ရွှေ့ ရွှေ့ ရွှေး ရွှေး. . . . . . . .

တခါက ဝန်းသိုဘက်က ရွာတစ်ရွာကို ကသာက ငါးရောင်းလာပါသတဲ့။
အိမ်တစ်အိမ် ရောက်သော် ငါးဝယ်ဦးမည်ခေါ်ပြီး အိမ်ပေါ်သို့လာခဲ့ရန် အိမ်ရှင်မှ ခေါ်လေတော့
ထိုသူမ ငါးသည်ကလည်း အိမ်ပေါ်လှေကားထိပ်နားတက်ခါ ငါးချိန်ရန်ပြင်တာပေါ့ အဲ့အချိန်မှာ အိမ်ရှင်က အလန့်တကြားနဲ့ "‪#‎ရွှေ့‬"ဆိုပြီး အော်လိုက်တော့ လန့်သွားတာပေါ့ ဒါနဲ့သူမလည်း စဉ်းစားဝေခွဲရခက်သော အမူရာဖြင့် နောက်သို့တစ်ချက် ရွှေ့ လိုက်မိတာပေါ့ စိတ်ထဲကလည်း "ငါ့ကို သူပဲခေါ်ပီး ဘာလို့ ရွှေ့ခိုင်းနေရာတာလဲ"လိုဲ့ စဉ်းစားမရ ဖြစ်နေမိသတဲ့ စဉ်းစားနေတုန်းမှာပဲ " ဟဲ့ . . . ရွှေ့. . ." သူမလန့်လာပါပြီ အနောက်ကို တခါ ရွှေ့လိုက်ပါတယ် ဒါနဲ့ အိမ်ရှင်ကလည်း "အား....ဟေ့ . . . ရွှေ့ ရွှေ့ ရွှေ့ ရွှေး ရွှေး. . . . "ဆက်တိုက်ဆိုသလို ထအော် မောင်းထုတ်တော့ သူမကလည်း အလန့်တကြား အိမ်ပေါ်က ဆင်းပြေးလိုက်ရပါတော့တယ်
အဒါနဲ့ အိမ်ရှင်က "ဟေ့ . , ငါ ငါးဝယ်မလို့ပါဆိုညယ် . . . မင်းက ဘာလို့ဆင်းပြေးတာလဲလို့"ဆိုတော့ ဆိုတော့ ခုဏနသူ့ကို မောင်းထုတ်တာကိုးလို့ပြောတော့ အိမ်ရှင်က တဝါးဝါး သဘောကျလျက်နဲ့
"အာ. . . ဘယ်ကဟုတ်ချေပြန်ရမာလဲညယ် . . . . ငါက အဒီရွှေ့ဆိုတာ . .. ကြက်မောင်းတာကယ့်" ဟူ၏။
ကျမတို့ဘက်က ကြက် ငှက်တေ မောင်းရင် "ရွှေ့ ရွှေး" လို့မောင်းကြပါတယ်။
:D :D :D :D

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment