ဝန်းသိုမြို့ ဟုခေါ်သော ဝန်းဆေမြို့
ဝန်းသို ဟူသော ဘာသာစကားသည် ဝိန်းဆေဟူသော သျှမ်းဘာသာ စကားမှပြောင်းလဲ လာခြင်း ပင်ဖြစ်သည်။
မက်မှောက်ခေတ် မြန်မာနိုင်ငံဟု ေခေါ်တွင်လျှက်ရှိသော နယ်မြေဒေသအတွင်း သို့သျှမ်းမျိုးနွယ်စု များသည် မည်သည့် ရာစု သက္ကရာဇ်လောက်တွင် ဝင်ရောက်နေထိုင် ခဲ့သည်ကို အတိအကျ မပြောနိုင်သောလည်း မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ဝန်းသို ဟူသော (သျှမ်းအခေါ် မိန်းကောင်-အိုးစည်မြို့၊ မိန်းယမ်း-ဗျိုင်းမြို့၊ မိန်းမိတ်-ဓါမြောင်မြို့၊ ဝိန်းဆေ- ကျားမြို့) မြို့တည် သျှမ်းညီနောင် သုံးဦးတို့၏ ဖခမည်း တော် ကျားဖြူမင်း သျှမ်းအခေါ် စေဝ်ဆေဖိတ် သည် စောလှမယ်နှင့် အကြောင်းပါ၍ ပေါင်းဖက် နေထိုင်လာခဲ့ရာကို အစွဲပြု၍ ကျိုင်းဟုံ သို့မဟုတ် ဝိန်းဆေ ဟုခေါ်တွင်းလာခဲ့ရာမှ ဝန်းသို တို့ပြောင်းလဲ လာခြင်းဖြစ်သည်။
ထိုသျှမ်းညီနောင်များ မွေးဖွားကြီးပြင်းခဲ့ရာ နေရာလဲဖြစ်သည်။
ဝန်းသို ဟူသော ဘာသာစကားသည် ဝိန်းဆေဟူသော သျှမ်းဘာသာ စကားမှ ပြောင်းလဲလာခြင်း ပင်ဖြစ်သည်။ ဝိန်းသည် မြို့ဖြစ်၍ ဆေသည် ကျားဖြစ်သောကြောင့် ဝိန်းဆေဟူသောစကားသည် ကျားနေသော မြို့ဟု အဓိပါယ်ရပါသည်။ သျှမ်းညီနှောင်သုံးဦးတို့ မိန်းကောင်း မိန်းယမ်း မိန်းမစ် ဆိုမြို့သုံးမြို့ တည်ထောင်ပြီး စိုးစံအုပ်ချုပ် နေထိုင်လာခဲ့ရာ ၎င်းညီနှောင်တို့၏ ဖခမည်တော် စိုးစံခဲ့ရာ ဝိန်းဆေခေါ် (ဝန်းသိုမြို့) သည်။ ၎င်း သုံးမြို့ထက်ပင်စောမည်ကို မန်းစလိုရပါသည်။
မိုးမိတ်မြို့ကို ဗုဒ္ဓသာသနာ သက္ကရာဇ် မတိုင်မီ ၄၄၈ (ခရစ်သက္ကရာဇ်မတိုင်မီ ၉၉၂ ခုနှစ်) တွင် တည်ထောင်ခဲ့ကြောင်း မြန်မာနိုင်ငံ သမိုင်းအဖွဲ့ ဒုတိယဥက္ကဌ (၂) နိုင်ငံခြားဘာသာ သိပ္ပံကျောင်းအုပ်ဟောင်း ဆရာကြီး ဦးစိုင်းအောင်ထွန်း ပြုစုသည့် တိုင်းလူမျိုးမှား ပြန့်နှံ့နေထိုင်ပုံ သမိုင်းစာတမ်းတွင် လေ့လာတွေ့ရှိရပါသည်။
သို့ဖြစ်ရာ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ဝန်းသိုဟုခေါ်တွင်လျှက်ရှိသော သျှမ်းမျိုနွယ်စု များ၏ ရှေးဟောင်းမြို့ ပြနိုင်ငံငယ် များသည် နှစ်ပေါင်း သုံးထောင် နီးပါးရှိပြီဖြစ်သဖြင့် ဤနယ်မြေ ဤဒေသအတွင်းသို့ သျှမ်းမျိုးနွယ်စုများ ဝင်ရောက်နေထိုင် လာခဲ့သည်မှာ နှစ်ပေါင်း (၃၀၀၀) ထက် မနည်းတော့ကြောင်း သုံးသပ်ရးပါသည်။
လူ့အဖွဲ့အစည်း၊ လူ့သမိုင်းတိုးတက် ပြောင်းလဲလာမှုကို လေ့လာရာတွင် မိသားစု အစုအေဝးမှ တဖြည်းဖြည်းတိုးတက် လာပြီး၊ မြို့ပြနိုင်ငံ (Sity State) မင်းပြည်ထောင် ( King dom) လက်နက်နိုင်ငံ (Empire) ဟူ၍ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ပုဂံမင်းပြည်ထောင် အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) မတိုင်မီကာလတွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပျူတို့၏ ပိသနိုး၊ သရေခတ္တရာ၊ ဟန်လင်းစသော မင်ပြည်ထောင်များ၊ ရခိုင်ဒေသတွင် မြောက်ဦး၊ ဓညဝတီ၊ ဝေသာလီ စသော မင်းပြည်ထောင်များ အသီးသီးရှိခဲ့ပြီးဖြစ်သည်။
ပထမ မြန်မာနိုင်ငံကို ထူထောင်ခဲ့သော ပုဂံပြည့်ရှင်မင်း၊ အနော်ရထာ (အနိရုဒ- အေဒီ ၁၀၄၄ -၁၀၇၇ ) လက်ထက်တွင် ပုဂံပြည်၏ အရှေ့ဖက်နှင့် မြောက်ဖက်တလွားတွင် ရှိသော သျှမ်းရန်များကို ကာကွယ်ရန် အလို့ငှာ သျှမ်းကုန်းပြင်မြင့် တောင်ခြေရင်းနှင့်ဧရာဝတီမြစ်ရိုး တစ်လျှောက်တွင် နယ်ခြားစောင့်တပ်မြို့ (၄၃) မြို့ တပြိုင်တည်း တည်ခဲ့ကြောင်း မြန်မာ့သမိုင်းတွင် ဖေါ်ပြထားသည်။
သို့ဖြစ်၍ ပထမအကြိမ် မြန်မာနိုင်ငံတော်အဖြစ် စတင်တည်ထောင်ခဲ့သော ပုဂံခေတ်ကာလကပင် အထက်မြန်မာနိုင်ငံတွင် သျှမ်းမင်းပြည်ထောင်များ ပေါ်ထွန်းရှိနှင့်နေပြီဖြစ်သည့်အပြင် မြောက်ဖက်တလွား သျှမ်းပြည်များဟု သမိုင်းတွင်ထင်ရှားသက်သေ ရှိခဲ့သည် ။
တောင်ငူခေတ် ဘုရင့်နောင်မင်း (အေဒီ ၁၅၅၁-၁၅၈၁ ) လက်ထက်တွင် ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင်နိုင်ရန် အတွတ် မြန်မာတို၏ မူရင်းဒေသများသာမက၊ တကွဲတပြား ထီးပြိုင် နန်းပြိုင်များ ဖြစ်နေသော မွန်၊ သျှမ်းတို့၏ မင်းပြည်ထောင်များကို တိုက်ခိုက်သိမ်းသွင်းစုစည်းခဲ့သည်။ ဘုရင့်နောင် (ဆင်ဖြူများရှင်) မင်းလက်ထက် တိုက်ခိုက်သိမ်းသွင်းစုစည်းခဲ့သော မင်းပြည်ထောင်များအနက် မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ သိနီ၊ သီပေါ၊ ညောင်ရွှေ၊ မိုးဗြဲ၊ မိုးနဲ၊ ကလေးစသော သျှမ်းမင်းပြည်ထောင်များကို သျှမ်းကိုးစော်ဘွားများ ဟုသီးခြားထားခဲ့ပါသည်။
ထိုနယ်ရှင် စောဘွားများ၏ အစီအနင်းအဆောင် အရွက်ပေးခဲ့သည် နောင်မြန်မာမင်း အဆက်ဆက် တို့ကလည်း ထီးစောင့် နန်းရံ လက်နက်နိုင်ငံတော်များ အဖြစ်အသိမှတ်ပြုခဲ့သည်။ အထောက်အထားအရ မြန်မာနိုင်ငံ သမိုင်းဖြစ်ပေါ်ရေးတွင် တိုင်းခေါ် သျှမ်းလူမျိုး များသည် ရှေးဦးမဆွကပင် ပြည်ထောင် များအဖြစ် ဖြစ်ထွန်းပါဝင်ခဲ့ပြီး ဖြစ်ကြောင်း တွေ့ရှိရပါသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၁၊ စာမျက်နှာ-၃၈၈)
ယင်းဌာနေသျှမ်းများ သည်ရှေးပဝေသဏီ ထဲက မင်းပြည်ထောင်များ အသီးသီး ရှိခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ပါ၍ ဝန်းသိုမြို့ဖြစ်ပေါ်လာပုံမှာလဲ ညီနှောင်သုံးဖော်တို့ ဟောနန်းများ စိုက်ထူကြပြီးနောက်
အဘကျားဖြူကြီး၏ အရိုးအား မည်သို့ မျှ မစီမံကြရသေးသဖြင့် မယ်တော် စောလှမယ်ထံ အမိန့်တော်ခံ ဝင်ကြရာ သင်တို့ဘခင် ကျေးဇူးရှင် ၊ ကျားဖြူကြီးအရိုးကို သားတော် သုံးပါးတို့တွင် သားတော် ဆေကျန်ဖှ (သိုကြည်ဘွား) စံရာ အလယ်ဗဟိုကျသော မိန်းယမ်းမြို့ တွင်သာထားရှိရန် (ယခု မိုးညှင်းမြို့) အရှေ့မြောက်ဒေါင့် အရပ်၌ ဂူသွင်းတည်ထားရာ နောက်ကာလ ကြာသောအခါ ၎င်းနေရာတွင် သဒ္ဒါတရား ရှိသူများက စေတီဟောင်းဖြစ်မည်ဟု ထင်၍ ဘုရားဓါတ်တော်များ ဌာပနာသွင်း၍ အသစ် တည်ထား ကြလေသည်။ ၎င်းစေတီကို ယခုအခါ ဆေခေါင်းပိတ်ဘုရား (ယနေ့တိုင် ကျားဖြူဘုရား) ဟု ခေါ်ကြလေသည်။ မိုးညှင်းမြို့၌ ရှိနေပါသေးသည်။
ဝန်းသို ရာဇာသစ်မှ ထုတ်နုတ်
သမတမင်းပေါင်း စော်ဘွားပေါင်း စော်ဘွားစားခေတ်များ
၁။ ကမ္ဘာဦးအစ မဟာသမတ မင်းပေါင်း ၁၉၂ ဆက်
၂။ သိုဟုံဘွားမှ အစ စော်ဘွားပေါင်း ၂၆၄ဆက်
ကျိုင်ဆေမှ ဝန်းသိုဖြစ်လာခြင်း ကမ္ဘာလောကကြီး နှစ်ကြိမ်မြောက် မီးဖျက်ပြီး၍ သုံးကြိမ်မြောက် တည်လာသောအခါ ကောဇာသက္ကရာဇ် ၃၀၃ ခုနှစ်လောက်တွင် ကျားဖြူကြီးနှင့် စောလှမယ်တို့၏သား အထွေးဆုံး သိုဟုံဘွားလက်ထက် မြို့ရွာတည်ရန် ရွေးချယ် ကြည့်ရူကြသောအခါ ဖိုခနောက် တွေ့ရှိသည်ကို အကြောင်းပြု၍ ကျိုင်း၊ အဘကျားဖြူကြီးကို အကြာင်းပြု၍ ဆေ ဟုရှေးဦးစွာ ကျိုင်းဆေ ဟုစတည်လာရာမှ ကာလကြာမြင့်လာရာ ဆေကို-ဆို- သို့ပြောင်း၍ ကျိုင်းသိုဖြစ်လာလေသည်။ နောက် ၇၀၅ ခုနှစ် ဟောမိုးဟံလက်ထက် ကျိုင်းဆို ၊ ၇၅၀ ခုနှစ် ခွန်ဆိုင်လက်ထက် မိန်းဆို နောက် သက္ကရာဇ်ဖြိုပြီး ၃၀၀ ခုနှစ် စောခမ်းကြည် လက်ထက် ကြိုင်းတောင်း၊ နောက် ၉၀၀ ခုနှစ် စောညီလက်ထက် သင်လဲ စင်လဲ သိုမဟုတ် စင်းလဲ နောက် ၁၀၀၀ခုနှစ် ငသူရ လက်ထက် ဗျဂပူရ နောက် ၁၁၂၅ ခုနှစ် စော်ဘွားအောင်ညို လက်ထက်ကျမှ ဝိန်းဆေ ( ဝန်းသို) ဖြစ်လေသည်။
ဝန်းသိုမြို့ ခေါ် ဝိန်းဆေ မြို့ကို ကောဇာသက္ကရာဇ် ၇၉၀ ခုနှစ် မိန်းဆေမြို့ကို ခွန်ဆိုင်ခေါ် ကျားဖြူမင်း၏သား အငယ်ဆုံးတည်ထောင် စံမြန်စိုးစံလေသည်။
ဘွားစားပြီးမှ ဂေါတမဘုရားမပွင့်မှီ သက္ကရာဇ်ဖြိုနိုင်သော မင်းများ ဖြိုကြံင်း သက္ကရာဇ် အသစ် ၃၀၃ ခုနှစ်တွင် သင်းလဲ (သို့) စဉ်းလဲမြို့ဟု သမုတ်၍ စော်ဘွားအောင်ညို ဘွားစားပြန်သည်။ ဘွားစားသည် ဌာနေသျှမ်းတို့၏ ဘာသာစကား ဖြစ်သည်။ မိမိတို့၏ စဝ်ဖှခေါ် စောဘွားများ ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသများဖြစ်သည်။
ထို့နောက် ၇၄၄ ခုနှစ်တွင် မောင်ကယ် ဘွားစားပြန်သည်။
၇၅၃ ခုနှစ်တွင် စောကြည် ဘွားစားပြန်သည်။
၇၉၆ ခုနှစ်တွင် စောအောင်ညို ဘွားစားပြန်သည်။
၇၉၈ ခုနှစ်တွင် စောနောင်မွန် ဘွားစားပြန်သည်။
၉၀၀ ခုနှစ်တွင် စောအင်ခမ်း ဘွားစားပြန်သည်။
၉၃၅ ခုနှစ်တွင် မင်းကတူး ဘွားစားပြန်သည်။
၉၃၇ ခုနှစ်တွင် စောသိုရဲ ဘွားစားပြန်သည်။
၉၆၁ ခုနှစ်တွင် စောဆိုင်ခမ်း ဘွားစားပြန်သည်။
၉၈၁ ခုနှစ်တွင် စောကော်ညို ဘွားစားပြန်သည်။
၉၈၁ ခုနှစ်တွင် စောနှင်းအုန် ဘွားစားပြန်သည်။
၁၀၀၉ ခုနှစ်တွင် စောစစ်နိုင် ဘွားစားပြန်သည်။
၁၀၃၃ ခုနှစ်တွင် စောဦးကျော် ဘွားစားပြန်သည်။
စစ်ကဲစား ခေတ်များ
၁၀၅၉ ခုနှစ်တွင် ငကြင်ဖေါ်
၁၀၆၀ ခုနှစ်တွင် ငစွန်
၁၀၆၅ ခုနှစ်တွင် ငကြင်
၁၀၇၆ ခုနှစ်တွင် ငမြတ်ခေါင်
၁၁၁၂ ခုနှစ်တွင် ငအောင်မြတ်
၁၁၁၈ ခုနှစ်တွင် ငအောင်ညို
၁၁၁၄ ခုနှစ်တွင် ငထင်
မြို့သူကြီးစား ခေတ်များ ဌာနေသျှမ်းများသည်
၁၁၅၈ ခုနှစ်တွင် ငတော်စံ
၁၁၆၀ ခုနှစ်တွင် ငသာရွဲ
၁၁၈၉ ခုနှစ်တွင် ငရွှေသာ
၁၁၉၅ ခုနှစ်တွင် ငရွှေသီး
၁၁၉၉ ခုနှစ်တွင် ငသာဝ
၁၂၀၇ ခုနှစ်တွင် ငစံတစ်
၁၂၁၄ ခုနှစ်တွင် ငရွှေသား
အထက်ပါ ဦးရွှေသား ဆိုသူမှာ အခြားသူမဟုတ် ခမည်တော်ကြီး ဦးရွှေသားပင်ဖြစ်သည်။ ၎င်းဦးရွှေသားကို ၁၁၈၅ ခု ဝါဆိုလဆန်း ၂ရက် ဗုဒဟူးနေ့မွန်းတည့်ချိန်တွင် ရွှေလီမဲဇာ ၇ ရွာနွယ်ချို အုပ်ရှစ်ကုန်း၌ ဖွားမြင်၍ ဗိုလ်တဲကျောင်းတွင် ပညာသင်၍ ၎င်းမှ တဖန် (၇ ရွာမှ တဖန်) အင်ဂျီရွာသို့ ပြောင်ရွေ့ နေထိုင်ခဲ့ပြီးခါ အမရပူရ ဘုရင် ပုဂံမင်းလက်ထက် မင်းတုံးမင်းသားထံမှာ အမှုတော် ထမ်းနေရာမှ မင်းတုံးမင်းသား ဘုရင် ဖြစ်လာသော အခါ ရှေးဦးစွာရဲ လက်စွဲ တော်ကြီး ဖြစ်လာပြီးနောက် သက္ကရာဇ် ၁၂၁၄ ခုနှစ် မင်းလှသမန္တရာဇာ ဟူသောဘွဲ့နှင့် အတူ ဝန်းသိုမြို့ သူကြီးအဖြစ် ခန့်အပ်လိုက်လေသည် ၎င်းနောက် မကြာမီစစ်ကဲရာထူးသို့ တိုးမြင့် ခန့်ထားပြန်သည်။ ၁၂၂၈ ခုနှစ် ပတိန်းစား သူပုံတို့ကို ရတနာသိင်္ခ (ရွှေဘို) တွင် မင်းလှ သမန္တရာဇာ (စစ်ကဲဦးရွှေသား) က လက်ရဖမ်းယူပြီး မင်းတုံးဘုရင်ကြီးထံ ဆက်သသည့်အခါ ဝလွန်စွာ နှစ်ထောင်းအားရ ကျေနပ်တော်မူသဖြင့် ၁၂၂၈ ခုနှစ်၌ပင် မြို့လက်ရှိအတိုင်းနှင့် ဝန်းသိုမြို့ မင်္ဂလာစော်ဘွားကြီးဟု အဆောင်အရောင် အစီးအနင်းများနှင့်တွ စော်ဘွား အဖြစ်သို့ တိုးမြင့် ခန့်ထားပြန်သည်။
တံဆိပ် ၃လုံး ဘွဲ့ ၃တန်
၁။ မဟာဝံသ ရာဇာ သိုဟုံဘွား
၂။ မဟာသိဒ္ဓိဇေယ သိုဟုံဘွား
သက္ကရာဇ် ၁၂၃၆၊ ၃၇ ခုနှစ်တွင် ရွှေအရှေ့ကြောင်း အလယ်ကြောင်း သံသုံးတာရွာ ဂဏန်းဘွား ဂဏန်းမ နန်းခမ်းကျေးရွာများနှင့်တကွ ကျေးရွာခရိုင် တိုးချဲ့၍ ထပ်မံအုပ်ချုပ်စေသည်။
သက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် မင်းတုံးမင်း ကြီး နတ်ရွာစံပြီး သားတော် သီပေါမင်း လက်ထက် တွင်
၃။ မဟာဝံသ သိရီရာဇာ သိုဟုံဘွား ဟူ၍ တံဆိပ် ၃လုံး ဘွဲ့တန်ရရှိလေသည်။
နယ်နမိတ်အပိုင်းအခြားများ
ဝန်းသိုမြို့ကို ဗဟိုပြု၍ အရှေ့လာသော် ဧရာသဝတီ မြစ်လယ်ကြော ကမ္ဘောဇတိုင်း အထိ၊ တောင်လာသော ရဲသာရွာ လင်းကြီး ဟံသနဂရတိုင်းအထိ၊အနောက်လာသော သလ္လာဝတီမြစ်လယ်ကြောမဏိပူရတိုင်းအထိ။ အမြောက်လာ မိုးကောင်းနှင့် ကြောကိုင်း နရသုဏ္ဍတိုင်းအထိ။ အရှေ့မြောက်အလာ ကောက်ကွေ့ချောင်းထွက် ဧရာဝတီမြစ် လယ်ကြာထိ၊ အရှေ့တောင်လာ တမောအောက်ဇင်း ချောင်းပေါက် ဧရာဝတီအထိ၊ အနောက်မြောက် ဦးရူချောင်းထွက် သလ္လာဝတီ မြစ်လယ်ကြောထိ။ ဤလို နယ်လေးရပ်၊ ရှစ်ရပ် သတ်မှတ် ပိုင်းခြားလျက် ၅၅ ခရိုင်ဘွားစားရသည်။ဤတို့ဖြင့် စော်ဘွားအဆက်ဆက်တို့၏ ဘွားစားရသော နယ်ပယ် အပိုင်းအခြားဖြစ်သည်။ ဘွားစားဟူသောစကားသည် ဒေသခံသျှမ်းတို့၏ စော်ဘွားအသုံး အနှံးဖြစ်၍ စော်ဘွားအုပ်ချုပ်ခံ နယ်မြေများကိုဆိုသည်။
ယင်းဒေသနေသျှမ်းများကို တိုင်းလျဲန် (သျှမ်းနီ) များဟုခေါ်ဆိုကြသည်။ မြန်မာနိုင်ငံ သမိုင်းတလျှေက်တွင် မြန်မာမင်း ပြည်ထောင်များနှင့် ထီးပြိုင်နန်းပြိုင် ပြည်ထောင်များအဖြစ် လည်းကောင်း မြန်မာမင်းများ သြဇာလွမ်းမိုးသော အခါ လက်အောက်ခံ မင်းပြည်ထောင်များအဖြစ် လည်ကောင်း၊ ပြည်ပရန်များ ကျူးကျော်လာစဉ် ကာလတွင် မြန်မာ မင်းပြည်ထောင်များနှင့် အတူ ပူးပေါင်း ကာကွယ်ခြင်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ သမိုင်းဖြစ်ပေါ်ရေးကို ရှေးဦးမဆွကပင် ပါဝင်တည်ဆောက် ခဲ့ကြသော သျှမ်းများဖြစ်ပါသည်။
တိုင်းလျဲန် (သျှမ်းနှီ) များသည် ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင်စကား ရှိကြသည့် လူမျိုးဖြစ်ပါသည်။ သို့သော် နောက်ပိုင်းတွင် စကားနှင့်စာပေ ထိန်းသိမ်းစောင့်ရှောက်မူ၊ အားနည်းခဲ့သဖြင့်၊ စကားစာပေ တဖြည်းဖြည်း ပပျောက်ခဲ့သည်။ မြန်မာစကား၊ မြန်မာစပေ၊ မြန်မာယဉ်ကျေးမူ အသုံးပြုမူ များလာသဖြင့် မြန်မာဆန်သော သျှမ်းများဖြစ်လာသည်။ မြန်မာဆန်သော သျှမ်းများဖြစ်၍ သျှမ်းဗမာဟု ခေါ်ဆိုသော အမည်မှာ မှရင်းလင်းကြောင်း၊ ထိုသူများသည် သျှမ်းများသာ ဖြစ်ကြောင်း မြန်မာ့စွဝ်စုံကျမ်းတွင် ရှင်းလင်းဖေါ်ပြထားပါသည်။
သျှမ်းကြာဗမာဖြစ် ဆိုသည့်အတိုင်း ဗမာဖြစ် သွားကြသူများပေသည်။ ဗုဒ္ဓဘာသာကို အခြေခံသော ယဉ်ကျေးမူ ဓလေ့ထုံးစံများ ရှိကြ၍ ဝါဝင်၊ ဝါထွတ် သီတင်းကျွတ်ပွဲ၊ ရှင်ပြုရဟန်းခံပွဲ၊ သင်္ကြန်ပွဲ၊ ထိမ်းမြားမင်္ဂလာနှင့် အသုဘမှ အစ မြန်မာလူမျိုးများနှင့် ထူးထူးခြားခြား ကွဲပြားခြားနား မှုသိပ်မရှိတော့ကြပေ၊ သို့ရာတွင် တနှစ်လျှင် တစ်ကြိမ် မြို့အရှင်ကြီး ရွာအရှင်ကြီးများအား ပူဇော်ပသရာတွင် ရွတ်ဆိုသော မြို့ရွာ အရှင်ကြီးများ၏ အမည်မှာ ထိုဒေသ၏ ရှေးဟောင်း သျှမ်းအကြေီးအကဲများ ၏ အမည်များသာ ဖြစ်နေသည်ကိုတွေ့ရပါသည်။
ဦးရွှေသားသည် ရှေးထက်စော်ဘွား များဖြစ်ကြသော ဦးထင် (၎င်း၏သား) ဦးရွှေရန် (၎င်း၏သား) ဦးဘွား(၎င်း၏သား) ဦးရွှေသားဖြစ်၍ အထင်၏မြစ်ဖြစ်ပေသည်။ စော်ဘွားမျိုးဆက်များ ပင်ဖြစ်သည်။
ဦးရွှေသားသည် သက်တော် ၆၅ နှစ်ရှိပြီဖြစ်ရာ ၁၂၄၃ ခုနှစ်တွင် သက်တော် ၂၁ နှစ်ခန့်ရှိပြီဖြစ်သော သားတော် သခင်အောင်မြတ်အား ဝန်းသိုစော်ဘွား အရာ လွဲလပ်ပေးရန် ဘုရင်သီပေါမင်းထံသို့ အမိန့်တော်ခံတင်လွာကို ဆက်သတင်သွင်းကြလေသည်။
သီပေါမင်းထံ အမိန့်တော်ခံဝင်ကြရာ မြို့ရွာခရိုင်နေ ပေါ်မိန်း ထမုံသူကြီး ခေါင်းကြီးရွာအုပ်တို့မှစ၍ သဘောတူညီကြခြင်းဖြင့် ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၂ရက်နေ့တွင် သားတော်ကြီး သခင်အောင်မြတ်အား ဘုရင် သီပေါမင်းက ဝန်သိုစော်ဘွားအရာ ခန့်အပ်တော်မူလေသည်။ှ
၁။ ပထမဘွဲ့နာမည် ( မဟာဝံသသိရီဇေယ သိုဟုံဘွား) မကြာမီ၁၂၄၅ ခုနှစ် ပထမဝါဆို လဆန်း ၉ရက်နေ့တွင် သိရီဇေယနှင့် လဲလှယ်၍ အဘစော်ဘွားကြီးနည်းတူ ထီးအစီးအနင်းနှင့် တကွ ထပ်မံချီးမြင့်တော်မူသည်။
၂။ ဒုတိယဘွဲနာမည် (မောရိယမဟာဝံသ သိရီသုဓမ္မရာဇာ သိုဟုံဘွားဟုဖြစ်လေသည်။
ထီးအစီးအနင်း အဆောင်အရွက်များ ထီဖြူ ၂၊ ရွှေညောင်ရွက် ၃၊ ရွက်ရေ ၃၆၊ ထီးချက် ထီးထွဋ္ဋ် ရွှေထည့်၊ ထီးရိုး ငါးတောင် ရွှေပိန်း၊ ထီးနီ၂၊ ညောင်ရွက် တဆင့်တက် ရွက်ရေ ၄ခုစီ၊ ထီးချက် ထီးထွဋ္ဋ် ရွှေထည့် ထီးရိုး ငါးတောင်၊ ရွှေကြန်ဆစ် သံလျက် အိမ်ဖြူ သံပတ် ၇ တန့် ပတ္တမြားစီ အရိုး ရွှေကွပ် ရင်းဖျား ကျောက်တရစ်စီ။ သင်းကျစ် ရွှေသား ကွမ်းခွက် ၁၂ ရာသီ။ ပတ္တမြားသုံးရစ်စီ ကွမ်းလိပ်သုံးမွာ အနားပတ္တမြား သုံးရစ်စီ ကြုပ်ခွက်အစုံ။ ရွှေထွေးအင်၊ ရွှေစလွယ် တဆဲ့ ငါးသွယ်၊ ဒက်ဘယက်ကင်း ထုပြောက် ဂုန္တန်ထိုး အနားကျောက်စီ အလယ်ပတ္တမြားစီ၊ သျှမ်းဘောင်းဖြူမြစ် ညွန့်ပတ်ခြမ်း အထွဋ္ဋ်မကိုဋ္ဋ်တတ် ရွှေသားပန်း တဆဲ့ ငါးတမာရွက်ထောင် တဆဲ့ငါး၊ ရွှေနားဒေါင်း မီးတွင်းကန်တော့ခံ၊ ကတီပါ လုတ်လုံဘဲရံ နှစ်ဆင့်တတ် မောက်တို ရွှေပိန်း ရွှေကုံးစိန်တောင် တဆဲ့ငါး။ရွှေထိ ရွှေထွဋ္ဋ် ကျောက်နှစ်ရစ်စီ ငှက်မနားစိန်ပွင့် တဆဲ့ငါး၊ နေရောင်ကာ ရွှေပုဇွံဆီ၊ ရွှေသား ရောင်ပြားအစိန်း အနီအတွန့်သပ် မျဉ်တိုကတီပါနီ ရွှေသားရောင်ပြား စိန်းအနီအတွန့်သပ်။ ရွှေပေခမောက် ပယင်တပ် မှန်ကင်း စိုက်အောင်ပန်းပွါးရင်ကပ်။ ရွှေဖရောင်းကြုပ် လွန်းကြင်ငှက်ရုပ် လည်ရွဲ ကျောက်တရစ်စီ ပုဆိုးဖြူ ရွှေမြိတ် ရွှေချည်ပါအကျီၤ ရွှဦးထုပ်ပါးကာ၊ နားကာ၊ ကွမ်းအစ် ရွှေသား ကျောက်စီ။ ရွှေသားကွမ်းအုပ်၊ ရွှေယပ်၊ရွှေဝေါ၊ ထားမိုးကြိုးဆင် ရွှေချဉ်စုံအိပ်။ သက္ကလပ်နီသွပ်၊ စုံတံဆိပ်လက်စွဲဓါး ၊ရွှေသင်းချော အဆောက်အဖြူ ရင်းဖျားခွေးမ နောက်ပိတ် သမ္ဘရာခွံ ရွှေသင်းချော ရှစ်စင်း ရွှေကွပ်ဓါး တဆယ့်နှစ်၊ သင်းခွေချပ်ဝတ်လုံ တဆယ့်နှစ်၊ ရွှေဒိုင်းလေး၊ မိုးနဲရွှေလှံ တဆယ့်ခြောက်၊ ကြိုင်းလေး၊ အလံကျည် လှံကျည် ကာတောင်ပြည့်ရေး ရဲတခွက် ရွှေချ ဆင်ပေါက်သုံး၊ ဆင်မတစ်၊ ထမ်းစဉ် ဘိနပ် ကုလားပန်း၊ ရာဇပလင် အမြင့်သုံးတောင်၊ အကျယ်လေးတောင် အင်္ဂတေအနီသုတ် ဆောင်းထီ ရွှေပိန်း၊ ဝန်းသိုမြို့ တံခါးဝမှာ အုပ်စီ၍ သစ်တပ်တည်လုပ်စေ အခြားမြို့ ကျေးရွာများသို့ စာအပေးအမှာကိုလည်း သနားတော်မူရင်းဘွဲ့ပုံကို တံဆိပ်ခပ်မှတ် ပေးအပ်စေ၊ မယားကို မဟာဒေဝီ ခေါ် တွင်စေ.. ဘုရင့် ..အမိန့်တော်…
ဤသို့ဖြင့် ဝမ်းဆေခေါ် (ဝန်းသိုမြို့) အား ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၂ရက်နေ့တွင် သားတော်ကြီး သခင်အောင်မြတ်အား ဘုရင် သီပေါမင်းက ဝန်သိုစော်ဘွားအရာ ခန့်အပ်တော်မူလေသည်။ှ
ဝန်းသိုစောဘွားကြီး စဝ်အောင်မြတ် အကြောင်းတစေ့တစောင်း *"۩"*
တောင်တန်းပြည်မ ပူးပေါင်းရေး မြန်မာ့လွတ်လပ်ရေး ရရှိရေးဟုဆိုကာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ ကြသောအခါ ၎င်းဌာနေ သျှမ်းများကို ဗမာကိုယ်စားပြုသော ဗိုလ်ချုပ်အောင်ဆန်း မှလည်း ခေါ်ယူခြင်းမရှိလို လက်ရှိသျှမ်းပြည်တွင်း နေထိုင်နေသော သျှမ်းစော်ဘွားများ သည်လဲ ခေါ်ယူခဲ့ခြင်းမရှိပါ စင်စစ်သော်ကာ လက်ရှိ သျှမ်းပြည်နယ်တွင်းရှိ သျှမ်းစောဘွားများ အာဏာ စွန့်လွတ်ချိန်မှ လည်းကောင်းဒေသတွင် အုပ်ချုပ်နေသော သျှမ်းစော်ဘွားများလဲ ထိုနည်းတူ စွန့်လွတ်ခဲ့ရပေသည်။ ပူတာအိုစော်ဘွား၊ သောင်သွတ်စောဘွား၊ မိုင်းကောင်း၊ မိုးညှင်း၊ ဗန်မော်၊ဆင်ကလိန်ခန္ဒီး အတွင်းရှိ မြို့ စားနယ်စားများ သည်လဲပဲ စောဘွားမျိုးဆက် များသာဖြစ်ပါသည်။
ဝမ်းနည်းဘွယ် ကောင်းသည်မှာ ၁၉၄၇ ခုနှစ်နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ -၆ အရ ပြည်နယ်အဖြစ် သတ်မှတ်ခြင်း မခံရရှာသော သူများဖြစ်သည်။ ယခုသျှမ်းနီ အများစုသည် မိမိစာပေ တတ်မြောက်သူ မရှိသလောက် ရှားပါးလာနေပြီ ဖြစ်သည်။ အချို့ဆိုလျှင် မိမိဘာသာ စကား ကိုပင်လျှင် မသတ်မြောက် ကြတော့ပေ စာပေပျောက်ပါက လူမျိုးပါပျောက် မည်အလွဲ ဖြစ်ပါကြောင်း သင်ပြ လိုက်ရပါသည်။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်
္ကဤပိုစ်ကိုဤဆိုက်မှကူးယူဖေါ်ပြပါသည်
Original News Link : http://ashinvimala.blogspot.com/2011/11/blog-post_25.html

No comments:
Post a Comment