ဝန်းသိုဘက်က‬ ပွဲ


ကျွန်မတို့ဘက်ကအလှူကတော့ အများအားဖြင့်
လူထမ်းပြီးလှည့်ပါတယ်
နောက်ပိုင်းခေတ်မီမှ တချို့က မြင်းငှားတာ တွေ့ဖူးပါတယ်
အများအားဖြင့် "ပွဲ" လုပ်တယ်လို့ပဲ ခေါ်ကြတယ် - ပိုအသေးစိတ်ရှင်းပြချင်မှ အလှူပွဲ၊ ရှင်ပြုပွဲ ဆိုပီး သုံးတယ်။
ဆော်သြသူက ဘယ်သူပီး ဘယ်သူလိုက်ဖို့ အစီအစဉ် ကြေငြာပေးပါတယ်
အစီအစဉ် ထုံးထမ်းစဉ်လာအရ
‪#‎ကြေးစည်အဖွဲ့‬ ရှေ့ဆုံးမှာထားပါတယ်
အစီအစဉ် အလိုက်ကိုတော့ မမှတ်မိတော့ပါဘူး
တခြား ပါဝင်တာတွေကတော့
-ငှက်ပျော/အုန်းပွဲ (ဒေသအခေါ် အုတ်ပွဲ)
- သာသနာ့အလံ ကိုင်အဖွဲ့ (လူပျိုချောလေးများ)
- မလေးဘွားအဖွဲ့ (အဘိုးကြီးများ)
- ပရိတ်ရေအိုးရွတ်သူ အဖွား ကြီး(မိန်းမကြီးများအဖွဲ့)
- သင်္ကန်း နှင့် အခြား ဝတ္ထုပစ္စည်း- မောင်ရှင်လောင်းအတွက် ဖျာ၊ခေါင်းအုံးတွေစတာတွေပါ တစ်ခါတည်းပါပါတယ် (ဒေသအခေါ် ဝတ္ထုစာ)ကိုင်အမျိုးသမီး ကလေးမများ အဖွဲ့
- ကွန်းတောင်ကိုင် မချောများအဖွဲ့
- မောင်ရှင်လောင်းထမ်းအဖွဲ့
- အကအဖွဲ့
- ပေါက်ပေါက် ချိုချဉ်ကျဲ ပိုက်ဆံကျဲအဖွဲ့
- နားသ အဖွဲ့
- ဗျောအဖွဲ့ (ဂလုန်း ချချမ်း ဂလုန်းအဖွဲ့)
- အလှု ဒါယိကာမ/ ဒါယိကာအဖွဲ့
- ဆေးလိပ် ချိုချဉ် ပိုက်ဆံအများကြီးကိုင်တဲ့ သူကို ကြားမှာ ညှပ် ညှတ် ထည့်ပါတယ် (တားရင် လိုက်ပေးရအောင်လို့)
လိုတာ ထပ်ဖြည့်နိုင်ပါတယ် ကျွန်မတော့ ပွဲ မသွားတာကြာတော့ အကုန် အသေးစိပ်မမှတ်မိတော့ပါဘူး
(အထက်ပါ အဖွဲ့ ထဲက ဘယ်တစ်ခုလည်းမသိဘူး လင်ယောင်္ကျား ‪#‎မိဘ‬ စုံမှ ကိုင်လို့ရတာ)
မဏ္ဍပ်ကနေ ဘုန်းကျောင်းအထိသွား
ဘုန်းကျောင်းကို ၃ ခါ သို့မဟုတ် ၅ ခါ ၇ ခါ ပတ်တယ်
၅ ပါးသီလယူတယ်
(အပြန် ဘုန်းကျောင်းကို ပြန်ပတ်သေးလား မသိတော့ဘူး တစ်ပတ် ပတ်သေးတယ် ထင်တာပ)ဲ
ကလေးတေကတော့ ချိုချဉ် ပိုက်ဆံလုတဲ့ အဖွဲ့ပေါ့
ဆော်သြသူက တော့ လူအဆက်ပြတ်ရင် ရပ်ဖို့ (ရပ် ကြည့် သွား)စီမံခန့်ခွဲတယ် ( အတန်းက အရှည်ကြီးကိုး)
အသွားရော အပြန်ရော အလှု့ဒါယိကာမ/ဒါယိကာ ဆီက ပိုက်ဆံတားလို့ရတယ် (ဒါကတော့ တစ်နေရာရာမှာ ဆက်မသွားခိုင်းပဲ တားထားလိုက်တာ ပိုက်ဆံပေးမှ ဆက်သွားခိုင်းတာ- ဈေးညှိကြနယ် ၁၀၀၀၀ တိုရင် ၇၀၀၀ နဲ့ ချိဖုချဉ်လေးပေးပါမယ်ပေါ့ - အပျော်သဘောပါ- သူတို့က အလှူလှည့် မလိုင်နိုင်ကြတဲ့သူ ဆွမ်း ထမင်းဟင်း ချက်နေကြရတဲ့သူတွေပါ)
ကျွန်မတို့ဘက်က ဓလေ့လေးက ချစ်စရာ ကောင်းလို့ ပြန်ရေးလိုက်တာပါ
အောက်က ပုံကတော့ မလေးဘွားကိုင်
အဘိုးကြီးများအဖွဲ့ပေါ့ Photo - Ko Kadu


Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment