သျှမ်းနီ (တိုင်းလျဲန်) - ဝန်းသို

“ဂုရုရာဇ်တိုင်း” (စည်းခမ်း) ပြည်ရှင် ဥတ္တရစောဖြူမင်း၏ သားတော် စောဝ်ဆေးဖိတ် ထမံသီ အတတ်ပညာဖြင့် ကျားဖြူအဖြစ်သို့ ပြောင်း၍ မိုင်းသုံစခန်း ပတ်ဝန်းကျင်တွင် ကျက်စားလျက် ရှိလေသည်။ စောဝ်ဆေးဖိတ်ခေါ် (ကျားဖြူ) မင်းသားသည် ဧရာဝတီမြစ်သို့ ရေသောက်ရန် ဆင်းလာသည်။

(အေဒီ-၆၄၉ တွင်တည်သော မောရှမ်းနန်းစော (နန်ချို)နိုင်ငံသည်၊ (၁၁-ရာစု၌ ဘုရင် ဥတည်မင်း၏ သမီးတော် စောလှမယ် (ခေါ်နန်းမွန်) နှင့်ပေါင်းဖက်၍ သားတော် သုံးပါးဖွားမြင် လေသည်။
သားတော်ခွန်ကံ (ခေါ်)ဆေးကော်ဖ၊ ခွန်ရံ(ခေါ်) ဆေးတုံဖ၊ ခွန်အွန် (ခေါ်)ဆေးကျံဖ(တစ်နည်း-ဝန်းသို သမိုင်းအရ တွင်လည်း “သိုကော်ဘွား၊ သိုငံဘွား၊ သိုကြည်ဘွား၊ သိုဟုံဘွား” ) တို့ကိုဖွားမြင် ထွန်းကားလေသည်။ နောင်တွင် ဘိုးတော် ဥတည်မင်း ပေးအပ်သည့် အမွေပစ္စည်း (ဓါး၊ အိုးစည်း၊ ဆင်)တို့ကို အသီးသီးရယူကာ အလိုအလျောက် ဓါးစိုက်သောနေရာ၊ တစ်ဘတ်ပိတ်စည် မည်သောနေရာ၊ ဆင်းဦး ကင်းတပ်တွင် ဗျိုင်းနားသောနေရာ၊ တို့၌ ထီးနန်း အသီးသီးစိုက်ထူကြ၏။

“မိုးမိတ် (မိန်းမစ်) ဓါးမြှောင်မြို့- ကမောဇတိုင်း၊ မိုးကောင်း(မိန်းကောင်) အိုးစည်မြို့-ရဌတိုင်း၊ မိုးညှင်း(မိန်းယမ်း) ဗျိုင်းမြို့ -အာရပူရတိုင်း၊ ဝန်းသို (ကြိုင်းဆေး) ကျားကွင်းမြို့- စိနဌတိုင်း ဟူသော သျှမ်း(၄) မြို့ ကို သက္ကရာဇ် (၃၀၀၊ ၃၀၁၊ ၃၀၂၊ ၃၀၃)ခုနှစ်” တွင်အသီးသီး တည်တော်မှုခဲ့လေသည်။ အေဒီ(၁၁)ရာစုနှင့် သာသနာ သက္ကရာဇ်(၃၆၀)တို့ကွာလွန်း သဖြင့် ဆန်းစစ်ရန် လိုအပ်နေပါသည်။

ထိုမြို့ ၄ မြို့တို့မှဆင်းတက် ပေါက်ဖွားလာသော သျှမ်းများသာဖြစ်သည်။
ရာဇဝင်မှတ်တမ်းများ၌ တွေ့ရသော သိုဟန်ဘွားမင်းစော (ဆိုခန်ဖှ)သည် တစ်ဦးတည်း မဟုတ်ဘဲ နာမည်တူများ (ဆိုမိသားစု မင်းမျိုးနွယ်စုဝင်များ) ဖြစ်ကြပြီး၊ သက္ကရာဇ်ကာလအားဖြင့် ကွဲပြား၏။ နန်ချို သျှမ်းဧကရာဇ်မင်းဆက် (AD 650-1252 ) နှောင်း၌တစ်ဦး၊ မောသျှမ်းတိုင်းပြည် စယ်လန့် ဧကရာဇ်မင်းဆက် (AD 1300-1772 )” ၌တစ်ဦး၊ မိုးညှင်းမင်းတရားကြီး စဝ်စောလုံ၏သား အာဝနန်းရှင် “သိုဟန်ဘွား (ဆေခန်ဖှ) (AD 1505-1547 )” ကတစ်ဦးဖြစ်ပါသည်။ သူတို့အားလုံးသည် “ဆို” မင်းနွယ်ဝင်များမှ ဖြစ်ကြပါသည်။

