ဒီစာထဲမှာလည်း #ဝန်းသိုမော်နိုင်းရှမ်းရွာလို့ပါသလို
ကျမမှတ်သားဖူးတဲ့စာအုပ်တေ စာပေတွေထဲမှာလည်း မော်နိုင်း မော်ခါးစတဲ့ ရှမ်းရွာတေနဲ့ ကတူးတေမတည့်ကြပုံ တချို့ရွာတေဆို ကဒူးရွာဖြစ်လိုက် ရှမ်းရွာဖြစ်လိုက်ဖြစ်ကြပုံတေ ဖတ်ရဖူးပါတယ်
ဒါပေမယ့် အခုကတော့ ဝန်းသိုဆိုတဲ့မြို့နာမည်အပါအဝင် ရွာနာမည်တေအဆုံး ရှမ်းနာမည်တေကျန်ပေမယ့် ရှမ်းလူမျိုးဆိုတဲ့ မှတ်ပုံတင်ကတော့ မရှိသလောက်ရှားနေပါပီ
စာထဲက ကဘာက ကျမတို့ရှေက ကမ်ဘ္ဘ္ဘ္ဘာကိုပြောတာဆိုရင် ဝန်းသိုနယ်ထဲပါ တယ်ထင်ပါတယ်
ပင်လည်ဘူးအစပ်ဖြစ်ပီး ဟိုးတုန်းကဆို ဒုတိယကမ္ဘ်ဘာစစ်ဖြစ်လို့ ဝန်းသိုဒေသတေကို ပြေးခဲ့ကြတယ်ဆိုပါတယ်
#ဆေးခင်းခုံမှာ ပိုများမယ်ထင်ပါတယ် :D
ကတူးလူမျိုး
============
လေ့လာသူတစ်ဦး
============
ကတူး(ကဒူး)လူမျိုးများသည် မြန်မာနိုင်ငံသို့ အစောဆုံးဝင်ရောက်လာကြသည့် တိဗက်မြန်မာအနွယ်ဝင်များဖြစ်သည်။ ကတူး(ကဒူး)ကို အသက်(သို့မဟုတ်) သက်ဟူ၍ ခေါ်ဝေါ်ကြသည်။ ကန်တူတို့၏ တောင်ဘက်အကျဆုံးလူမျိုးများကိုသာမြန်မာတို့က သက်လူမျိုးများဟုခေါ်ကြသည်။ အေဒီ(၉)ရာစုမတိုင်မီကပင် သက်လူမျိုးတို့မြန်မာနိုင်ငံအလယ်ပိုင်း၌ ပျံ့နှံ့နေပြီးဖြစ်သည်။ ပုဂံ၏အရှေ့တောင်ဘက်ရှစ်မိုင်အကွာ သက်စိုးတောင်သည် သက်လူမျိုးတို့ ထိုစဉ်ကမှည့်ခေါ်ခဲ့သောအမည်ဖြစ်သည်။ ရာဇကုမာရ်ကျောက်စာတွင် တစ်ရွာလုံးဘုရားအားလှူလိုက်သော 'သက်မုနလောန်ရွာ'ကား သက်ရွာတစ်ရွာပင်ဖြစ်သည်။
သက်လူမျိုးတို့နေထိုင်ရာ တကောင်း၊ ဟူးကောင်း၊ မဏိပူရစသောဒေသများ သည် တရုတ်၊အိန္ဒိယ၊ရောမ ကုန်သွယ် လမ်းမကြီးအနီးတွင်တည်ရှိသဖြင့် အိန္ဒိယ ၌ထွန်းကားခဲ့သော ဗုဒ္ဓဘာသာကို မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ပြီးနောက် နှစ်(၁ဝဝ)ခန့်ကပင် ထိုဒေသသို့ရောက်ရှိ လာသဖြင့် သက်လူမျိုးတို့သည် ဗုဒ္ဒဘာ သာကို အရိုးစွဲအောင်ယုံကြည်သက်ဝင် သောအယူဝါဒဟုဆိုနိုင်သည်။တကောင်း ဒေသနှင့်နီးသည့် ရွှေဘိုတစ်ခရိုင်လုံး သည် သက်လူမျိုးတို့နေထိုင်ခဲ့သည်ဟု ယူဆရသည်။ အဘယ့်ကြောင့်ဆိုသော် ဒီပဲယင်း၊ မြေတူး၊ တန့်ဆည်၊ ရေဦး၊ မုဆိုးခြုံ၊ကျွန်းလှ၊ဝက်လက်စသည့်ဒေသ များတွင် တူးဖော်တွေ့ရှိရသည့် အရိုးအိုး များ၌ သက်၊ပျူ၊ချင်းတို့၏ရိုးရာဓလေ့ အသုံးအဆောင်နှင့် အရိုးပြာများက သက်သေခံလျက်ရှိသည်။ ယခင်က ထို ဒေသများတွင် ကတူး၊ ပျူ၊ချင်းလူမျိုး များ ပျံ့နှံ့ရောနှောနေထိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ (၁၉၉၈ ခုနှစ် စာပေဗိမာန် စာမူဆုရမောင်ကျော်ရှင်းရေး 'ကတူးက နန်းအလှ')
ကတူးလူမျိုးများ၏အဓိကစီးပွားရေး မှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ရေ၊ မြေ၊ ရာသီဥတု၊ မြေပြန့်၊ တောင်ပေါ်နှင့် မြေတွင်းမြေသြဇာပါဝင်မှု အနေအထား ကိုကြည့်၍ စပါး၊ ပဲအမျိုးမျိုး၊ဟင်းသီး ဟင်းရွက်အမျိုးမျိုးကို စိုက်ပျိုးကြသည်။ တစ်ပိုင်တစ်နိုင်မွေးမြူခြင်း၊ တောင်း၊ ခြင်း၊ ဆန်ကော၊ ဆန်ခါစသည့် အသုံး အဆောင်များရက်လုပ်ခြင်း၊ ရိုးရာအဝတ် အထည်နှင့်ဂျပ်ခုတ်ရက်လုပ်ခြင်းတို့ကို လည်း လုပ်ကိုင်နေထိုင်ကြသည်။တကောင်းမြို့ကို တရုတ်တို့တိုက်ခိုက် သိမ်းပိုက်ဖျက်ဆီးသည့်အခါ ကတူးလူ မျိုးများမှာ ဧရာဝတီမြစ်ရိုးဆန်တက်၍ လည်းကောင်း၊ ရွှေဘိုခရိုင်တစ်ခုလုံးသို့ လည်းကောင်း၊ မဟာမြိုင်တောသို့လည်း ကောင်း၊မိုင်းသုံတောင်အနီးဝန်းကျင်သို့ လည်းကောင်း ပျံ့နှံ့နေထိုင်ခဲ့ကြသည်။ မိုင်းသုံတောင် အနောက်ဘက်ရှိ မော် ဆယ်ရွာ ကတူးလူမျိုးများသော ကတူး စကားကို အစဉ်အဆက်မှ ယနေ့တိုင်ပြော ဆိုကြဆဲဖြစ်သည်။ ကျန်ဒေသများသို့ ရောက်ရှိသွားသော ကတူးများမှာ ယခု အခါဝေါဟာရအနည်းငယ်မှလွဲ၍ စကား မပြောကြတော့သည်မှာ ဝမ်းနည်းစရာ ပင်ဖြစ်သည်။တကောင်းမြို့ပျက်၍ထွက်ပြေးတိမ်း ရှောင်လာကြသောကတူးများ ပင်လည် ဘူးမြို့နယ်တွင် မော်တိတ်၊ မော်ခါး၊ မော်လင်း၊ မော်ခွင်၊ မော်ဟိုင်း၊စည်းနန်း၊ ကဘာ၊ နန်းမားနှင့်ဗန်းမောက်မြို့နယ်တို့ တွင် မံအင်၊ ကနန်းဟူသော ကျေးရွာများ ထူထောင်ကာ နေထိုင်ခဲ့ကြသည်။ မြန်မာ ဘုရင်များလက်ထက်က မော်တိတ်၊ မော် ခါး၊မော်လင်းနှင့်မော်ခွင်ကို သူကြီးတစ်ဦး၊ မော်ဟိုင်း၊ကဘာ၊စည်းနန်း၊နန်းမားကို သူကြီးတစ်ဦးနှင့် မံအင်၊ကနန်းကို သူကြီး တစ်ဦးအုပ်ချုပ်စေသဖြင့် သုံးခေါင်းအုပ် မော်ဆယ်ရွာဟု ခေါ်တွင်ခဲ့ကြောင်း မှတ် တမ်းများအရသိရသည်။
ဖော်ပြပါ မော်ဆယ်ရွာမှ ဆားခွန် တော်ကို မြန်မာဘုရင်အဆက်ဆက်မှ ဘုရင့်နောင်မင်းတရားကြီးလက်ထက်ထိ ဆက်သရကြောင်း၊ဟံသာဝတီနေပြည်တော် သို့ဆားခွန်ဆက်သရသည်မှာ တာဝန်ကြီး လေးသဖြင့် ရွှေခွန်တော်သို့ ပြောင်းလဲ သတ်မှတ်ပြီး သုံးခေါင်းအုပ်သူကြီးများ ကိုလည်း ရွှေမှူးများအဖြစ်ခန့်အပ်တာဝန် ပေးအပ်ခဲ့သည်။
ပင်လည်ဘူးမြို့နယ်အတွင်းရှိ မော် ခွင်၊မော်ဟိုင်း၊ စည်းနန်း၊ ကဘာနှင့် နန်း မားကတူးရွာများသည် ဝန်းသိုမော်နိုင်း ရှမ်းများနှင့်အနေနီးသဖြင့် ရှမ်းတို့၏ဦး ဆောင်မှုအောက်သို့ တဖြည်းဖြည်းရောက် ရှိသွားခဲ့သည်။ အထက်ပါရွာများသည် ယခုအခါကတူးစကားပင်မပြောနိုင်တော့ ပါ။ မခံမရပ်နိုင်သော ကတူးများသည် ဗန်းမောက်မြို့နယ် နောင်ကန်၊ ဝါပင်းခန်၊ နောင်ကွက်၊ မံနား၊ ဝေသုခီ၊သရက်ကုန်း ဒေသများသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။မော်တိတ်၊ မော်လင်း၊ မော်ခါးတို့မှာ ယခုချိန်ထိတည်ရှိနေပါသေးသည်။ မော် တိတ်သည် လူဦးရေများပြားလာသဖြင့် ဒုတိယမော်တိတ်ကို ဗန်းမောက်မြို့နယ် တွင်လည်းကောင်း၊ တတိယမော်တိတ် ကို အင်းတော်မြို့နယ်တွင်လည်းကောင်း ပြောင်းရွှေ့တိုးချဲ့နေထိုင်ခဲ့ကြသည်။ပင်လည်ဘူးမြို့နယ်ရှိ ပထမမော် တိတ်ရွာသည်တောင်မော်ရွာ၊မြောက်မော် ရွာအဖြစ်လည်းကောင်း၊ရွှေဟံသာ၊ ကော် တာ၊မော်လင်း၊ ပါအော့၊ မော်ကြီး၊ မံပင်၊ အောင်ချမ်းသာ (လယ်ဦး+သာယာကုန်း)၊ ကန်ပေါက်တာ၊ တောင်ခြေရင်း၊ ခဲတွင်း ကျေးရွာများအဖြစ် တိုးချဲ့ထူထောင်၍ က တူးဘာသာစကားကို ယနေ့အထိ ပြော ဆိုသည့်ရွာ ၁၂ ရွာရှိသည်။ဒုတိယမော်တိတ်သို့ ပြောင်းရွှေ့နေ ထိုင်ကြသော ကတူးများသည်ဗန်းမောက် မြို့နယ်တွင် စက်တော၊ သခွတ်တော၊ တောင်ကုန်း၊ ခိုနန်း၊ အရှေ့ကုန်း၊ မန် ကျည်းကုန်း၊ ပေတာ၊ ပါသက်၊ ကန်ရွာ၊ ဝေသုခီ၊ သရက်ကုန်း၊ မံနား၊ နောင်ကန်၊ နောင်ကွတ်ကျေးရွာများအဖြစ် တည် ထောင်နေထိုင်ကြသည်။တစ်ဖန် လူဦးရေတိုးပွားလာသဖြင့် တတိယမော်တိတ်ဒေသသို့ ပြောင်းရွှေ့ နေထိုင်လာခဲ့ရာအင်းတော်မြို့နယ်အတွင်း ရှိ မော်တိတ်၊ မြသီတာ၊ တုံစည်၊ သီလ၊ တုံးပု၊သာပေါ၊ကျွန်းတော၊သာယာကုန်း၊ မံဖာ၊ ဝါးဖြူတောင်၊ နန့်သာ၊ အင်ပင်၊ အောင်းကုန်း၊ ဆိပ်သာ၊ ကျွဲကောလေး စသည့်ကျေးရွာများအဖြစ်နေထိုင်ကြ ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ကတူးလူမျိုးများသည် အေးချမ်းစွာ စားသောက်နေထိုင်လိုသည့် လူမျိုးများ ဖြစ်သည်နှင့်အညီ တည်ငြိမ်အေးချမ်းမှု ကိုနှောင့်ယှက်သည့် ရန်သူများကိုလည်း မြန်မာဘုရင်များဘက်မှ ပါဝင်တိုက်ခိုက် တွန်းလှန်ခဲ့ကြောင်း မှတ်တမ်းများအရသိ ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာနိုင်ငံ ကိုသိမ်းပိုက်အုပ်ချုပ်သည့်အခါသူ့ကျွန်မခံ လို၍ဝန်းသိုစော်ဘွား ဦးဆောင်မှုအောက် တွင် အတူတကွ ပူးပေါင်းပါဝင်တိုက် ခိုက်ခဲ့ကြသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိသည့် အချိန်က သောင်းကျန်းသူဗကပများကို တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် တိုက်ခိုက်မောင်းထုတ်ခဲ့ကြသည်။ ၁၉၈ဝ ပြည့်နှစ်တစ်ဝိုက် ပင်လည်ဘူးမြို့နယ်သို့ ဗကပလက်ကျန် ဗိုလ်ကျော်မိုးအဖွဲ့တစ် ကျော့ပြန်ကျူးကျော်လာစဉ်ကလည်း ကတူးလူမျိုးများသည် ပြည်သူ့စစ်မဟာ ဗျူဟာအသွင်ဖော်ဆောင်၍ မြန်မာ့တပ်မ တော်နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြ သဖြင့် ယနေ့အချိန်အထိ အေးချမ်းနယ် မြေအဖြစ် တည်ရှိနေခြင်းဖြစ်သည်။တစ်ချိန်က ရှေးမြန်မာများဖြစ်ကြပြီး အထက်မြန်မာနိုင်ငံအနှံ့ နေထိုင်ခဲ့ကြသည့် သက်လူမျိုးအနွယ်ဝင် ကတူးလူမျိုးများ ၏ ဘာသာစကား၊ရိုးရာယဉ်ကျေးမှု ထုံး တမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့် ရှောက်ရန် လိုအပ်လျက်ရှိသည်။ အေး ချမ်းတည်ငြိမ်စွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်လိုသောဆန္ဒရှိသည့် ကတူး လူမျိုးများသည် နိုင်ငံတော်အစိုးရ၏ ဦး ဆောင်လမ်းညွှန်မှုကိုခံယူလျက်အမိမြန်မာ နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေး၊ တည် တံ့ခိုင်မြဲရေး၊ ဘာသာ၊ သာသနာ၊ ရိုးရာ ဓလေ့များနှင့်လူမျိုးမပျောက်ပျက်ရန်အတူ တကွပူးပေါင်းကာကွယ်စောင့်ရှောက်သွား ကြမည့် လူမျိုးများဖြစ်ကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်။
http://uniondaily.net/News/DetailView.aspx…

No comments:
Post a Comment