အာဂါပါကာ နိုင်နိုင်စား အိုအို စတဲ့ စိတ်ဝင်စားစရာ စကားတေ
- ဒေသစာဖြစ်တဲ့ ဟင်းပေါင်း ဟင်းလှော် မီးအုံး စာတေလည်း စားလို့ရပါတယ်
- ဆောင်းတွင်းဆိုရင်တော့ ခေါစီ ခေါပုတ် ပေါင်းသင်း ကောက်ညှင်းပေါင်း ကောက်ညှင်းထမင်း စားလို့ရပါတယ် :) :) :)
ကျမတို့ဒေသကလည်း သာယာတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ရှုခင်း ဓလေ့ထုံးတမ်း သဘာဝတေ ရှိပါတယ်လို့ မိတ်ဆက်ပေးပါရစေ

(ဓါတ်ပုံ - မူရင်း ရိုက်ကူး/တင်ဆက်သူ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ခွင့်တောင်းပြီး ပြန်လည်ဖော်ပြပေးထားပါတယ်။ မိုင်းသုန်၊ ချောင်းဖျားနယ်သို့ အထွေထွေအုပ်ချုပ်ရေးဌာနတွင် တာဝန်ကျနေသူဖြစ်ပါတယ်။ သူသွားရောက်တဲ့နေရာများမှာ လှပလွန်းပြီး မှတ်တမ်းတင်ထားသင့်သည် သဘာဝအလှများဖြစ်လို့ ခုလို ပြန်လည် တင်ပြပေးလိုက်ရပါတယ်ညယ်။)







မိုင်းသုံတောင်တက်ရင်း သဘာဝသစ်တော တောင်အဆင့်ဆင့်တွေ

ဝန်းသိုမြို့နယ်ပေကုန်းကျေးရွာတွင် ဝါးကိုနှီးဖျာ၍ ရက်လုပ်သည့် ဝါးယပ်တောင်လုပ်ငန်း ယနေ့ထက်တိုင် လုပ်ကိုင်နေရဆဲ


ဝန်းသို နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပေကုန်းအုပ်စု ပေကုန်းကျေးရွာတွင် အိမ် ခြေ ၇၈ လုံး လူဦးရေ ၄ဝဝ ကျော်ရှိပြီး နှစ်စဉ်မိုးစပါးနှင့် နေကြာ၊ မြေပဲနှင့် အခြားရာသီ ပေါ်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် ရှေးဘိုးဘွားလက်ထက်က နွေရာသီကာလ အတွက် ဝါးဖြင့်ရက်လုပ်ကြသော ဝါးယပ်
တောင်လုပ်ငန်းများကိုလည်း အပိုဝင်ငွေရှိ ရန်အတွက် ယနေ့တိုင် လုပ်ကိုင်နေလျက်ရှိ ကြောင်းသိရသည်။

ယင်းကျေးရွာရှိ ဝါးယပ်တောင်လုပ်ငန်းလုပ်ကိုင်ရာတွင် တင်းဝါးဖြင့်သာ ပြုလုပ်ရ သဖြင့် တင်းဝါးများကို ပင်လည်ဘူးမြို့နယ် အတွင်းရှိတောတောင်များမှ နတ်တော်လ နှင့် ပြာသိုလ၌ ခုတ်ယူစုဆောင်းကာ တပေါင်း လနှင့် တန်ခူးလတွင်ရက်လုပ်ကြသည်။

ယပ်တောင်များပြုလုပ်ရာ၌ ဝါးများ ကို အဆစ်လိုက်ဖြတ်၍ မိမိပြုလုပ်လိုသည့်
ယပ်တောင်အပေါ်မူတည်ကာ ဖြတ်တောက် ထားသော ဝါးဆစ်ပိုင်းများကို တစ်ရက် (သို့မဟုတ်)နှစ်ရက် ရေစိမ်ပြီး နှီးအဖြစ်ဖျာရ သည်။ သို့မှသာကျိုးပဲ့မှုနည်းပါးသည်ဟု ဆိုသည်။

ယင်းနောက် ဝါးနှီးကို ဆေးအရောင်တင် ရန်အတွက် မန္တလေး ဈေးချိုတွင် ရောင်းချ နေသော အရောင်စုံဆေးအမှုန့်ကို ဝယ်ယူ၍ ရေနွေးနှင့်ဖျော်စပ်ကာ နှီးများကို မိမိလိုချင်သည့် အရောင်ကိုဆေးသုတ်၍ တစ်ရက် ခန့်နေလှမ်းပြီး နှီးဖျာများကို ရက်လုပ်ကြသည်။ ထိုကဲ့သို့ ရက်လုပ်လျက်ရှိသော ယပ်တောင်များကို ကောလင်းမြို့ရှိ ဝါးဖြင့်ပြုလုပ်သောပစ္စည်းများကို ရောင်ချသည့်ဆိုင်များ
သို့ ယပ်တောင်တစ်ခုလျင် ငွေကျပ် ၁ဝဝ ဖြင့် ဖောက်သည် သွင်းရသည်။

ယပ်တောင်ရက်လုပ်သူများသည် တစ်ဦးလျှင် ပျမ်းမျှတစ်ရက်လျှင် ယပ်တောင် ၁ဝဝ ခန့်ရက်လုပ်ကြပြီး နှစ်စဉ်ပွင့်လင်းရာသီများ၌ကောလင်း-ဝန်းသို၊ ပင်လည်ဘူးမြို့နယ်များရှိ ကျေးလက်ဒေသများတွင် အလှူ၊ မင်္ဂလာများပေါများသဖြင့် အဆိုပါဒေသများမှ အလှူ၊ မင်္ဂလာပြုလုပ်သူများ အော်ဒါမှာယူကြသဖြင့် နှစ်စဉ်ယပ်တောင် လုပ်ငန်းများ သည် အရောင်းတွင်ကျယ်လျက်ရှိကြောင်း သိရသည်။

စိုင်းလူမင်း

ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး ၌ ဆန္ဒမဲ တစ်သောင်းကျော် ကျားဖြူ ပါတီ အသာစီးရ

The Voice
ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး ၌ ဆန္ဒမဲ တစ်သောင်းကျော် ကျားဖြူ ပါတီ အသာစီးရ
ရန်ကုန်၊ ဧပြီ ၃ ( 12 : 50 PM )
ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်ထုတ် တရားဝင် ထုတ်ပြန်ခြင်း မပြုသေးသည့် စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် အမှတ် ( ၇ ) မဲဆန္ဒ နယ်မြေတွင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ဆန္ဒမဲ တစ်သောင်း သုံးထောင်ကျော်ဖြင့် အသာစီး ရနေကြောင်း ယင်းပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးစောသန်းမြင့် က ယနေ့မွန်းလွှဲပိုင်းတွင် The Voice Weekly သို့ပြောကြားသည်။
ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး သုံးမြို့ နယ်၏ မဲစာရင်း ရလဒ်များအရ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီက ဆန္ဒမဲ တစ်သောင်းသုံးထောင်ကျော်ဖြင့် အသာစီးရနေပြီး ဗန်းမောက် မဲဆန္ဒနယ်၏ မဲစာရင်းရလဒ်ကို စောင့်ဆိုင်းနေကြောင်း ၎င်းကဆိုသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက မဲဆန္ဒနယ် သုံးနယ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ( လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံး မဲဆန္ဒနယ် ) တွင် အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကလောတွင်မူ ရှုံးနိမ့်ခဲ့သည်။

ချောင်းဆုံရွာက ဝါးနှီးခမောက်လုပ်ငန်း မိသားစုအပိုဝင်ငွေများရရှိ

ဝန်းသို ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် တပ်ကုန်းအုပ်စု ချောင်းဆုံကျေးရွာတွင် ဝါးနှီးခမောက်လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ အဆိုပါလုပ်ငန်းမှ မိသားစု အပိုဝင်ငွေများရရှိလျက် ရှိကြောင်း သိရသည်။

''ကျွန်မတို့ရွာမှာ ဝါးနှီးခမောက်လုပ်ငန်းကို ၂ဝ၁ဝ ခုနှစ်လောက်က စတင်လုပ်ကိုင်လာခဲ့ကြတာပါ။အိမ်ခြေ ၂ဝ ကျော်က မိသားစုတွေ စပါးရိတ်၊ ကောက်စိုက်ချိန်မှအပ ကျန်အချိန်တွေမှာ ဒီဝါးနှီးခမောက်တွေကိုပဲ ရက်လုပ်ကျပါတယ်။ နှီးခမောက်ရက်လုပ်ပုံကတော့ ဝါးနှီးအပြားကြီးနဲ့ ခမောက်အုံကြမ်းကတစ်ခုနှင့် နှီးပြားသေးနဲ့ အနုစိတ်ရက်တဲ့ ခမောက်အုံကြမ်းအနုကတစ်ခုရက်လုပ်ရပါတယ်။ သူတို့နှစ်ခုရဲ့ကြားမှာ ပလတ်စတစ်စ အပါးခံကာ ထပ်ပြီး အနားသတ်တွင် ဝါးများကို ခွဲစိတ်ပြီးပြုလုပ်ထားတဲ့ သေးတံအချောင်းများခံကာ အပြင်ခွေ အဖြစ်ရက်ထားတဲ့ နှစ်လက်မခန့်အပြားနဲ့ အနားသတ်ကိုချုပ်ရပါ တယ်။ နောက်ပြီး ဦးခေါင်းပေါ်တွင် တင်ထားနိုင်ရန် ခမောက်အတွင်းပိုင်းတွင် အတွင်းခွေကို ချုပ်ရပါတယ်။ ပြီးမှထိပ်အုပ်ကလေးများတပ်ဆင်ပြီးပါက ခမောက် တစ်လုံးအဖြစ်အသုံးပြုနိုင်ပြီဖြစ်ပြီး ရလာတဲ့ ခမောက်တွေကိုတော့ မြစ်ကြီးနား၊ မိုးခေါင်း၊ မိုးညှင်းမြို့၊ ကောလင်း၊ ဝန်းသိုမြို့တို့မှလာသော ဖောက်သည်များ ထံ နှီးခမောက် အချပ် ၁ဝဝ ကို ကျပ် ၆၅ဝဝဝ နှုန်းနဲ့ သွင်းရပါတယ်။ အနီးအနားရွာများသို့ ထမ်းရောင်းမယ်ဆိုရင် ခမောက်တစ်ချပ်ကို ကျပ် ၇ဝဝ၊ ၇၅ဝ ဝန်းကျင်ရောင်းရပါတယ်'' ဟု ချောင်းဆုံကျေးရွာမှ နှီးခမောက်ရက်လုပ်သူ မစိုးခိုင်က ပြောသည်။

''ကျွန်မတို့ဒေသမှာ လွန်ခဲ့တဲ့နှစ်နှစ်က ဝါးသီးတွေသီးပြီး ဝါးတောတွေတုံးလာခဲ့ တဲ့အတွက်ကြောင့် ကျွန်မတို့ရွာနဲ့နီးစပ်တဲ့ ဝါးတောတွေမှာ တင်းဝါးတွေ ရှားလာ တယ်။ အခုဆို မင်းဝံတောင်ရိုးကလာတဲ့ ၁၂ တောင်အရှည်တင်းဝါးတစ်လုံးကို ကျပ် ၅ဝဝ နှုန်းနဲ့ ဝယ်ရပါတယ်။ ဝါးတစ်လုံးကို နှီးခမောက် ငါးချပ်ရပါတယ်။

'ပြာသိုလမှာခုတ်တဲ့ဝါးတွေကို နှစ်ပေါက်အောင် ဝယ်ယူစုဆောင်းကြပါ တယ်။ ပြာသိုလမှာခုတ်တဲ့ဝါးက နှီးသားထူထူရပါတယ်။ မိသားစုများပြီး လူငှားနဲ့အလုပ် လုပ်နိုင်သူတွေက တစ်နှစ်ကို ဝါးအလုံးရေ ၂၅ဝ ဝန်းကျင် အထိစုဆောင်း လုပ်ကိုင်ကြပါတယ်။ တစ်နှစ်ကို ခြောက် သိန်း၊ ခုနစ်သိန်း ဝန်းကျင်လောက် မိသားစုအပိုဝင်ငွေများ ရရှိပါတယ်'' ဟု ချောင်းဆုံကျေးရွာ မှ နှီးခမောက် ရက်လုပ်သူ မမိုးပုလဲကပြောသည်။

မောင်ချစ်လင်း

ကင်းမြင်သာကျေးရွာမှဒေသခံများက မိရိုးဖလာလက်မှုအိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိ

ဝန်းသို နိုဝင်ဘာ၂၅ဝန်းသိုမြို့နယ်ကင်းမြင်သာအုပ်စုကင်းမြင်သာကျေးရွာမှ ဒေသခံအများစုသည် နှစ်စဉ် တောင်သူလုပ်ငန်းလုပ်ကိုင်သည့်အပြင် မိရိုးဖလာ မြန်မာ့ရိုးရာလက်မှု မြေအိုးလုပ်ငန်းအနေဖြင့် ယနေ့တိုင် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိကြောင်း သိရသည်။
ယင်းဒေသတွင် တောင်ယာလုပ်ငန်းများကို လည်း အများစုက လုပ်ကိုင်လျက်ရှိပြီး ရာသီဥတုအခြေအနေကြောင့် တောင်ယာလုပ်ငန်း မအောင်မြင်သည့်အခါ အဆိုပါအိုးလုပ်ငန်းမှ တစ်ဖက်တစ်လမ်း ဝင်ငွေရရှိနိုင်သောကြောင့် ယနေ့တိုင် အိုးလုပ်ငန်းအား ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
''ကျွန်မတို့ကျေးရွာမှာ မိုးစပါးစိုက်ပျိုးတဲ့တောင်သူလုပ်ငန်းအပြင် မိရိုးဖလာမြေအိုးကိုလုပ်ကိုင်ကြတယ်။ တောင်သူလုပ်ငန်းလုပ်တယ်ဆိုတာကလည်း ရာသီဥတုကောင်းမွန်တဲ့ အပေါ်မှာလုပ်ရတာမို့ ရာသီဥတုမကောင်းလို့တောင်သူတွေ စိုက်ပျိုးရေးမအောင်မြင်တဲ့အခါ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းကိုလုပ်ကြ တော့ စားဝတ်နေရေးအဆင်ပြေနိုင်ပါတယ်။ အိုးလုပ်ငန်းကတော့ ရေအိုး၊ ဘုရားပန်းအိုး ၊ပန်းစိုက်အိုးတွေကို ထုတ်ကြပါတယ်'' ဟု အိုးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောပြသည်။
သောက်ရေအိုးနှင့်ဘုရားပန်းအိုးများကို ဝန်းသိုမြို့နှင့် ကောလင်းမြို့ အိုးအမျိုးမျိုးရောင်းဝယ်ရေးဆိုင်များနှင့် ကသာ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ကန့်ဘလူမြို့နယ် စသည့်ကျေးလက်ဒေသများသို့လည်းကောင်း၊ ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ နမ္မတီး၊မိုးကောင်းမြို့နယ်ရှိ မှာယူသူဝယ်လက်များသို့ ရေအိုးတစ်လုံးလျှင် ငွေကျပ် ၇ဝဝ၊ ဘုရားပန်းအိုးတစ်လုံးလျှင် ငွေကျပ် ၃ဝဝ၊ ပန်းစိုက်အိုးတစ်လုံးလျှင် ငွေကျပ် ၃ဝဝ တို့ဖြင့် တင်ပို့ ရောင်းချနေလျက်ရှိကြောင်း သိရသည်။
ကင်းမြင်သာကျေးရွာသည် မန္တလေး-မြစ် ကြီးနား မီးရထားလမ်းပေါ် ဝန်းသိုမြို့နယ် ကင်းဘူတာ၏ သံလမ်းအရှေ့ဘက်တွင် တည်ရှိကာ အဆိုပါကျေးရွာဒေသခံများအနေဖြင့် အိုးလုပ်ရာတွင် ကုန်ကြမ်းမြေးစေးကို ကျေးရွာ
နှင့်တစ်မိုင်ကျော်ခန့်ဝန်းကျင်မှ အလွယ်တကူ ရရှိနိုင်သဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် ငွေကြေးအရင်းအနှီးထက် လုပ်အားအရင်းအနှီးကိုပိုမိုစိုက်ထုတ်ရပြီး လုပ်ငန်းအရင်းအနှီးအနည်းအများအလိုက် ဝင်ငွေအနည်းအများကွာခြား
သည်ဟု သိရသည်။
စိုင်းလူမင်း
The Mirror Daily

ဒုတိယကမ္ဘာစစ်လက်ကျန် တန်ဗုံးကြီးများကို ဝန်းသိုနယ်တွင် ဆေးခြယ်၍ ထိုးမောင်းခေါင်းလောင်းအဖြစ်အသုံးပြု

ဒုတိယကမ္ဘာစစ်လက်ကျန် တန်ဗုံးကြီးများကို ဝန်းသိုနယ်တွင်
ဆေးခြယ်၍ ထိုးမောင်းခေါင်းလောင်းအဖြစ်အသုံးပြု
============================================

ဝန်းသို၊ စက်တင်ဘာ ၂၃။

စစ် ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့တွင် ဒုတိယကမ္ဘာစစ်အ တွင်းက ကြွင်းကျန်ရစ်ခဲ့သော စစ် လက်ကျန် တန်ဗုံးကြီးများကို ဆေး သုတ်အလှဆင်၍ ဘုန်းတော်ကြီး ကျောင်း၊ ဘုရားစေတီတို့တွင် ထိုး မောင်းခေါင်းလောင်းအဖြစ် အသုံး ပြုနေကြကြောင်း သိရသည်။

ဝန်းသိုဒေသသည် ဒုတိယကမ္ဘာ စစ်ကာလက စစ်လမ်းကြောင်းကျ ရောက်ခဲ့သော နေရာဖြစ်ပြီး မြို့၏နေရာအနှံ့ တန်ဗုံးကြီးများချခံရကာ ယခုအခါ ပေါက်ကွဲမှုမရှိကျန်ရစ်ခဲ့ သော ဗုံးကြီးများ အများအပြားကျန် နေသည်။

''အခုဝန်းသိုနယ် ကျောင်းဘုရား တွေမှာ ဆေးသုတ်အလှဆင်ချိတ်ဆွဲ ထားကြတာ၊ ဒုတိယကမ္ဘာစစ်တုန်း က ကျွန်တော်တို့ ဝန်းသိုနယ်ကို အင်္ဂလိပ်တွေချခဲ့တဲ့ အလေးချိန်တန် ချိန်ရှိတဲ့ ဗုံးကြီးတွေပါ၊ မပေါက်ကွဲ ဘဲ ကျန်ခဲ့တဲ့တန်ဗုံးကြီးတွေ၊ ဝန်းသို နယ်က စစ်လမ်းကြောင်းကျတဲ့အ ပြင် နယ်ချဲ့တွေကို ရရာလက်နက် ဖြင့် တော်လှန်တိုက်ခိုက်ခဲ့တဲ့ မျိုးချစ် နယ်မြေ၊ ဝန်းသိုစော်ဘွားဦးအောင် မြတ်ရဲ့ နယ်မြေဆိုတော့ စိစိညက် ညက်ကြေအောင် ဗုံးကြဲခံရတဲ့နယ် မြေပေါ့၊ စစ်ပြီးခေတ်မှ အကြောင်း အမျိုးမျိုးနှင့် ထပေါက်နေတဲ့ဗုံးကြီး တွေရှိသလို တချို့ကလဲ တန်ဗုံးကြီး တွေထဲက ယမ်းရချင်လို့ ထုတ်ယူ သူတွေလဲ တွေ့ရတယ်၊ အခုတော့ ကျွန်တော်တို့ဒေသမှာ တန်ဗုံးကြီး တွေက ထိုးမောင်းခေါင်းလောင်းကြီး တွေဖြစ်နေပါပြီ'' ဟု ဒေသခံတို့က ပြောသည်။

ဝန်းသိုမြို့ ရွှေကျောင်းတော် အတွင်းတွေ့ရသော ထိုးမောင်းခေါင်း လောင်းမှာ လုံးပတ်ငါးပေနှင့် အမြင့် လေးပေဝန်းကျင်ရှိ အလေးချိန် တန် ချိန်ရှိသည့် ဗုံးကြီးများထဲမှ မပေါက် ကွဲသည့်ဗုံးတစ်လုံးဖြစ်ကြောင်း သိ ရသည်။

MOS

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

၁၃၅ မျိုး ရှိ/မရှိ



|| ဂါမဏိ ||
နအဖ စစ်အစိုးရဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက် လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမယ့် နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာသတ်ပုံမှာ တစ်ခု-တစ်ယောက် စသဖြင့် သုံးစွဲရေး၊ ဦးနေ၀င်း ထွင်ခဲ့တဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅ မျိုး၊ ဦးခင်ညွန့် ထွင်ခဲ့တဲ့ မြန်မာအစ-ပုံတောင်ပုံညာက၊ လူသားအစ-မြန်မာက ဆိုတဲ့ ခပ်ချာချာ အယူအဆတွေကို ဆက်ကျင့်သုံးနေခဲ့ပါတယ်။
အခုဆောင်းပါး မှာတော့ မြန်မာပြည်မှာ တိုင်းရင်း သား ၁၃၅ မျိုး တကယ် ရှိမရှိ ကို ဆန်းစစ်ဖော်ထုတ်သွားပါမယ်။
ပထဆုံး ကချင်လူမျိုးတွေကိုကြည့်ရင် နဝတ-နအဖက ကချင်လူမျိုး ၁၂ မျိုး လို့ဖော်ပြထားရာမှာ လူမျိုးတမျိုးထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကား လေယူလေသိမ်းကွဲတွေကို သီးခြားလူမျိုးအဖြစ် ဇွတ်အတင်းပြထားပါတယ်။
ဒါ့အပြင် ကချင်ဆိုတဲ့နာမည်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖော နာမည်နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့ နာမည်ဖြစ်မှန်း လူတိုင်းသိပေမယ့် နအဖဟာ လူမျိုးအရေအတွက် ဖောင်းပွစေချင်လွန်းအားကြီးလို့ သီးသန့်လူမျိုး မဟုတ်တာကို အဟုတ်ကြီးလုပ်ထည့်တာ ဖြစ်တယ်။
နအဖ စာရင်းထဲက ဂေါ်ရီ၊ ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖော အနွယ်ကွဲတွေသာဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ ခခူနဲ့ ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုပဲ နာမည်နှစ်မျိုး ခေါ်ထားတာဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ်ပြထားတဲ့ တရုမ်း နဲ့ ဒလောင် ဆိုတာလည်း ရဝမ် မျိုးနွယ်ကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာ လက်တွေ့မှာ ၁ မျိုးပဲဖြစ်ပြီး မျိုးနွယ်စုတွေအဖြစ် ဂျိန်းဖော (မရစ်၊ မရမ်၊ အင်ခွန်၊ လဖိုင်၊ လထော်၊ မဂေါင်၊ ဒူလင်း-ခခူ၊ ဂေါ်ရီ-ဂျဆင်း၊ လေပဲယာ၊ ငှခုပ်)၊ ရဝမ် (ဒရု၊ လွန်မီ၊ မတ်ဝမ်၊ ထလု၊ ထရုံ စသည်များ)၊ မရူ-လောင်ဝေါ်၊ အဇီး-ဇိုင်ဝါး၊ လရှီ-လချိတ်၊ လီဆူး-လီရှော ဆိုတဲ့ မျိုးနွယ်စု ၆ စုပဲရှိပါတယ်။
*** နအဖစာရင်း / အမှန်စာရင်း
၁။ ကချင် = ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီး နှင့် လီဆူး
၂။ တရုမ်း = ရဝမ်မျိုးနွယ်စု
၃။ ဒလောင် = ရဝမ်မျိုးနွယ်စု
၎။ ဂျိန်းဖော = ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်း နှင့် အခြားမျိုးနွယ်စုဝင်များပါဝင်)
၅။ ဂေါ်ရီ = ဂျိန်းဖောမျိုးနွယ်စု
၆။ ခခူ = ဂျိန်းဖောမျိုးနွယ်စု
၇။ ဒူးလန်း = ဂျိန်းဖောမျိုးနွယ်စု
၈။ မရူ (လော်ဝေါ်) = မရူမျိုးနွယ်စု
၉။ ရဝမ် = ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်း နှင့် အခြားမျိုးနွယ်စုများပါဝင်) မျိုးနွယ်စု
၁ဝ။ လရှီ (လချိတ်) = လရှီမျိုးနွယ်စု
၁၁။ အဇီး = အဇီး သို့မဟုတ် ဇိုင်ဝါးမျိုးနွယ်စု
၁၂။ လီဆူး = လီဆူး သို့မဟုတ် ယောယင်မျိုးနွယ်စု
နအဖရဲ့ ကယား လူမျိုးစာရင်းထဲမှာ လူမျိုး ၉ မျိုးပြထားတယ်။ ဒီထဲမှာ ဇယိမ်း၊ ကယန်း (ပဒေါင်)၊ ကဲ့ခို၊ ယင်းဘော် ဆိုတဲ့လေးမျိုးဟာ တကယ်တော့ ကယန်း (ပဒေါင်) လူမျိုးရဲ့ မျိုးနွယ်စုတွေသာ ဖြစ်တယ်။ ကယားလူမျိုးထဲမှာလည်း ကယား၊ ကယော၊ မနူးမနော၊ ယင်းတလဲမျိုးနွယ်စုတွေ ပါဝင်ပြီး ကယားနဲ့ ကယန်းဟာ ကရင်နီလူမျိုးတမျိုးတည်း အဖြစ်လည်း ခံယူနိုင်တယ်။ ဂေဘား ကတော့ တချို့က ကရင်နီမျိုးနွယ်စုအဖြစ်၊ တချို့က ကရင်မျိုးနွယ်စုအဖြစ် ပါဝင်ဖို့ ဆန္ဒရှိကြတယ်။
*** နအဖစာရင်း / အမှန်စာရင်း
၁။ ကယား = ကယား
၂။ ဇယိမ်း = ကယန်းမျိုးနွယ်စု
၃။ ကယန်း(ပဒေါင်) = ကယန်း (ပဒေါင်၊ ကဲ့ခို၊ ယင်းဘော်၊ ဇယိမ်းတို့ပါဝင်)
၎။ ကဲ့ခို = ကယန်းမျိုးနွယ်စု
၅။ ဂေဘား = ကရင်မျိုးနွယ်စု
၆။ ဘရဲ့(ကယော) = ကယားမျိုးနွယ်စု
၇။ မနုမနော = ကယားမျိုးနွယ်စု
၈။ ယင်းတလဲ = ကယားမျိုးနွယ်စု
၉။ ယင်းဘော် = ကယန်းမျိုးနွယ်စု
နအဖရဲ့ကရင် လူမျိုး ၁၁ မျိုးစာရင်းဟာလည်း လူမျိုးတမျိုးတည်းရဲ့ နာမည်ကွဲတွေ၊ မျိုးနွယ်စုကွဲတွေကို သီးခြား လူမျိုးတွေအဖြစ် ဖန်တီးထားတယ်။ အားလုံးကို လွှမ်းခြုံခေါ်တဲ့ ကရင်လူမျိုးက သတ်သတ်၊ စကော ပိုး ဘွဲ စတဲ့လူမျိုးက သတ်သတ်လုပ်ထားတာ အင်မတန်ရယ်စရာကောင်းပါတယ်။
လူမျိုးတွေ ဖောင်းပွစေချင်လွန်းလို့ ကြံမိကြံရာလုပ်လိုက်တာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေတဲ့အစိုးရ အရည်အချင်းမဲ့မှုကို ပြတာလည်း ဖြစ် သွားတယ်။ ကိုယ့်တိုင်းပြည်က လူမျိုးနာမည်တောင် အမှန်အတိုင်း မသိဘဲ အစိုးရ လုပ်နေရသလား၊ ဒါလောက်လေးမှ မသိဘူးလားလို့ အများမေးငေါ့စရာ ဖြစ်ကုန်ပါတယ်။
ကရင်လူမျိုးမှာ စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား မျိုးနွယ်စု ၆ မျိုးပဲရှိပါတယ်။ တလှေပွား၊ မောနေပွား ဆိုတာတွေဟာ ပကူးကရင် နာမည်ကွဲတွေဖြစ်သလို ပလေကီး ကတော့ မိုးပွား အမည်ကွဲ သာဖြစ်တယ်။ မွန်ကရင်ဆိုတာ ပိုးကရင်ဖြစ်ပြီး စာဖြူကရင် ဆိုတာကတော့ လူမျိုးကိုပြောတာ မဟုတ်ဘဲ ခရစ်ယန် ဘာသာဝင်တွေကို ပြောတာဖြစ်တဲ့အတွက် နအဖရဲ့ ကလိမ်ကကျစ် လုပ်မှုကို ထင်ရှားနေစေတယ်။ ကရင်ဖြူကတော့ ကယန်းလူမျိုး ထဲက အောက်ကယန်း သို့မဟုတ် ဂေခိုမျိုးနွယ်စုဖြစ်တယ်။
ကယား၊ ကယန်း၊ ဂေဘားတို့ဟာ ရင်းမြစ်အားဖြင့် ဘွဲကရင်ဖြစ်ပေမည့် မျက်မှောက်ကာလမှာတော့ သီးခြားလူမျိုးတွေ၊ မျိုးနွယ်စုတွေအဖြစ် ရပ်တည် သွားကြပါပြီ။ ပအိုဝ်းလူမျိုးကတော့ နဂိုမူလရင်းမြစ်အားဖြင့် ပိုးကရင် မျိုးနွယ်စု ဖြစ်ပေမယ့်အခုတော့ သီးခြားလူမျိုးလက္ခဏာ ခံယူထားပြီဖြစ်တယ်။
*** နအဖစာရင်း / အမှန်စာရင်း
၁။ ကရင် = စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား
၂။ ကရင်ဖြူ = ကယန်းမျိုးနွယ်စု
၃။ ပလေကီး = မိုဘွာမျိုးနွယ်စု
၎။ မွန်ကရင် (စာဖြူ) = ပိုးကရင် အမည်ကွဲ (ခရစ်ယန်)
၅။ စကော = စကောမျိုးနွယ်စု
၆။ တာလှေပွား = ပကူးမျိုးနွယ်စု
၇။ ပကူး = ပကူးမျိုးနွယ်စု
၈။ ဘွဲ = ဘွဲမျိုးနွယ်စု
၉။ မောနေပွား = ပကူးမျိုးနွယ်စု
၁ဝ။ မိုးပွား = မိုးပွားမျိုးနွယ်စု
၁၁။ ရှူး (ပိုး) = ပိုးကရင်မျိုးနွယ်စု
နအဖစာရင်းထဲမှာ အဆိုးဆုံးကတော့ ချင်း လူမျိုး ၅၃ မျိုးပြထားတာပါပဲ။ အဲဒီအထဲမှာ ချင်း ဆိုတဲ့နာမည်နဲ့ လူမျိုးတမျိုးလည်း ပြထားပါသေးတယ်။ ၅၃ မျိုးထဲမှာ ချင်းလူမျိုးအဖြစ် အမှတ်အသားလက္ခဏာ identity မသတ်မှတ်နိုင်တဲ့ နာဂ၊ မဏိပူရတိုင်းသား ကသည်း နဲ့ နီပေါတိုင်းသား လင်းဘု ကိုလည်း ထည့်ထားတယ်။
ဒီကနေ့ ချင်းနိုင်ငံရေးပါတီတွေနဲ့ ပညာရှင်များ လက်ခံအတည်ပြုထားတာ ချင်းမျိုးနွယ်စု ၈ မျိုးပဲဖြစ်ပါတယ်။ လူမျိုး Race မဟုတ်တဲ့ ဆွေမျိုးစု Clan ၊ စကားဝဲအစု Dialect တွေကို ရောနှောပြထားတဲ့ ၅၃ မျိုးကို တွေ့ရပါတယ်။
ကူကီး (သာဒိုး) ဟာ ရင်းမြစ်အားဖြင့် ဇိုမီးမျိုးနွယ်စု ဖြစ်ပေမယ့်အခုတော့ သီးခြားမျိုးနွယ်စုအဖြစ် ရပ်တည်နေပါပြီ။ လိုင်မီး ရင်းမြစ်ဖြစ်တဲ့ မရာ ဟာလည်း အခု သီးခြားမျိုးနွယ်စုအဖြစ် ရပ်တည်နေပါပြီ။ နအဖဟာ ခမွီးနဲ့ မြို ကို ရခိုင်လူမျိုးထဲ ထည့်မထားရင် ချင်း ၅၅ မျိုး ဖြစ်သွားနိုင်တယ်။ ချင်းပုန်း၊ ချင်းဘုတ် စတဲ့ နာမယ်ကွဲတွေ ထပ်ထည့်လိုက်ရင် နအဖရဲ့ ချင်းစာရင်းဟာ ၁ဝဝ နား ကပ်သွားနိုင်ပါတယ်။
ချင်းပြည်နယ်ထဲကလည်း မဟုတ်တဲ့ နာဂ လူမျိုးကို ချင်းလူမျိုးထဲ သတ်မှတ် ထည့်သွင်းလို့မရဘဲ သီးခြား မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုး တမျိုးအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ နအဖရဲ့ ချင်းတွေလိုပဲ နာဂထဲက ဆွေမျိုးစု၊ စကားဝဲအစုတွေက အနည်းဆုံး ၆၄ မျိုးရှိလို့ ချင်းထက် များပါတယ်။ နာဂလူမျိုးမှာ ပြည်နယ်မရှိလို့ ချင်းလို လူမျိုး အများကြီး ခွဲမပြတာ ဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နအဖရဲ့ မြန်မာပြည် “တိုင်းရင်းသား အရေအတွက်” ၃ဝဝ ကျော်သွားနိုင်ပါတယ်။ နာဂ လူမျိုးမှာတော့ လိုင်းနောင်၊ လဟယ်၊ တန်ရှန်း၊ ကွန်ညပ်၊ တန်ကွန်၊ မကူရီ၊ ပါရာ မျိုးနွယ်စုကြီး ၇ စု ရှိတယ်။
နအဖက ဗမာ (ခေါ်) မြန်မာလူမျိုးစု အရေအတွက်ကို နဝင်းကျေအောင် ၉ ခုပြထားပါတယ်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြား လူမျိုးတွေအဖြစ် ပြထားတယ်။ တကယ်တော့ စကားဝဲ dialect အစုကွဲသာ ဖြစ်တယ်လို့ မနုသ၁ဗေဒ ပညာရှင်များနဲ့ ဘာသာဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံးအသိပါပဲ။ ဘိတ်နဲ့ ထားဝယ်ကတော့ သီးခြားလူမျိုး သရုပ်လက္ခဏာနဲ့ ရပ်တည် လာနေပြီ ဖြစ်တယ်။ နအဖဟာ ရှမ်းပြည်က သီးခြား ဗမာမျိုးနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသားတို့ကိုလည်း ရှမ်းလူမျိုးထဲ ထည့် ထားပါတယ်။
ရှမ်းပြည်၊ ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအစပ်က ရှေးဦးဗမာ Proto-Burman မျိုးနွယ်ဝင် ဖွန်းလူမျိုးကို ဗမာလူမျိုးထဲ ထည့်ထားပေမယ့် နောက်ထပ် ရှေးဦး ဗမာမျိုးနွယ်ဝင် မိုင်းသာ လူမျိုး ကိုတော့ ရှမ်းလူမျိုးထဲ ထည့်ထားတယ်။
ဒါ့အပြင် တိဘက်-ဗမာအနွယ် မဟုတ်ဘဲ မလေး၊ အင်ဒိုနီးရှား တို့လို သြစထြိုနီးရှန်းမျိုးနွယ်ကြီးထဲက ဆလုံတွေကို ဗမာလူမျိုးထဲ ထည့်ထားတာဟာ မနုသ၁ဗေဒ အသိ နုံ့နဲ့ရာကျပါတယ်။ စစ်ကိုင်းတိုင်း ထဲက နာဂတွေကျတော့ ချင်းလူမျိုး ထဲ ထည့်ထားပေမယ့် ကဒူး ကနန်းတွေ ကိုတော့ ဗမာလူမျိုးထဲ ထည့်ထားပြီး ကဒူးနဲ့ ကနန်းကိုလည်း ခွဲပြထားတယ်။ ယဗိန်းကတော့ လူဦးရေ ရာဂဏန်းလောက်ပဲ ရှိနိုင်တော့တဲ့ မျိုးတုံးလုနီး ဗမာမျိုးနွယ်စု ဖြစ်ပါတယ်။ ဖွန်း၊ မိုင်းသာနဲ့ ကဒူး ကနန်း တို့ကို ရှမ်းလူမျိုးတွေကလည်း တိုင်းဖွန်း၊ ရှမ်းတရုတ် နဲ့ တိုင်းကတူး ဆိုတဲ့ ရှမ်းမျိုးနွယ်စုတွေအဖြစ် သတ်မှတ်ထားတယ်။
နအဖဟာ မွန်ကိုတော့ တမျိုးတည်းပဲပြထားပြီး တခြား မွန်ခမာ မျိုးနွယ်တွေဖြစ်တဲ့ ဝ၊ ပလောင်၊ ယင်းနက် ယင်းကျား စတာတွေကို ရှမ်းလူမျိုးတွေထဲ ထည့်ပြထားပါတယ်။
ရခိုင် လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ တကယ်တော့ ခမွီး နဲ့ မြို (မရို) ဟာ ရခိုင်ပြည်မှာနေတဲ့ ခမီးချင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ခမွီးနဲ့ မြိုဟာ သီးခြားလူမျိုး နှစ်မျိုးမဟုတ်ဘဲ မျိုးနွယ်စုတခုတည်းအောက်က မျိုးနွယ်ကွဲတွေသာ ဖြစ်ပါတယ်။ ဒိုင်းနက် နဲ့ မရမာကြီးကို ဘာသာ စကားကြောင့် သီးခြားလူမျိုးတွေအဖြစ် စာရင်းပြထားပေမယ့် ယဉ်ကျေးမှု အရ ရခိုင်မျိုးနွယ်စု ဖြစ်နိုင်ပါတယ်။
*** နအဖစာရင်း / အမှန်စာရင်း
၁ ရခိုင် = ရခိုင်လူမျိုး
၂ ကမန် = ကမန်လူမျိုး (ရခိုင်စကားပြော အစ္စလာမ်ဘာသာဝင်)
၃ ခမွီး = ခမီးချင်းမျိုးနွယ်စု
၎ ဒိုင်းနက် = ဒိုင်းနက်-ချက္ကမာလူမျိုး (ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာဝင်)
၅ မရမာကြီး = မရမာကြီး-ဘရူးဝါးလူမျိုး (ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာဝင်)
၆ မြို = ခမီးချင်းမျိုးနွယ်စု
၇ သက် = သက်-ချက် (ရခိုင်မျိုးနွယ်စု)
နအဖစာရင်းပါ ရှမ်း ၃၃ မျိုးကတော့ ရှမ်းတင်မကဘဲ တိဘက်ဗမာ မျိုးနွယ်တွေ၊ ပအိုဝ်း လို ကရင်မျိုးနွယ်တွေ၊ ဝ ပလောင်လို မွန်ခမာ မျိုးနွယ်တွေ စသဖြင့် ရောထွေးနေပါတယ်။ ရှမ်းကြီးနဲ့ တိုင်းလုံ ဆိုတာ တခုတည်းဖြစ်ပြီး ရှမ်းကလေးနဲ့ တိုင်းလေ့ဟာလည်း တမျိုးတည်းဖြစ်တယ်။ ခန္တီးရှမ်း နဲ့ တိုင်းလျမ် (ရှမ်းနီ) ကိုပြထားပေမယ့်တိုင်းနူ (ရှမ်းတရုတ်)၊ တိုင်းလိ၊ တိုင်းလမ် နဲ့ ဒရယ် ကိုချန်ထားတယ်။
ကရင်၊ ချင်း တို့လိုပဲ ထိုင်း သို့မဟုတ် တိုင်း (ရှမ်း) လူမျိုးဟာလည်းလူမျိုး တမျိုးတည်းအောက်မှာ ထိုင်းယိုင် (ထိုင်းလုံ၊ ရှမ်းကြီး)၊ ထိုင်းမော၊ ထိုင်းနူ(ရှမ်းတရုတ်)၊ ထိုင်းခွန် (ဂုံရှမ်း)၊ ထိုင်း ခမ်းတီး၊ ထိုင်းလျံ (ရှမ်းနီ)၊ ဒရယ်၊ ထိုင်းလိ (ကျိုင်းရုံးကြီးရှမ်း)၊ ထိုင်းလမ် (မုံးလမ်ရှမ်း)၊ ထိုင်းခွမ်း စတဲ့ မျိုးနွယ်စု တွေသာဖြစ်နေပြီး အိမ်နီးချင်းနိုင်ငံက ရှမ်းမျိုးနွယ်တွေဖြစ်တဲ့ ထိုင်း (ထိုင်းနွဲ့၊ ရှမ်းကလေး)၊ ထိုင်းယွန်း (ဇင်းမယ်ရှမ်း)၊ ထိုင်းလော တို့ ကိုတော့ သီးခြားလူမျိုးတွေအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။
အင်၊ စုံ၊ ဝ နဲ့ တိုင်းလွယ် တို့ဟာ တမျိုးတည်း ဖြစ်ပါတယ်။ (တိုင်းလွယ် ကိုတော့ သီးခြားမွန်ခမာလူမျိုးတခု အဖြစ် ယူလို့ရနိုင်တယ်။) ကွီ နဲ့ လားဟူ မကွာသလို ဖျင်နဲ့ အခါလည်း အတူတူပါပဲ။ ပလေးနဲ့ပလောင် အတူတူဖြစ်သလို မြောင်ဇီး၊ ယအို (ယောင်) နဲ့ အိုက်ဆွယ် တမျိုးတည်းဖြစ်ကြပါတယ်။ နယ်ချင်းထိစပ်နေလို့ ယူနန်တရုတ်လူမျိုးကို (ယူနန်တရုတ် မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ် ၄၀၀ နီးပါးက မင်မင်းဆက် နောက်ဆုံးဘုရင်နဲ့အတူပြေးလာတဲ့ မြောက်ပိုင်းသား မန်ဒါရင်တရုတ် လို့လည်းတချို့သမိုင်းတွေမှာ ဆိုပါတယ်)
ဗမာပြည်ရဲ့တိုင်းရင်းသား ကိုးကန့်လူမျိုး အဖြစ် သတ်မှတ်ထားတာ တွေ့ရ သလို ယွန်း (မြောက်ပိုင်းထိုင်း) လူမျိုး၊ ခမူ (လော) လူမျိုး၊ ရှမ်းကလေး (ဝါ) တိုင်းလေ့ (ထိုင်း) လူမျိုးတို့ကိုလည်း မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ထားတာ တွေ့ရတယ်။
ချင်းပြည်ဘက်မှာ ကသည်း (မဏိပူရ်) လူမျိုး၊ လင်းဘု (နီပေါ) လူမျိုး တို့ကို တိုင်းရင်းသား သတ်မှတ်ထားပေမယ့် အလားတူ နယ်ချင်းစပ်နေလို့ ဗမာပြည်နယ်နိမိတ်ထဲ မျိုးဆက်များစွာ နေထိုင်နေတဲ့ ထိုင်းလိ (ယူနန်)၊ ထိုင်းလမ် (ယူနန်)၊ ပသျှူး (မလေး)၊ တိဘက်၊ ဂေါ်ရခါး (နီပေါ)၊ စစ်တကောင်းဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်) တို့ကိုတော့ တိုင်းရင်းသား အဖြစ် ဖော်ပြထားတာ မတွေ့ရပါဘူး။
ဒါကိုချုပ်ကြည့်လိုက်ရင် နအဖပြောတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ဆိုတာမှာ ၁၀၀ လောက်က စာရင်းထပ်နေတာ၊ လုပ်ကြံတီထွင်ထားတာနဲ့ မျိုးနွယ်စု tribe၊ ဆွေမျိုးစု clan၊ စကားဝဲအစု dialect တွေကို လူမျိုး အဖြစ် ပြထားတာဖြစ်နေပြီး လူမျိုး ၃၀ ကျော်လောက်ပဲ တကယ့် အမှန်အကန် ဖြစ်ပါတယ်။
ဒါပေမဲ့ ဒါဟာ ဗမာပြည်မှာ လူမျိုး ၃၀-၃၅ မျိုးလောက်ပဲရှိတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ထမန်၊ ဒရယ်၊ ဗမာမူဆလင် (မြေဒူး၊ ဇေဒဘာရီ၊ မဂို၊ ပသီ၊ ကျူလီယာ၊ စူရတီ၊ ပထန်၊ ကချာ)၊ ဗမာဟိန္ဒူ၊ ပင်လယ်ရပ်ခြား တရုတ်နဲ့ နယ်စပ်ဟိုဘက်ဒီဘက်ခွနေလေ့ရှိတဲ့ တိဘက်၊ ဂေါ်ရခါး၊ ထိုင်းလိ၊ ထိုင်းနူ (ရှမ်းတရုတ်)၊ ထိုင်းလမ်၊ မလေး-ပသျှူး၊ စစ်တကောင်းသား ဘင်္ဂါလီ တို့လို ဒီစာရင်းထဲမပါဘဲ ကျန်နေတဲ့ လူမျိုးတွေ ရှိပါသေးတယ်။
ဒါ့အပြင် သီးခြားလူမျိုးအဖြစ် အမှတ်လက္ခဏာသစ် ခံယူလိုတဲ့ သို့မဟုတ် မခံယူလိုတဲ့ လူမျိုးတွေ မျိုးနွယ်စုတွေလည်း ရှိနိုင်ပါသေးတယ်။ ယဗိန်း၊ ဓနော၊ ဒရယ်၊ ထမန်၊ ဖွန်း၊ တရုမ်း၊ ခမူတို့ဆိုရင် မျိုးတုံး လုဆဲဆဲ၊ သို့မဟုတ် လူဦးရေရာဂဏန်းလေးသာရှိတဲ့ လူမျိုးတွေ၊ မျိုးနွယ်စုတွေ ဖြစ် ပါတယ်။
ဒါကြောင့် ဗမာပြည်နယ်နိမိတ်ထဲမှာရှိတဲ့ (တိုင်းရင်းသား/ရွှေ့ပြောင်းအခြေချ)လူမျိုးတွေကို စာရင်းချုပ်လိုက်ရင် --
(၁) ကချင် (ဂျိန်းဖော၊ ရဝမ်၊ မရူ၊ အဇီး၊ လချိတ်၊ လီဆူး မျိုးနွယ်စု ၆ စု)
(၂) ကယား (ကယား၊ ကယော၊ မနုမနော၊ ယင်းတလဲ မျိုးနွယ်စု ၄ စု)
(၃) ကယန်း (လဝီ-ပဒေါင်၊ ဂေခို-ကရင်ဖြူ၊ ကငန်-ယင်းဘော်၊ ဇယိမ်း-လထ မျိုးနွယ်စု ၄ စု)
(၄) ကရင် (စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား မျိုးနွယ်စု ၆ စု)
(၅) ပအိုဝ်း (ကွန်လုံ၊ ခရိုင်း၊ တတောက်၊ နန်းခေ၊ ကျန်းစန်း၊ ကောင်တန်၊ ဗလာ၊ တိယန်၊ တောင်သား မျိုးနွယ်စုများ)
(၆) ချင်း (ဇိုမီး၊ ကူကီး၊ မီဇို၊ လိုင်မီး၊ မရာ၊ ချို၊ အရှို၊ ခူမီး မျိုးနွယ်စု ၈ စု)
(၇) နာဂ (လိုင်းနောင်၊ လဟယ်၊ တန်ရှန်း၊ ကွန်ညပ်၊ တန်ကွန်၊ မကူရီ၊ ပါရာ မျိုးနွယ်စု ၇ စု)
(၈) ဗမာ (ယော၊ တောင်သား-ပျူ၊ ယဗိန်း မျိုးနွယ်စုများ)
(၉) ထားဝယ် (ထားဝယ်၊ ဘိတ် မျိုးနွယ်စုများ)
(၁၀) ဓနု
(၁၁) အင်းသား
(၁၂) တောင်ရိုး
(၁၃) ကတူးကနန်း (ကတူး၊ ကနန်း မျိုးနွယ်စု ၂ စု)
(၁၄) မော်ကင်း-ဆလုံ
(၁၅) ဖွန်း
(၁၆) မိုင်းသာ-အချန် (ရှမ်းတရုတ်)
(၁၇) ထမန်
(၁၈) မွန်
(၁၉) ပလောင်-တအာင်း (ရူကျိုင်း၊ ရူကွမ်း၊ ရူခါန်၊ ရူမိုင်း၊ ရူပိုး၊ ကတူး၊ ကွယ်ဟယ်၊ ရူဟော့၊ ရူဗရောင်း၊ ရူခုတ်၊ ရူလဲင်း မျိုးနွယ်စုများ)
(၂၀) ဝ (အင်၊ စုံ၊ လ၊ ဝ၊ ထိုင်းလွယ်၊ ဆမ်တောက် မျိုးနွယ်စုများ)
(၂၁) ယင်း (ယင်းနက်၊ ယင်းကျား မျိုးနွယ်စု ၂ စု)
(၂၂) ဓနော
(၂၃) ရခိုင် (သက်၊ မရမာ၊ ချောင်းသား၊ တောင်သား၊
ရမ်းဗြဲသား မျိုးနွယ်စုများ)
(၂၄) ဒိုင်းနက်-ချက္ကမာ
(၂၅) မရမာကြီး-ဘရူးဝါး
(၂၆) ကမန်
(၂၇) ရှမ်း (ထိုင်းလုံ-ထိုင်းယိုင်၊ ထိုင်းမော၊ ထိုင်းနူ၊ ထိုင်းခွန်၊ ထိုင်းလျံ၊ ထိုင်းခမ်းတီး၊ ဒရယ်၊ ထိုင်းလိ၊ ထိုင်းလမ်၊ ထိုင်းနေ၊ ထိုင်းခွမ်း မျိုးနွယ်စုများ)
(၂၈) လားဟူ (ကွီ၊ လားဟူနက်၊ လားဟူရှီ မျိုးနွယ်စုများ)
(၂၉) အခါ (ကော်၊ ဖျင် မျိုးနွယ်စုများ)
(၃၀) မြောင် (မြောင်ဇီး၊ ယောင်၊ အိုက်ဆွယ်၊ မြှော့မျိုးနွယ်စုများ)
(၃၁) ခမူ-ခမင်
(၃၂) ကိုးကန့်တရုတ် (မလိပါရင့်)
(၃၃) မေ့ထေး (ကသည်း)
(၃၄) လင်းဘု (နီပေါ)
(၃၅) ထိုင်း (ထိုင်းနွဲ့)
(၃၆) ထိုင်းယွန်း (ဇင်းမယ်ရှမ်း)
(၃၇) လော (ထိုင်းလော)
(၃၈) ပသျှူး (မလေး)
(၃၉) တိဘက်
(၄၀) ဂေါ်ရခါး (နီပေါ)
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ တိုင်းရင်းသား လူမျိုးအရေအတွက်ဟာ ၃၅ မကျော်ပါဘူး။ ဒါပေမဲ့ စစ်အုပ်စုဟာ တိုင်းရင်းသား လူမျိုးအရေအတွက် ဆယ်ဂဏန်း မပြည့်လည်း အကြောင်းအမျိုးမျိုးပြပြီး စစ်အာဏာရှင်စနစ် ထူထောင်မှာ ပါပဲ။ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ရှိတယ်လို့ ဆင်ခြေပေးဦး မှာပါပဲ။
စစ်အုပ်စုစကား၊ စစ်အုပ်စုစာရင်းတွေဟာ ဘယ်လိုမှ စိတ်ချယုံကြည်စရာ မရှိဘူး ဆိုတာရယ်၊ ကိုယ်အုပ်ချုပ်နေတဲ့ နိုင်ငံ ထဲက လူမျိုးတွေကိုတောင် မှန်မှန်ကန်ကန် စာရင်းကောက်နိုင်တဲ့ အရည်အချင်းနဲ့ဆန္ဒ မရှိဘူး ဆိုတာရယ် ကိုတော့ ၁၃၅ မျိုးစာရင်းက သက်သေခံ နေပါတယ်။
ဂါမဏိ
The Ladies News

