ခုတော့ ရွေးကောက်ပွဲ ရွေးကောက်ပွဲ ရွေးကောက်ပွဲ ..... ၂၀၂၀ အလွန်ကိုလည်း ကြိုကြည့် ထားကြရအောင်လား
(Copper/Goal Mining Project in Wuntho Township and 2020 Election)
၂၀၁၆ က စ တဲ့ အစိုးရသက်တမ်း နဲ့ ၂၀၂၀ ရွေးကောက်ပွဲကတော့ လက်ရှိကျန်တဲ့ ကာလ (၃) လအတွင်း ကိုဗက်ကြားကနေ အဆင်ပြေသလို လူးကာ လိမ့်ကာနဲ့ ပြီးသွားပါတော့မယ်...... ...........ကျမတို့တေ ရွေးကောက်ပွဲက ဘယ်လို ဘာညာ ပြောကြဆိုကြပေမယ့် .. သိပ်ပြီး ထူးထွေ ထူးခြားတဲ့ အပြောင်းအလဲ ကြီးကြီးမားမားတော့ ဖြစ်ဖို့ မရှိလောက်တော့ပါဘူး...........
- သာမာန်မဲဆန္ဒရှင်ကျမတို့ တာဝန်ကျေကျေ အခွင့်အရေးကို လက်တွေ့အသုံးခြလိုက်ခြင်းအပြင် ကျမတို့ သာမာန် ပြည်သူလူထုအနေနဲ့ စပြီး စဉ်းစားကြရမှာကတော့ ၂၀၂၀ အလွန်အစိုးရ နဲ့ သူ့ရဲ့ အကောင်း အထည်ဖော်မယ့် စီမံချက်တွေ၊ စီမံကိန်းတွေ အောက်မှာ ကျမတို့ အဆင်သင့် ဖြစ်ပြီလား ဆိုတာပါ.... တနည်းအားဖြင့် ကျမတို့တွေ ရှိသင့်ရှိထိုက်တဲ့ ခုခံစွမ်းအား (Resilience/Resistance/ Bargaining Power/Leverage) ဘယ်လောက်ကောင်း ကောင်းရှိနေပါပီလဲ..........မရှိသေးတာတွေ၊ လွတ်နေတဲ့ ကွက်လပ်တွေ ဘယ်လို ဖြည့်ကြမလဲကတော့ ကျမတို့ လူမှုအဖွဲ့အစည်းတွေက စ, စဉ်းစား အစီစဉ်ချပြီးလောက်ပီ ထင်ပါတယ်.............
- ဉပမာ အနေနဲ့ ဘယ်အစိုးရတက်တက် ..အစိုးရဖြစ်လာသူများရဲ့ စဉ်းစားရမယ့်ပုံစံ ယန္တယားအတိုင်း အစိုးရ နဲ့ အစိုးရဖက်စပ် ပရောဂျက် စီမံကိန်းတွေ လာပါမယ်..........အထူးသဖြင့် တရုတ်နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆက်ဆံရေးကို အားကိုးနေရသူ မြန်မာအစိုးရအနေနဲ့ တရုတ်ရဲ့ စီမံချက်တော်တော်များများကို ငြင်းရဲမယ်မထင်ပါဘူး... လက်တေွ့ကျကျ စဉ်းစားကြရင်လည်း .. ကျမသာဆိုလည်း ... အားကိုးစရာ သူ့ကို Counter လုပ်ပေးနိုင်တဲ့ အားကိုးမရှိပဲနဲ့ လွယ်လွယ်ငြင်းနိုင်မှာမဟုတ်ပါဘူး.. ဆိုတော့ .. (နောက်ပြီး ဒါဟာ တရုတ်စီမံချက်ပဲဆိုပြီးလည်း ဖင်ပိတ် ညင်း၊ ဆန္ဒပြနေရုံ ကလည်း အဖြေမဟုတ်ဘူးလို့ မြင်ပါတယ် .. ဘာလို့ဆို ဘယ်ဖွံဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံပဲဖြစ်ဖြစ် တရုတ်ရင်းနှီးမြုပ်နှံမှုက လက်လွတ်လို့မရပါဘူး.. ကျမ သွားနေကြည့်ဖူးတဲ့ နယူးဇီလန်နိုင်ငံတောင် တရုတ်ရင်းနှီးမြုပ်နှံမှုပေါ် မကျေလည်ပေမယ့် အများကြီး မှီခိုရတာကို တွေ့ပါတယ်).အဲ့ဒါတွေကို ဖြစ်လာမှ ဆန္ဒပြ ခုခံ နေကြခြင်းထက် ကျမတို့ သာမန်ပြည်သူလူထု ကိုယ်လိုချင်တာကို ရအောင် Win အောင် လုပ်နိုင်တဲ့ ခုခံစွမ်းတွေ လိုတယ်လို့ မြင်ပါတယ်.......နည်းလမ်းတကျ ဆက်စပ်ပတ်သက်သူ သြဇာ အာဏာရှိသူများနဲ့ ဘယ်လို ဆက်သွယ်ချိတ်ဆက်မလဲ... (သဘာဝပတ်ဝန်းကျင်၊ လူမှုဘဝတေွ၊ စီးပွားရေး နဲ့ဆိုင်တဲ့ လိုက်နာရမည့် စည်းမျဉ်းတွေကို လိုက်နာရဲ့လား.. ဒေသကို ဉပါဒ်မဖြစ်စေရဘူး... မထိခိုက်အောင် ကြိုပြင် ဖြတ်သင့်တဲ့အဆင့်တွေက ဘာတွေလဲ၊ ဖြတ်ပီးရင် လုပ်လိုကလုပ်ခွင့်ရှိတဲ့ စဉ်းစားချက်မျိုး... သဘောထားကို ကိုယ်လည်း မနိုင်ဘဲ မလိုအပ်ပဲ တင်းမာစရာလည်းမလိုသလို... နည်းမှန်လမ်းမှန်.. ဘယ်လိုချဉ်းကပ်ကြမလဲဆိုတာမျိုး ) ကိုယ်နဲ့ Alliance (မိတ်ဖက်) ပြုလို့ရသူ၊ သဘောထားပျော့ပျောင်းသူ ဘယ်သူလဲ သူ့ကို ဘယ်လို ချဉ်းကပ်မလဲ... ကိုယ့်ရပ်ရွာ အစုအဖွဲ့မှာကော ခိုင်မာတဲ့ စုစည်းမှုရအောင် ဘယ်လို တည်ဆောက်မလဲ... စတာတွေဟာ ကျမတို့ ၂၀၂၀ အလွန် အစိုးရရဲ့ အမျိုးမျိုးသော စီမံချက်တွေအောက် ကစင့်အလျား တပ်မပျက်ဖို့ ပြင်ဆင်ပေးဖို့ လိုတာတွေလို့ တွက်ဆမိပါတယ်...........
- အစိုးရအလုပ်သည် အစိုးရအလုပ် လုပ်ကြမှာဖြစ်သလို ... ဘယ်လောက်ကောင်းတဲ့ အစိုးရဖြစ်ပစေ..လူထုနဲ့ ၁၀၀ ရာခိုင်းနှုန်းသဘောထားမတိုက်တဲ့ ဆုံးဖြတ်ချက်တွေချမှာကတော့ အသေချာပါ... ကျမတို့ လုပ်လို့ရတာ.. လုပ်ထားနိုင်တာသည် ကိုယ့်ဘက်က ရှိသင့်တဲ့ လူထုရဲ့ ဗဟုသုတ၊ စွမ်းဆောင်ရည်နဲ့ စဉ်းစားမှုပုံစံ လက်တေွ့ ကျမှုတွေ ကျမတို့ မထည့်ပေးထားဘူးဆိုရင် .. ခံနိုင်ရည်ရှိတဲ့... အကျိုးတူ ညှိနှိုင်းလုပ်ဆောင်တတ်တဲ့ လူမှုအသိုက် အဝန်း မဖြစ်မှာကို ကျမတို့ စိုးရိမ်ပေးကြဖို့လိုပြီ မြင်ပါတဉ်........
- ဘာကြောင့် ဒီကိစ္စ စဉ်းစားဖြစ်၊ ပြောဖြစ်ရလဲဆိုရင် အခု ကျမနယ် ဝန်းသိုမှာ အားလုံး နိုင်ငံကျော်ပီးဖြစ်တဲ့အတိုင်း ကြေးနီ နဲ့ ဆက်စပ်သတ္ထုရှာဖွေရေး စီမံချက် စတော့မှာပါ........(စင်ကာပူနိုင်ငံလောက် ကျယ်ဝန်းတဲ့ စီမံချက်ပါ မြို့နယ်ထဲမှာတော့ ပင်လည်ဘူး၊ ဗန်းမောက်၊ ဝန်းသိုပါ) .နောက်ဆုံး သတင်းမီဒီယာမှာ ဖော်ပြချက် တွေအရ... မလုပ်တော့သယောင်ယောင် လုပ်ထားပေမယ့်.. သူဟာ လုပ်ကိုလုပ်မယ်.... ခုလည်း ကြိုကြား ကြိုကြား စ, နေပြီဖြစ်ပါတယ်.........ကျမနယ်က ဒီအရေးကို စိတ်ပူတဲ့ သူများနဲ့ စကားပြော အခြေနေကို တီးခေါက်ကြည့်ရမှာ ကိုယ့်ရဲ့ မြေယာတွေကို တိုင်းထွာသွားတာတွေ၊ ဘုမသိ ဘမသိနဲ့ ပါသွားမှာမျိုး စိုးရိမ်မှုတွေရှိနေကြတာကို ကြားသိရပါတယ်........
- ဒီလိုအလားတူ စီမံကိန်းများသည် ဖွံ့ဖြိုးရေးကို တွဲစဉ်းစားရတဲ့ အစိုးရ တို့ထုံးစံအတိုင်း နောက် (၅) နှစ်သက်တမ်းမှာ အများကြီး မှ အများကြီး ထပ်လာဉီးမှာပါ........ဒီကြုံရမယ့်အခြေနေတွေကို အပြုသဘောဆောင် အကောင်းဘက်ရောက်အောင် ခုမဲပေးရင်လည်း ဒါတွေထည့်သွင်းစဉ်းစားပြီးမှ မဲပေးတာမျိုး၊ ကိုယ့်ရဲ့ ကိုယ်စားလှယ်လောင်းကို သူ့ရဲ့ သဘောထား လုပ်ဆောင်မယ့် အရာများအတွက် မေးခွန်းထုတ်တာမျိုးတွေ လုပ်ကြရပါမယ်...
- ဒီရွေးကောက်ပွဲအလွန်မှာတော့ ထိထိရောက်ရောက် ပါဝင်လုပ်ဆောင်တာ၊ တုန့်ပြန်နိုင်တဲ့ လူ့အသိုက်အဝန်းတွေဖြစ်အောင် အသိပညာပေးတာ၊ စွမ်းဆောင်ရည် မြှင့်တင်ပေးတာတွေ လုပ်ပေးကြဖို့ လည်း ထည့်သွင်း စည်းစားကြပါစို့လို့................
ZaZawgyi
- ဉပမာ အနေနဲ့ ဘယ်အစိုးရတက်တက် ..အစိုးရဖြစ်လာသူများရဲ့ စဉ်းစားရမယ့်ပုံစံ ယန္တယားအတိုင်း အစိုးရ နဲ့ အစိုးရဖက်စပ် ပရောဂျက် စီမံကိန်းတွေ လာပါမယ်..........အထူးသဖြင့် တရုတ်နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆက်ဆံရေးကို အားကိုးနေရသူ မြန်မာအစိုးရအနေနဲ့ တရုတ်ရဲ့ စီမံချက်တော်တော်များများကို ငြင်းရဲမယ်မထင်ပါဘူး... လက်တွေ့ကျကျ စဉ်းစားကြရင်လည်း .. ကျမသာဆိုလည်း ... အားကိုးစရာ သူ့ကို Counter လုပ်ပေးနိုင်တဲ့ အားကိုးမရှိပဲနဲ့ လွယ်လွယ်ငြင်းနိုင်မှာမဟုတ်ပါဘူး.. ဆိုတော့ .. (နောက်ပြီး ဒါဟာ တရုတ်စီမံချက်ပဲဆိုပြီးလည်း ဖင်ပိတ် ညင်း၊ ဆန္ဒပြနေရုံ ကလည်း အဖြေမဟုတ်ဘူးလို့ မြင်ပါတယ် .. ဘာလို့ဆို ဘယ်ဖွံဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံပဲဖြစ်ဖြစ် တရုတ်ရင်းနှီးမြုပ်နှံမှုက လက်လွတ်လို့မရပါဘူး.. ကျမ သွားနေကြည့်ဖူးတဲ့ နယူးဇီလန်နိုင်ငံတောင် တရုတ်ရင်းနှီးမြုပ်နှံမှုပေါ် မကျေလည်ပေမယ့် အများကြီး မှီခိုရတာကို တွေ့ပါတယ်).အဲ့ဒါတွေကို ဖြစ်လာမှ ဆန္ဒပြ ခုခံ နေကြခြင်းထက် ကျမတို့ သာမန်ပြည်သူလူထု ကိုယ်လိုချင်တာကို ရအောင် Win အောင် လုပ်နိုင်တဲ့ ခုခံစွမ်းတွေ လိုတယ်လို့ မြင်ပါတယ်.......နည်းလမ်းတကျ ဆက်စပ်ပတ်သက်သူ သြဇာ အာဏာရှိသူများနဲ့ ဘယ်လို ဆက်သွယ်ချိတ်ဆက်မလဲ... (သဘာဝပတ်ဝန်းကျင်၊ လူမှုဘဝတွေ၊ စီးပွားရေး နဲ့ဆိုင်တဲ့ လိုက်နာရမည့် စည်းမျဉ်းတွေကို လိုက်နာရဲ့လား.. ဒေသကို ဉပါဒ်မဖြစ်စေရဘူး... မထိခိုက်အောင် ကြိုပြင် ဖြတ်သင့်တဲ့အဆင့်တွေက ဘာတွေလဲ၊ ဖြတ်ပီးရင် လုပ်လိုကလုပ်ခွင့်ရှိတဲ့ စဉ်းစားချက်မျိုး... သဘောထားကို ကိုယ်လည်း မနိုင်ဘဲ မလိုအပ်ပဲ တင်းမာစရာလည်းမလိုသလို... နည်းမှန်လမ်းမှန်.. ဘယ်လိုချဉ်းကပ်ကြမလဲဆိုတာမျိုး ) ကိုယ်နဲ့ Alliance (မိတ်ဖက်) ပြုလို့ရသူ၊ သဘောထားပျော့ပျောင်းသူ ဘယ်သူလဲ သူ့ကို ဘယ်လို ချဉ်းကပ်မလဲ... ကိုယ့်ရပ်ရွာ အစုအဖွဲ့မှာကော ခိုင်မာတဲ့ စုစည်းမှုရအောင် ဘယ်လို တည်ဆောက်မလဲ... စတာတွေဟာ ကျမတို့ ၂၀၂၀ အလွန် အစိုးရရဲ့ အမျိုးမျိုးသော စီမံချက်တွေအောက် ကစင့်အလျား တပ်မပျက်ဖို့ ပြင်ဆင်ပေးဖို့ လိုတာတွေလို့ တွက်ဆမိပါတယ်...........
- အစိုးရအလုပ်သည် အစိုးရအလုပ် လုပ်ကြမှာဖြစ်သလို ... ဘယ်လောက်ကောင်းတဲ့ အစိုးရဖြစ်ပစေ..လူထုနဲ့ ၁၀၀ ရာခိုင်းနှုန်းသဘောထားမတိုက်တဲ့ ဆုံးဖြတ်ချက်တွေချမှာကတော့ အသေချာပါ... ကျမတို့ လုပ်လို့ရတာ.. လုပ်ထားနိုင်တာသည် ကိုယ့်ဘက်က ရှိသင့်တဲ့ လူထုရဲ့ ဗဟုသုတ၊ စွမ်းဆောင်ရည်နဲ့ စဉ်းစားမှုပုံစံ လက်တွေ့ ကျမှုတွေ ကျမတို့ မထည့်ပေးထားဘူးဆိုရင် .. ခံနိုင်ရည်ရှိတဲ့... အကျိုးတူ ညှိနှိုင်းလုပ်ဆောင်တတ်တဲ့ လူမှုအသိုက် အဝန်း မဖြစ်မှာကို ကျမတို့ စိုးရိမ်ပေးကြဖို့လိုပြီ မြင်ပါတဉ်........
No comments:
Post a Comment