ဟိုရင်ချိန်က မိုးမိတ်ဟော်နန်း







ကတုူးသျှမ်း (တိုင်းကတူး)၊ ကနန်းသျှမ်း(တိုင်းကနန်း) တို့သည်လည်း၊ မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ် သျှမ်းညီနှောင့် သုံးဦး၏ နန်းမြို့တည် ရာဇာဝင်အရသော် လည်းကောင်း (AD 650-1252 ) စဝ်ဆမ်လုံနုင့် အတူပါလာသော ထပ်မံအင်အားဖြည့် စယ်လန့်သျှမ်းများ လည်း ဖြစ်ပါသည်။ “တိုင်းခမ်းတီ၊ တိုင်းလျှဲန်၊ တိုင်းကတူး၊ တိုင်းကနန်းတို့သည် မောသျှမ်းတိုင်းနေ အုပ်စုကြီးမှ သျှမ်းများသာဖြစ်ပါသည်။ မိုးကောင်း၊ မိုးညှင်း၊ ကောလင်း၊ ဝန်းသို၊ ဟုမ္မလင်း၊ ခန္တီးသျှမ်း တိုင်းလျှဲန်(သျှမ်းနီ) သျှမ်းတို့၏ ဘုရင် စဝ်ဖှ များအားလုံးသည်(ဆို) မိသားစုဝင် မင်းမျိုးများသာ ဖြစ်ကြသည်ဟု မှတ်တမ်း များ၌အခိုင်မာ ဆိုထားပါသည်”။

၎င်းသျှမ်းများသည် မြန်မာနိုင်ငံသမိုင်း တစ်လျှောက်တွင် မြန်မာမင်းပြည်ထောင် များနှင့် ထီးပြိုင်နန်းပြိုင် မင်းပြည်ထောင်များ အဖြစ်လည်းကောင်း မြန်မာမင်းများ တန်ခိုးသြဇာ လွမ်းမိုးသောအခါ လက်အောက်ခံ မင်းပြည်ထောင်များ နှင့်အတူ ပူးပေါင်း ကာကွယ်ခြင်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ သမိုင်း         ဖြစ်ပေါ် ရေးကို ရှေးဦး မဆွကပင် ပါဝင်တည်ဆောက်ခဲ့ကြသော သျှမ်း များသာဖြစ်သည်။ “သျှမ်းကြာဗမာဖြစ် ဆိုရိုးစကားအရ ဗမာဖြစ်ကုန်သည်  လည်းရှိသည်။ မြန်မာဆန်သော သျှမ်းများဖြစ်၍ သျှမ်းဗာဟုခေါ်ဆိုကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် စင်စစ်သောကါ သျှမ်းများသာဖြစ်ကြောင်း ရှင်းလင်းဖေါ်ပြထားသည်”။

တိုင်းလျဲန်ဟူသော သျှမ်းစကားကို မြန်မာစကားဖြင့် တိုက်ရိုက်ပြန်ဆိုပါက သျှမ်းနီ အဓိပ္မါယ်ရရှိပါသည်။ သျှမ်းနီဟူသော လူမျိုးအမည်ကို တိုင်းလျဲန်လူမျိုးများက သဘောရိုးဖြင့် လက်ခံသော်လည်း၊ တပ်မတော်လက်နက်ကိုင် အဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဌာနများအတွက် အသုံးပြုရန် ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ဝေသော ဦးစီးတာဝန် (၁၉၉၇) စာအုပ် စာမျက်နှာ ၃-၃၈ တွင် သောင်းကျန်းသူများ စာရင်းဖေါ်ပြရာ၌ သျှမ်းနီဆိုသည်မှာ သျှမ်းသောင်းကျန်းသူ (SSPP) Shan State Progress Parth- သျှမ်းပြည်တိုးတက်ရေး ပါတီ ဟုဖေါ်ပြထားသဖြင့် သျှမ်းနီလူမျိုး အမည်သည် သံသယနှင့် အထင်လွဲမှားမူများ ဖြစ်စေပါသည်။

သျှမ်းနီ ဟူသော ဝေါ်ဟာရမှာ အချို့သျှမ်းသမိုင်း ပညာရှင်များက (နမ့်မယ်လျဲန်မြစ်) သျှမ်းဘာသာ (မြစ်နီ) ကို အစွဲပြု၍ နေထိုင်လာခြင်း ကြောင့်၎င်း အချို့ပညာရှင်များက စစ်တအားတိုက်၍ ( နီရဲသော သတ္တိနှင့် ပြည်စုံခြင်း ) တို့ ကြောင့်၎င်း တိုင်းလျဲန် သို့ သျှမ်းနီ ဟုခေါ်ဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

ဗုဒ္ဓဘာသာ ကိုအခြေခံသော ယဉ်ကျေးမှု ဓလေ့ထုံးစံများရှိကြ၍ ဝါဝင် ဝါထွက်၊ သီတင်းကျွတ်ပွဲ၊ ရှင်ပြုပွဲ၊ သင်္ကြန်ပွဲ၊ ထိမ်းမြားမင်္ဂလါနှင့် အသုဘမှအစ မြန်မာလူမျိုးများနှင့် ကွဲပြားခြားနားမှု များရှိသည်။

သို့ရာတွင် တနှစ်လျှင် တစ်ကြိမ် မြို့အရှင်ကြီး၊ ရွာအရှင်ကြီး များအား ပူဇော်ပသရာတွင် ရွက်ဆိုသော မြို့ရွာ အရှင်ကြီး များ၏ အမည်မှာ ထိုဒေသ၏ ရှေးဟောင်း သျှမ်းအကြီး အကဲများ၏ အမည်များသာ ဖြစ်နေသည်ကို တွေ့ရပါသည်။

သျှမ်းကြာ ဗမာဖြစ်ဆိုသည် ဆိုရိုးအတိုင်း ဗမာဖြစ်သွားကြသည်ကလဲ များပါသည်။


အင်းတော်ကြီးနယ် တွင် မြန်မာ နိုင်ငံ၌ ထုထည် အကြီးဆုံးဟု မှတ်တမ်းတင် နိုင်တော့မည့် လန့်ဆေးခမ်း ဘွဲ့တော် အမည် ရှိသော ဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီး တစ်ဆူ (၂ဝဝ၉) ခုနှစ်အတွင်း သွန်းထု ပြီးစီး ခဲ့ရသည်။
ဓါတ်ပုံ သက်နိုင်ထွန်း (နဘား)Â

သျှမ်းနီ လူမျိုး များသည် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည် ကြသူများဖြစ်သည်။

၎င်း ခန္တီး၊ သျှမ်းနီ ကဒူး၊ ကဏန်းတို့ ရှေးယခင်က သျှမ်းဘောင်းဘီကို ဝတ်ဆင်ခဲ့ကြသော်လည်း သျှမ်းခေတ် ကြီးများဖြစ်သော “မြင်စိုင်း၊ ပင်းယနှင့်” အထူးသဖြင့် သျှမ်းနီစဝ်ဖှါ့များဖြစ်သော “အင်း၀ သျှမ်းခေတ်”မှ အဝနန်းသျှင် မင်းတရားကြီး မှစ၍ စစ်တိုက်ထွက်လျှင် သျှမ်းဘောင်းဘီရှည် ဝတ်ဆင်၍ နန်းတွင်း၊ အိမ်တွင်းနေသောအခါ “နန်းဝတ် နန်းစား” အဖြစ် တောင်ရှည် ပုဆိုးကို အသုံးပြုလာခဲ့မှ ယနေ့တိုင်ဝတ်ဆင် နေကြသည်ဟုသိရသည်။

၎င်းသျှမ်းနီ ကတူး၊ ကဏန်း ခန္တီးသျှမ်းသည် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည် ကြသူများဖြစ်သည်။
http://shanniyouth.blogspot.com/2010/03/blog-post_4448.html မှ ကူးယူဖော်ပြပါသည်။ 

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment