ပင်မစာမျက်နှာ
Pages
စိတ်ဝင်စားဖွယ် စာမျက်နှာများ
Friday, November 4, 2016
ဝန်းသိုဘက်က ကျောင်းတက်ပွဲ
ကလေးတို့လည်း ကျောင်းတက်ပွဲသွား
ဆွမ်းဟင်း ဆွမ်းထမင်း (ပထမ ဘုန်းကြီးကျောင်းမှာကပ်)
အဘိုးတေလည်း သွားတယ်
ဒုတိယမြောက်ဘုန်းကြီးကျောင်းက ဧည့်ခံကျွေးမွေးတဲ့ တာဝန်ပါယူ
အခုလို စတင်းကျွတ်ရောက်ပီဆိုရင် ကျောင်းတက်တယ်ဆိုတာ ဒေသရဲ့ဓလေ့ရိုးရာတစ်ခုပါ
တခြားရွာတေ ရပ်ကွက်တေက ဘုန်းကြီးကျောင်းတေအကုန်ကို သွားရတယ် ဆွမ်းကပ်ရတယ် သီလယူရတယ်
် ဒေသခံရွာသူရွာသားတေက ဧည့်သည်တေကို ဧည့်ခံကျွေးမွေးရတယ် မုန့်တေ အမျိုးစုံလုပ်ကြတယ် တစ်အိမ်ဝငိ တစ်အိမ်ထွက် မုန့်စားဝင်ရတယ်
ချစ်စရာ ဓလေ့လေးတေပါနော့
သီတင်းကျွတ်ရောက်တိုင်းနှစ်စဉ်ကျနော်တို့ ဆင်နွဲကြတဲ့နယ်ကျောင်းတက်(အုပ်စုတွင်းမှသံဃာတော်တွေကိုကန်တော့တဲ့ပွဲ)လေးပါ။။သည်ဓလေ့လေးကရိုးရှင်းလှပါတယ် အုပ်စုတွင်းကစေတနာရှင်နယ်သူနယ်သားတွေကမိမိတတ်နိုင်သော ဆွမ်း လှူဖွယ်ပစ္စည်း ဝတ္ထုငွေလေးတွေနဲ့ သတ်မှတ်ပေးထားတဲ့ရက်တွေမှာအုပ်စုတွင်းကသံဃာတော်တွေကိုတရက်၂ကျောင်းနှုန်းနဲ့ အလှည့်စဉ်အတိုင်းစုပေါင်းပြီးညီဘီညွတ်ညွတ်လိုက်လံကန်တော့ကြတာပါ လက်ခံရတဲ့ကျေးရွာမှရွာသူရွာသားတွေက ကန်တော့လာသောစေတနာရှင်ပရိသတ်တွေကို ထမင်းကျွေးပြီးမုံ့ လ္ဘက်သုပ် ထန်းညစ်ခဲစတာတွေနဲ့ စေတနာအလျောက့် ပြန်လည်ဧည့်ခံကြတာပါ။ ။ကျနော်တို့ ဆေးခင်းခုံအုပ်စုဆိုတာစစ်ကိုင်းတိုင်းအထက်ပိုင်းထဲကဝန်းသိုမြို့ နယ်ထဲမှာတည်ရှိတာပါ ။နယ်ကျောင်းတက်ပွဲလေးဟာဘယ်အချိန်ကတည်းကစတင်ခဲ့တာမသိနိုင်ပေမယ့်အသက်၈၀ ကျော်အဖိုးအဖွားတွေရဲ့ ပြောစကားအရနှစ်ပေါင်း ၁၀၀ ကျော်လောက်ပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တရွာဝင်တရွာထွက်နဲ့ မို့ နယ်သူနယ်သားတွေပင်ပမ်းဆင်းရဲတာကတကြောင်း ။လက်ခံရတဲ့ကျေးရွာကကျွေးမွေးဧည့်ခံရတာငွေကုန်ကြေးကျများတာကတကြောင်း ။(ဆက်စပ်အုပ်စုမှသည်ဓလေ့ကိုဖျက်လိုက်တာကတကြောင့်း )နယ်ကျောင်းတက်ဓလေ့ကိုဖျက်သိမ်းဖို့ ဆွေးနွေးပေမယ့် ၁။ကလေးငယ်တွေအပျော်လိုက်ရာမှကတော့ချိုးနဲ့ ငါးပါးသီလခံယူဖူးတယ် ၂။လူငယ်တွေကမိတ်ဆွေသစ်တိုးပြီးသံဃာတော်တွေရဲ့ ဆုံးမစကားတွေနဲ့ ရင်းနီးလာတယ် ၃။လူကြီးတွေကမိတ်ဆွေဟောင်းတွေနဲ့ တွေ့ ဆုံရပြီးဘာသာသာသနာအရေးဆွေးနွေးကြရတယ် ၄။အုပ်စုအုပ်ချု ပ်ရေးအဖွဲ့ တွေကမိမိအုပ်စုတွင်းမြေပြင်တိုးတက်မှုဆုတ်ယုတ်မှုတွေကိုလေ့လာဖြစ်တယ် ၅။အုပ်စုသားအချင်းချင်းတွေ့ ဆုံပြီးလူမှုရေး စီးပွါးရေး ဘာသာရေး သာသနာရေးတွေဆွေးနွေးဖြစ်ကြတယ် ၆။သံဃာတော်တွေကိုကိုယ်တိုင်ကိုယ်ကျသွားရောက်ကန်တော့ခွင့်ရတယ် ၇။လူငယ်တွေကိုဘာသာသာသနာတွက်လက်ဆင့်ကမ်းသင်ပြပေးရာရောက်တယ်။ ဆိုပြီးတအုပ်စုလုံးမှဖျက်သိမ်းဖို့ လက်မခံပဲ သီတင်းကျွတ်လဆန်း(၈)ရက်နေ့ မှာအထက်စကားနီနဲ့ သဖန်းဆိပ်ကျေးရွာ (၉)ရက်နေ့ မှာဆေးခင်းခုံနဲ့ ပိန္နဲကုန်းကျေးရွာ (၁၀)ရက်နေ့ မှာတောင်စကားနီနဲ့ မကျည်းကုန်းကျေးရွာ (၁၁)ရက်နေ့ မှာပန်းညိုနဲ့ ညောင်အင်းကျေးရွာရယ်လို့ မူပိုင်နေ့ သတ်မှတ်ပြီးစုပေါင်းကန်တော့ခဲ့ကြတာပါ။။။ယနေ့ ၁၃၇၈ခုသီတင်းကျွတ်လဆန်း (၈)ရက်နေ့ မှာတော့သဖန်းဆိပ်နဲ့ အထက်စကားနီရွာဦးကျောင်းသံဃာတော်တွေကိုဆေးခင်းခုံအုပ်စုတွင်းစေတနာရှင်တွေကသွားရောက်ကန်တော့ခဲ့တဲ့ပုံရိပ်တွေကိုတင်ပေးလိုက်ပါတယ်ခင်ဗျ ။။ကျောင်းတက်သွားရာလမ်းတလျှောက်ကဆေးခင်းခုံအုပ်စုရဲ့ တောတောင်စိမ့်စမ်းနဲ့ ရိုးရှင်းတဲ့နယ်ကျောင်းတက်ပွဲကျေးလက်ဓလေ့လေးကိုလေ့လာကြည့်ရအောင်Friတို့ ။။
AungTun Naing added 27 new photos. မှ
ကတူးလူမျိုး ============
ဒီစာထဲမှာလည်း #ဝန်းသိုမော်နိုင်းရှမ်းရွာလို့ပါသလို
ကျမမှတ်သားဖူးတဲ့စာအုပ်တေ စာပေတွေထဲမှာလည်း မော်နိုင်း မော်ခါးစတဲ့ ရှမ်းရွာတေနဲ့ ကတူးတေမတည့်ကြပုံ တချို့ရွာတေဆို ကဒူးရွာဖြစ်လိုက် ရှမ်းရွာဖြစ်လိုက်ဖြစ်ကြပုံတေ ဖတ်ရဖူးပါတယ်
ဒါပေမယ့် အခုကတော့ ဝန်းသိုဆိုတဲ့မြို့နာမည်အပါအဝင် ရွာနာမည်တေအဆုံး ရှမ်းနာမည်တေကျန်ပေမယ့် ရှမ်းလူမျိုးဆိုတဲ့ မှတ်ပုံတင်ကတော့ မရှိသလောက်ရှားနေပါပီ
စာထဲက ကဘာက ကျမတို့ရှေက ကမ်ဘ္ဘ္ဘ္ဘာကိုပြောတာဆိုရင် ဝန်းသိုနယ်ထဲပါ တယ်ထင်ပါတယ်
ပင်လည်ဘူးအစပ်ဖြစ်ပီး ဟိုးတုန်းကဆို ဒုတိယကမ္ဘ်ဘာစစ်ဖြစ်လို့ ဝန်းသိုဒေသတေကို ပြေးခဲ့ကြတယ်ဆိုပါတယ်
#ဆေးခင်းခုံမှာ ပိုများမယ်ထင်ပါတယ် :D
ကတူးလူမျိုး
============
လေ့လာသူတစ်ဦး
============
ကတူး(ကဒူး)လူမျိုးများသည် မြန်မာနိုင်ငံသို့ အစောဆုံးဝင်ရောက်လာကြသည့် တိဗက်မြန်မာအနွယ်ဝင်များဖြစ်သည်။ ကတူး(ကဒူး)ကို အသက်(သို့မဟုတ်) သက်ဟူ၍ ခေါ်ဝေါ်ကြသည်။ ကန်တူတို့၏ တောင်ဘက်အကျဆုံးလူမျိုးများကိုသာမြန်မာတို့က သက်လူမျိုးများဟုခေါ်ကြသည်။ အေဒီ(၉)ရာစုမတိုင်မီကပင် သက်လူမျိုးတို့မြန်မာနိုင်ငံအလယ်ပိုင်း၌ ပျံ့နှံ့နေပြီးဖြစ်သည်။ ပုဂံ၏အရှေ့တောင်ဘက်ရှစ်မိုင်အကွာ သက်စိုးတောင်သည် သက်လူမျိုးတို့ ထိုစဉ်ကမှည့်ခေါ်ခဲ့သောအမည်ဖြစ်သည်။ ရာဇကုမာရ်ကျောက်စာတွင် တစ်ရွာလုံးဘုရားအားလှူလိုက်သော 'သက်မုနလောန်ရွာ'ကား သက်ရွာတစ်ရွာပင်ဖြစ်သည်။
သက်လူမျိုးတို့နေထိုင်ရာ တကောင်း၊ ဟူးကောင်း၊ မဏိပူရစသောဒေသများ သည် တရုတ်၊အိန္ဒိယ၊ရောမ ကုန်သွယ် လမ်းမကြီးအနီးတွင်တည်ရှိသဖြင့် အိန္ဒိယ ၌ထွန်းကားခဲ့သော ဗုဒ္ဓဘာသာကို မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ပြီးနောက် နှစ်(၁ဝဝ)ခန့်ကပင် ထိုဒေသသို့ရောက်ရှိ လာသဖြင့် သက်လူမျိုးတို့သည် ဗုဒ္ဒဘာ သာကို အရိုးစွဲအောင်ယုံကြည်သက်ဝင် သောအယူဝါဒဟုဆိုနိုင်သည်။တကောင်း ဒေသနှင့်နီးသည့် ရွှေဘိုတစ်ခရိုင်လုံး သည် သက်လူမျိုးတို့နေထိုင်ခဲ့သည်ဟု ယူဆရသည်။ အဘယ့်ကြောင့်ဆိုသော် ဒီပဲယင်း၊ မြေတူး၊ တန့်ဆည်၊ ရေဦး၊ မုဆိုးခြုံ၊ကျွန်းလှ၊ဝက်လက်စသည့်ဒေသ များတွင် တူးဖော်တွေ့ရှိရသည့် အရိုးအိုး များ၌ သက်၊ပျူ၊ချင်းတို့၏ရိုးရာဓလေ့ အသုံးအဆောင်နှင့် အရိုးပြာများက သက်သေခံလျက်ရှိသည်။ ယခင်က ထို ဒေသများတွင် ကတူး၊ ပျူ၊ချင်းလူမျိုး များ ပျံ့နှံ့ရောနှောနေထိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ (၁၉၉၈ ခုနှစ် စာပေဗိမာန် စာမူဆုရမောင်ကျော်ရှင်းရေး 'ကတူးက နန်းအလှ')
ကတူးလူမျိုးများ၏အဓိကစီးပွားရေး မှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ရေ၊ မြေ၊ ရာသီဥတု၊ မြေပြန့်၊ တောင်ပေါ်နှင့် မြေတွင်းမြေသြဇာပါဝင်မှု အနေအထား ကိုကြည့်၍ စပါး၊ ပဲအမျိုးမျိုး၊ဟင်းသီး ဟင်းရွက်အမျိုးမျိုးကို စိုက်ပျိုးကြသည်။ တစ်ပိုင်တစ်နိုင်မွေးမြူခြင်း၊ တောင်း၊ ခြင်း၊ ဆန်ကော၊ ဆန်ခါစသည့် အသုံး အဆောင်များရက်လုပ်ခြင်း၊ ရိုးရာအဝတ် အထည်နှင့်ဂျပ်ခုတ်ရက်လုပ်ခြင်းတို့ကို လည်း လုပ်ကိုင်နေထိုင်ကြသည်။တကောင်းမြို့ကို တရုတ်တို့တိုက်ခိုက် သိမ်းပိုက်ဖျက်ဆီးသည့်အခါ ကတူးလူ မျိုးများမှာ ဧရာဝတီမြစ်ရိုးဆန်တက်၍ လည်းကောင်း၊ ရွှေဘိုခရိုင်တစ်ခုလုံးသို့ လည်းကောင်း၊ မဟာမြိုင်တောသို့လည်း ကောင်း၊မိုင်းသုံတောင်အနီးဝန်းကျင်သို့ လည်းကောင်း ပျံ့နှံ့နေထိုင်ခဲ့ကြသည်။ မိုင်းသုံတောင် အနောက်ဘက်ရှိ မော် ဆယ်ရွာ ကတူးလူမျိုးများသော ကတူး စကားကို အစဉ်အဆက်မှ ယနေ့တိုင်ပြော ဆိုကြဆဲဖြစ်သည်။ ကျန်ဒေသများသို့ ရောက်ရှိသွားသော ကတူးများမှာ ယခု အခါဝေါဟာရအနည်းငယ်မှလွဲ၍ စကား မပြောကြတော့သည်မှာ ဝမ်းနည်းစရာ ပင်ဖြစ်သည်။တကောင်းမြို့ပျက်၍ထွက်ပြေးတိမ်း ရှောင်လာကြသောကတူးများ ပင်လည် ဘူးမြို့နယ်တွင် မော်တိတ်၊ မော်ခါး၊ မော်လင်း၊ မော်ခွင်၊ မော်ဟိုင်း၊စည်းနန်း၊ ကဘာ၊ နန်းမားနှင့်ဗန်းမောက်မြို့နယ်တို့ တွင် မံအင်၊ ကနန်းဟူသော ကျေးရွာများ ထူထောင်ကာ နေထိုင်ခဲ့ကြသည်။ မြန်မာ ဘုရင်များလက်ထက်က မော်တိတ်၊ မော် ခါး၊မော်လင်းနှင့်မော်ခွင်ကို သူကြီးတစ်ဦး၊ မော်ဟိုင်း၊ကဘာ၊စည်းနန်း၊နန်းမားကို သူကြီးတစ်ဦးနှင့် မံအင်၊ကနန်းကို သူကြီး တစ်ဦးအုပ်ချုပ်စေသဖြင့် သုံးခေါင်းအုပ် မော်ဆယ်ရွာဟု ခေါ်တွင်ခဲ့ကြောင်း မှတ် တမ်းများအရသိရသည်။
ဖော်ပြပါ မော်ဆယ်ရွာမှ ဆားခွန် တော်ကို မြန်မာဘုရင်အဆက်ဆက်မှ ဘုရင့်နောင်မင်းတရားကြီးလက်ထက်ထိ ဆက်သရကြောင်း၊ဟံသာဝတီနေပြည်တော် သို့ဆားခွန်ဆက်သရသည်မှာ တာဝန်ကြီး လေးသဖြင့် ရွှေခွန်တော်သို့ ပြောင်းလဲ သတ်မှတ်ပြီး သုံးခေါင်းအုပ်သူကြီးများ ကိုလည်း ရွှေမှူးများအဖြစ်ခန့်အပ်တာဝန် ပေးအပ်ခဲ့သည်။
ပင်လည်ဘူးမြို့နယ်အတွင်းရှိ မော် ခွင်၊မော်ဟိုင်း၊ စည်းနန်း၊ ကဘာနှင့် နန်း မားကတူးရွာများသည် ဝန်းသိုမော်နိုင်း ရှမ်းများနှင့်အနေနီးသဖြင့် ရှမ်းတို့၏ဦး ဆောင်မှုအောက်သို့ တဖြည်းဖြည်းရောက် ရှိသွားခဲ့သည်။ အထက်ပါရွာများသည် ယခုအခါကတူးစကားပင်မပြောနိုင်တော့ ပါ။ မခံမရပ်နိုင်သော ကတူးများသည် ဗန်းမောက်မြို့နယ် နောင်ကန်၊ ဝါပင်းခန်၊ နောင်ကွက်၊ မံနား၊ ဝေသုခီ၊သရက်ကုန်း ဒေသများသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။မော်တိတ်၊ မော်လင်း၊ မော်ခါးတို့မှာ ယခုချိန်ထိတည်ရှိနေပါသေးသည်။ မော် တိတ်သည် လူဦးရေများပြားလာသဖြင့် ဒုတိယမော်တိတ်ကို ဗန်းမောက်မြို့နယ် တွင်လည်းကောင်း၊ တတိယမော်တိတ် ကို အင်းတော်မြို့နယ်တွင်လည်းကောင်း ပြောင်းရွှေ့တိုးချဲ့နေထိုင်ခဲ့ကြသည်။ပင်လည်ဘူးမြို့နယ်ရှိ ပထမမော် တိတ်ရွာသည်တောင်မော်ရွာ၊မြောက်မော် ရွာအဖြစ်လည်းကောင်း၊ရွှေဟံသာ၊ ကော် တာ၊မော်လင်း၊ ပါအော့၊ မော်ကြီး၊ မံပင်၊ အောင်ချမ်းသာ (လယ်ဦး+သာယာကုန်း)၊ ကန်ပေါက်တာ၊ တောင်ခြေရင်း၊ ခဲတွင်း ကျေးရွာများအဖြစ် တိုးချဲ့ထူထောင်၍ က တူးဘာသာစကားကို ယနေ့အထိ ပြော ဆိုသည့်ရွာ ၁၂ ရွာရှိသည်။ဒုတိယမော်တိတ်သို့ ပြောင်းရွှေ့နေ ထိုင်ကြသော ကတူးများသည်ဗန်းမောက် မြို့နယ်တွင် စက်တော၊ သခွတ်တော၊ တောင်ကုန်း၊ ခိုနန်း၊ အရှေ့ကုန်း၊ မန် ကျည်းကုန်း၊ ပေတာ၊ ပါသက်၊ ကန်ရွာ၊ ဝေသုခီ၊ သရက်ကုန်း၊ မံနား၊ နောင်ကန်၊ နောင်ကွတ်ကျေးရွာများအဖြစ် တည် ထောင်နေထိုင်ကြသည်။တစ်ဖန် လူဦးရေတိုးပွားလာသဖြင့် တတိယမော်တိတ်ဒေသသို့ ပြောင်းရွှေ့ နေထိုင်လာခဲ့ရာအင်းတော်မြို့နယ်အတွင်း ရှိ မော်တိတ်၊ မြသီတာ၊ တုံစည်၊ သီလ၊ တုံးပု၊သာပေါ၊ကျွန်းတော၊သာယာကုန်း၊ မံဖာ၊ ဝါးဖြူတောင်၊ နန့်သာ၊ အင်ပင်၊ အောင်းကုန်း၊ ဆိပ်သာ၊ ကျွဲကောလေး စသည့်ကျေးရွာများအဖြစ်နေထိုင်ကြ ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ကတူးလူမျိုးများသည် အေးချမ်းစွာ စားသောက်နေထိုင်လိုသည့် လူမျိုးများ ဖြစ်သည်နှင့်အညီ တည်ငြိမ်အေးချမ်းမှု ကိုနှောင့်ယှက်သည့် ရန်သူများကိုလည်း မြန်မာဘုရင်များဘက်မှ ပါဝင်တိုက်ခိုက် တွန်းလှန်ခဲ့ကြောင်း မှတ်တမ်းများအရသိ ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာနိုင်ငံ ကိုသိမ်းပိုက်အုပ်ချုပ်သည့်အခါသူ့ကျွန်မခံ လို၍ဝန်းသိုစော်ဘွား ဦးဆောင်မှုအောက် တွင် အတူတကွ ပူးပေါင်းပါဝင်တိုက် ခိုက်ခဲ့ကြသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိသည့် အချိန်က သောင်းကျန်းသူဗကပများကို တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် တိုက်ခိုက်မောင်းထုတ်ခဲ့ကြသည်။ ၁၉၈ဝ ပြည့်နှစ်တစ်ဝိုက် ပင်လည်ဘူးမြို့နယ်သို့ ဗကပလက်ကျန် ဗိုလ်ကျော်မိုးအဖွဲ့တစ် ကျော့ပြန်ကျူးကျော်လာစဉ်ကလည်း ကတူးလူမျိုးများသည် ပြည်သူ့စစ်မဟာ ဗျူဟာအသွင်ဖော်ဆောင်၍ မြန်မာ့တပ်မ တော်နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြ သဖြင့် ယနေ့အချိန်အထိ အေးချမ်းနယ် မြေအဖြစ် တည်ရှိနေခြင်းဖြစ်သည်။တစ်ချိန်က ရှေးမြန်မာများဖြစ်ကြပြီး အထက်မြန်မာနိုင်ငံအနှံ့ နေထိုင်ခဲ့ကြသည့် သက်လူမျိုးအနွယ်ဝင် ကတူးလူမျိုးများ ၏ ဘာသာစကား၊ရိုးရာယဉ်ကျေးမှု ထုံး တမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့် ရှောက်ရန် လိုအပ်လျက်ရှိသည်။ အေး ချမ်းတည်ငြိမ်စွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်လိုသောဆန္ဒရှိသည့် ကတူး လူမျိုးများသည် နိုင်ငံတော်အစိုးရ၏ ဦး ဆောင်လမ်းညွှန်မှုကိုခံယူလျက်အမိမြန်မာ နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေး၊ တည် တံ့ခိုင်မြဲရေး၊ ဘာသာ၊ သာသနာ၊ ရိုးရာ ဓလေ့များနှင့်လူမျိုးမပျောက်ပျက်ရန်အတူ တကွပူးပေါင်းကာကွယ်စောင့်ရှောက်သွား ကြမည့် လူမျိုးများဖြစ်ကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်။
http://uniondaily.net/News/DetailView.aspx…
ဇလုံတောင် သို့မဟုတ် လွယ်စန့်လုံ
စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့ကိုရောက်ရင်သွာသင့်တဲ့နေရာလေတွေပါသဘာဝအလှပများနဲဘုရားဖူးသွားရင်းတစ်ခါတဲ့နဲနေရာစုံရောက်နိုင်ပါတယ်သွားဖြစ်အောင်သွားကြပါ မရောက်ဖူးသူတွေအတွက်
photo စိမ်းရောင်စို
activities ကသာ
Credit - Tuntun Marga (Facebook Account မှ) https://web.facebook.com/profile.php?id=100004849397932&fref=hovercard
ဝန်းသိုမြို့နယ်အတွင်းရှိ ရှေးဟောင်းစော်ဘွားကြီး ကန်ကို ပြန်လည်ဆယ်ယူကာ ပြုပြင်ထိန်းသိမ်းထားရှိ
ဝန်းသိုမြို့နယ်အတွင်းရှိ ရှေးဟောင်းစော်ဘွားကြီး ကန်ကို ပြန်လည်ဆယ်ယူကာ ပြုပြင်ထိန်း သိမ်းထားရှိ
====================================
  ဝန်းသို အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်အတွင်းရှိ ရှေး
ဟောင်းရေကန်တစ်ကန်ဖြစ်သော စော်ဘွားကြီးကန်
ကို ယခင်ကပြုပြင်ထိန်းသိမ်းမှုမရှိခြင်းတို့ကြောင့် ချုံ
နွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းကာ လူသူအရောက်နည်း
ခဲ့ကြောင်း ယခုအခါစော်ဘွားကြီးကန်ကို ပြန်လည်
ဆယ်ယူထိန်းသိမ်းကာ မြို့နယ်စည်ပင်သာယာဌာန
မှ ခရေ၊ပိတောက်၊စိန်ပန်း စသည့်အရိပ်ရပင်များ
စိုက်ပျိုးခြင်း အမှိုက်ပစ်ကန်များပြုလူပ်ခြင်းနှင့် ကွန်
ကရစ်ထိုင်ခုံများထားရှိခြင်းကြောင်း လာရောက်လည်
ပတ် အပန်းဖြေသူ အများအပြားရှိကြောင်းသိရသည်။
အဆိုပါ စော်ဘွားကန်သည် အကျယ်အဝန်းအားဖြင့်
၂ ဒသမ ၉၇ ဧကရှိပြီး မြို့သစ်ရပ်ကွက် သုံးရပ်ကွက်
ကို သန့်ရှင်းသော သောက်သုံးရေ ရှိရေးနှင့် အနီးဝန်း
ကျင်ရှိ လယ်ယာမြေများကို ရေပေးသွင်းနိုင်ရေး ရေ
အရင်းအမြစ် အတွက်များစွာ အထောက်အကူပြုသော
ရေကန်တစ်ကန်ဖြစ်သည်။
ယခုအခါ မြို့သစ်သုံးရပ်ကွက်၌ နှစ်စဉ်ရာသီဥတု
အခြေအနေနှင့် သောက်သုံးရေရှားပါးလာမှုအခြေ
အနေတို့ကြောင့် စော်ဘွားကန် မတိမ်ကောရေး
အတွက် ပြန်လည်ဆယ်ယူခြင်း ကန်ပေါင်မြင့်တင်ခြင်း
ကန်မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းငန်းများ
ကို တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ယခင်နှစ်က
ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စော်ဘွားကြီးကန်ကို မောရိယ မဟာဝံသ သိရိသုဓမ္မ
ရာဇာ စော်ဘွားကြီးဦးအောင်မြတ်၏ ခမည်းတော်
စော်ဘွားကြီးဦးရွှေသား လက်ထက်၌ ဆည်မြောင်းမှ
ရေမရနိုင်သော ဒေသများတွင် ရေကန်ကြီးတူးဖော်ခဲ့
ရာ၌ ၁၂၃၉ခုနှစ်က ဝန်းသိုမြို့အရှေ့ဘက် ယခုစော်
ဘွားကြီးကန်ကို မြို့လူထုအင်အားဖြင့် သုံးနှစ်တူးဖော်
ခဲ့ပြီး ကန်ပေါင်ကို တောင့်တင်းခိုင်မာစေရန် ဆင်၁၀
ကောင်ဖြင့် နှင်းသိပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြ
ချက်အရသိရသည်။
စိုင်းလူမင်း ( ၁၅၈ )
ရတနာပုံသတင်းစာ
အတွဲ ( ၂၅ )၊အမှတ် ( ၁၈၃ )
30 - 10 - 2016
ပြန်လည်မျှဝေပါသည်
ကျော်ဝင်း ( ဝန်းသို )
ဘာမထီတဲ့ဝန်းသိုဇာနည် 🐅🐅🐅🐅🐅🐅🐅🐅🐅
စော်ဘွားကြီးစ၀်အောင်မြတ်သည် ၀န်းသိုမြို့တွင် အုပ်ချုပ်ခဲ့သည့် အချိန်ကိုမှီလိုက်သူများ ပြောပြချက်အရ စ၀်အောင်မြတ်ဟာ တခါတရံသျှမ်းဘောင်ဘီဝတ်လေ့ ရှိပြီး ဟော်နန်းတွင် ပုဆိုးတောင်ရှည်၊ ရင်ဖုံးအင်္ကျီနှင့် ခေါ င်းပေါင်းအမြဲပေါင်း၍ နေတတ်ပြီး။ လူတဖက်သားအား ငါစော်ဘွားဘဲဟု မာန်မာနမထားဘဲ သာယာခေငံစွာပြောတတ်တယ်။ လူပျိုတို့ဘာသာ ဘာဝ ချော်မောလှပသော မိန်းမပျိုများရှိရာအရပ်သို့ လည်ပတ်သွားလာတတ်သော်လည်း ရမ်းရမ်းကားကား မတရားပြုမှု ကျင့်ဆောင်သူမဟုတ်သဖြင့် စ၀်အောင်မြတ်အား မြို့သူမြို့သား နယ်သူနယ်သား အားလုံးက ချစ်ကြောက်ရိုသေ ကြပါတယ်လို့ ဆိုပါသည်။
ဝန်းသိုစော်ဘွား စ၀်အောင်မြတ်ဟာ .. သီပေါမင်း နန်းတက်တော်မှုပြီးနောက် နန်းစံနှစ် သုံးနှစ်မြောက်အချိန်ဖြစ်ပြီး ၁၂၄၃ ခုနှစ် တန်ခူးလပြည့်ကျော် ၃ ရက်နေ့တွေင် သီပေါမင်းအပ်နှင်းတော်မှုသော " မဟာဝံသသီရိဇယသိုဟုံဘွား " ဟူသောဘွဲ့တော်နှင့် စော်ဘွားအရိုက်အရာကိုလက်ခံရာ စ၀်အောင်မြတ် သက်တော်မှာ ၂၀ နှင့် ၃ လစွန်းသာရှိသေးပြီး မဟာဒေ၀ီလည်း သေးသလို လူပျိုဘ၀မှာပင် စော်ဘွားအရိုက်ရာ အဖြစ်ဆက်ခံခဲ့ရသည်။
၁၂၄၄ ခုမှာတော့ ၀န်သိုစော်ဘွား စ၀်အောင်မြတ်ဟာ စကားစော်ဘွားကြီးရဲ့ သမီးတော် မှန်နန်းအပျိုတော်တဦးဖြစ်တဲ့ စ၀်ရွှေကြည်နှင့် လက်ထပ်ထိမ်းမြားပြီး မဟာဒေ၀ီ အဖြစ်တင်မြောက်ခဲ့ပါသည်။
စ၀်အောင်မြတ်နဲ့ စ၀်ရွှေကြည်တို့ဟာ သက်တူရွယ်တူများဖြစ်တယ်လို့လည်း ဆိုကြပါတယ်..
စ၀်အောင်မြတ် စော်ဘွားကြီး အရိုက်အရာ ရရှိပြီး နှစ်နှစ်မြှောက် ၁၂၄၅ ခုနှစ် အရောက်မှာတော့ မိုးညှင်းနယ်တ၀ိုက်မှာ ဗိုလ်ဝ ဆိုသူဟာ လူသူလက်နက်များစုဆောင်းပြီး သောင်းကျန်းနေရာ လူများစွာမှာ ကောင်းမွန်စွာရောင်းဝယ်ဖောက်ကားမှု မပြုနိုင်ဘဲ မသွားဝံ့မလာဝံ့ အထိတ်တလန့်ရှိနေကြလေသည်။ အချို့သော ကျေးရွာများတွင် ဗိုလ်ဝကို မင်းလောင်းလူစွမ်းကောင်းဟု ချီးကျူးလျက် လက်ရုံးမီးတောက်တယ်ဟု ဆိုကာ ကြောက်ရွံ့နေခဲ့ကြသည်။ ဗိုလ်ဝမှာ အရပ်မြင့်၍ စကားပြောသောအခါ အသံကိုမြှင့်၍ ပြောတတ်သည် မေးတွင်မှဲ့ရှိသည်၊ စကားပြောလျှင်ဝဲပြီး ယင်းတို့အဖွဲ့သည် မိုးညှင်းမြို့နဲ့ လေးမိုင်ခန့် ဝေးကွာသော တောင်ကမ်းပါးယံတွင် သဘာဝအလျာက် ဖြစ်ပေါ်နေသော ကျောက်ဂှုလိုဏ်ခေါင်း တစ်ခုမှာနေထိုင်ကြောင်း သတင်းရထားပြီး ဖြစ်လေသည်။
ဗိုလ်ဝ နေထိုင်ရာစခန်းကို သိရှိပြီးဖြစ်တဲ့ စ၀်အောင်မြတ်ဟာ တနေ့သောညမှာ နောက်လိုက်မပါပဲ မြင်းတစ်စီး ဓါးတစင်းနဲ့ သေနတ်တိုတလက်ကို ခါးထိုးပြီး တစ်ယောက်ထဲ ထွက်လာပါတော့တယ်… ခဲယဉ်းပင်ပန်းစွာနဲ့ပဲ ဗိုလ်ဝနေထိုင်ရာ ဂူမလန်းမကန်းမှာ စီးလာတဲ့မြင်းကိုချိတ်ထားခဲ့ပြီး စခန်းကိုချဉ်းကပ်ပါတယ်.. စခန်းအရောက်မှာတော့ ဗိုလ်ဝမရှိခိုက်ဖြစ်၍ တပြည့်ကျော်တဦးနဲ့ ဂူဝမှာ ပက်ပင်းတိုးပါတော့တယ်..။ ဒီအချိန်မှာ ဗိုလ်ဝရဲ့ တည့်ကျော်က စ၀်အောင်မြတ်အား ခုခံရန် ဓါးကိုမြှောက်လိုက်စဉ်မှာပဲ လျင်မြန်လှတဲ့ စော်ဘွားရဲ့ ဓါးချက်က ဗိုလ်ဝတပည့် ရင်ညွန့်တို့ တန်းတန်းမှတ်မှတ်ဆိုသလို စူးဝင်ရောက်ခဲ့ပြီး အစောင့်ကင်းသမားဟာ မြေပေါ်သို့အလျားမှောက် ငြိမ်သက်စွာလည်းလျှောင်း အိပ်စက်အနားယူ နေသွားလေတော့သည်။
စ၀်အောင်မြတ်ဟာ လိုဏ်ဂူအတွင်းမှာ သေခြာစွာလေ့နေစဉ် ခဏအကြာဗိုလ်ဝတို့ လူစုသည် ဂူအတွင်းသို့ ၀င်လာပြီးနောက် သူတို့ထားခဲ့သော အစောင့်ကို မတွေ့ရသောအခါ အပေါ့ပါးသွားနေသည်ဟူသော အထင်နှင့်ပင် မရှာတော့ဘဲ အိပ်ရန်ပြင်ဆင်ကြသည်။ ထိုအခါ စ၀်အောင်မြတ်က မှောင်ရိပ်မှ ရုတ်တရက်ထွက်၍ " ဟိတ်.. မလုပ်နဲ့ ငြိမ်ငြိမ်နေ အညံ့ခံပါ " ဟု… ပြန်လည် မခုခံရန်သတိပေးသော်လည်း.. ဗိုလ်ဝတို့ ဆရာတပည့်က လက်နက်တစုံတရာမရှိဘဲ ငေးကြည့်နေရာမှ အကင်းပါးပြီးလျက်မြန်ဖျတ်လတ်တဲ့ ဗိုလ်ဝက ရုတ်တရက်ဆိုသလို ကိုယ်ကိုလဲလိုက်ပြီးလျှင် မိမိရဲ့ အိပ်ရာကုတင်ဘေးတွင် ထောင်ထားသော လှံကိုဆွဲလေသည် ထိုအချိန် စော်ဘွားစ၀်အောင်မြတ်ရဲ့ သေနတ်မှကျည်ဆံဟာ ဗိုလ်ဝနောက်စေ့မှဝင်ပြီး နဖူးသို့ ဖောက်ထွက် သွားလေတော့သည်။ တပည့်နှစ်ယောက်မှာလည်း မှင်သက်မိနေသူများပမာ ငေးမောလျက်ရှိရာ ထူသူနှစ်ဦးကိုမှု စ၀်အောင်မြတ်က - " ဟေ့ကောင်တွေ မလှုပ်နဲ့ ဇက်ပြုတ်သွားမယ် " ဟု သတိပေးလိုကမှ အနည်းငယ် အသက်ဝင် လှုပ်ရှားလာပြီး အသက်ချမ်းသာပေးရန်း တောင်းပန်ကြပါတယ်.. စ၀်အောင်မြတ်က အသက်ချမ်းသာပေးပြီး ဗိုလ်ဝလုယူသိမ်းဆီးထားသော ရွှေငွေပစ္စည်းများကို ထမ်းပိုးခိုင်းလျက်ခေါ်ဆောင်ခဲ့လေသည်။
ယခုကဲ့သို ၀န်သိုစော်ဘွားစ၀်အောင်မြတ် ကိုယ်တော်တိုင် တကိုယ်တည်းထွက်၍ ဖမ်းဆီးသုတ်သင်ပစ်လိုက်သည်ဟူသော သတင်းကို ကြားရသောအခါတွင် ဖြစ်နိုင်ခြေမရှိ မယုံကြည်ဟု ရှိနေကြသောကြောင့် ဗိုလ်ဝရဲ့ ဦးခေါင်းကို ဖြတ်ယူပြီးလျှင် ၇ ရက်တိုင်အောင် တိုင်ဖျား၌တင်၍ မယုံမရှိစေရန် ပြသရလေတော့သည်။ ဗိုလ်ဝကိုသုတ်သင်နိုင်သော ၀န်းသိုစော်ဘွားစ၀်အောင်မြတ်ရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုသောအားဖြင့် ရှိရင်းစွဲဖြစ်သော " မဟာဝံသသီရိဇယသိုဟုံဘွား " ဟူသောဘွဲ့မှ " မောရိယ မဟာဝံသ သီရိသုဓမ္မရာဇာ သိုဟုံဘွား " ဟူသောဘွဲ့ဖြင့် ထပ်မံချီးမြင့်ကာ စော်ဘွားကြီးမြို့စားကြီးအဖြစ် ခန့်အပ်တော်မှုခဲ့သည်။
စော်ဘွားကြီးသည် သူခိုး၊ ဓါးပြ ဆိုးတေမိုက်မဲ့ နေသူများကို မိလျှင်လည်း ပထမအကြိမ် ဆုံးမသွန်သင်၍ အပြစ်မပေးဘဲလွတ်လိုက်သည်။ ဒုတိယအကြိမ် ဆိုးတေမိုက်မဲနေသည်ကို တွေ့ပြန်လျှင် ကြိမ်ဒဏ်ပေး၍ ပြောဆိုဆုံးမပြန်လွတ်သည်။ ထိုသို့ ဆုံးမ၍ပင် မလိမ္မာသေးဘဲ မိုက်မဲ၍ နေလျှင်မှုကား တတိယအကြိမ် ဖမ်းမိခဲ့သော သူများအား.. ကွပ်မျက်လိုက်လေ့ရှိသည်။ ၀န်းသိုစော်ဘွားစ၀်အောင်မြတ်ဟာ အကျဉ်းထောင် အချုပ်ထားရှိပြီး သူခိုး၊ဓါးပြ၊လူဆိုးများကို ထောင်ဒဏ်အပြစ်ပေးခဲ့ပြီး မြို့ရွာအေးချမ်းသာယာရေးအတွက် ဆောင်ရွက်ခဲ့သည်။
ဝန်းသိုမြို့သို့ ရောက်ဘူးသူများ ၀န်းသိုမြို့နှင့် ခမ်လှမ်းလှမ်းတွင် နတ်ပေကုန်းနှင့် ပေါက်ကျော်ကုန်းဟု အမည်တွင်နေသော တောင်ကမှုကလေးနှစ်လုံးကို မြင်ကြရပေလိမ့်မည်။ ထိုတောင်ကမှုကလေးများပေါ်တွင် ယိမ်းယိုင်အိုမင်းနေသော နတ်ကွန်းလေးနှစ်ခုကို တွေ့မြင်ကြရပေလိမ့်မယ်ဖြစ်ပါတယ်…။ ထိုနတ်ကွန်းလေး နှစ်ခုမှာလည်း စော်ဘွား စ၀်အောင်မြတ် ၀န်းသိုမြို့ကို အုပ်ချုပ်စဉ်အခါက သုံးကြိမ်းတိုင်တိုင် ဆုံးမ၍မရခဲ့သော လူဆိုးနှစ်ဦးအား ကွပ်မျက်ခဲ့သောနေရာလေးလည်းဖြစ်ပါတယ်..
ငနတ်ပေးဆိုသူနဲ့ ငပေါက်ကျော်ဆိုသူနှစ်ဦးမှာလည်း လုယက်တိုက်ခိုက်နေသဖြင့် ပထမအကြိမ် ဖမ်းမိသောအခါ နူတ်ဖြင့်ဆုံးမပြီး ပြန်လွတ်လိုက်ပါတယ်၊ ထိုသူနှစ်ဟာ ဒုတိယအကြိမ်မြောက် ဖမ်းမိပြန်တဲ့အခါ ကြိမ်ဒဏ်ပေးတယ် နောက်ထပ် ထပ်မလုပ်ကြဖို့လည်း ဂတိခံပြီးပြန်လွတ်ခဲ့ရမှာတော့ တတိယအကြိမ်မြောက် မိုက်မဲမှုကြောင့် ဖမ်းမိလာပြီး ငနတ်ပေးနဲ့ ငပေါက်ကျော်တို့ဟာ အထက်ပါ တောင်ကမှုကလေးနှစ်ခုမှာပဲ ကားစင်တင်ပြီး လှံနဲ့ ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်… အနီးအနားမှာရှိကြတဲ့ ရွာသားတွေက ငနတ်ပေးနဲ့ ငပေါက်ကျော်တို့ဟာ ရာဇာဝတ်ဒဏ်ခံရတဲ့အတွက် အစိမ်းသရဲဖြစ်တယ်လို့ ယူဆကြပြီး အခုလိုနတ်ကွန်းငယ်လေးနှစ်ခု ဆောက်လုပ်ထားသာကို ယနေ့တိုင် တွေ့မြင်ကြရပါသည်။
စ၀်အောင်မြတ်ငယ်စဉ်အခါက မိတ်ဆွေများအိမ်သို့ အလည်သွားတဲ့အခါ ဦးရွှေဘုံဆိုသူနဲ့ ဆွေ့ဆုံပြီး စကားဝိုင်းဖွဲ့ရင်းပြောဆိုကြတဲ့အခါ ဦးရွှေဘုံက မင်းလားကွ စော်ဘွားဖြစ်မှာဟု ရင့်သီးစွာစော်ကား၍ ပြောဆိုခဲ့ဘူးသည်ဟုဆိုတယ်.. ထိုစကားကို စ၀်အောင်မြတ်ဟာ အမြဲ မှတ်ယူထားခဲ့ပြီး အမှန်တကယ် စော်ဘွားအဖြစ် ရောက်တဲ့အခါမှာတော့ ဦးရွှေဘုံထံသွားပြီး "ကဲ .. ကျနော်တော့ စော်ဘွားဖြစ်ပြီ မြင်ပြီမဟုတ်လား… ကျနော်ကို ဘာဆုများချီးမြင့်မလဲ"… ဟု အမတ်ကြီး ဦးရွှေဘုံအားမေးရာ …
ဦးရွှေဘုံက " မင်းစော်ဘွားဖြစ်မှတော့ သတ်ပစ်နိုင်တာဘဲ " ဟုပြန်ပြောရာ စော်မော်ဆိုသောအရပ်၌ သတ်ပစ်ခဲ့တယ်လို့ ဆိုကြပါတယ်...
စော်ဘွားကြီးစ၀်အောင်မြတ်ဟာ ရပ်ရွာအေးချမ်းသာယာဖို့အတွက်သူခိုး၊ ဓါးပြ ဆိုးတေမိုက်မဲ့ သူများကို ကြိမ်ဒဏ်၊ ထောင်ဒဏ် သေဒဏ်များ ပေးထိုက်သူကို သေဒဏ်များ ချမှတ်ကျင့်သုံးခဲ့သလို့ သာယာဝပြော စည်ပင်ဖို့အတွက် တောင်သူလယ်သမားများအတွက် ယနေ့တိုင်အားလျက်ရှိတဲ့ ၀န်းသိုမြို့ ၃ မိုင်ကွာအရပ်မှာ ဖိုခနောက်ဆိုင်တည်ရှိသော တောင်ငယ်သုံးလုံးကို ပိတ်ဆီးကာရံပြီးနောက် ရေကန်ကြီးပြုလုပ်လေသည်။
ကန်ကြီးမျှရေများးကို လယ်များသို့ဝေပေးရာတွင် ကိုယ်တိုင်ဆင်စီး၍ တရားမျှတအောင် ကြည့်ရှုစစ်ဆေးခဲ့ပေသည်။ ထိုကန်ကြီး၏ ကျေးဇူးကြောင့်ပင်လျှင် ကောလင်း၊ ၀န်းသိုတ၀ိုက် လယ်များမှာ နှစ်တိုင်းနှင့်မတူအောင် အသီးအနှံ ဖွံ့ဖြိုးလာခဲ့လေသည်။ လယ်သမားများကလည်း ထိုရေကန်ကြီးကို မိမိတို့၏ အသက်သခင်ကျေးဇူးရှင်သဖွယ်ဖြစ်သောကြောင့် ထိုရေကန်ကြီးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရင်း ယနေ့တိုင်အသုံးပြုလျှက်ရှိကြသည်။
Credit#
ဆောင်းပါးရှင် ကျားပေါက်ရဲ့
ကတီပါဖိနပ်စီး ရွှေထီးည်းဆောင်းခဲ့ဖူးသည် အပိုင်း(၃)
shannilay.com မှကူးယူဖေါ်ပြသည်
Monday, September 19, 2016
ကလေး၊တမူးအပါအဝင် ခရိုင် ရှစ်ခုပေါင်း၍ ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန်တောင်းဆို
ကလေး၊ တမူးအပါအဝင် ခရိုင်ရှစ်ခုပေါင်း၍ တိုင်းလိုင်(ရှမ်းနီ) ပြည်နယ်သတ်မှတ်ပေးရန် စက်တင်ဘာ ၂ ရက်နေ့တွင်ကျင်းပသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တတိယနေ့တွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကတောင်းဆိုခဲ့သည်။
“သမိုင်း အစဉ်အဆက်က ဓားမဦးချ နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးများသည် မိမိကြမ္မာ မိမိ ဖန်တီးရန်အတွက် ၁၉၇၂ ခုနှစ်တွင် မြေလတ် ရှမ်းပြည်နယ် (ခေါ်) ရှမ်းနီ ပြည်နယ် ရရှိရန် တောင်းဆိုခဲ့ပါကြောင်း၊ ယခုလည်း ရှမ်းနီလူမျိုးများ နေထိုင်ရာ ဒေသများဖြစ် သည့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ခရိုင်များကို စုပေါင်းပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် တင်ပြလိုပါတယ်။ မိမိတို့ ရှမ်းနီပါတီ အနေ ဖြင့် ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်နိုင်ငံလုံး အနေဖြင့် တန်းတူ ညီတူ ရရှိခံစား စေလိုပါကြောင်း၊ ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြ သည့် နိုင်ငံ များကို လေ့လာ သည့်အခါတွင် နိုင်ငံသားများ၊ လူမျိုးစုများကို ဥပဒေဖြင့် အကာအကွယ် ပေးထားသည့် အပြင် ပြည်နယ် ရသင့်ရထိုက်သော လူမျိုးစုများ အတွက် ပြည်နယ်သစ်များမူဘောင် ထည့်သွင်း ပြဋ္ဌာန်းထားကြသည်ကို တွေ့ရှိရပါတယ်။ ထို့ကြောင့် တိုင်းလိုင်ပါတီအနေဖြင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင် ငံ တော်ကြီးကို တည်ဆောက်ရာတွင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲခြင်း၊ ပြည်နယ်သစ်များ မူဘောင်ကို ထည့်သွင်း ရေးဆွဲပြဋ္ဌာန်းခြင်းနှင့် လူမျိုး(၁၃၅)မျိုးကို ပြန်လည်သုံးသပ်ပြီး မိမိတို့ရှမ်းနီလူမျိုးအမည်ကို နိုင်ငံတော်က တရားဝင်သတ်မှတ်ပေးရန် တောင်းဆို တိုက်တွန်းပါတယ်” ဟုတိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ စိုင်းဌေးအောင် ကပြောသည်။
တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးဇော်ဦးက ငြိမ်းချမ်းရေးလုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်ရာတွင် လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးအာမခံချက်များနှင့် ကြိုတင်သတ်မှတ်ချက်များကိုအလွန်အကျွံတောင်းဆိုနေခြင်း၊ တရားမဝင်ရယူထားသည့်အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ စီးပွားရေးအခွင့်အလမ်းများကိုတရားဝင်အသိအမှတ်ပြုရန်တောင်းဆိုနေခြင်းများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အဓိကနှောင့်နှေးကြန့်ကြာမှုတစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ လမ်းဖွင့်ပေးထားသည့် နိုင်ငံရေးလမ်းကြောင်းနှင့် ပြည်သူလူထုကရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်းမှန်ကန်စွာလျှောက်လှမ်းသွားရမည်ဖြစ်ပါကြောင်းဆွေးနွေးသည်
Credit - http://chinworld.info/?p=320
မုံရွာမြို့ မှာသတင်းသုးံနေတဲ့ဆရာ တော်မှစော်ဘွားဟော်နန်းဆောက် လုပ်မည့်နေရာ
မုံရွာမြို့ မှာသတင်းသုးံနေတဲ့ဆရာ
တော်မှစော်ဘွားဟော်နန်းဆောက
လုပ်မည့်နေရာသည်စော်ဘွားကန်
နီးရှိတောင်ကုန်းများကိုသဘောကြ
ကြောင်းမေမြို့ ရုက္ခဗေဒဥယျာဉ်လိုလုပ်
ချင်ကြောင်းလွှတ်တော်ကိုယ်စားလှယ်
နှင့်ဖုန်းဆက်ပြီးဆွေးနွေးခဲ့တာကိုကြား
သိခဲ့ရပါတယ်ကျနော်တို့၏ဆန္ဒများမှာ
လည်းဝန်းသိုစော်ဘွားဦးအောင်မြတ်
၏အမှတ်တရနေရာများထားရှိမှာကို
ကြိုက်နှစ်သက်မိပါကြောင်းပြောလိုပါသည်
ဝန်းသို စက်တင်ဘာ ၃ ဝန်းသိုနှင့်ဂျိုးတောင်ကြားကားလမ်း ယာယီကွင်းလမ်းအား တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်ဝင်း
ဝန်းသို စက်တင်ဘာ ၃
ဝန်းသိုနှင့်ဂျိုးတောင်ကြားကားလမ်း
ယာယီကွင်းလမ်းအား
တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်ဝင်း
ယနေ့စက်တင်ဘာ၃၊ရက်ညနေ၅နာရီခန့်က
ကြည့်ရှု့နေစဉ်။
ဝန်းသိုစော်ဘွား ဦးအောင်မြတ် ၁၅၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲနှင့် ၀န်းသိုမြို့တည် ၁၀၇၅ နှစ်ပြည့် အခမ်းအနား ကျင်းပမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရှမ်းအဖွဲ့အစည်းများ တက်ရောက်နိုင်ရန် စီစဉ်သွားမည်
 Credit - Kyaw Win (Facebook)
ဝန်းသိုစော်ဘွား ဦးအောင်မြတ် ၁၅၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲနှင့် ၀န်းသိုမြို့တည် ၁၀၇၅ နှစ်ပြည့် အခမ်းအနား ကျင်းပမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရှမ်းအဖွဲ့အစည်းများ တက်ရောက်နိုင်ရန် စီစဉ်သွားမည်
စက်တင်ဘာ ၁၁
ဝန်းသိုစော်ဘွား ဦးအောင်မြတ်၏ ၁၅၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲနှင့် ၀န်းသိုမြို့တည် ၁၀၇၅ နှစ်ပြည့် အခမ်းအနားကို ၀န်းသိုမြို့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး နာယက ဆရာတော် တစ်ပါးဖြစ်သည့် ဆရာတော် ဦးသူရိယက ရှမ်းနီအသံဂျာနယ်သို့ ပြောကြားသည်။
“ ပွဲကတော့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ လောက် ကျင်းပဖို့ အကြမ်းဖျင်း ရာထားတယ်။ သုံးရက်လောက် ကျင်းပပြီးတော့ ရံပုံငွေပေါ်မူတည်ပြီးတော့မှ တစ်နိုင်ငံလုံးက ရှမ်းအဖွဲ့အစည်းတွေ တက်ရောက်နိုင်အောင်လည်း စီစဉ်သွား မယ်။ ရံပုံငွေ ရရှိအောင်လည်း တရားပွဲတွေ ကျင်းပပြီးတော့လည်း ရှာသွားမယ်။ ရှမ်းနီအဖွဲ့အစည်းတွေကလည်း ကူညီမယ်လို့ ပြောထားတာရှိတယ်။ ရံပုံငွေ ထည့်ဝင်ချင်တဲ့လူတွေရှိရင်လညး ဖိတ်ခေါ်ပါတယ်။ ” ဟု ဆရာတော်က မိန့်ကြားသည်။
ပွဲတော်ဖြစ်မြောက်ရေးအတွက် ဒုတိယအကြိမ် ပွဲဖြစ်မြောက်ရေးကော်မတီအစည်းအဝေးကို စက်တင်ဘာလ ၂၀ ရက်နေတွင်ကျင်းပသွားမည်ဖြစ်ပြီး ကော်မတီအဖွဲ့ကို ၀န်းသိုမြို့နယ်ရှိ ဆရာတော်ကြီးများ ၊ စာရေးဆရာများ ၊ မြို့မိမြို့ဖ ၅၀ ဦးခန့်ဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းထားကြောင်းလည်းသိရသည်။
“ ၀န်းသိုစော်ဘွားကြီးရဲ့ဟော်နန်းကိုလည်း ၂၀၁၇ ခုနှစ်အတွင်း အပြီးဆောက်သွားမယ်။ သစ်ပင်တွေ ဥယျာဉ်တွေပါ ထည့်သွင်းတည်ဆောက်သွားမယ်။” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ဝန်းသိုမြို့အား သက္ကရာဇ် ၃၀၃ ခုနှစ်တွင် သင်တိုင်းတောင် နှင့် ဒေါင်းရူး(မြူး) ချောင်းအနီးတွင် စတင်တည်ထောင်ခဲ့ကြောင်းလည်း သိရသည်။
ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် ၁၈၈၅ ခုနှစ်တွင် မန္တလေး ရတနာပုံနေပြည်တော်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးချိန်အထိ လက်နက်မချပဲ ဆက်လက်၍ခုခံတွန်းလှန် ခဲ့သော နိုင်ငံတော်အသိအမှတ်ပြု အမျိုးသားခေါင်းဆောင်ကြီးဖြစ်သည်။
အင်္ဂလိပ်တို့အား တော်လှန်၍ အရေးမလှသောအခါ ဦးအောင်မြတ်သည် မိုးညှင်းမြိုမယ် ဟိုပင် နမ့်စလှော် လမ်းမှ တရုတ်ပြည် စန်းတားဒေသသို့ သက္ကရာဇ် ၁၂၃၅ ခု ကဆုန်လအတွင်း သွားရောက်ခိုလူံပြီး ဦးရီးတော် ဆာစောမောင်၏ စီစဉ်ပေးမူဖြင့် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာရာ သက္ကရာဇ် ၁၂၈၅ ခု တပေါင်းလဆန်း ၉ ရက် ( ၁၃.၃.၁၉၂၄) နေ့တွင် ဗန်းမော်သို့ ဆိုက်ရောက်ခဲ့၍ သင်္ဘောဖြင့် စုန်ဆင်းကာ မန္တလေးမြို့သို့ ခေတ္တမျှ လှည့်လည်ကြည့်ရူခဲ့သေးကြောင်းသိရသည်။
ထိုမှတဆင့် သက္ကရာဇ် ၁၂၈၅ ခု နှောင်းတန်းခူးလဆန်း ၃ ရက်နေ့တွင် တောင်ကြီးမြို့သို့ ရောက်ရှိပြီး တူဖြစ်သူ သထုံစော်ဘွားက တောင်ကြီးမြို့ ဟော်ကုန်းရပ် သထုံဟော်ကိုပေးအပ်သဖြင့် သထုံဟော်တွင်ကွယ်လွန်သည်အထိ စိုးစံခဲ့ကြောင်းလည်းသိရသည်။(ကိုးကား= ၀န်းသိုစော်ဘွား ဦးအောင်မြတ် မောင်ကျော်ရှင်းရေး )
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် သက္ကရာဇ် ၁၂၂၃ ခုနှစ် တပို့တွဲ လဆန်း ၁၁ ရက်နေ့တွင် မွေးဖွားပြီး ၁၃၂၆ ခုနှစ် နတ်တော်လဆန်း ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် သက်တော် ၁၀၃ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ ( ကိုးကား = စော်ဘွားအုတ်ဂူကျောက်စာ )
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ၁၅၅ နှစ်ပြည့်နှင့်အတူ ၀န်းသိုမြို့တည်နှစ် ၁၀၇၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲကျင်းပရေးအတွက် ရံပုံငွေထည့်ဝင်လိုပါက ဦးသူရိယ (ပွဲတော်ကျင်းပရေးကော်မတီ နာယကဆရာတော်) ဖုန်း ၀၉ ၄၀၀၄၆၅၈၀၄ ၊ ၀၉၇၉၄၃၄၆၆၁၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
Credit : The Voice of Shan-Ni
ပြန်လည်မျှဝေပါသည်
ကျော်ဝင်း ( ဝန်းသို )
ဝန်းသိုစော်ဘွားစဝ်အောင်မြတ် ကြေးရုပ် // စော်ဘွားကြီး ကြေးရုပ် /
ဝန်းသိုစော်ဘွားစဝ်အောင်မြတ် ကြေးရုပ်
// စော်ဘွားကြီး ကြေးရုပ် /
Credit -
Kyaw Linn OoWe Love Wuntho (Facebook/Group)
Tuesday, August 9, 2016
ရွှေ့ ရွှေ့ ရွှေး ရွှေး. . . . . . . .
တခါက ဝန်းသိုဘက်က ရွာတစ်ရွာကို ကသာက ငါးရောင်းလာပါသတဲ့။
အိမ်တစ်အိမ် ရောက်သော် ငါးဝယ်ဦးမည်ခေါ်ပြီး အိမ်ပေါ်သို့လာခဲ့ရန် အိမ်ရှင်မှ ခေါ်လေတော့
ထိုသူမ ငါးသည်ကလည်း အိမ်ပေါ်လှေကားထိပ်နားတက်ခါ ငါးချိန်ရန်ပြင်တာပေါ့ အဲ့အချိန်မှာ အိမ်ရှင်က အလန့်တကြားနဲ့ "‪#‎ရွှေ့‬"ဆိုပြီး အော်လိုက်တော့ လန့်သွားတာပေါ့ ဒါနဲ့သူမလည်း စဉ်းစားဝေခွဲရခက်သော အမူရာဖြင့် နောက်သို့တစ်ချက် ရွှေ့ လိုက်မိတာပေါ့ စိတ်ထဲကလည်း "ငါ့ကို သူပဲခေါ်ပီး ဘာလို့ ရွှေ့ခိုင်းနေရာတာလဲ"လိုဲ့ စဉ်းစားမရ ဖြစ်နေမိသတဲ့ စဉ်းစားနေတုန်းမှာပဲ " ဟဲ့ . . . ရွှေ့. . ." သူမလန့်လာပါပြီ အနောက်ကို တခါ ရွှေ့လိုက်ပါတယ် ဒါနဲ့ အိမ်ရှင်ကလည်း "အား....ဟေ့ . . . ရွှေ့ ရွှေ့ ရွှေ့ ရွှေး ရွှေး. . . . "ဆက်တိုက်ဆိုသလို ထအော် မောင်းထုတ်တော့ သူမကလည်း အလန့်တကြား အိမ်ပေါ်က ဆင်းပြေးလိုက်ရပါတော့တယ်
အဒါနဲ့ အိမ်ရှင်က "ဟေ့ . , ငါ ငါးဝယ်မလို့ပါဆိုညယ် . . . မင်းက ဘာလို့ဆင်းပြေးတာလဲလို့"ဆိုတော့ ဆိုတော့ ခုဏနသူ့ကို မောင်းထုတ်တာကိုးလို့ပြောတော့ အိမ်ရှင်က တဝါးဝါး သဘောကျလျက်နဲ့
"အာ. . . ဘယ်ကဟုတ်ချေပြန်ရမာလဲညယ် . . . . ငါက အဒီရွှေ့ဆိုတာ . .. ကြက်မောင်းတာကယ့်" ဟူ၏။
ကျမတို့ဘက်က ကြက် ငှက်တေ မောင်းရင် "ရွှေ့ ရွှေး" လို့မောင်းကြပါတယ်။
:D :D :D :D
Monday, August 1, 2016
ဝန်းသိုစော်ဘွားကြီး စ၀်အောင်မြတ် - ကိုလိုနီခေတ်ဦးတော်လှန်ရေးသမိုင်းဝင် အာဇာနည်
                        မျိုးရိုးဇာတိ
              ဦးရွှေသား(ပထမဇနီး) တို့မှ
၁။ မဆုံ   ( မိုင်းခိုင်းမြို့သူကြီး ကတော်)
             ဦးရွှေသား-ဒေါ်ထွေးဖြူတို့မှ
၂။ မောင်အောင်မြတ် ( ၀န်းသိုစော်ဘွား)
၃။ မသူဇာ ( တောင်သွတ်စော်ဘွားကတော်)
၎။ မောင်ရွှေသိုက်
၅။ မယ်မူ
၆။မယ်ဖန်
၇။ ခွန်ကျယ်
၈။ ခွန်ဆိုင်
            ဦးရွှေသား-ဒေါ်ဝဲတို့မှ
၉။ ဦးဘိုးအို
၁၀။ မယ်ယုံ
၁၁။မောင်သက်ရှည် တို့ဖြစ်သည်
1891 - Wuntho
Wuntho is a town in Katha District, Sagaing Division, Myanmar. It is the administrative seat of Wuntho Township.
History
Main article: Wuntho
While not the capital, it gave its name to the native state of Wuntho[1] which was formally annexed to Burma by the British in 1892. Rail service from Mandalay was extended to Wuntho in 1893.[2]
On 30 December 1994, on the outskirts of Wuntho on the Bonkyaung bridge a Mandalay-Myitkyina passenger train derailed when its brakes failed and one passenger car plummeted into a ravine. In all, 102 people were killed and 53 were seriously injured.[3][4]
Notes
  • Crosthwaite, Charles Haukes Todd (1912) The Pacification of Burma E. Arnold, London, page 92, OCLC 7223137
  • Dautremer, Joseph (1913) Burma under British Rule (translated from Dautremer, Joseph (1912) La Birmanie sous le régime britannique: une colonie modèle Guilmoto, Paris, OCLC 250415892) T.F. Unwin, London, page 205, OCLC 9493684; full text pp. 194-213 from the online library eBooksRead.com
  • Associated Press (2 January 1995) "Train derails in Myanmar, 102 killed" Toronto Star page A-13
    1. Staff (5 January 1995) "Rail derailment kills 102, injures 53" BBC Summary of World Broadcasts from Radio Myanmar, Rangoon, in Burmese, 1330 GMT 31 December 1994
    External links
    History of Wuntho - Wikipedia
    Main article: Wuntho
    Wuntho was a native state of Upper Burma when Burma was under British control. After the British annexed Upper Burma in 1885, Wuntho became a refuge for rebels and Dacoit leaders until in 1891, when a force of 1,800 British soldiers under General Sir George Wolseley occupied the town of Wuntho. In 1892 the state was formally annexed by the British and incorporated into the District of Katha. It was classed by the Burmese as a Shan state, but was never on the same footing as the Shan states to the east.
    Wuntho had an area of around 2,400 square miles (6,200 km2) with 150,000 inhabitants and lay midway between the Ayeyarwady River and Chindwin River.
    https://en.wikipedia.org/wiki/Wuntho_Township
    Wuntho is a town in Katha District, Sagaing Division, Myanmar. It is the administrative seat of Wuntho Township.
    History
    Main article: Wuntho
    While not the capital, it gave its name to the native state of Wuntho[1] which was formally annexed to Burma by the British in 1892. Rail service from Mandalay was extended to Wuntho in 1893.[2]
    On 30 December 1994, on the outskirts of Wuntho on the Bonkyaung bridge a Mandalay-Myitkyina passenger train derailed when its brakes failed and one passenger car plummeted into a ravine. In all, 102 people were killed and 53 were seriously injured.[3][4]
     https://en.wikipedia.org/wiki/Wuntho,_Burma  
    Notes
    1. Crosthwaite, Charles Haukes Todd (1912) The Pacification of Burma E. Arnold, London, page 92, OCLC 7223137
    2. Dautremer, Joseph (1913) Burma under British Rule (translated from Dautremer, Joseph (1912) La Birmanie sous le régime britannique: une colonie modèle Guilmoto, Paris, OCLC 250415892) T.F. Unwin, London, page 205, OCLC 9493684; full text pp. 194-213 from the online library eBooksRead.com
    3. Associated Press (2 January 1995) "Train derails in Myanmar, 102 killed" Toronto Star page A-13
    4. Staff (5 January 1995) "Rail derailment kills 102, injures 53" BBC Summary of World Broadcasts from Radio Myanmar, Rangoon, in Burmese, 1330 GMT 31 December 1994
    Friday, July 29, 2016
    ဝန်းသိုနယ်က သဘာဝအလှများ မှတ်တမ်း
    -တောကောင်တေလည်း လေ့လာလို့ရတယ် (ဗျားဖွတ်တဲ့နည်းတေ တောလိုက်တဲ့ နည်းတေ လက်ဖက်ပင် ဟင်းပျင်းပင်တေ ရှည်မျှောမျှော ပဒပ်ကောင်တေ ချောက်တေ စိမ့် စမ်းရေတေ)
    - ဒေသက လူမှုဘဝ စုဝေးနေထိုင်ကြတဲ့ ဓလေ့တေလည်းလေ့လာလို့ရပါမယ်
    - ဒေသစကား ညယ် မောင် ပေါ့စကနပ် အိုစို ပဒပ်ပျက် ဧည်း အာဂါပါကာ နိုင်နိုင်စား အိုအို စတဲ့ စိတ်ဝင်စားစရာ စကားတေ
    - ဒေသစာဖြစ်တဲ့ ဟင်းပေါင်း ဟင်းလှော် မီးအုံး စာတေလည်း စားလို့ရပါတယ်
    - ဆောင်းတွင်းဆိုရင်တော့ ခေါစီ ခေါပုတ် ပေါင်းသင်း ကောက်ညှင်းပေါင်း ကောက်ညှင်းထမင်း စားလို့ရပါတယ် :) :) :)
    ကျမတို့ဒေသကလည်း သာယာတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ရှုခင်း ဓလေ့ထုံးတမ်း သဘာဝတေ ရှိပါတယ်လို့ မိတ်ဆက်ပေးပါရစေ
    (ဓါတ်ပုံ - မူရင်း ရိုက်ကူး/တင်ဆက်သူ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ခွင့်တောင်းပြီး ပြန်လည်ဖော်ပြပေးထားပါတယ်။ မိုင်းသုန်၊ ချောင်းဖျားနယ်သို့ အထွေထွေအုပ်ချုပ်ရေးဌာနတွင် တာဝန်ကျနေသူဖြစ်ပါတယ်။ သူသွားရောက်တဲ့နေရာများမှာ လှပလွန်းပြီး မှတ်တမ်းတင်ထားသင့်သည် သဘာဝအလှများဖြစ်လို့ ခုလို ပြန်လည် တင်ပြပေးလိုက်ရပါတယ်ညယ်။)
    မိုင်းသုံတောင်တက်ရင်း သဘာဝသစ်တော တောင်အဆင့်ဆင့်တွေ
    ဝန်းသိုမြို့နယ်ပေကုန်းကျေးရွာတွင် ဝါးကိုနှီးဖျာ၍ ရက်လုပ်သည့် ဝါးယပ်တောင်လုပ်ငန်း ယနေ့ထက်တိုင် လုပ်ကိုင်နေရဆဲ
    ဝန်းသို နိုဝင်ဘာ ၁၅
    စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပေကုန်းအုပ်စု ပေကုန်းကျေးရွာတွင် အိမ် ခြေ ၇၈ လုံး လူဦးရေ ၄ဝဝ ကျော်ရှိပြီး နှစ်စဉ်မိုးစပါးနှင့် နေကြာ၊ မြေပဲနှင့် အခြားရာသီ ပေါ်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် ရှေးဘိုးဘွားလက်ထက်က နွေရာသီကာလ အတွက် ဝါးဖြင့်ရက်လုပ်ကြသော ဝါးယပ်
    တောင်လုပ်ငန်းများကိုလည်း အပိုဝင်ငွေရှိ ရန်အတွက် ယနေ့တိုင် လုပ်ကိုင်နေလျက်ရှိ ကြောင်းသိရသည်။
    ယင်းကျေးရွာရှိ ဝါးယပ်တောင်လုပ်ငန်းလုပ်ကိုင်ရာတွင် တင်းဝါးဖြင့်သာ ပြုလုပ်ရ သဖြင့် တင်းဝါးများကို ပင်လည်ဘူးမြို့နယ် အတွင်းရှိတောတောင်များမှ နတ်တော်လ နှင့် ပြာသိုလ၌ ခုတ်ယူစုဆောင်းကာ တပေါင်း လနှင့် တန်ခူးလတွင်ရက်လုပ်ကြသည်။
    ယပ်တောင်များပြုလုပ်ရာ၌ ဝါးများ ကို အဆစ်လိုက်ဖြတ်၍ မိမိပြုလုပ်လိုသည့်
    ယပ်တောင်အပေါ်မူတည်ကာ ဖြတ်တောက် ထားသော ဝါးဆစ်ပိုင်းများကို တစ်ရက် (သို့မဟုတ်)နှစ်ရက် ရေစိမ်ပြီး နှီးအဖြစ်ဖျာရ သည်။ သို့မှသာကျိုးပဲ့မှုနည်းပါးသည်ဟု ဆိုသည်။
    ယင်းနောက် ဝါးနှီးကို ဆေးအရောင်တင် ရန်အတွက် မန္တလေး ဈေးချိုတွင် ရောင်းချ နေသော အရောင်စုံဆေးအမှုန့်ကို ဝယ်ယူ၍ ရေနွေးနှင့်ဖျော်စပ်ကာ နှီးများကို မိမိလိုချင်သည့် အရောင်ကိုဆေးသုတ်၍ တစ်ရက် ခန့်နေလှမ်းပြီး နှီးဖျာများကို ရက်လုပ်ကြသည်။ ထိုကဲ့သို့ ရက်လုပ်လျက်ရှိသော ယပ်တောင်များကို ကောလင်းမြို့ရှိ ဝါးဖြင့်ပြုလုပ်သောပစ္စည်းများကို ရောင်ချသည့်ဆိုင်များ
    သို့ ယပ်တောင်တစ်ခုလျင် ငွေကျပ် ၁ဝဝ ဖြင့် ဖောက်သည် သွင်းရသည်။
    ယပ်တောင်ရက်လုပ်သူများသည် တစ်ဦးလျှင် ပျမ်းမျှတစ်ရက်လျှင် ယပ်တောင် ၁ဝဝ ခန့်ရက်လုပ်ကြပြီး နှစ်စဉ်ပွင့်လင်းရာသီများ၌ကောလင်း-ဝန်းသို၊ ပင်လည်ဘူးမြို့နယ်များရှိ ကျေးလက်ဒေသများတွင် အလှူ၊ မင်္ဂလာများပေါများသဖြင့် အဆိုပါဒေသများမှ အလှူ၊ မင်္ဂလာပြုလုပ်သူများ အော်ဒါမှာယူကြသဖြင့် နှစ်စဉ်ယပ်တောင် လုပ်ငန်းများ သည် အရောင်းတွင်ကျယ်လျက်ရှိကြောင်း သိရသည်။
    စိုင်းလူမင်း
    ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး ၌ ဆန္ဒမဲ တစ်သောင်းကျော် ကျားဖြူ ပါတီ အသာစီးရ
    The Voice
    ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး ၌ ဆန္ဒမဲ တစ်သောင်းကျော် ကျားဖြူ ပါတီ အသာစီးရ
    ရန်ကုန်၊ ဧပြီ ၃ ( 12 : 50 PM )
    ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်ထုတ် တရားဝင် ထုတ်ပြန်ခြင်း မပြုသေးသည့် စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် အမှတ် ( ၇ ) မဲဆန္ဒ နယ်မြေတွင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ဆန္ဒမဲ တစ်သောင်း သုံးထောင်ကျော်ဖြင့် အသာစီး ရနေကြောင်း ယင်းပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးစောသန်းမြင့် က ယနေ့မွန်းလွှဲပိုင်းတွင် The Voice Weekly သို့ပြောကြားသည်။
    ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး သုံးမြို့ နယ်၏ မဲစာရင်း ရလဒ်များအရ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီက ဆန္ဒမဲ တစ်သောင်းသုံးထောင်ကျော်ဖြင့် အသာစီးရနေပြီး ဗန်းမောက် မဲဆန္ဒနယ်၏ မဲစာရင်းရလဒ်ကို စောင့်ဆိုင်းနေကြောင်း ၎င်းကဆိုသည်။
    ကြားဖြတ် ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက မဲဆန္ဒနယ် သုံးနယ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ( လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံး မဲဆန္ဒနယ် ) တွင် အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကလောတွင်မူ ရှုံးနိမ့်ခဲ့သည်။
    ချောင်းဆုံရွာက ဝါးနှီးခမောက်လုပ်ငန်း မိသားစုအပိုဝင်ငွေများရရှိ
    ဝန်းသို ဇူလိုင် ၂၂
    စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် တပ်ကုန်းအုပ်စု ချောင်းဆုံကျေးရွာတွင် ဝါးနှီးခမောက်လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ အဆိုပါလုပ်ငန်းမှ မိသားစု အပိုဝင်ငွေများရရှိလျက် ရှိကြောင်း သိရသည်။
    ''ကျွန်မတို့ရွာမှာ ဝါးနှီးခမောက်လုပ်ငန်းကို ၂ဝ၁ဝ ခုနှစ်လောက်က စတင်လုပ်ကိုင်လာခဲ့ကြတာပါ။အိမ်ခြေ ၂ဝ ကျော်က မိသားစုတွေ စပါးရိတ်၊ ကောက်စိုက်ချိန်မှအပ ကျန်အချိန်တွေမှာ ဒီဝါးနှီးခမောက်တွေကိုပဲ ရက်လုပ်ကျပါတယ်။ နှီးခမောက်ရက်လုပ်ပုံကတော့ ဝါးနှီးအပြားကြီးနဲ့ ခမောက်အုံကြမ်းကတစ်ခုနှင့် နှီးပြားသေးနဲ့ အနုစိတ်ရက်တဲ့ ခမောက်အုံကြမ်းအနုကတစ်ခုရက်လုပ်ရပါတယ်။ သူတို့နှစ်ခုရဲ့ကြားမှာ ပလတ်စတစ်စ အပါးခံကာ ထပ်ပြီး အနားသတ်တွင် ဝါးများကို ခွဲစိတ်ပြီးပြုလုပ်ထားတဲ့ သေးတံအချောင်းများခံကာ အပြင်ခွေ အဖြစ်ရက်ထားတဲ့ နှစ်လက်မခန့်အပြားနဲ့ အနားသတ်ကိုချုပ်ရပါ တယ်။ နောက်ပြီး ဦးခေါင်းပေါ်တွင် တင်ထားနိုင်ရန် ခမောက်အတွင်းပိုင်းတွင် အတွင်းခွေကို ချုပ်ရပါတယ်။ ပြီးမှထိပ်အုပ်ကလေးများတပ်ဆင်ပြီးပါက ခမောက် တစ်လုံးအဖြစ်အသုံးပြုနိုင်ပြီဖြစ်ပြီး ရလာတဲ့ ခမောက်တွေကိုတော့ မြစ်ကြီးနား၊ မိုးခေါင်း၊ မိုးညှင်းမြို့၊ ကောလင်း၊ ဝန်းသိုမြို့တို့မှလာသော ဖောက်သည်များ ထံ နှီးခမောက် အချပ် ၁ဝဝ ကို ကျပ် ၆၅ဝဝဝ နှုန်းနဲ့ သွင်းရပါတယ်။ အနီးအနားရွာများသို့ ထမ်းရောင်းမယ်ဆိုရင် ခမောက်တစ်ချပ်ကို ကျပ် ၇ဝဝ၊ ၇၅ဝ ဝန်းကျင်ရောင်းရပါတယ်'' ဟု ချောင်းဆုံကျေးရွာမှ နှီးခမောက်ရက်လုပ်သူ မစိုးခိုင်က ပြောသည်။
    ''ကျွန်မတို့ဒေသမှာ လွန်ခဲ့တဲ့နှစ်နှစ်က ဝါးသီးတွေသီးပြီး ဝါးတောတွေတုံးလာခဲ့ တဲ့အတွက်ကြောင့် ကျွန်မတို့ရွာနဲ့နီးစပ်တဲ့ ဝါးတောတွေမှာ တင်းဝါးတွေ ရှားလာ တယ်။ အခုဆို မင်းဝံတောင်ရိုးကလာတဲ့ ၁၂ တောင်အရှည်တင်းဝါးတစ်လုံးကို ကျပ် ၅ဝဝ နှုန်းနဲ့ ဝယ်ရပါတယ်။ ဝါးတစ်လုံးကို နှီးခမောက် ငါးချပ်ရပါတယ်။
    'ပြာသိုလမှာခုတ်တဲ့ဝါးတွေကို နှစ်ပေါက်အောင် ဝယ်ယူစုဆောင်းကြပါ တယ်။ ပြာသိုလမှာခုတ်တဲ့ဝါးက နှီးသားထူထူရပါတယ်။ မိသားစုများပြီး လူငှားနဲ့အလုပ် လုပ်နိုင်သူတွေက တစ်နှစ်ကို ဝါးအလုံးရေ ၂၅ဝ ဝန်းကျင် အထိစုဆောင်း လုပ်ကိုင်ကြပါတယ်။ တစ်နှစ်ကို ခြောက် သိန်း၊ ခုနစ်သိန်း ဝန်းကျင်လောက် မိသားစုအပိုဝင်ငွေများ ရရှိပါတယ်'' ဟု ချောင်းဆုံကျေးရွာ မှ နှီးခမောက် ရက်လုပ်သူ မမိုးပုလဲကပြောသည်။
    မောင်ချစ်လင်း
    ကင်းမြင်သာကျေးရွာမှဒေသခံများက မိရိုးဖလာလက်မှုအိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိ
    ဝန်းသို နိုဝင်ဘာ၂၅ဝန်းသိုမြို့နယ်ကင်းမြင်သာအုပ်စုကင်းမြင်သာကျေးရွာမှ ဒေသခံအများစုသည် နှစ်စဉ် တောင်သူလုပ်ငန်းလုပ်ကိုင်သည့်အပြင် မိရိုးဖလာ မြန်မာ့ရိုးရာလက်မှု မြေအိုးလုပ်ငန်းအနေဖြင့် ယနေ့တိုင် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိကြောင်း သိရသည်။
    ယင်းဒေသတွင် တောင်ယာလုပ်ငန်းများကို လည်း အများစုက လုပ်ကိုင်လျက်ရှိပြီး ရာသီဥတုအခြေအနေကြောင့် တောင်ယာလုပ်ငန်း မအောင်မြင်သည့်အခါ အဆိုပါအိုးလုပ်ငန်းမှ တစ်ဖက်တစ်လမ်း ဝင်ငွေရရှိနိုင်သောကြောင့် ယနေ့တိုင် အိုးလုပ်ငန်းအား ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
    ''ကျွန်မတို့ကျေးရွာမှာ မိုးစပါးစိုက်ပျိုးတဲ့တောင်သူလုပ်ငန်းအပြင် မိရိုးဖလာမြေအိုးကိုလုပ်ကိုင်ကြတယ်။ တောင်သူလုပ်ငန်းလုပ်တယ်ဆိုတာကလည်း ရာသီဥတုကောင်းမွန်တဲ့ အပေါ်မှာလုပ်ရတာမို့ ရာသီဥတုမကောင်းလို့တောင်သူတွေ စိုက်ပျိုးရေးမအောင်မြင်တဲ့အခါ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းကိုလုပ်ကြ တော့ စားဝတ်နေရေးအဆင်ပြေနိုင်ပါတယ်။ အိုးလုပ်ငန်းကတော့ ရေအိုး၊ ဘုရားပန်းအိုး ၊ပန်းစိုက်အိုးတွေကို ထုတ်ကြပါတယ်'' ဟု အိုးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောပြသည်။
    သောက်ရေအိုးနှင့်ဘုရားပန်းအိုးများကို ဝန်းသိုမြို့နှင့် ကောလင်းမြို့ အိုးအမျိုးမျိုးရောင်းဝယ်ရေးဆိုင်များနှင့် ကသာ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ကန့်ဘလူမြို့နယ် စသည့်ကျေးလက်ဒေသများသို့လည်းကောင်း၊ ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ နမ္မတီး၊မိုးကောင်းမြို့နယ်ရှိ မှာယူသူဝယ်လက်များသို့ ရေအိုးတစ်လုံးလျှင် ငွေကျပ် ၇ဝဝ၊ ဘုရားပန်းအိုးတစ်လုံးလျှင် ငွေကျပ် ၃ဝဝ၊ ပန်းစိုက်အိုးတစ်လုံးလျှင် ငွေကျပ် ၃ဝဝ တို့ဖြင့် တင်ပို့ ရောင်းချနေလျက်ရှိကြောင်း သိရသည်။
    ကင်းမြင်သာကျေးရွာသည် မန္တလေး-မြစ် ကြီးနား မီးရထားလမ်းပေါ် ဝန်းသိုမြို့နယ် ကင်းဘူတာ၏ သံလမ်းအရှေ့ဘက်တွင် တည်ရှိကာ အဆိုပါကျေးရွာဒေသခံများအနေဖြင့် အိုးလုပ်ရာတွင် ကုန်ကြမ်းမြေးစေးကို ကျေးရွာ
    နှင့်တစ်မိုင်ကျော်ခန့်ဝန်းကျင်မှ အလွယ်တကူ ရရှိနိုင်သဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် ငွေကြေးအရင်းအနှီးထက် လုပ်အားအရင်းအနှီးကိုပိုမိုစိုက်ထုတ်ရပြီး လုပ်ငန်းအရင်းအနှီးအနည်းအများအလိုက် ဝင်ငွေအနည်းအများကွာခြား
    သည်ဟု သိရသည်။
    စိုင်းလူမင်း
    The Mirror Daily
    ဒုတိယကမ္ဘာစစ်လက်ကျန် တန်ဗုံးကြီးများကို ဝန်းသိုနယ်တွင် ဆေးခြယ်၍ ထိုးမောင်းခေါင်းလောင်းအဖြစ်အသုံးပြု
    ဒုတိယကမ္ဘာစစ်လက်ကျန် တန်ဗုံးကြီးများကို ဝန်းသိုနယ်တွင်
    ဆေးခြယ်၍ ထိုးမောင်းခေါင်းလောင်းအဖြစ်အသုံးပြု
    ============================================
    ဝန်းသို၊ စက်တင်ဘာ ၂၃။
    စစ် ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့တွင် ဒုတိယကမ္ဘာစစ်အ တွင်းက ကြွင်းကျန်ရစ်ခဲ့သော စစ် လက်ကျန် တန်ဗုံးကြီးများကို ဆေး သုတ်အလှဆင်၍ ဘုန်းတော်ကြီး ကျောင်း၊ ဘုရားစေတီတို့တွင် ထိုး မောင်းခေါင်းလောင်းအဖြစ် အသုံး ပြုနေကြကြောင်း သိရသည်။
    ဝန်းသိုဒေသသည် ဒုတိယကမ္ဘာ စစ်ကာလက စစ်လမ်းကြောင်းကျ ရောက်ခဲ့သော နေရာဖြစ်ပြီး မြို့၏နေရာအနှံ့ တန်ဗုံးကြီးများချခံရကာ ယခုအခါ ပေါက်ကွဲမှုမရှိကျန်ရစ်ခဲ့ သော ဗုံးကြီးများ အများအပြားကျန် နေသည်။
    ''အခုဝန်းသိုနယ် ကျောင်းဘုရား တွေမှာ ဆေးသုတ်အလှဆင်ချိတ်ဆွဲ ထားကြတာ၊ ဒုတိယကမ္ဘာစစ်တုန်း က ကျွန်တော်တို့ ဝန်းသိုနယ်ကို အင်္ဂလိပ်တွေချခဲ့တဲ့ အလေးချိန်တန် ချိန်ရှိတဲ့ ဗုံးကြီးတွေပါ၊ မပေါက်ကွဲ ဘဲ ကျန်ခဲ့တဲ့တန်ဗုံးကြီးတွေ၊ ဝန်းသို နယ်က စစ်လမ်းကြောင်းကျတဲ့အ ပြင် နယ်ချဲ့တွေကို ရရာလက်နက် ဖြင့် တော်လှန်တိုက်ခိုက်ခဲ့တဲ့ မျိုးချစ် နယ်မြေ၊ ဝန်းသိုစော်ဘွားဦးအောင် မြတ်ရဲ့ နယ်မြေဆိုတော့ စိစိညက် ညက်ကြေအောင် ဗုံးကြဲခံရတဲ့နယ် မြေပေါ့၊ စစ်ပြီးခေတ်မှ အကြောင်း အမျိုးမျိုးနှင့် ထပေါက်နေတဲ့ဗုံးကြီး တွေရှိသလို တချို့ကလဲ တန်ဗုံးကြီး တွေထဲက ယမ်းရချင်လို့ ထုတ်ယူ သူတွေလဲ တွေ့ရတယ်၊ အခုတော့ ကျွန်တော်တို့ဒေသမှာ တန်ဗုံးကြီး တွေက ထိုးမောင်းခေါင်းလောင်းကြီး တွေဖြစ်နေပါပြီ'' ဟု ဒေသခံတို့က ပြောသည်။
    ဝန်းသိုမြို့ ရွှေကျောင်းတော် အတွင်းတွေ့ရသော ထိုးမောင်းခေါင်း လောင်းမှာ လုံးပတ်ငါးပေနှင့် အမြင့် လေးပေဝန်းကျင်ရှိ အလေးချိန် တန် ချိန်ရှိသည့် ဗုံးကြီးများထဲမှ မပေါက် ကွဲသည့်ဗုံးတစ်လုံးဖြစ်ကြောင်း သိ ရသည်။
    MOS
    #Democracytoday
    (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
    ၁၃၅ မျိုး ရှိ/မရှိ
    || ဂါမဏိ ||
    နအဖ စစ်အစိုးရဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက် လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမယ့် နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာသတ်ပုံမှာ တစ်ခု-တစ်ယောက် စသဖြင့် သုံးစွဲရေး၊ ဦးနေ၀င်း ထွင်ခဲ့တဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅ မျိုး၊ ဦးခင်ညွန့် ထွင်ခဲ့တဲ့ မြန်မာအစ-ပုံတောင်ပုံညာက၊ လူသားအစ-မြန်မာက ဆိုတဲ့ ခပ်ချာချာ အယူအဆတွေကို ဆက်ကျင့်သုံးနေခဲ့ပါတယ်။
    အခုဆောင်းပါး မှာတော့ မြန်မာပြည်မှာ တိုင်းရင်း သား ၁၃၅ မျိုး တကယ် ရှိမရှိ ကို ဆန်းစစ်ဖော်ထုတ်သွားပါမယ်။
    ပထဆုံး ကချင်လူမျိုးတွေကိုကြည့်ရင် နဝတ-နအဖက ကချင်လူမျိုး ၁၂ မျိုး လို့ဖော်ပြထားရာမှာ လူမျိုးတမျိုးထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကား လေယူလေသိမ်းကွဲတွေကို သီးခြားလူမျိုးအဖြစ် ဇွတ်အတင်းပြထားပါတယ်။
    ဒါ့အပြင် ကချင်ဆိုတဲ့နာမည်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖော နာမည်နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့ နာမည်ဖြစ်မှန်း လူတိုင်းသိပေမယ့် နအဖဟာ လူမျိုးအရေအတွက် ဖောင်းပွစေချင်လွန်းအားကြီးလို့ သီးသန့်လူမျိုး မဟုတ်တာကို အဟုတ်ကြီးလုပ်ထည့်တာ ဖြစ်တယ်။
    နအဖ စာရင်းထဲက ဂေါ်ရီ၊ ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖော အနွယ်ကွဲတွေသာဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ ခခူနဲ့ ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုပဲ နာမည်နှစ်မျိုး ခေါ်ထားတာဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ်ပြထားတဲ့ တရုမ်း နဲ့ ဒလောင် ဆိုတာလည်း ရဝမ် မျိုးနွယ်ကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာ လက်တွေ့မှာ ၁ မျိုးပဲဖြစ်ပြီး မျိုးနွယ်စုတွေအဖြစ် ဂျိန်းဖော (မရစ်၊ မရမ်၊ အင်ခွန်၊ လဖိုင်၊ လထော်၊ မဂေါင်၊ ဒူလင်း-ခခူ၊ ဂေါ်ရီ-ဂျဆင်း၊ လေပဲယာ၊ ငှခုပ်)၊ ရဝမ် (ဒရု၊ လွန်မီ၊ မတ်ဝမ်၊ ထလု၊ ထရုံ စသည်များ)၊ မရူ-လောင်ဝေါ်၊ အဇီး-ဇိုင်ဝါး၊ လရှီ-လချိတ်၊ လီဆူး-လီရှော ဆိုတဲ့ မျိုးနွယ်စု ၆ စုပဲရှိပါတယ်။
    *** နအဖစာရင်း / အမှန်စာရင်း
    ၁။ ကချင် = ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီး နှင့် လီဆူး
    ၂။ တရုမ်း = ရဝမ်မျိုးနွယ်စု
    ၃။ ဒလောင် = ရဝမ်မျိုးနွယ်စု
    ၄။ ဂျိန်းဖော = ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်း နှင့် အခြားမျိုးနွယ်စုဝင်များပါဝင်)
    ၅။ ဂေါ်ရီ = ဂျိန်းဖောမျိုးနွယ်စု
    ၆။ ခခူ = ဂျိန်းဖောမျိုးနွယ်စု
    ၇။ ဒူးလန်း = ဂျိန်းဖောမျိုးနွယ်စု
    ၈။ မရူ (လော်ဝေါ်) = မရူမျိုးနွယ်စု
    ၉။ ရဝမ် = ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်း နှင့် အခြားမျိုးနွယ်စုများပါဝင်) မျိုးနွယ်စု
    ၁ဝ။ လရှီ (လချိတ်) = လရှီမျိုးနွယ်စု
    ၁၁။ အဇီး = အဇီး သို့မဟုတ် ဇိုင်ဝါးမျိုးနွယ်စု
    ၁၂။ လီဆူး = လီဆူး သို့မဟုတ် ယောယင်မျိုးနွယ်စု
    နအဖရဲ့ ကယား လူမျိုးစာရင်းထဲမှာ လူမျိုး ၉ မျိုးပြထားတယ်။ ဒီထဲမှာ ဇယိမ်း၊ ကယန်း (ပဒေါင်)၊ ကဲ့ခို၊ ယင်းဘော် ဆိုတဲ့လေးမျိုးဟာ တကယ်တော့ ကယန်း (ပဒေါင်) လူမျိုးရဲ့ မျိုးနွယ်စုတွေသာ ဖြစ်တယ်။ ကယားလူမျိုးထဲမှာလည်း ကယား၊ ကယော၊ မနူးမနော၊ ယင်းတလဲမျိုးနွယ်စုတွေ ပါဝင်ပြီး ကယားနဲ့ ကယန်းဟာ ကရင်နီလူမျိုးတမျိုးတည်း အဖြစ်လည်း ခံယူနိုင်တယ်။ ဂေဘား ကတော့ တချို့က ကရင်နီမျိုးနွယ်စုအဖြစ်၊ တချို့က ကရင်မျိုးနွယ်စုအဖြစ် ပါဝင်ဖို့ ဆန္ဒရှိကြတယ်။
    *** နအဖစာရင်း / အမှန်စာရင်း
    ၁။ ကယား = ကယား
    ၂။ ဇယိမ်း = ကယန်းမျိုးနွယ်စု
    ၃။ ကယန်း(ပဒေါင်) = ကယန်း (ပဒေါင်၊ ကဲ့ခို၊ ယင်းဘော်၊ ဇယိမ်းတို့ပါဝင်)
    ၄။ ကဲ့ခို = ကယန်းမျိုးနွယ်စု
    ၅။ ဂေဘား = ကရင်မျိုးနွယ်စု
    ၆။ ဘရဲ့(ကယော) = ကယားမျိုးနွယ်စု
    ၇။ မနုမနော = ကယားမျိုးနွယ်စု
    ၈။ ယင်းတလဲ = ကယားမျိုးနွယ်စု
    ၉။ ယင်းဘော် = ကယန်းမျိုးနွယ်စု
    နအဖရဲ့ကရင် လူမျိုး ၁၁ မျိုးစာရင်းဟာလည်း လူမျိုးတမျိုးတည်းရဲ့ နာမည်ကွဲတွေ၊ မျိုးနွယ်စုကွဲတွေကို သီးခြား လူမျိုးတွေအဖြစ် ဖန်တီးထားတယ်။ အားလုံးကို လွှမ်းခြုံခေါ်တဲ့ ကရင်လူမျိုးက သတ်သတ်၊ စကော ပိုး ဘွဲ စတဲ့လူမျိုးက သတ်သတ်လုပ်ထားတာ အင်မတန်ရယ်စရာကောင်းပါတယ်။
    လူမျိုးတွေ ဖောင်းပွစေချင်လွန်းလို့ ကြံမိကြံရာလုပ်လိုက်တာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေတဲ့အစိုးရ အရည်အချင်းမဲ့မှုကို ပြတာလည်း ဖြစ် သွားတယ်။ ကိုယ့်တိုင်းပြည်က လူမျိုးနာမည်တောင် အမှန်အတိုင်း မသိဘဲ အစိုးရ လုပ်နေရသလား၊ ဒါလောက်လေးမှ မသိဘူးလားလို့ အများမေးငေါ့စရာ ဖြစ်ကုန်ပါတယ်။
    ကရင်လူမျိုးမှာ စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား မျိုးနွယ်စု ၆ မျိုးပဲရှိပါတယ်။ တလှေပွား၊ မောနေပွား ဆိုတာတွေဟာ ပကူးကရင် နာမည်ကွဲတွေဖြစ်သလို ပလေကီး ကတော့ မိုးပွား အမည်ကွဲ သာဖြစ်တယ်။ မွန်ကရင်ဆိုတာ ပိုးကရင်ဖြစ်ပြီး စာဖြူကရင် ဆိုတာကတော့ လူမျိုးကိုပြောတာ မဟုတ်ဘဲ ခရစ်ယန် ဘာသာဝင်တွေကို ပြောတာဖြစ်တဲ့အတွက် နအဖရဲ့ ကလိမ်ကကျစ် လုပ်မှုကို ထင်ရှားနေစေတယ်။ ကရင်ဖြူကတော့ ကယန်းလူမျိုး ထဲက အောက်ကယန်း သို့မဟုတ် ဂေခိုမျိုးနွယ်စုဖြစ်တယ်။
    ကယား၊ ကယန်း၊ ဂေဘားတို့ဟာ ရင်းမြစ်အားဖြင့် ဘွဲကရင်ဖြစ်ပေမည့် မျက်မှောက်ကာလမှာတော့ သီးခြားလူမျိုးတွေ၊ မျိုးနွယ်စုတွေအဖြစ် ရပ်တည် သွားကြပါပြီ။ ပအိုဝ်းလူမျိုးကတော့ နဂိုမူလရင်းမြစ်အားဖြင့် ပိုးကရင် မျိုးနွယ်စု ဖြစ်ပေမယ့်အခုတော့ သီးခြားလူမျိုးလက္ခဏာ ခံယူထားပြီဖြစ်တယ်။
    *** နအဖစာရင်း / အမှန်စာရင်း
    ၁။ ကရင် = စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား
    ၂။ ကရင်ဖြူ = ကယန်းမျိုးနွယ်စု
    ၃။ ပလေကီး = မိုဘွာမျိုးနွယ်စု
    ၄။ မွန်ကရင် (စာဖြူ) = ပိုးကရင် အမည်ကွဲ (ခရစ်ယန်)
    ၅။ စကော = စကောမျိုးနွယ်စု
    ၆။ တာလှေပွား = ပကူးမျိုးနွယ်စု
    ၇။ ပကူး = ပကူးမျိုးနွယ်စု
    ၈။ ဘွဲ = ဘွဲမျိုးနွယ်စု
    ၉။ မောနေပွား = ပကူးမျိုးနွယ်စု
    ၁ဝ။ မိုးပွား = မိုးပွားမျိုးနွယ်စု
    ၁၁။ ရှူး (ပိုး) = ပိုးကရင်မျိုးနွယ်စု
    နအဖစာရင်းထဲမှာ အဆိုးဆုံးကတော့ ချင်း လူမျိုး ၅၃ မျိုးပြထားတာပါပဲ။ အဲဒီအထဲမှာ ချင်း ဆိုတဲ့နာမည်နဲ့ လူမျိုးတမျိုးလည်း ပြထားပါသေးတယ်။ ၅၃ မျိုးထဲမှာ ချင်းလူမျိုးအဖြစ် အမှတ်အသားလက္ခဏာ identity မသတ်မှတ်နိုင်တဲ့ နာဂ၊ မဏိပူရတိုင်းသား ကသည်း နဲ့ နီပေါတိုင်းသား လင်းဘု ကိုလည်း ထည့်ထားတယ်။
    ဒီကနေ့ ချင်းနိုင်ငံရေးပါတီတွေနဲ့ ပညာရှင်များ လက်ခံအတည်ပြုထားတာ ချင်းမျိုးနွယ်စု ၈ မျိုးပဲဖြစ်ပါတယ်။ လူမျိုး Race မဟုတ်တဲ့ ဆွေမျိုးစု Clan ၊ စကားဝဲအစု Dialect တွေကို ရောနှောပြထားတဲ့ ၅၃ မျိုးကို တွေ့ရပါတယ်။
    ကူကီး (သာဒိုး) ဟာ ရင်းမြစ်အားဖြင့် ဇိုမီးမျိုးနွယ်စု ဖြစ်ပေမယ့်အခုတော့ သီးခြားမျိုးနွယ်စုအဖြစ် ရပ်တည်နေပါပြီ။ လိုင်မီး ရင်းမြစ်ဖြစ်တဲ့ မရာ ဟာလည်း အခု သီးခြားမျိုးနွယ်စုအဖြစ် ရပ်တည်နေပါပြီ။ နအဖဟာ ခမွီးနဲ့ မြို ကို ရခိုင်လူမျိုးထဲ ထည့်မထားရင် ချင်း ၅၅ မျိုး ဖြစ်သွားနိုင်တယ်။ ချင်းပုန်း၊ ချင်းဘုတ် စတဲ့ နာမယ်ကွဲတွေ ထပ်ထည့်လိုက်ရင် နအဖရဲ့ ချင်းစာရင်းဟာ ၁ဝဝ နား ကပ်သွားနိုင်ပါတယ်။
    ချင်းပြည်နယ်ထဲကလည်း မဟုတ်တဲ့ နာဂ လူမျိုးကို ချင်းလူမျိုးထဲ သတ်မှတ် ထည့်သွင်းလို့မရဘဲ သီးခြား မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုး တမျိုးအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ နအဖရဲ့ ချင်းတွေလိုပဲ နာဂထဲက ဆွေမျိုးစု၊ စကားဝဲအစုတွေက အနည်းဆုံး ၆၄ မျိုးရှိလို့ ချင်းထက် များပါတယ်။ နာဂလူမျိုးမှာ ပြည်နယ်မရှိလို့ ချင်းလို လူမျိုး အများကြီး ခွဲမပြတာ ဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နအဖရဲ့ မြန်မာပြည် “တိုင်းရင်းသား အရေအတွက်” ၃ဝဝ ကျော်သွားနိုင်ပါတယ်။ နာဂ လူမျိုးမှာတော့ လိုင်းနောင်၊ လဟယ်၊ တန်ရှန်း၊ ကွန်ညပ်၊ တန်ကွန်၊ မကူရီ၊ ပါရာ မျိုးနွယ်စုကြီး ၇ စု ရှိတယ်။
    နအဖက ဗမာ (ခေါ်) မြန်မာလူမျိုးစု အရေအတွက်ကို နဝင်းကျေအောင် ၉ ခုပြထားပါတယ်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြား လူမျိုးတွေအဖြစ် ပြထားတယ်။ တကယ်တော့ စကားဝဲ dialect အစုကွဲသာ ဖြစ်တယ်လို့ မနုသ၁ဗေဒ ပညာရှင်များနဲ့ ဘာသာဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံးအသိပါပဲ။ ဘိတ်နဲ့ ထားဝယ်ကတော့ သီးခြားလူမျိုး သရုပ်လက္ခဏာနဲ့ ရပ်တည် လာနေပြီ ဖြစ်တယ်။ နအဖဟာ ရှမ်းပြည်က သီးခြား ဗမာမျိုးနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသားတို့ကိုလည်း ရှမ်းလူမျိုးထဲ ထည့် ထားပါတယ်။
    ရှမ်းပြည်၊ ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအစပ်က ရှေးဦးဗမာ Proto-Burman မျိုးနွယ်ဝင် ဖွန်းလူမျိုးကို ဗမာလူမျိုးထဲ ထည့်ထားပေမယ့် နောက်ထပ် ရှေးဦး ဗမာမျိုးနွယ်ဝင် မိုင်းသာ လူမျိုး ကိုတော့ ရှမ်းလူမျိုးထဲ ထည့်ထားတယ်။
    ဒါ့အပြင် တိဘက်-ဗမာအနွယ် မဟုတ်ဘဲ မလေး၊ အင်ဒိုနီးရှား တို့လို သြစထြိုနီးရှန်းမျိုးနွယ်ကြီးထဲက ဆလုံတွေကို ဗမာလူမျိုးထဲ ထည့်ထားတာဟာ မနုသ၁ဗေဒ အသိ နုံ့နဲ့ရာကျပါတယ်။ စစ်ကိုင်းတိုင်း ထဲက နာဂတွေကျတော့ ချင်းလူမျိုး ထဲ ထည့်ထားပေမယ့် ကဒူး ကနန်းတွေ ကိုတော့ ဗမာလူမျိုးထဲ ထည့်ထားပြီး ကဒူးနဲ့ ကနန်းကိုလည်း ခွဲပြထားတယ်။ ယဗိန်းကတော့ လူဦးရေ ရာဂဏန်းလောက်ပဲ ရှိနိုင်တော့တဲ့ မျိုးတုံးလုနီး ဗမာမျိုးနွယ်စု ဖြစ်ပါတယ်။ ဖွန်း၊ မိုင်းသာနဲ့ ကဒူး ကနန်း တို့ကို ရှမ်းလူမျိုးတွေကလည်း တိုင်းဖွန်း၊ ရှမ်းတရုတ် နဲ့ တိုင်းကတူး ဆိုတဲ့ ရှမ်းမျိုးနွယ်စုတွေအဖြစ် သတ်မှတ်ထားတယ်။
    နအဖဟာ မွန်ကိုတော့ တမျိုးတည်းပဲပြထားပြီး တခြား မွန်ခမာ မျိုးနွယ်တွေဖြစ်တဲ့ ဝ၊ ပလောင်၊ ယင်းနက် ယင်းကျား စတာတွေကို ရှမ်းလူမျိုးတွေထဲ ထည့်ပြထားပါတယ်။
    ရခိုင် လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ တကယ်တော့ ခမွီး နဲ့ မြို (မရို) ဟာ ရခိုင်ပြည်မှာနေတဲ့ ခမီးချင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ခမွီးနဲ့ မြိုဟာ သီးခြားလူမျိုး နှစ်မျိုးမဟုတ်ဘဲ မျိုးနွယ်စုတခုတည်းအောက်က မျိုးနွယ်ကွဲတွေသာ ဖြစ်ပါတယ်။ ဒိုင်းနက် နဲ့ မရမာကြီးကို ဘာသာ စကားကြောင့် သီးခြားလူမျိုးတွေအဖြစ် စာရင်းပြထားပေမယ့် ယဉ်ကျေးမှု အရ ရခိုင်မျိုးနွယ်စု ဖြစ်နိုင်ပါတယ်။
    *** နအဖစာရင်း / အမှန်စာရင်း
    ၁ ရခိုင် = ရခိုင်လူမျိုး
    ၂ ကမန် = ကမန်လူမျိုး (ရခိုင်စကားပြော အစ္စလာမ်ဘာသာဝင်)
    ၃ ခမွီး = ခမီးချင်းမျိုးနွယ်စု
    ၄ ဒိုင်းနက် = ဒိုင်းနက်-ချက္ကမာလူမျိုး (ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာဝင်)
    ၅ မရမာကြီး = မရမာကြီး-ဘရူးဝါးလူမျိုး (ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာဝင်)
    ၆ မြို = ခမီးချင်းမျိုးနွယ်စု
    ၇ သက် = သက်-ချက် (ရခိုင်မျိုးနွယ်စု)
    နအဖစာရင်းပါ ရှမ်း ၃၃ မျိုးကတော့ ရှမ်းတင်မကဘဲ တိဘက်ဗမာ မျိုးနွယ်တွေ၊ ပအိုဝ်း လို ကရင်မျိုးနွယ်တွေ၊ ဝ ပလောင်လို မွန်ခမာ မျိုးနွယ်တွေ စသဖြင့် ရောထွေးနေပါတယ်။ ရှမ်းကြီးနဲ့ တိုင်းလုံ ဆိုတာ တခုတည်းဖြစ်ပြီး ရှမ်းကလေးနဲ့ တိုင်းလေ့ဟာလည်း တမျိုးတည်းဖြစ်တယ်။ ခန္တီးရှမ်း နဲ့ တိုင်းလျမ် (ရှမ်းနီ) ကိုပြထားပေမယ့်တိုင်းနူ (ရှမ်းတရုတ်)၊ တိုင်းလိ၊ တိုင်းလမ် နဲ့ ဒရယ် ကိုချန်ထားတယ်။
    ကရင်၊ ချင်း တို့လိုပဲ ထိုင်း သို့မဟုတ် တိုင်း (ရှမ်း) လူမျိုးဟာလည်းလူမျိုး တမျိုးတည်းအောက်မှာ ထိုင်းယိုင် (ထိုင်းလုံ၊ ရှမ်းကြီး)၊ ထိုင်းမော၊ ထိုင်းနူ(ရှမ်းတရုတ်)၊ ထိုင်းခွန် (ဂုံရှမ်း)၊ ထိုင်း ခမ်းတီး၊ ထိုင်းလျံ (ရှမ်းနီ)၊ ဒရယ်၊ ထိုင်းလိ (ကျိုင်းရုံးကြီးရှမ်း)၊ ထိုင်းလမ် (မုံးလမ်ရှမ်း)၊ ထိုင်းခွမ်း စတဲ့ မျိုးနွယ်စု တွေသာဖြစ်နေပြီး အိမ်နီးချင်းနိုင်ငံက ရှမ်းမျိုးနွယ်တွေဖြစ်တဲ့ ထိုင်း (ထိုင်းနွဲ့၊ ရှမ်းကလေး)၊ ထိုင်းယွန်း (ဇင်းမယ်ရှမ်း)၊ ထိုင်းလော တို့ ကိုတော့ သီးခြားလူမျိုးတွေအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။
    အင်၊ စုံ၊ ဝ နဲ့ တိုင်းလွယ် တို့ဟာ တမျိုးတည်း ဖြစ်ပါတယ်။ (တိုင်းလွယ် ကိုတော့ သီးခြားမွန်ခမာလူမျိုးတခု အဖြစ် ယူလို့ရနိုင်တယ်။) ကွီ နဲ့ လားဟူ မကွာသလို ဖျင်နဲ့ အခါလည်း အတူတူပါပဲ။ ပလေးနဲ့ပလောင် အတူတူဖြစ်သလို မြောင်ဇီး၊ ယအို (ယောင်) နဲ့ အိုက်ဆွယ် တမျိုးတည်းဖြစ်ကြပါတယ်။ နယ်ချင်းထိစပ်နေလို့ ယူနန်တရုတ်လူမျိုးကို (ယူနန်တရုတ် မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ် ၄၀၀ နီးပါးက မင်မင်းဆက် နောက်ဆုံးဘုရင်နဲ့အတူပြေးလာတဲ့ မြောက်ပိုင်းသား မန်ဒါရင်တရုတ် လို့လည်းတချို့သမိုင်းတွေမှာ ဆိုပါတယ်)
    ဗမာပြည်ရဲ့တိုင်းရင်းသား ကိုးကန့်လူမျိုး အဖြစ် သတ်မှတ်ထားတာ တွေ့ရ သလို ယွန်း (မြောက်ပိုင်းထိုင်း) လူမျိုး၊ ခမူ (လော) လူမျိုး၊ ရှမ်းကလေး (ဝါ) တိုင်းလေ့ (ထိုင်း) လူမျိုးတို့ကိုလည်း မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ထားတာ တွေ့ရတယ်။
    ချင်းပြည်ဘက်မှာ ကသည်း (မဏိပူရ်) လူမျိုး၊ လင်းဘု (နီပေါ) လူမျိုး တို့ကို တိုင်းရင်းသား သတ်မှတ်ထားပေမယ့် အလားတူ နယ်ချင်းစပ်နေလို့ ဗမာပြည်နယ်နိမိတ်ထဲ မျိုးဆက်များစွာ နေထိုင်နေတဲ့ ထိုင်းလိ (ယူနန်)၊ ထိုင်းလမ် (ယူနန်)၊ ပသျှူး (မလေး)၊ တိဘက်၊ ဂေါ်ရခါး (နီပေါ)၊ စစ်တကောင်းဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်) တို့ကိုတော့ တိုင်းရင်းသား အဖြစ် ဖော်ပြထားတာ မတွေ့ရပါဘူး။
    ဒါကိုချုပ်ကြည့်လိုက်ရင် နအဖပြောတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ဆိုတာမှာ ၁၀၀ လောက်က စာရင်းထပ်နေတာ၊ လုပ်ကြံတီထွင်ထားတာနဲ့ မျိုးနွယ်စု tribe၊ ဆွေမျိုးစု clan၊ စကားဝဲအစု dialect တွေကို လူမျိုး အဖြစ် ပြထားတာဖြစ်နေပြီး လူမျိုး ၃၀ ကျော်လောက်ပဲ တကယ့် အမှန်အကန် ဖြစ်ပါတယ်။
    ဒါပေမဲ့ ဒါဟာ ဗမာပြည်မှာ လူမျိုး ၃၀-၃၅ မျိုးလောက်ပဲရှိတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ထမန်၊ ဒရယ်၊ ဗမာမူဆလင် (မြေဒူး၊ ဇေဒဘာရီ၊ မဂို၊ ပသီ၊ ကျူလီယာ၊ စူရတီ၊ ပထန်၊ ကချာ)၊ ဗမာဟိန္ဒူ၊ ပင်လယ်ရပ်ခြား တရုတ်နဲ့ နယ်စပ်ဟိုဘက်ဒီဘက်ခွနေလေ့ရှိတဲ့ တိဘက်၊ ဂေါ်ရခါး၊ ထိုင်းလိ၊ ထိုင်းနူ (ရှမ်းတရုတ်)၊ ထိုင်းလမ်၊ မလေး-ပသျှူး၊ စစ်တကောင်းသား ဘင်္ဂါလီ တို့လို ဒီစာရင်းထဲမပါဘဲ ကျန်နေတဲ့ လူမျိုးတွေ ရှိပါသေးတယ်။
    ဒါ့အပြင် သီးခြားလူမျိုးအဖြစ် အမှတ်လက္ခဏာသစ် ခံယူလိုတဲ့ သို့မဟုတ် မခံယူလိုတဲ့ လူမျိုးတွေ မျိုးနွယ်စုတွေလည်း ရှိနိုင်ပါသေးတယ်။ ယဗိန်း၊ ဓနော၊ ဒရယ်၊ ထမန်၊ ဖွန်း၊ တရုမ်း၊ ခမူတို့ဆိုရင် မျိုးတုံး လုဆဲဆဲ၊ သို့မဟုတ် လူဦးရေရာဂဏန်းလေးသာရှိတဲ့ လူမျိုးတွေ၊ မျိုးနွယ်စုတွေ ဖြစ် ပါတယ်။
    ဒါကြောင့် ဗမာပြည်နယ်နိမိတ်ထဲမှာရှိတဲ့ (တိုင်းရင်းသား/ရွှေ့ပြောင်းအခြေချ)လူမျိုးတွေကို စာရင်းချုပ်လိုက်ရင် --
    (၁) ကချင် (ဂျိန်းဖော၊ ရဝမ်၊ မရူ၊ အဇီး၊ လချိတ်၊ လီဆူး မျိုးနွယ်စု ၆ စု)
    (၂) ကယား (ကယား၊ ကယော၊ မနုမနော၊ ယင်းတလဲ မျိုးနွယ်စု ၄ စု)
    (၃) ကယန်း (လဝီ-ပဒေါင်၊ ဂေခို-ကရင်ဖြူ၊ ကငန်-ယင်းဘော်၊ ဇယိမ်း-လထ မျိုးနွယ်စု ၄ စု)
    (၄) ကရင် (စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား မျိုးနွယ်စု ၆ စု)
    (၅) ပအိုဝ်း (ကွန်လုံ၊ ခရိုင်း၊ တတောက်၊ နန်းခေ၊ ကျန်းစန်း၊ ကောင်တန်၊ ဗလာ၊ တိယန်၊ တောင်သား မျိုးနွယ်စုများ)
    (၆) ချင်း (ဇိုမီး၊ ကူကီး၊ မီဇို၊ လိုင်မီး၊ မရာ၊ ချို၊ အရှို၊ ခူမီး မျိုးနွယ်စု ၈ စု)
    (၇) နာဂ (လိုင်းနောင်၊ လဟယ်၊ တန်ရှန်း၊ ကွန်ညပ်၊ တန်ကွန်၊ မကူရီ၊ ပါရာ မျိုးနွယ်စု ၇ စု)
    (၈) ဗမာ (ယော၊ တောင်သား-ပျူ၊ ယဗိန်း မျိုးနွယ်စုများ)
    (၉) ထားဝယ် (ထားဝယ်၊ ဘိတ် မျိုးနွယ်စုများ)
    (၁၀) ဓနု
    (၁၁) အင်းသား
    (၁၂) တောင်ရိုး
    (၁၃) ကတူးကနန်း (ကတူး၊ ကနန်း မျိုးနွယ်စု ၂ စု)
    (၁၄) မော်ကင်း-ဆလုံ
    (၁၅) ဖွန်း
    (၁၆) မိုင်းသာ-အချန် (ရှမ်းတရုတ်)
    (၁၇) ထမန်
    (၁၈) မွန်
    (၁၉) ပလောင်-တအာင်း (ရူကျိုင်း၊ ရူကွမ်း၊ ရူခါန်၊ ရူမိုင်း၊ ရူပိုး၊ ကတူး၊ ကွယ်ဟယ်၊ ရူဟော့၊ ရူဗရောင်း၊ ရူခုတ်၊ ရူလဲင်း မျိုးနွယ်စုများ)
    (၂၀) ဝ (အင်၊ စုံ၊ လ၊ ဝ၊ ထိုင်းလွယ်၊ ဆမ်တောက် မျိုးနွယ်စုများ)
    (၂၁) ယင်း (ယင်းနက်၊ ယင်းကျား မျိုးနွယ်စု ၂ စု)
    (၂၂) ဓနော
    (၂၃) ရခိုင် (သက်၊ မရမာ၊ ချောင်းသား၊ တောင်သား၊
    ရမ်းဗြဲသား မျိုးနွယ်စုများ)
    (၂၄) ဒိုင်းနက်-ချက္ကမာ
    (၂၅) မရမာကြီး-ဘရူးဝါး
    (၂၆) ကမန်
    (၂၇) ရှမ်း (ထိုင်းလုံ-ထိုင်းယိုင်၊ ထိုင်းမော၊ ထိုင်းနူ၊ ထိုင်းခွန်၊ ထိုင်းလျံ၊ ထိုင်းခမ်းတီး၊ ဒရယ်၊ ထိုင်းလိ၊ ထိုင်းလမ်၊ ထိုင်းနေ၊ ထိုင်းခွမ်း မျိုးနွယ်စုများ)
    (၂၈) လားဟူ (ကွီ၊ လားဟူနက်၊ လားဟူရှီ မျိုးနွယ်စုများ)
    (၂၉) အခါ (ကော်၊ ဖျင် မျိုးနွယ်စုများ)
    (၃၀) မြောင် (မြောင်ဇီး၊ ယောင်၊ အိုက်ဆွယ်၊ မြှော့မျိုးနွယ်စုများ)
    (၃၁) ခမူ-ခမင်
    (၃၂) ကိုးကန့်တရုတ် (မလိပါရင့်)
    (၃၃) မေ့ထေး (ကသည်း)
    (၃၄) လင်းဘု (နီပေါ)
    (၃၅) ထိုင်း (ထိုင်းနွဲ့)
    (၃၆) ထိုင်းယွန်း (ဇင်းမယ်ရှမ်း)
    (၃၇) လော (ထိုင်းလော)
    (၃၈) ပသျှူး (မလေး)
    (၃၉) တိဘက်
    (၄၀) ဂေါ်ရခါး (နီပေါ)
    ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ တိုင်းရင်းသား လူမျိုးအရေအတွက်ဟာ ၃၅ မကျော်ပါဘူး။ ဒါပေမဲ့ စစ်အုပ်စုဟာ တိုင်းရင်းသား လူမျိုးအရေအတွက် ဆယ်ဂဏန်း မပြည့်လည်း အကြောင်းအမျိုးမျိုးပြပြီး စစ်အာဏာရှင်စနစ် ထူထောင်မှာ ပါပဲ။ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ရှိတယ်လို့ ဆင်ခြေပေးဦး မှာပါပဲ။
    စစ်အုပ်စုစကား၊ စစ်အုပ်စုစာရင်းတွေဟာ ဘယ်လိုမှ စိတ်ချယုံကြည်စရာ မရှိဘူး ဆိုတာရယ်၊ ကိုယ်အုပ်ချုပ်နေတဲ့ နိုင်ငံ ထဲက လူမျိုးတွေကိုတောင် မှန်မှန်ကန်ကန် စာရင်းကောက်နိုင်တဲ့ အရည်အချင်းနဲ့ဆန္ဒ မရှိဘူး ဆိုတာရယ် ကိုတော့ ၁၃၅ မျိုးစာရင်းက သက်သေခံ နေပါတယ်။
    ဂါမဏိ
    The Ladies News
    Thursday, July 28, 2016
    2016 မှာ ဇာတ်လမ်း Movie တေ နေ့တိုင်းနီးပါးကြည့်ဖြစ်ပါတယ်
    လုပ်စရာတေ လုပ်ပီးသွားလို့ ည ၈ နာရီဆိုပုံမှန် အလုပ်ကြီးတစ်ခုလိုကို ဖြစ်နေပါတယ်
    ဒီ2016 ထဲကြည့်ဖြစ်တဲ့ ဇာတ်လမ်းတေက စစ်ပွဲတိုက်ပွဲ Battles တေများပါတယ်
    အာရှ ဥရောပ အာဖရိက အမေရိက စတဲ့ ပထမ ဒုတိယ ကမ္ဘာစစ် ဂျာမန် ဆိုဗီယက်ကနေ အခုခေတ်သစ် ‪#‎အာဖကန်နစ္စတန်‬ အဆုံး တစ်နေ့တစ်မျိုး ကြည့်ပါတယ် တစ်ခါခါ ရောမခေတ် ဂျူး နတ်ကိုးကွယ်တာနဲ့ ခရစ်ယာန် ဖြစ်ကြတာတာက ညှပ်ပါသေးတယ်
    ကမ်ဘာချီစစ်က ထူးဆန်းလိုက်တာ စားစရာမရှိဘူး သေနှပ် ကျည် အပြည့်ရှိကြတယ် လူတေက ငတ်ကြတာ အကြီးအကျယ်
    ကျည်ဆန်တေက ကျယ်ကြွေသလို သူရဲကောင်းစိတ်ဓါတ်အပြည့် တိုက်လိုက်ကြတာ သေလိုက်ကြတာ သောက်သောက်လဲ
    ယောက်ျားတေက စစ်တိုက်ဖို့ ပဲ မွေးဖွားလာသလားထင်ရတယ် အမျိုးသမီး ကလေးတေကလည်း ဒုက္ခအမျိုးမျိုး
    ဖြစ်လိုက်ရတဲ့ စစ်ပွဲကလည်း အမျိုးမျိုး လူမျိုးရေးကြောင့် ဘာသာရေးကြောင့် စီးပွားရေးကြောင့် နယ်မြေကြောင့် အာဏာကြောင့်
    ပထမကမ္ဘ်ဘာစစ် ၁၉၁၄ - ၁၉၁၈ ကနေ ဗာဆိုင်းစာချုပ်နဲ့ စစ်အဆုံးသတ် ပေးလျော်စရာရှိတာပေးလျော် အစကတော့ ဒုတိယ ကမ်ဘာစစ်ဆိုတာ ရှိလာမယ်မှန်းတောင် မထင်ကြပါဘူးတဲ့ ဆိုတော့ ပထမလို့မသတ်မှတ်ကြသေးဘူးပေါ့ Great World War လို့ပဲ ၁၉၃၉ - ၁၉၄၅ ဒုတိယ ကမ်ဘာစစ်ဖြစ်တော့ ဒုလို့ သတ်မှတ်ခဲ့ကြပါတယ် ဒုတိယ ဆိုတာ မရှိအောင် နိုင်ငံပေါင်းချုပ် အသင်းကြီးဆိုတာကလည်း မတားနိုင်ခဲ့ရှာဘူး
    ဖြစ်ကြတာ တစ်ချို့တိုက်ပွဲ Battles name အမျိုးမျိုးတေက အခုခေတ် ဇာတ်လမ်းဖွဲ့ပြန်ရိုက်ဖော်ပြတော့ အတိတ်တေကို ပြန်မြင်နေရသလို ဆိုးဝါးလိုက်တာ
    ဇာတ်လမ်းကြည့်ရင်း စကားလုံးတေကလည်း ရလိုက်ပါသေးတယ်
    Battle ဇာတ်လမ်းတစ်ခုထဲက ဗိုလ်တစ်ယောက်က ပြောတာက Fight to the Endတဲ့ ဆိုတော့ နောက်တစ်ယောက်က When is the End တဲ့ ဆိုတော့ Blood for Blood တဲ့လေ မဟတ္တမ ဂန္တီကြီးကတော့ ဟန်မူရာဘီ ကိုယ်ဒဥပဒေ An Eye for An Eye ကို အဲ့လိုဆိုရင် ကမ်ဘာမှာ အကန်းချည်းဖြစ်ကုန်မှာပေါ့တဲ့ မှတ်သားစရာ ခံယူချက်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ တိုက်ကြတယ်
    အာဖကန်က လက်ရှိစစ်ပွဲတေကားကြည့်တော့လည်း ပြည်သူတေကို မြန်မာအခေါ်သူပုံတေကလည်း ဗုံးတပ်ပြီး ရန်သူတပ်ကို ပြည်သူအချင်းချင်း ဗုံးဆင် အသေခံဖောက်ခွဲခိုင်းတဲ့အထိ သေတာပဲ အရိုးအသားတခြားစီနဲ့ လေ
    အာဖကန်နိုင်ငံရဲ့ပုံရိပ်တေကို ကိုယ်တိုင်မမြင်ပေမယ့် ဇာတ်လမ်းတေကတဆင့် တွေ့နေရပါတယ်
    နောက်တစ်ခုက ဒီနိုင်ငံက မြန်မာဒုတိယ ပီးရင်း ပထမအဆင့်အာရှအဆင်းရဲဆုံးနိုင်ငံဆိုတော့ စိတ်ဝင်စားမိပါတယ်
    စစ်ပွဲ စစ်ပွဲ မငြိမ်းသောမီးပါပဲ
    မြန်မာပြည်မှာလည်း အခုထိ မငြိမ်းချမ်းနိုင်သေးတဲ့ စစ်မီးရှိနေတော့ ဒီဇာတ်ကားတေကြည့်ရင်း သင်ခန်းစာရသလို စစ်ဒဏ်ခံရသူတေ စစ်တိုက်နေကြသူတေအတွက်ကိုလည်း ကိုယ်ချင်းစာမိလာပါတယ်
    ငြိမ်းချမ်းပါစေ ကမ်ဘာမြေ
    ငြိမ်းချမ်းပါစေ မြန်မာပြည်
    Friday, July 15, 2016
    Photograph of a Sawbwa’s wife and child at Wuntho in Burma
    Photograph of a Sawbwa’s wife and child at Wuntho in Burma (Myanmar) from the Elgin Collection: 'Autumn Tour 1898', taken by Felice Beato in c.1890. The portrait was taken in front of a house at Wuntho, showing the wife and child of the Wuntho Sawbwa, a Shan feudal lord, seated on the ground with food baskets. Attendants are arranged around the pair in a semi-circle and two servants hold umbrellas over the group. The woman wears a striped silk hta-mein (wrap-around skirt), a close-fitting jacket of fine muslin or cotton known as an ein-gyi, and necklaces. During the Konbaung Dynasty (1752-1885), rich jewellery, fine fabrics such as silk, and garments such as her jacket were reserved for court officials and their wives by sumptuary laws. After the fall of the Burmese monarchy they were worn by the wealthy. The photograph is from an album devoted almost entirely to Lord Elgin's Burma tour of November to December 1898. Victor Alexander Bruce (1849-1917), ninth Earl of Elgin and 13th Earl of Kincardine, served as Viceroy of India between 1894 and 1899.
    (From http://www.bl.uk/onlinegallery/onlineex/apac/photocoll/s/019pho0000015s6u00046000.html  )