Thursday, July 28, 2016

2016 မှာ ဇာတ်လမ်း Movie တေ နေ့တိုင်းနီးပါးကြည့်ဖြစ်ပါတယ်
လုပ်စရာတေ လုပ်ပီးသွားလို့ ည ၈ နာရီဆိုပုံမှန် အလုပ်ကြီးတစ်ခုလိုကို ဖြစ်နေပါတယ်
ဒီ2016 ထဲကြည့်ဖြစ်တဲ့ ဇာတ်လမ်းတေက စစ်ပွဲတိုက်ပွဲ Battles တေများပါတယ်
အာရှ ဥရောပ အာဖရိက အမေရိက စတဲ့ ပထမ ဒုတိယ ကမ္ဘာစစ် ဂျာမန် ဆိုဗီယက်ကနေ အခုခေတ်သစ် ‪#‎အာဖကန်နစ္စတန်‬ အဆုံး တစ်နေ့တစ်မျိုး ကြည့်ပါတယ် တစ်ခါခါ ရောမခေတ် ဂျူး နတ်ကိုးကွယ်တာနဲ့ ခရစ်ယာန် ဖြစ်ကြတာတာက ညှပ်ပါသေးတယ်
ကမ်ဘာချီစစ်က ထူးဆန်းလိုက်တာ စားစရာမရှိဘူး သေနှပ် ကျည် အပြည့်ရှိကြတယ် လူတေက ငတ်ကြတာ အကြီးအကျယ်
ကျည်ဆန်တေက ကျယ်ကြွေသလို သူရဲကောင်းစိတ်ဓါတ်အပြည့် တိုက်လိုက်ကြတာ သေလိုက်ကြတာ သောက်သောက်လဲ
ယောက်ျားတေက စစ်တိုက်ဖို့ ပဲ မွေးဖွားလာသလားထင်ရတယ် အမျိုးသမီး ကလေးတေကလည်း ဒုက္ခအမျိုးမျိုး
ဖြစ်လိုက်ရတဲ့ စစ်ပွဲကလည်း အမျိုးမျိုး လူမျိုးရေးကြောင့် ဘာသာရေးကြောင့် စီးပွားရေးကြောင့် နယ်မြေကြောင့် အာဏာကြောင့်

ပထမကမ္ဘ်ဘာစစ် ၁၉၁၄ - ၁၉၁၈ ကနေ ဗာဆိုင်းစာချုပ်နဲ့ စစ်အဆုံးသတ် ပေးလျော်စရာရှိတာပေးလျော် အစကတော့ ဒုတိယ ကမ်ဘာစစ်ဆိုတာ ရှိလာမယ်မှန်းတောင် မထင်ကြပါဘူးတဲ့ ဆိုတော့ ပထမလို့မသတ်မှတ်ကြသေးဘူးပေါ့ Great World War လို့ပဲ ၁၉၃၉ - ၁၉၄၅ ဒုတိယ ကမ်ဘာစစ်ဖြစ်တော့ ဒုလို့ သတ်မှတ်ခဲ့ကြပါတယ် ဒုတိယ ဆိုတာ မရှိအောင် နိုင်ငံပေါင်းချုပ် အသင်းကြီးဆိုတာကလည်း မတားနိုင်ခဲ့ရှာဘူး
ဖြစ်ကြတာ တစ်ချို့တိုက်ပွဲ Battles name အမျိုးမျိုးတေက အခုခေတ် ဇာတ်လမ်းဖွဲ့ပြန်ရိုက်ဖော်ပြတော့ အတိတ်တေကို ပြန်မြင်နေရသလို ဆိုးဝါးလိုက်တာ
ဇာတ်လမ်းကြည့်ရင်း စကားလုံးတေကလည်း ရလိုက်ပါသေးတယ်
Battle ဇာတ်လမ်းတစ်ခုထဲက ဗိုလ်တစ်ယောက်က ပြောတာက Fight to the Endတဲ့ ဆိုတော့ နောက်တစ်ယောက်က When is the End တဲ့ ဆိုတော့ Blood for Blood တဲ့လေ မဟတ္တမ ဂန္တီကြီးကတော့ ဟန်မူရာဘီ ကိုယ်ဒဥပဒေ An Eye for An Eye ကို အဲ့လိုဆိုရင် ကမ်ဘာမှာ အကန်းချည်းဖြစ်ကုန်မှာပေါ့တဲ့ မှတ်သားစရာ ခံယူချက်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ တိုက်ကြတယ်
အာဖကန်က လက်ရှိစစ်ပွဲတေကားကြည့်တော့လည်း ပြည်သူတေကို မြန်မာအခေါ်သူပုံတေကလည်း ဗုံးတပ်ပြီး ရန်သူတပ်ကို ပြည်သူအချင်းချင်း ဗုံးဆင် အသေခံဖောက်ခွဲခိုင်းတဲ့အထိ သေတာပဲ အရိုးအသားတခြားစီနဲ့ လေ
အာဖကန်နိုင်ငံရဲ့ပုံရိပ်တေကို ကိုယ်တိုင်မမြင်ပေမယ့် ဇာတ်လမ်းတေကတဆင့် တွေ့နေရပါတယ်
နောက်တစ်ခုက ဒီနိုင်ငံက မြန်မာဒုတိယ ပီးရင်း ပထမအဆင့်အာရှအဆင်းရဲဆုံးနိုင်ငံဆိုတော့ စိတ်ဝင်စားမိပါတယ်
စစ်ပွဲ စစ်ပွဲ မငြိမ်းသောမီးပါပဲ
မြန်မာပြည်မှာလည်း အခုထိ မငြိမ်းချမ်းနိုင်သေးတဲ့ စစ်မီးရှိနေတော့ ဒီဇာတ်ကားတေကြည့်ရင်း သင်ခန်းစာရသလို စစ်ဒဏ်ခံရသူတေ စစ်တိုက်နေကြသူတေအတွက်ကိုလည်း ကိုယ်ချင်းစာမိလာပါတယ်
ငြိမ်းချမ်းပါစေ ကမ်ဘာမြေ
ငြိမ်းချမ်းပါစေ မြန်မာပြည်

Friday, July 15, 2016

Photograph of a Sawbwa’s wife and child at Wuntho in Burma



Photograph of a Sawbwa’s wife and child at Wuntho in Burma (Myanmar) from the Elgin Collection: 'Autumn Tour 1898', taken by Felice Beato in c.1890. The portrait was taken in front of a house at Wuntho, showing the wife and child of the Wuntho Sawbwa, a Shan feudal lord, seated on the ground with food baskets. Attendants are arranged around the pair in a semi-circle and two servants hold umbrellas over the group. The woman wears a striped silk hta-mein (wrap-around skirt), a close-fitting jacket of fine muslin or cotton known as an ein-gyi, and necklaces. During the Konbaung Dynasty (1752-1885), rich jewellery, fine fabrics such as silk, and garments such as her jacket were reserved for court officials and their wives by sumptuary laws. After the fall of the Burmese monarchy they were worn by the wealthy. The photograph is from an album devoted almost entirely to Lord Elgin's Burma tour of November to December 1898. Victor Alexander Bruce (1849-1917), ninth Earl of Elgin and 13th Earl of Kincardine, served as Viceroy of India between 1894 and 1899.

(From http://www.bl.uk/onlinegallery/onlineex/apac/photocoll/s/019pho0000015s6u00046000.html  )

Sawbwa's wife and child [Wuntho, Burma]

Photograph of a Sawbwa’s wife and child at Wuntho in Burma (Myanmar) from the Elgin Collection: 'Autumn Tour 1898', taken by Felice Beato in c.1890. The portrait was taken in front of a house at Wuntho, showing the wife and child of the Wuntho Sawbwa, a Shan feudal lord, seated on the ground with food baskets. Attendants are arranged around the pair in a semi-circle and two servants hold umbrellas over the group. The woman wears a striped silk hta-mein (wrap-around skirt), a close-fitting jacket of fine muslin or cotton known as an ein-gyi, and necklaces. During the Konbaung Dynasty (1752-1885), rich jewellery, fine fabrics such as silk, and garments such as her jacket were reserved for court officials and their wives by sumptuary laws. After the fall of the Burmese monarchy they were worn by the wealthy. The photograph is from an album devoted almost entirely to Lord Elgin's Burma tour of November to December 1898. Victor Alexander Bruce (1849-1917), ninth Earl of Elgin and 13th Earl of Kincardine, served as Viceroy of India between 1894 and 1899.

(From http://www.bl.uk/onlinegallery/onlineex/apac/photocoll/s/019pho0000015s6u00046000.html

My General Thought


My day- by -day
Full of Expectation
Full of Hard Work
Full of Challenge
Full of Opportunity
Full of Lesson learn
Full of Energy
Full of Weakness
Full of Happiness
Full of depress
Full of Success that make me colourful and grow up in matureness.
When I look at myself in physical and mental growth, the above features are that I see so far.
knowing myself is consolable whatever I get, which can say I can make smile.

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ဖြစ်စဉ်အကျဉ်း Daily Eleven မှဖော်ပြပါသည်။

Daily Elenven မှ ဖော်ပြချက်ကို ပြန်လည်ဖော်ပြထားပါသည်။ 

ဝန်းသိုဘက်က မျှစ်ဟင်း





#‎မျှစ်ဟင်း‬

ကျွန်မတို့ဘက်မှာ မျှစ်ကို ယေဘုံယျအားဖြင့်
- မျှစ်ကို ပြုတ်ပြီး အမျိုးမျိုးချက်စားတယ် - ပြုတ်
- မီးဖုတ်ပြီး အမျိုးမျိုးချက်စားတယ် - ဖုတ်
- ရေနဲ့ ၂ ည ၃၄၅ ညစိမ်ပြီး ချက်စားတယ် - ချဉ်ရေစိမ် (မျှစ်ရေစိမ်ပေါ့)
- မျှစ်ကို အပုပ်စိမ်ပြီး ဖရုံရွက် နဲ့ - အပုပ်စိမ် ပေါင်းချောင်နဲ့ပေါင်းစားတယ်
- မျှစ်ကို အချဉ်သိပ်စားတယ် - အစို အချဉ်သိပ်
- မျှစ်သို့ ခြောက်လှမ်းစားတယ် - အခြောက် ချဉ် အမှုန့်အမှုန့်

မနေ့က ကျွန်မတို့နယ်က ဒီအချိန်ဆို မျှစ်တေကို ဘယ်လိုပုံချက်စားနေကြမည်ဖြစ်ကြောင်းပြောရင်းနဲ့ အိမ်ကချက်တဲ့ မျှစ်ဟင်းအချို့ကို ရေးချင်လာပါတယ်

ကျွန်မတို့ဘက်က မျှစ်သို့ မျှစ်ချဉ်ဆိုတာ အဖူးလိုက်အပင်လိုက် မသိပ်ပဲ မျှစ်တေကို အစိပ်စိပ် အမွှမွှ ပေါက် ပြီးသိပ်တာပါ ဒီဖက်မှာတော့ ဒီအတိုင်းအဖူးလိုက်ကြီးပဲတွေ့ဖူးပါတယ်
မျှစ်ပုပ်ပေါင်းလုပစာ်းမယ်ဆိုရင်တော့လည်း လက်ဝင်တဲ့အထဲတော့ပါပါတယ် ဒါပေမယ့် အရသာကလည်း စားလို့ကောင်းပါတယ် လုပ်နည်းအသေးစိပ်ကို မသိတော့ပေမယ့် အပုတ်စိမ်ပြီး မွှကြေနေတဲ့ မျှစ်ကို ဖရုံရွက်လေးထဲထည့်ပြီး ပဇွန်ခြောက် ပင်စိမ်း တခြားအဆာပလာထည့်ပီး ပေါင်းချောင်လေးထဲ ထည့်ပေါင်း ကျက်ရင်စားနိုင်ပါပီ

စားချင်တာတေ ရေးတာ :D
ပုံကတော့ Facebook မှ မူရင်းတင်သူများ၏ ပုံပါ

ဝန်းသိုစော်ဘွားကြီး စ၀်အောင်မြတ်အကြောင်း အပိုင်းအစ - ရှမ်းပြည်မြင်ကွင်းစုံ Facebook မှ


မြန်ပြည်မြောက်ပိုင်း သျှမ်းလူမျိုးများ သျှမ်းနီ၊ ခန္တီး၊ ကဒူး၊ ကဏန်းတို့၏ ခေါင်းဆောင်ကြီးသူ့ကျွန်မခံဝန်းသိုစော်ဘွားကြီး စ၀်အောင်မြတ်
==========================

လိုသော မောရိယမဟာဝံသ သီရိသုဓမရာဇာ သိုဟုံဘွား မျိုးချစ် ဝန်းသို စော်ဘွားကြီး စ၀်အောင်မြတ်။ ။

ဝန်းသို့ စော်ဘွားကြီး စ၀်အောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ်၊ တပိုတွဲလဆန်း ၁၁ ရက်၊ (ခရစ်နှစ် ၁၈၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်) တနင်္ဂနွေနေ့ မွန်းတည့်အချိန်တွင် ဝန်းသိုမြို့၌ ဖွားမြင်သည်။ အဘ အမည်မှာ မင်းလှ သမန္ဈရန်ဆောင်ဘွဲ့ခံ ဝန်းသို စစ်ကဲ ဦးရွှေသာ ဖြစ်ပြီး၊ မိခင်မှာ သုဝဏ္ဏ ကာယ ဒေဝီဘွဲ့ခံ ဒေါ်ဒွေးဖြူ ဖြစ်သည်။ မွေးချင်း ညီအစ်ကို မောင်နှမ ခုနစ်ဦး ရှိရာ မောင်အောင်မြတ်၊ မသူဇာ (သောင်သွတ် စော်ဘွားကတော်)၊ မောင်ရွှေသိုက်၊ မယ်မူ၊ မယ်ဖန်၊ ခွန်ကျယ်၊ ခွန်ဆိုင်တို့ ဖြစ်ကြသည်။

မောင်အောင်မြတ်အား ငယ်စဉ်က ဝန်းသို ဆရာတော် ဦးဂုဏထံ စာပေ သင်ကြားစေရန် အပ်နှံထားခဲ့ရာ အခြေခံ မြန်မာ စာပေများကို အတော်အတန် တတ်မြောက်ပြီး သာမဏေဘောင်သို့ ဝင်ခဲ့သည်။ မောင်အောင်မြတ် နှစ်ဆယ်ကျော်သား အရွယ် ၁၂၂၈ ခုနှစ်၊ တန်ဆောင်မုန်းလတွင် ဖခင်ဖြစ်သူ ဦးရွှေသာအား မြို့လက်ရှိအတိုင်းနှင့် ၀န်းသိုမြို့ မင်္ဂလါ စော်ဘွားကြီးဟု အဆောင်အရောင် အစီးအနှင်းများနှင့်တကွ စော်ဘွား အဖြစ်သို့ တိုးမြင့်ခန့်ထားပြန်သည်။

ပထမ- မဟာဝံသရာဇာ သိုဟုံဘွား

ဒုတိယ- မဟာသိဒ္ဓိဇေယ သိုဟုံဘွား၊

သက္ကရာဇ် ၁၂၃၆၊ ၃၇ ခုနှစ်တွင် ရွှေအရှေ့ကြောင်း အလယ်ကြောင်း သံသုံးတာရွာ ဂဏန်းဘွား ဂဏန်းမ နန်းခမ်း ကျေးရွာနှင့်တကွ ကျေးရွာခရိုင် တိုးချဲ့၍ ထပ်မံချီးမြင့်ပြန်သည်။ နှောက် သက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် မင်းတုံးမင်း ကြီး နတ်ရွာစံပြီး သားတော် သီပေါမင်းလက်ထက် ထပ်မံ ချီးမြင့်ပြန်လေသည်။
တတိယ- မဟာဝံသ သိရီရာဇာ သိုဟုံဘွားဟူ၍ တံဆိပ် ၃ လုံး ဘွဲ့ ၃ တန်ရရှိ၍ ထိုဘွဲ့များကို အပ်နှင်းလျက် ဝန်းသို စော်ဘွားအဖြစ် တိုးမြှင့် ခန့်အပ်ခြင်း ခံရသည်။

နယ်နိမိတ် အပိုင်းခြားများ
၁။ အရှေ့လာသော် ဧရာဝတီ မြစ်လယ်ကြော ကေ မ္ဘာဇတိုင်းအထိ၊
၂။ တောင်ဘက်လာသော ရဲသာရွာ ဟလင်းကြီး သံသနဂရတိုင်းထိ၊
၃။ အနောက်ဘက်လာသော သလ္လာဝတီ မြစ်လယ်ကြော မဏိပူရတိုင်းထိ၊
၎။ မြောက်လက်လာသော မိုင်းကောင်းနှင့် ကြောကိုင်း နရသုတဏ္ဍတိုင်းအထိ၊
၅။ အရှေ့မြောက်လာသော ကောက်ကွေ့ချောင်းထွက် ဧရာဝတီအထိ၊
၆။ အရှေ့တောင်လာသော တမောအောက် ဇင်းချောင်းပေါက် ဧရာဝတီအထိ၊
၇။ အနောက်တောင်လာသော ကလုံး ရွှေတွင်း သလ္လာဝတီမြစ်အထိ၊
၈။ အနောက်မြောက်လာသော ဦးရူချောင်းထွက် သလ္လာဝတီ မြစ်လယ်ကြောထိ ဖြစ်လေသည်။ ဤသို့ နယ်လေးရပ်၊ ရှစ်ရပ် သတ်မှတ် ပိုင်းခြားလျက် ၅၅ ခရိုင်ဘွားစားရသည်။ ဤကား စော်ဘွား အဆက်ဆက်တို့၏ ဘွားစားရသော နယ်ပယ် အပိုင်းအခြားဖြစ်သည်။
--> -->
မောင်အောင်မြတ် အရွယ်ရောက်သော အခါ သူ၏ ဆန္ဒအတိုင်း ဖခင်ဖြစ်သူ ဝန်းသို စော်ဘွားကြီး ဦးရွှေသာက ကင်းဝန်မင်းကြီး ဦးကောင်းထံ အပ်နှံ၍ ထီးသုံး နန်းသုံး တရားဥပဒေ ပညာရပ်များနှင့်တကွ အုပ်ချုပ်မှုရေးရာ အဖြာဖြာများကို သင်ကြား စေခဲ့သည်။ သီပေါမင်းတရား ထံတွင်လည်း ကွမ်းရေတော်ကိုင် အဖြစ် အမှုထမ်းရသည်။ ထို့ကြောင့် ဦးအောင်မြတ်သည် စာပေ ကျမ်းဂန် ဗဟုသုတတို့၌ လည်းကောင်း၊ ရှေးဟောင်း အနုပညာ၊ ရာဇဝင်၊ ကဗျာလင်္ကာများ၊ ဗေဒင်ပညာရပ်များ၌ လည်းကောင်း၊ အုပ်ချုပ်မှုရေးရာများ၌ လည်းကောင်း ကျွမ်းကျင် လာခဲ့သည်။
ဦးအောင်မြတ်၏ ဖခင် ဦးရွှေသာသည် မိုးကောင်းမြို့ဝန် အဖြစ် ပြောင်းရွှေ့ ခန့်ထားခြင်း ခံရသဖြင့် ဦးအောင်မြတ်သည် ၁၂၄၄ ခုနှစ်တွင် ဘုရင်သီပေါမင်းထံ အမိန့်တော် ခံဝင်ကြရာ မြို့ရွာ ခရိုင်နေ ပေါမိုင်း ထမုံ သူကြီး ခေါင်းကြီးရွာအုပ်တို့မှစ၍ သဘော တူညီကြခြင်း ရွှေနန်းတော်ကြီး၌လည်း ဘုရင်သီပေါမင်းမှ အစ ပြု၍ ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၂ရက်နေ့တွင် သားတော်ကြီး သခင်အောင်မြတ်အား ဘုရင် သီပေါမင်းက ၀န်းသိုစော်ဘွား အရာခန့်အပ် ချီးမြင့်တော်မှုလေသည်။ ဖခင်နေရာ ဝန်းသို့ စော်ဘွားအဖြစ် သီပေါမင်းမှ ခန့်အပ်ခဲ့သည်။ 'မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ' ဟူသော ဘွဲ့ကိုလည်း ချီးမြင့်တော်မူသည်။

ဝန်းသိုမြို့သည် နေပြည်တော် မန္တလေးနှင့် အတန်ဝေးသော မြို့ဖြစ်၍ အအုပ်အချုပ် မကောင်းလျှင် နယ်ခြား နိုင်ငံရေး ပြဿနာများ အချိန်မရွေး ပေါ်ပေါက်နိုင်သည်။ မီးဝေးချိပ်ပမာ ဆိုသကဲ့သို့ လူဆိုးတို့ အတန် သောင်းကျန်းသော နေရာ ဖြစ်သည်ဟုလည်း ကြားသိရသဖြင့် လက်ရုံးရည် ပြည့်ဝသော မောင်အောင်မြတ်နှင့် သင့်လျော်သည်ဟု ကင်းဝန်မင်းကြီး ဦးကောင်းက သူ၏ မှတ်တမ်း၌ ရေးသားထားခဲ့သည်။ ဝန်းသိုစော်ဘွား အဖြစ် ခန့်အပ်ခြင်း ခံရစဉ်က ဦးအောင်မြတ်၏ အသက်သည် ၂၃ နှစ်သာ ရှိသေးသည်။ ဦးအောင်မြတ် စော်ဘွားဖြစ်ပြီး နောက်တနှစ်တွင် မိုးညှင်းဒေသ တလျှောက်၌ ဗိုလ်ဝ ခေါင်းဆောင်သော သူပုန်များ ထွက် သောင်းကျန်းခဲ့သည်။ လူအင်အား သုံးထောင်ကျော် လေးထောင်ခန့်နီးပါး ရှိသော သူပုန်တို့အား နှစ်ထောင်မျှလောက်သာ အင်အားစုနှင့် အောင်မြင်စွာ နှိမ်နင်းနှိင်ခဲ့သည်။ သူပုန်ခေါင်းဆောင် ဗိုလ်ဝကိုပါ အသေ ဖမ်းမိခဲ့သည်။

သီပေါမင်း ကိုယ်တိုင်က အားရတော် မှူလှသဖြင့် မောရိယမဟာဝံသ သီရိသုဓမ္မရာဇာသိုဟုံဘွား ဟူသောဘွဲ့ဖြင့် ချီးမြှင့်ခြင်း ခံရသည်။
၁။ ပထမ- ဘွဲ့ မဟာဝံသသိရီဇေယ သိုဟုံဘွား ၎င်းနောက်မကြာမီ ၁၂၄၅ ခုနှစ် ပထမ၀ါဆို လဆန်း ၉-ရက်နေ့တွင် သိရီဇေယနှင့် လဲလှယ်၍ အဘစော်ဘွားကြီး လဲချားစော်ဘွားကြီးနည်းတူ ထီးအစီး အနင်းနှင့်တကွ ထပ်မံချီးမြင့်တော်မူပြန်သည်။
၂။ ဒုတိယ- မောရိယမဟာဝံသ သိရီ သုဓမ္မရာဇာ သိုဟုံဘွားဟူ၍ဖြစ်သည်။

ထိုနှစ်တွင် စကာစော်ဘွားကြီး၏ သမီးတော်မှန်နန်း အပျိုတော် စပ်ရွှေကြည်နှင့် လက်ဆက်ခဲ့သည်။ စော်ဘွားဦးအောင်မြတ်သည် ဝန်းသိုမြို့တွင်ဟော်နန်း ရှိသော်လည်း နယ်ပယ် ငြိမ်သက်ရေးကို ရှေးရှု၍ ဝန်းသိုမြို့ အနောက်မြောက် မိုင် ၃ဝ ကျော်သော ပင်လယ်ဘူးမြို့၌ ရွှေ့ပြောင်း နေထိုင်ခဲ့သည်။

၁၂၄၇ ခုနှစ်တွင် တတိယ အင်္ဂလိပ် မြန်မာ နောက်ဆုံးစစ်ပွဲ ဖြစ်ပွားခါနီး အချိန်တွင် တိုင်းရေးပြည်ရေး မငြိမ်မသက် ဖြစ်လာသဖြင့် သတင်းမှန် ရရှိစေရန် နေပြည်တော်သို့ အထောက်တော်များ စေလွှတ် စုံစမ်းခဲ့သည်။ နေပြည်တော်မှလည်း အင်္ဂလိပ်တို့အား တိုက်ခိုက်ရန် အတွက် စစ်သားများ စုဆောင်းရန် စာချွန်တော် ရောက်လာသဖြင့် လက်နက် လူသူ အသင့် စုဆောင်းလျက် ရှိသည်။ အထောက်တော်များ ပြန်လည် ရောက်ရှိသော အခါ သီပေါမင်း အင်္ဂလိပ်လက်သို့ ပါတော်မူပြီ ဖြစ်ကြောင်း ကြားသိရသဖြင့် အင်္ဂလိပ်တို့အား ပြန်လည် တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

သိုရာတွင် အင်္ဂလိပ်တို့အား ပြန်လည် တိုက်ခိုက်ခြင်း မပြုဘဲ ငြိမ်သက်စွာ နေရန် ကင်းဝန်မင်းကြီးထံမှ အမိန့်လွှာ တစောင် ရောက်လာသဖြင့် အဖကဲ့သို့ လည်းကောင်း၊ ဆရာသမား ကဲ့သို့ လည်းကောင်း လေးစား အပ်သော မင်းကြီး အမိန့် ဖြစ်သဖြင့် ခက်ထန်သော စစ်စိတ် စစ်မာန်များကို မျိုသိပ် ထားခဲ့ရသည်။ အင်္ဂလိပ် လက်အောက်သို့ကား ဝင်ရောက်ခြင်း မပြုဘဲ သစ်လုပ်ငန်း၊ စပါး လုပ်ငန်းများကိုသာ လုပ်ကိုင် စားသောက် နေခဲ့သည်။ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ် ဦးစီး လုပ်ကိုင်သော သစ်လုပ်ငန်း ထွန်းကားရာ နေရာကို မိမိတို့သာ ရရှိလျှင် ချက်ချင်း ချမ်းသာနိုင်သည်ဟု စိတ်ကူးမိသူ အချို့က ဦးအောင်မြတ်သည် စီးပွားရေးကို ဖိဖိစီးစီး လုပ်ကိုင်၍ ငွေကြေး စုဆောင်းကာ တော်လှန် ပုန်ကန်ရန် အကြံပြုနေသည်ဟု အင်္ဂလိပ် အရာရှိများအား ချောပစ်စကား ပြောဆိုကြသည်။ ထိုအခါ ဦးအောင်မြတ်ကို နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးလိုကြောင်း ကင်းဝန်မင်းကြီးအား အကြောင်းကြား စေခဲ့သည်။

ကင်းဝန်မင်းကြီးသည် ဦးအောင်မြတ်ကို နေပြည်တော်သို့ လာရောက် ရှင်းလင်းရန် ဆင့်ခေါ်ခဲ့သည်။ သို့ရာတွင် ဦးအောင်မြတ်က အရှင်သခင်များ မရှိသည့်နောက် နေပြည်တော်သို့ မလာရောက် လိုတော့ကြောင်း၊ တပါးကျွန်မခံလိုတော့ကြောင်း၊ အင်္ဂလိပ် မင်းနှင့်တကွ အင်္ဂလိပ်အရာရှိ ကိုယ်စားလှယ် တို့ကိုလည်း အရိုအသေ မပြုလိုတော့ကြောင်း အကြောင်း ပြန်လိုက်သည်။ ယင်းသို့ စာပြန်ပြီးနောက် အင်္ဂလိပ်များ လာရောက် တိုက်ခိုက်ပါက အသင့် ဖြစ်စေရန် ဝန်းသိုမြို့  ပတ်ဝန်းကျင်၌ သစ်တပ်မြို့ရိုးများ ဆောက်ခြင်း၊ ကင်းတပ်များ အထပ်ထပ်ချခြင်း၊ လူသူလက်နက် စုဆောင်းခြင်း စသည်များ ပြုလုပ် လာခဲ့သည်။ မက္ခရာ မင်းသားကြီး၏ သားတော် ထိပ်တင်ရန်ပိုင်နှင့် မူးမတ် တစုတို့သည် အင်္ဂလိပ်တို့အား တိုက်ခိုက်ရာမှာ ရှုံးနိမ့်သဖြင့် ဦးအောင်မြတ်၏ ဖခင် ဦးရွှေသာ၏ အကူအညီဖြင့် ယူနန်နယ်သို့ ဆုတ်ခွာ လာခဲ့သည်။ ဦးရွှေသာကိုလည်း တော်လှန် ပုန်ကန်မှု အားပေးသည်ဟု ဆိုကာ အင်္ဂလိပ် အစိုးရက ဖမ်းဆီးရန် အမိန့်ထုတ်ကြောင်း ဦးအောင်မြတ် သိသောအခါ ဖခင်ရှိရာ မိုးကောင်းမြို့သို့ သွားရောက်၍ အခြေအနေကို ဆွေးနွေးခဲ့သည်။

အင်္ဂလိပ်တို့ကား ဦးအောင်မြတ်တို့ သားအဖကို မဖမ်းသေးဘဲ ကင်းဝန်မင်းကြီးကို ဖျောင်းဖျ နားချရန် စေလွှတ်လိုက်သည်။ ဦးအောင်မြတ် မိုးကောင်းသို့ သွားနေခိုက် ဖြစ်၍ ကင်းဝန်မင်းကြီးသည် ဦးအောင်မြတ်နှင့်မတွေ့ဘဲ မန္ဈလေးသို့ ပြန်ခဲ့ရသည်။ ကင်းဝန်မင်းကြီးမှ တဆင့် စေ့စပ် မရသဖြင့် အင်္ဂလိပ် အစိုးရသည် ဦးအောင်မြတ်၏ ငယ်ဆရာ ဝန်းသို ဆရာတော် ဦးဂုဏမှ တဆင့် စေ့စပ်ပြန်သည်။ အင်္ဂလိပ်ကို ကျွန်အဖြစ် မခံလို အင်အား ပြည့်လာသည့် တနေ့ မန္တလေးကို တိုက်ယူပါမည်ဟု ဆရာတော်အား လျှောက်ထားခဲ့သည်။ စေ့စပ်မရသည် အဆုံး၌ မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် အင်္ဂလိပ် အစိုးရသည် ခွန်းတောင် မြို့အုပ်နှင့် အခွန်ဝန် ဦးစံတို့ကို စစ်တပ် တတပ်နှင့် စေလွှတ်လိုက်သည်။ ဝန်းသိုမြို့ စော်ဘွား ဦးအောင်မြတ်သည် အင်္ဂလိပ်တို့ စေလွှတ်လိုက်သော တပ်များကို မှန်ကင်းတောင် စခန်းမှ ဆီးကြို တိုက်ခိုက်ရန် ချီတက် လာခဲ့သည်။ မှန်ကင်းတောင် စခန်းတွင် အင်္ဂလိပ်တပ်များနှင့် ဝန်းသိုစော်ဘွား တပ်များ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားရာ ရှုံးပြီး အင်္ဂလိပ်တို့ ဆုတ်ခွာခဲ့ရသည်။ တိုက်ပွဲဖြစ်ရာ မှန်ကင်းတောင် စခန်းတွင် ယခုတိုင် အမှတ်အသား စိုက်ထူထားသော ကျွန်းတိုင်ကြီး တတိုင် ရှိနေသေးသည်။ ကောလင်းမြို့ဘက်သို့ ဆုတ်ခွာသွားသော အင်္ဂလိပ်တပ်များကို ဝန်းသိုစော်ဘွား တပ်များက လိုက်လံ တိုက်ခိုက်ရာ အင်္ဂလိပ်တို့ဘက်မှ စစ်ဗိုလ် တဦးနှင့် တပ်သား သုံးဦး ကျဆုံးခဲ့သည်။

အင်္ဂလိပ် တပ်များလည်း ကောလင်းမြို့မှနေ ထပ်ပြီး ဆုတ်ခွာရသည်။ ထိုအခါမှ စ၍ ဝန်းသိုစော်ဘွား ဦးအောင်မြတ်၏ အမည်သည် အင်္ဂလိပ်မင်း အုပ်ချုပ်သည့် မန္တလေးမြို့မှသည် အောက်ပြည်ဒေသ ရန်ကုန်မြို့သို့ တိုင်အောင် ကျော်ကြား လာခဲ့သည်။ ရှုံးနိမ့်၍ ဆုတ်ခွာခဲ့ရသော အင်္ဂလိပ်တပ်များကို အားဖြည့်ရန် ၁၂၅၂ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ကသာမှ ဗိုလ်နှစ် စဗက် ဦးဆောင်သော အမှတ် (၂ဝ) ခြေလျင်တပ်ရင်းနှင့် ရွှေဘိုမှ ဗိုလ်ကြီး ကေရီ ဦးဆောင်သော မြင်းတပ်များ ရောက်ရှိလာ သဖြင့် ကောလင်းမြို့သို့ ပြန်၍ ချီတက် လာကြပြန်သည်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် သူ၏ ဝန်းသိုတပ်များနှင့် အတူ ဖခင်ဖြစ်သူ မိုးကောင်းမြို့ဝန်၏ တပ်များနှင့်ပါ ကောလင်းသို့ အပြင်းချီတက်ကာ အင်္ဂလိပ်များကို တိုက်ခိုက်သည်။ သို့ရာတွင် အင်အားချင်း မမျှသဖြင့် ရုတ်တရက် မြို့သို့ မချဉ်းကပ်သေးဘဲ မြို့ပြင်မှသာ ဝန်းရံနေ၍ အင်္ဂလိပ် တပ်များကို တောထဲသို့ မျှားခေါ်သည်။ ယင်းတိုက်ပွဲတွင် နှစ်ဘက်စလုံးမှ အကျအဆုံး ဒဏ်ရာရသူ များပြားသည်။ လက်နက် အင်အား လူအင်အား မမျှသဖြင့် ဆုတ်ခွာ ခဲ့ရသော်လည်း ဦးအောင်မြတ်၏ တပ်များသည် အင်္ဂလိပ်တို့ကို အကြိမ်ကြိမ် ပြန်လှန် တိုက်ခိုက်မှုများ ပြုခဲ့သည်။ ထိုနယ်မြေ ဒေသ တဝိုက်၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားစေခဲ့သည်။ အင်္ဂလိပ် အစိုးရက ယင်းတို့၏ စစ်တပ်အတွက် ရွှေဘိုမှ နောက်ထပ်တပ်များ စစ်ကူရောက်လာရာ ဝန်းသို တပ်များသည် တဖြေးဖြေး ဆုတ်ခွာရင်း ကျိုင်းခွင်တောင်ကုန်း၌ တပ်စွဲ၍ အခိုင်အမာ ခုခံရာ အင်္ဂလိပ်တပ်များ မကပ်နိုင်အောင် ရှိခဲ့သည်။ အဝေးမှ အမြောက် သေနတ်များဖြင့် အင်္ဂလိပ်တပ်များက ပစ်ခတ်သော်လည်း ခပ်ဝေးဝေးမှ ပစ်ရသဖြင့် မျှော်မှန်းသလောက် မဖြစ်ဘဲ ဝန်းသို စော်ဘွားတပ်များ အထိအခိုက် နည်းသည်။ နောက်ဆုံး၌ အင်္ဂလိပ်တပ်များသည် ကျိုင်းခွင်တောင်ကုန်းကို ပတ်၍ စီးသော ဒေါင်းဖြူချောင်းကို အကျအဆုံး များစွာနှင့် ဖြတ်ကူးကား ဝန်းသို့တပ်များကို အနီးကပ် တိုက်ခိုက်ကြသည်။ ဝန်းသိုစော်ဘွား၏ တပ်များသည် အတော်ကြာကြာ ခုခံ တိုက်ခိုက်ကြပြီးနောက် တောင်ကုန်း တဖက်မှ အင်္ဂလိပ်တပ်များကို ဖောက်ထွက်၍ ဝန်းသိုမြို့သို့ ဆုတ်ခွာခဲ့ကြသည်။ ကျိုင်းခွင် တိုက်ပွဲတွင် နှစ်ဘက်စလုံးမှ အပျက်အစီး အသေအပျောက် များသည်။ အင်္ဂလိပ် စစ်သား သုံးဦး ကျဆုံးသည့် နေရာတွင် ကျောက်တိုင်တခု စိုက်ထူထားရာ ယခုတိုင် တွေ့နိုင်သေးသည်။ ကျိုင်းခွင်တောင်ကုန်းမှ ဆုတ်ခွာသည့် နေ့တွင်ပင် ရေဦးမြို့နယ်မှ ဗိုလ်ကြီး ဟက်ချင်ဆန် ဦးဆောင်သော အင်္ဂလိပ် စစ်ပုလိပ်တပ် တတပ်နှင့် ဥက္ကံမြို့နားရှိ မိုးနန်းကျောင်းတွင် တပ်စွဲနေသော ဝန်းသိုတပ်များ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားသည်။ ထိုတိုက်ပွဲတွင် စော်ဘွားကြီး ဦးအောင်မြတ်တပ်မှ ၂၇ ယောက် ကျဆုံးသည်။ အင်္ဂလိပ်စစ်ဗိုလ် ဗိုလ်ကြီး ဟတ်ချင်ဆန်လည်း ဦးခေါင်းတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားရာ ယင်းဒဏ်ရာနှင့်ပင် မကြာမီ သေဆုံးခဲ့သည်။ လက်နက် အင်အား လူအင်အား မမျှသည့်ပြင် အတွေ့အကြုံ နည်းပါးသော သူများနှင့် တိုက်ခိုက်ရသော်လည်း သူ့ကျွန်မခံလိုသော မျိုးချစ်စိတ်ဓာတ်ကြောင့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ်တို့ကို ဝန်းသို၊ ကောလင်း၊ မိုးကောင်း၊ မိုးညှင်း၊ ပင်လယ်ဘူး စသော ဒေသများမှ အပြင်းအထန် တော်လှန် တိုက်ခိုက်ခဲ့သည်။ မဲဇာချောင်းနားရှိ မန်လောင် မန်စီ ဒေသများတွင်လည်း အင်္ဂလိပ်တို့နှင့် အကြိမ်ကြိမ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်သည် လူသူ လက်နက် အနည်းငယ်နှင့် တနှစ်နည်းပါးမျှ အားမလျှော့ဘဲ ဇွဲနပဲနှင့် တိုက်ခိုက်ခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

အင်္ဂလိပ် အစိုးရသည် စော်ဘွားကြီးကို ထိုအချိန်အထိ သူပုန်ဟုလည်း မကြေညာဘဲ သူတို့ဘက် ဝင်လာလျှင် အခါမရွေး လက်ခံ၍ ရာထူးပင် ပေးမည်ဟု စကား ကမ်လှမ်းမြဲ ကမ်လှမ်းလျက် ရှိသည်။ ဝန်းသို စော်ဘွားကြီးကာ အင်္ဂလိပ်တို့ မည်သို့ ခေါ်ယူ ချော့မော့စေကာမူ စကားပင် မပြန်ခဲ့ချေ။ အင်္ဂလိပ်ဆိုလျှင် သူနှင့် အဖက်မတန်ဟုပင် သဘောပိုက်ထားဟန် တူသည်။ နောက်ဆုံးတွင် ဝန်းသို စော်ဘွားကြီး၏ တပ်များသည် မန်စီ အနီး အင်္ဂလိပ် စစ်တပ်နှင့် တွေ့၍ ဝိုင်းမိနေသော အခါ အင်္ဂလိပ် စစ်တပ်နှင့် အတူ ပါလာသော မြတောင် မြို့စားက ဝန်းသို စော်ဘွားကြီးကို စကား ကမ်းလှမ်းပြန်ရာ ရာထူးမက်၊ ဥစ္စာမက်၊ စိတ်မခိုင်သူများ သစ္စာဖောက်ကာ အင်္ဂလိပ်ဘက်သို့ တစတစ ဝင်သွားကြသည်က တကြောင်း၊ မိုးဦးကျလာ သဖြင့် နောက်လိုက် နောက်ပါများ ငှက်ဖျားရောဂါ ဖြစ်လျက် စိတ်ဓတ် ကျဆင်းလာသည်က တကြောင်း၊ အထောက်အပံ့ အကူအညီများကလည်း နည်းပါသထက် နည်းပါး လာသည်က တကြောင်း၊ အရပ်ရပ်သော အခြေအနေတို့ကလည်း အဆိုးဘက်နှင့် အရှုံးဘက်ကချည်း များနေသည်က တကြောင်း ဤသို့သော အကြောင်းများကြောင့် အတိုက်အခိုက် ရပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ဝန်းသို စော်ဘွားကြီးသည် အင်္ဂလိပ် လက်အောက်သို့ကား မဝင်။ ဖခင်ရှိရာ တရုတ်ပြည်သို့ ထွက်ခွာတော့မည်ဟု အကြောင်းပြန်ရာ မြတောင်မြို့စားက ဘေးရန် ကင်းရှင်းသော တရုတ်ပြည် ထွက်လမ်းကို အလံစိမ်း လွှတ်ပြသဖြင့် ထိုလမ်းအတိုင်း ၁၂၅၃ ခုနှစ်တွင် ထွက်ခဲ့သည်။

မိုညှင်းမှ ဘီးလင်းမြို့၊ ယင်းမှ ဟိုပင်နန့်ဆော်လော်၊ ထိုမှ စန်းတာမြို့သို့ ဝင်သည်။ စန်းတာမြို့မှ စန်းတာ စော်ဘွားက ကောင်းစွာကြို၍ နေရာထိုင်ခင်းများ ချပေးသည်။ စန်းတာမြို့၌ပင် ၁၂၇၈ ခုနှစ်တွင် ဖခင် မိုးကောင်း စော်ဘွားကြီး ဦးရွှေသာ ကွယ်လွန်ရာ၊ ဦးအောင်မြတ် ကိုယ်တိုင် ဖခင် အလောင်းကို ထမ်း၍ မြို့ဦးဈေး နေရာ၌ သဂြုင်္ိဟ်ခဲ့သည်။ ယူနန်နယ် စန်းတာမြို့၌ ရှိနေစဉ်လည်း အင်္ဂလိပ် အစိုးရက စော်ဘွားကြီး၏ သတင်းများကို အမြဲ သိရှိလိုသည် ဟူသော အမိန့်ကြောင့် မန်းတာ၊ မိုင်းလ စသော မြို့များမှ လာသော ခရီးသည်များထံတွင် စုံစမ်းပြီးလျှင် မြတောင် မြို့စားက အမြဲ အစီရင်ခံစာ သွင်းနေရသည်။ ယူနန်နယ်တွင် နေထိုင်စဉ် စော်ဘွားကြီးသည် စပါးပေး ပေးခြင်း၊ တတ်ကျွမ်းထားသော မြန်မာ့ ဆေးပညာဖြင့် ဆေးဝါး ကုသပေးခြင်းတို့ဖြင့် ဖြစ်သလို အသက်မွေးဝမ်းကျောင်း ရှာဖွေ စားသောက် နေထိုင်ခဲ့သည်။

စော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ် လက်အောက်တွင် အညံခံ၍ ဝင်လျှင် သူများနည်းတူ ရာထူးရာခံ အပြည့်အဝနှင့် ထိပ်တန်းမှ သက်သောင့်သက်သာ နေရမည် ဖြစ်ပါလျက် သူ့ကျွန် မခံလိုသော စိတ်ဓာတ်ကြောင့် စည်းစိမ် ချမ်းသာများကို စွန့်လွှတ်လျက် နေထိုင်ခဲ့သော မြန်မာမျိုးချစ် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ စော်ဘွားကြီး စ၀်အောင်မြတ်သည် ယူနန်နယ် စန်းတာမြို့၌ ၁၃ နှစ်၊ မိုင်းလမြို့၌ ၁၉ နှစ်၊ စုစုပေါင်း ၃၂ နှစ်တိုင်တိုင် သူ့ကျွန် မခံလိုသော စိတ်ဖြင့် တရုတ်ပြည် မြို့များတွင် နေထိုင်ခဲ့သည်။ မြန်မာပြည် ဘုရင်ခံက စော်ဘွားကြီး စ၀်အောင်မြတ်အား ဦးရီတော် ညောင်ရွှေ စော်ဘွားကြီး ဆာစ၀်မောင် မှတဆင့် မြန်မာပြည်သို့ ပြန်ပြောင်းလာသော အခါ စိတ်မငြိုငြင်စေရပါ၊ အထောက်အပံ့ ပေးပါမည်ဟု ပြောကြားလာသည်။ ဦးရီးတော် ညောင်ရွှေ စော်ဘွားကြီး ဆာစ၀်မောင်Â စ၀်အောင်မြတ်၏ ကြင်ရာတော် မဟာဒေဝီ စပ်ရွှေကြည်၏ ဦးရီးတော် ညောင်ရွှေ စော်ဘွားကြီး ဆာစောမောင်လည်း အသက်ရွယ်ကြီးပြီ ဖြစ်သဖြင့်ကိုယ်ရပ် ကိုယ်ဒေသသို့ ပြန်နေပါရန် အတန်တန် တောင်းပန် ပြောဆိုလာသည်။ အမျိုးမျိုးအဖုံဖုံအဘက်ဘက်မှ စဉ်းစားပြီးမှ စော်ဘွားကြီးဦးအောင်မြတ်သည် (ခရစ်နှစ် ၁၉၂၃) ၁၂၈၅ ခုနှစ်၊တပေါင်းလဆန်း ၉ ရက် နေ့ တွင်မြန်မာနိုင်ငံသို့ ပြောင်းရွေ့ လာခဲ့သည်။ ယင်းနှစ် နှောင်းတန်ခူးလဆန်း ၈ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိ၍ ဟောကုန်းရှိ သထုံဟော်တွင် နေထိုင်ခဲ့သည်။

သထုံဟော်၌ပင် ကြင်ရာတော် မဟာဒေဝီ စပ်ရွှေကြည်သည် အသက် ၇၁ နှစ် အရွယ်၌ ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။ တောင်ကြီးမြို့သို့ ပြန်ရောက်သော အခါ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်ကို အင်္ဂလိပ် အစိုးရတို့က တလလျှင် ထောက်ပံ့ငွေ ၁ဝဝိ ပေးခဲ့သည်။ ထိုစဉ်က ငွေ ၁ဝဝိ သည် ယခုငွေနှင့် ခေတ်ကာလ အလျောက် နှိုင်းစာလျှင် ၁ဝဝဝိ မျှပင် ကျော်မည် ထင်သည်။

စော်ဘွားကြီးသည် ထိုထောက်ပံ့ငွေကို နည်းသည် များသည်လည်း မပြော။ အချိန်တန်၍ လာရောက် ထုတ်ပေးလျှင် သားသမီးများ လက်သို့ လွှဲအပ် ပေးခဲ့သည်။ စော်ဘွားကြီး အတွက်မူ ဦးရီးတော် ညောင်ရွှေစော်ဘွားကြီး ဆာစောမောင် ထောက်ပံ့နေသော ငွေဖြင့်သာ ရောင့်ရဲစွာ သုံးစွဲနေခဲ့သည်။ ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်သည် ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ် ပြန်ရောက်၍ သုံးနှစ်အကြာ ကွယ်လွန် သွားရှာသည်။

ယနေ့ သျှမ်းလူငယ်အမျိုးသားတို့ ၀န်သိုစော်ဘွားကြီး စ၀်အောင်မြတ်၏ မျိုးချစ်စိတ်ဓါတ်အား အတုယူ စံထားလောက်ပေသည်။ ၀န်းသိုစော်ဘွား ဦးအောင်မြတ်သည် အထက်မြန်ပြည် မြောက်ပိုင်းတွင် နေထိုင်ကြသော တိုင်းလုံ၊တိုင်းမောဝ်၊ခန္တီးသျှမ်း၊သျှမ်းနီ၊ ကဒူး၊ ကဏန်း၊ တိုင်းဆာတို့၏ ကောင်းဆောင်ကြီးလည်းဖြစ်တော့သည်။ ဦးအောင်မြတ်သည် မည်သူ့အားမျှ အပူမကပ်ဘဲ ရသမျှဖြင့် တင်းတိမ် ရောင်ရဲစွာ လောကုတ္တရာ ဘက်တွင်သာ အားထုတ် နေထိုင်ခဲ့သည်။ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ကလည်း ဆက်လက် ထောက်ပံ့ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်ဖြစ်၍ မြန်မာနိုင်ငံသို့ ဂျပန်များ ဝင်လာသော အခါ၌လည်း အင်္ဂလိပ် အစိုးရကဲ့သို့ပင် တလလျှင်ငွေ ၁ဝဝိ ထောက်ပံ့ခဲ့ရာ ဂျပန်တို့ ထွက်ပြေးသည့် အချိန်အထိ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသည့် နောက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောအခါ ခရစ် ၁၉၅ဝ ပြည့်နှစ်၊ အောက်တိုဘာလမှ စ၍ ဝန်းသို စော်ဘွားကြီးနှင့် သခင်ကိုယ်တော်မှိုင်းတို့အား မြန်မာအစိုးရက ကျေးဇူးဆပ်သည့် အနေဖြင့် တလလျှင် ထောက်ပံ့ကြေးငွေ ၅ဝဝိ ကျပ်စီ ပေးခဲ့သည်။ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၃၂၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်နေ့ (ခရစ် နှစ် ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်) နေ့တွင် တောင်ကြီးမြို့၌ အသက် ၁ဝ၃ နှစ်တွင် ကွယ်လွန် အနိစ္စရောက်သည်။ ယင်းနှစ် ပြာသိုလဆန်း ၉ ရက်နေ့တွင် စော်ဘွားကြီး၏ ရုပ်ကလာပ်ကို တောင်ကြီးမြို့ ရပ်တော်မူကုန်း မြောက်ဘက်ရှိ စီစဉ် ရွေးချယ် သတ်မှတ်ထားသော မြေနေရာသို့ ယူဆောင်ကာ ရှေးထုံးစဉ်လာ အတိုင်း ဂူသွင်း သဂြုင်္ိုဟ်ကြသည်။ အာဏာသိမ်း တော်လှန်ရေး စစ်ကောင်စီကလည်း စော်ဘွားကြီး၏ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည့် ဂုဏ်ကျေးဇူးကို ဆပ်သည့် အနေဖြင့် မသာစရိတ်ငွေ ၅,ဝဝဝိ ထောက်ပံ့ခဲ့သည်။ စော်ဘွားကြီး ဦးအောင်မြတ်တွင် ဦးခွန်ဆက် (ခေါ်) စောခွန်ဆက်၊ စောစံမြ၊ ခွန်လုံး၊ ခွန်ဖုံးနှင့် ခွန်ချို ဟူသော သား ၅ ယောက်နှင့် နန်းဆိုင်မယ်၊ စောဖြူ ဟူသော သမီး ၂ ယောက် ထွန်းကားခဲ့သည်။ - ¤ -

ဤသို့ဖြင့် ဗြိတိသျှတို့ ၀င်ရောက်ကျုးကျော်မှုတွင်လည်း သျှမ်းအမျိုးသားများသည် ရဲဝန့်ပြတ်သားစွာဆန့်ကျင် ခဲ့ကြသလို မြန်မာ့လွတ်ရေးအတွက်မှာ ပါဝင်ခဲ့ကြသည်

အထူးသဖြင့် မြန်မာ့သမိုင်းဝင် ရဲဘော်သုံးကျိပ်ထဲတွင်း သျှမ်းအမျိုးသား သုံးဦးပါဝင်လေသည် ဗိုလ်မိုးညို၊ ဗိုလ်စောအောင်၊ ဗိုလ်စောနောင် အထက်မြန်မာပြည်တွင် ထင်ရှားသော ပုဂိုလ်များအနက် ဗန်မော်နယ်ဘက်တွင် ဦးစိန်တိုး၊ ဗိုလ်လှကြိုင်ဖြစ်ပြီး၊ မိုးညှင်း၊ မိုးကောင်းနယ်တွင် သခင်ပြန့်၊ ဗိုလ်အောင်ခို၊ ဗိုလ်ထွန်းရင် တို့သည် မျက်မှောက်ကာလအထိ နိုင်ငံတော်၏ အကျိုးကို တယ်ပိုးခဲ့သော တိုင်းလျဲန်ခေါ်သျှမ်းနီ များဖြစ်၍ ၎င်းတို့သည် မော်ကွန်းဝင် ပုဂ္ဂိုလ်များ ပင်ဖြစ်ပါသည်။

အထူးသဖြင့် ဗိုလ်လှကြိုင်သည် ဗိုလ်ချုပ်အောင်းနှင့် အရင်းနီးဆုံး သူဖြစ်သည် အထက်မြန်ပြည် မြေလတ်သျှမ်း ဒေသများအား ကချင်ပြည်နယ်အဖြစ် သတ်မှတ်ရန်အခြေခံ ဥပဒေ ရေးဆွဲမည်ပြုရာတွင် ဗိုလ်လှကြိုင်သည် ထိုဒေသများသည် သျှမ်းနယ်များဖြစ်သည် ကချင်ပြည်နယ်အဖြစ် သတ်မှတ်ရန် မသင့်သော်ကြောင်းပြောဆိုရာ ဗိုလ်ချုပ်အောင်ဆန်းမှ တတိုင်းလုံးတပြည်လုံးအတွက် လုပ်နေတာ မင်းလူမျိုးတမျိုးထဲကို မကြည့်နဲ့ဟုပြောရာ ဗိုလ်လှကြိုင်သည် မည်သို့ပြန်လည်တုံ့ပြန်ခြင်း မရှိတော့၍ နေလိုက်ခြင်းသည် သျှမ်းနီအမျိုးသားတို့အတွက် ကြီးစွာသော ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရလေသည်။

ထုတ်နုတ်- ရွှေဥသြရဲ့ 'တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ' စာအုပ် နှင့်ကျေးဇူးရှင်- ခန္တီးဆရာတော်ဘုရားကြီး ရေး ၀န်းသို ရာဇ၀င်သစ်

၀န်းသို စော်ဘွားကြီး စဝ်အောင်မြတ်အကြောင်း အထွေထွေမှတ်စုများ - ၂

၁) အသက်ရှည်ရှည်၁၀၃နစ်နေသွားရ၁၉၆၅ခူနစ်မှကွယ်လွန်ဝန်သိုကောလင်းပင်လယ်ဘူးသားများဂုဏ်ယူစရာပါခင်ဗျားတို့နဲနယ်ချဲကိုတိုက်ခဲ့ကြလိမ်မယ်သမိုင်းမှန်ကိုနောက်လာနောက်သားတွေကိုပြောနိင်အောင်လေ့လာကြဦးဗျ  (Minn Yan Kha အမည်ဖြင့်။
၂)
ကျိုင်းခွင်တောင်ကမောင်းတင်ဖြုတ်ရန်သူတပ်လုံးပြုတ်
စော်ဘွားမြေကလေ
ကြိုဆိုပာတယ် (Shwe Lion အမည်ဖြင့်)
၃)
တို့ရှမ်းနီတွေရဲ့ရှေ့ဆောင်လမ်းပြခေါင်းဆောင် (ဉာဏ ဝံသ အမည်ဖြင့်)
၄)
ရှမ်းနီတွေကအဲလိုမျိုးတွေများဒယ် (Pu Awl Lay အမည်ဖြင့်)
၅)
လေးစားထိုက်တန်အဖိုးတန်တဲ့ငါတို့ရှမ်းလူမျိုးကိုအမြဲတမ်းလေးစားဂုဏ်ယူလျှက်ပါ (မြို့မြင် အမည်ဖြင့်)
၆)
သီပေါမင်း ပါတော်မူချိန် ပြန်လုမယ်ဆိုပြီး မဟာမုနိဘုရားထိ စော်ဘွားကြီး ရောက်သွားပါတယ်။ မင်းသားစောရန်ပိုင်နဲ့ ရှမ်းတိုင်းရင်းသားတွေ အင်္ဂလိပ်တပ်စွဲထားတဲ့ မန္တလေးနန်းတွင်းကို ဝင်စီးဖို့ အရှေ့ရီမ်းရိုးမကနေပြီး စီမံဖူးပါတယ်။ (Taw Yadanar အမည်ဖြင့်)
၇)
တိုက်ခြင်ရင် အင်္ဂလိပ်တွေကို တိုက်ဖို့ အချိန် အများကြီး ရခဲ့တာဘဲ ဘာကြောင့်မတိုက်လည်း

သျှမ်းစော်ဘွားတွေက မန်းလေးကို သိမ်းဖို့ စစ်ပြင်တာ အင်္ဂလိပ်က လက်ဦးသွားလို့
မင်းသား စော်ရန်ပိုင်က နန်းတွင်းသတ်ပွဲကို လက်တုန့်ပြန်ဖို့ စော်ဘွားတွေနဲ့ ပူးပေါင်းတယ်လို့ဘဲ ယူဆပါတယ် (Naw Kareng အမည်ဖြင့်)
၈)
ပါတော်မူခန်းကပညာသင်တဲ့ရှေ့တန်စစ်မျက်နှာပြင်မှာပြည်သူ
ရိက္ခာတွေလည်ပါသွားတာထည့်ရေးပေးပါ..ပြည်သူတွေလည်တတပ်တအားဦးစီးတွေရဲ့စေတနာတွေကိုအမှတ်ရနေမှာပါ ((Mahar Min အမည်ဖြင့်)

ရှမ်းပြည်မြင်ကွင်းစုံမှ စော်ဘွားကြီး အကြောင်းတင်သော ပုံတွင် မှတ်ချက်ပေးခဲ့သော အချက်များအနက် အရေးကြီးသော အချက်အလက်မာျးအား စုစည်းဖော်ပြထားခြင်းဖြစ်ပါတယ်ရှင့်။ နောင်တစ်ချိန် စော်ဘွားအကြောင်း ရေးသားပြုစုပါက အဆင်ပြေစေရန်နှင့် လေ့လာသိရှိလိုသူများ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်ပြီး အခုလို စုစည်းထားလိုက်ခြင်းပါ။ တစ်ယောက်ချင်းစီ၏ ခွင့်ပြုချက်ကိုတော့ ကျွန်မမတောင်းခဲ့ပါဘူးရှင့်။ ဒါပေမယ့် ရေးသားသူအမည် (အကောင့်)များကိုတော့ ဖော်ပြပေးထားပါတယ်ရှင့်။ အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေရှင်။

ဇင်မာဦး
၁၆.၇.၂၀၁၆

၀န်းသို စော်ဘွားကြီး စဝ်အာင်မြတ်အကြောင့် အထွေထွေမှတ်စုများ



သီပေါမင်း ပါတော်မူပြီးနောက်
နိုင်ငံအနှံအပြား၌ တိုင်းရင်းသား
ပြည်သူများသည် အင်္ဂလိပ်တို့ကို
တွန်းလှန်တိုက်ခိုက်ခဲ့ကြရာတွင်
အထင်ရှားဆုံးသောသူမှာ
ဝန်းသိုစော်ဘွားကြီး(ဝိန်းဆေ စဝ်ဖှ)
စဝ်အောင်မြတ်ဟု ဆိုလျှင် မမှားပါ။
စော်ဘွားကြီးမှာ ရှမ်းနီလူမျိုးဖြစ်၍ ဖခင်ဖြစ်သူမှာ
မိုးကောင်းမြို့ဝန် ဦးရွှေသား ဖြစ်ပါသည်။
လက်နက်အင်အားချင်း မမျှသဖြင့်
ရှုံးနိမ့်ခဲ့ရသော်လည်း အင်္ဂလိပ်တို့ထံ
လက်နက်မချ၊ သိမ်းသွင်းမှုမခံပဲ
ဆွေမျိုးများရှိရာ ယူနန်နယ်သို့
တိမ်းရှောင်သွားခဲ့ပါသည်။
နောက်ပိုင်းတွင် တောင်ကြီးမြို့၌
နေထိုင်ခွင့်ပြုခဲ့သော်လည်း
ရှမ်းနီဒေသသို့ ပြန်ခွင့်မရခဲ့ပါ။
တောင်ကြီးမြို့၌ပင် ကွယ်လွန်အနိစ္စ
ရောက်ခဲ့ပါသည်။

ဓါတ်ပုံ- မူရင်းပိုင်ရှင်အား ခရက်ဒစ်ပေးပါသည်။
Credit to maungmaung toeaung

by ~ Zaw Lin Win - ရှမ်းပြည်မြင်ကွင်းစုံ Facebook
Facebook မှ  မှတ်ချက်မာျးအား စုစည်းတင်ပြခြင်း
၁) ထူးခြားချက်ကတော့
စော်ဘွားကြီးဟာ
တော်လှန်ရေးခေတ်ဦး
ပါတော်မူခေတ်မှ
ခေတ်အဆက်ဆက်ဖြစ်သော
အင်္ဂလိပ်ခေတ်
ဂျပန်ခေတ်
ဖဆပလ ခေတ်
တော်လှန်ရေးကောင်စီခေတ်
ဦးနေဝင်း ခေတ်တိုင်အောင်
အသက်ရာကျော်နေခဲ့ရသော
ရှားပါး သူရဲကောင်း အာဇာနည်
ဖြစ်ပါတယ် (Htay Htay အကောင့်ပိုင်ရှင်မှ)
၂) ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်သည်
နယ်ချဲ့တော်လှန်ရေး ခေတ်ဦးကာလ၌
ဝန်းသိုမြို့မှ ပင်လည်ဘူးမြို့သို့ ပြောင်းရွှေ့ပြီး
ဟော်နန်းစိုက်ထူကာ ပငလည်ဘူးမြို့ကို
ခြေကုပ်ယူလျက် သုံးနှစ်ကြာ နယ်ချဲ့တော်လှန်ရေး
စစ်ပွဲကို ဆင်နွှဲခဲ့သည်။
မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင်
ပင်လည်ဘူးမြို့မှ ထွက်ခွာပြီး
သူ့ကျွန်မခံ ဒူးမထောက် လက်မမြှောက်ဘဲ
တရုတ်ပြည် ယူနန်နယ်သို့ခိုလှုံု သွားခဲ့ပါသည်။
နယ်ချဲ့တော်လှန်ရေးကာလတစ်လျှောက်လုံး
ပင်လည်ဘူးမြို့ကို အခြေစိုက်ကာ တော်လှန်ရေး
ဆင်နွှဲခဲ့သော စော်ဘွားကြီးဦးအောင်မြတ်အကြောင်း
ပင်လည်ဘူးသားများ သိရှိနားလည်ကာ
ဂုဏ်ယူကြစေချင်ပါသည်။ (Mg Han Tint အကောင့်ပိုင်ရှင်မှ)
၃) စော်ဘွားကြီးရဲ့အုတ်ဂူ တောင်ကြီးမြို့ ရပ်တော်မူဘုရားကြီးနှင့်အမက ၇ ကျောင်းကြားထဲမှာရှိတယ်
ငယ်ငယ်က ၄ တန်းဖြေတော့ ထ၂ ကနေ အမက ၇ မှာသွားဖြေရတုန်းကရောက်ဘူးတယ် အဲဒီအချိန်
တွေကိုအရမ်းသတိရတာဘဲကွာ တောင်ကြီးသားဟောင်း (Zaw Nanda အမည်ဖြင့်)
၄) ဦးနေဝင်း အာနာသိမ်းပီး ဝန်းသိုကိုပြန်ခွင့်တောင်းပေမဲ့ မရခဲ့ပါဘူး အသက် ၁၀၅နှစ် ၁၉၆၅မှာကွယ်လွန်ပါတယ် အမြောက်တွေဖေါက်ပီး ဂုဏ်ပြုခဲ့ကြပါတယ် (Maung Mg အမည်ဖြင့်)
၅) ခေါင်းပေါင်းအမြဲပေါင်းထားပြီး
သစ်တောရပ်ကွက်တွင် ဝန်းသိုအမျိုးများရှိသည်။
စော်ဘွားကြီးစကားနည်းသည် (Sao Naing အမည်ဖြင့်)
၆) တောင်ကြီးကမိတ်ဆွေများခင်ဗျားအာဇာ
နည်စော်ဘွားကြီးရဲ့ဂူဗိမာန်ကိုသေချာပြု
စုစောင့်ရှော်ပေးဘိုမေတ္တာရပ်ခံပါတယ်ခင်ဗျ (ပန်ထွာ ဧကရီ အမည်ဖြင့်)
၇) စော်ဘွားကြီးအကြောင်းပြည့်ပြည့်စုံစုံ သိချင်ရင် ဝန်းသိုမြို့ မှန်ကျောင်းကျောင်းတိုက်တွင် ဓာတ်ပုံနှင့်တကွလေ့လာနိုင်ပါတယ် မြေးမြစ်များလည်း တွေ့ဆုံပေးနိုင်ပါတယ် (KoKo Min Ko အမည်ဖြင့်)
၈) ငယ်‌ငယ်‌တုန်‌းက‌တော့ ရပ်‌‌တော်‌မူ
ဘုရား‌မြောက်‌‌ခြေရင်‌းနားမှာရှိတဲ့
‌စောဘွားအုတ်‌ဂူကိုမကြာခဏ‌ရောက်‌
ဖူးပါတယ်‌‌ကျောင်‌းသင်‌ခန်‌းစာအချိ့ု
မှာ‌ရော လူကြီးမိဖ‌ပြောစကား‌တွေအရ‌ရော
သင်‌ကြားသိမြင်‌ ခဲ့ရပါတယ်‌
အဲ သည်‌တုန်‌းက‌တော့သီးသီးသန်‌့သန်‌့‌
‌ပေါ့ ခု‌တော့အိမ်‌ကြိုအိမ်‌ကြားမှာ ၊
သူ့ ‌ကျေးဇူးကျ‌နော်‌တို့ မှာရှိတယ်‌‌နော်‌
ဘယ်‌လို‌ပေးဆပ်‌ကြမလဲ ။ (Myo Naing အမည်ဖြင့်)
၉) အမေ့ခံ ရှမ်းလူမျိုးတို့ရဲ့ခေါင်းဆောင် စဝ်အောင်မြတ်(ဝန်သိုစော်ဘွား) (Sai Sai Zaw အမည်ဖြင့်)
၁၀) ၁၅၅နှစ်ရှိပါပြီ (Saosandar Kyi အမည်ဖြင့်)
၁၁) စဝ်ဖလုံ အသက် ၁၀၅နှစ်မှာ ကန်တော့ခွင့်ကြုံခဲ့ပါတယ် (Annie Hpa အမည်ဖြင့်)
၁၂) နေဝင်းကဝန်းသိုပြန်ခွင့်မပြုတာ
ဘာသဘောလည်း
နေဝင်းကသူတော်ကောင်းနဲ့
မတည့်တဲ့ရောဂါရှိတယ် (Win Sint အမည်ဖြင့်)
၁၃)             

ကျိုင်းခွင်ရွာ - ၀န်းသို



ဓါတ်ပုံ/စာသား ကျော်ဝင်း ( ဝန်းသို )
၁၂. ၇. ၂၀၁၆
ဤနေရာ ဤရွာသည်
ဝန်သိုစော်ဘွားကြီးဦးအောင်မြတ်
သူ့ကျွန်အဖြစ်နွံနစ်မခံလိုသော
ဇာတိသွေးဇာတိမန်ဖြင့်
ရဲရဲဝံဝံတိုက်ပွဲဝင်ခဲ့သည့်
သမိုင်းဝင် ကျိုင်းခွင်ကျေးရွာဖြစ်ပါသည်။

 
 











ဝန်းသိုဘက်က ၀ါဆိုပန်း ၀ါဆိုသင်္ကန်း ကပ်ပွဲ


#‎

ဝန်းသိုဘက်က‬
‪#‎ဝါဆိုပန်း‬ ဝါဆိုသင်္ကန်း ကပ်ပွဲ
ဝါဆိုပန်း သင်္ကန်းကပ်တာတေ မြင်ရတော့ ကျွန်မတို့ဘက်က ဝါဆိုပန်း ဝါဆိုသင်္ကန်းကပ်ရတာလေးတေကို အမှတ်ရမိပါတယ်
ကျွန်မတို့ဘက်မှာ သင်္ကန်းအပြင် ပန်းတွေ ကျမ်း တရားတော် စာအုပ်တွေကိုလည်း ကပ်ကြပါတယ်
ဒိအပြင် ကျွန်မတို့ဆီမှာ ဝါဆိုပန်းဆိုပီးသပ်သပ ပန်းအမျိုးရှိပါတယ် ဟိုးကျွန်မငယ်လေးတုန်းကဆိုရင် ဝါဆိုပန်းကပ်မယ့်နေ့ဆိုရင် တနေ့လုံးအလုပ်တေ မလုပ်တော့ပဲ မနက်စောစောကို ဝါဆိုပန်းတေ သွားကောက်ကြပါတယ် ပြန်လာရင် သပြေပန်း မြေစာပန်း နဲ့ တခြားကိုယ်ထည့်ချင်တဲ့ ပန်းတေကို လိုက်ကောက်ပြီးစုထားပါတယ် ပြီးရင်တော့ ငှက်ပျောဖက်လေးတေကို လိပ်ပီး အချွန်းကန်တော့လေးတေပုံစံ လိပ်ပြီး ခုဏက ဝါဆိုပန်းအပါအဝင် အခြားပန်းမျိုးစုံကို ပေါင်းပြီး ကနါတော့ထိုးရပါတယ် ဒါဆိုရင်တော့ ဝါဆိုပန်းလိပ်တေ အများကြီးရပါပြီ ပြီးရင်တော့ ညနေအထိ လတ်ဆပ်နေအောင် ရေလေးထည့်ထားတဲ့ အင်အသေးလေးထဲထည့်စိမ်ထားလိုက်ပါတယ်
ဒီကြားထဲ ဘာလုပ်သလဲဆိုတော့ ရက်ကြိုပီးတော့ဖြစ်ဖြစ် ဝါဆိုသင်္ကန်း နဲ့ ဝါဆိုစာအုပ်တေကို ဘုန်းကြီးကျောင်း ဘုန်းဘုန်းဆီမှာ သွားယူထားပါတယ် (ကျွန်မငယ်ငယ်ကဆို သင်္ဂဇာဆရာတော်ကြီး ဗန်းမော်ဆရာတော်ကြီး မန်လည်ဆရာတော်ကြီးတို့ရဲ့ ဆုံးမ သြဝါဒ ကျမ်းစာအုပ်တေ ဆုံးမတဲ့ ပုံပြင်ဇာတ်လမ်းတေ ဖတ်ချင်လို့ ရက်ကြိုငှားလေ့ရှိပါ့တယ် --- ဆရာတေိာ်ကြီးမျာူရဲ့ ပုံပြင်တေနဲ့ ဆုံးမတာတေ ဖတ်ရတော့ ပုံပြင်တေလည်း ဖတ်ရတော့ တော်တော်ကို သဘောကျနှစ်သက် ခဲ့ရပါတယ်)
ညနေ ၅ နာရီ ၆ နာရီလောက်ဆိုရင်တော့ ခဏက ဝါဆိုပန်းကန်တော့တေကို တစ်အိမ်တစ်မျိုး အလိပ်တေ အများကြီးယူလာကြပါတယ် ဒါတေကို ဘုန်းကြီးကျောင်းထဲမှာ ဘုရားရှင်ကို ကပ်လှူပူဇော်ကြပါတယ်
ပြီးရင်တော့ ဆရာတော်ဘုန်းဘုန်းထံမှာသီလယူ ဘုန်းဘုန်းကလည်း ဝါဆိုပန်းသင်္ကန်း စာအုပ်လှူဒါန်းရခြင်းအကျိုးနဲ့ ဖြစ်ပေါ်လာပုံကို တရားဒေသနာဟောပြပါတယ်
ပြီးရင်တော့ ရေစက်ချ အမျှဝေ သာဓုခေါ် ကြေးစည်တီးပြီး ခုဏက ဝါဆိုပန်းတေကို တရားနာ ပရိပ်သတ် တေကို ဝေငှလိုက်ပါတယ်
ကျွန်မတို့က သူများလုပ်ထားတဲ့ ကန့်တော့တေကိုရသလို ကျွန်မတို့လုပ်ထားတဲ့ ကန်တော့တေကိုလည်း အခြားတစ်ယောက်ယောက်က ရရှိပါတယ် ဆိုတော့ ပျော်တာပေါ့
ပြီးရင်တော့ အဲ့ဒီကန်တော့ကို အိမ်ရဲ့ အဝင် တံခါးဝအပေါ်မှာ တရိုတသေ ညှပ်ထားကြပါတယ် ဒါကိုတော့ သူ့ဘာသာ မပြုတ်ကျမချင်း ဒိအတိုင်းပဲ ချိတ်ထားကြလေ့ရှိပါတယ်
ကျွန်မတို့ဘက်က ဝါဆိုလ ဝါဆိုပန်း သင်္ကန်း စာအုပ်ကပ်တဲ့ ပွဲလေးကလည်း ချစ်စရာကောင်းလို့ ရေးသားလိုက်တာပါ
လိုအပ်ချက်များရှိပါက ကျွန်မနယ်က မိတ်ဆွေများ ဖြည့်ပေးကြပါနော် :)
(ပုံက တော့ ၀န်းသို အမက (ပတိန်ကုန်း) ဆရာမ ဆရာ ကျောင်းသူ/သားများမှ ကောင်းကွေ့ကျောင်းဆရာတော်အား ၀ါဆိုသင်္ကန်းများ သွားရောက်ဆက်ကပ်လှူဒါန်းကြတဲ့ ပုံလေးပါ။ ပုံလေး ယူသုံးလိုက်တဲ့ အတွက် ဒီမှာပဲ ယူသုံးခွင့် တောင်းပါရစေ။ :) )