ကလေး၊တမူးအပါအဝင် ခရိုင် ရှစ်ခုပေါင်း၍ ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန်တောင်းဆို

 ကလေး၊ တမူးအပါအဝင် ခရိုင်ရှစ်ခုပေါင်း၍ တိုင်းလိုင်(ရှမ်းနီ) ပြည်နယ်သတ်မှတ်ပေးရန် စက်တင်ဘာ ၂ ရက်နေ့တွင်ကျင်းပသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တတိယနေ့တွင် 


 

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကတောင်းဆိုခဲ့သည်။
“သမိုင်း အစဉ်အဆက်က ဓားမဦးချ နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးများသည် မိမိကြမ္မာ မိမိ ဖန်တီးရန်အတွက် ၁၉၇၂ ခုနှစ်တွင် မြေလတ် ရှမ်းပြည်နယ် (ခေါ်) ရှမ်းနီ ပြည်နယ် ရရှိရန် တောင်းဆိုခဲ့ပါကြောင်း၊ ယခုလည်း ရှမ်းနီလူမျိုးများ နေထိုင်ရာ ဒေသများဖြစ် သည့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ခရိုင်များကို စုပေါင်းပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် တင်ပြလိုပါတယ်။ မိမိတို့ ရှမ်းနီပါတီ အနေ ဖြင့် ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်နိုင်ငံလုံး အနေဖြင့် တန်းတူ ညီတူ ရရှိခံစား စေလိုပါကြောင်း၊ ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြ သည့် နိုင်ငံ များကို လေ့လာ သည့်အခါတွင် နိုင်ငံသားများ၊ လူမျိုးစုများကို ဥပဒေဖြင့် အကာအကွယ် ပေးထားသည့် အပြင် ပြည်နယ် ရသင့်ရထိုက်သော လူမျိုးစုများ အတွက် ပြည်နယ်သစ်များမူဘောင် ထည့်သွင်း ပြဋ္ဌာန်းထားကြသည်ကို တွေ့ရှိရပါတယ်။ ထို့ကြောင့် တိုင်းလိုင်ပါတီအနေဖြင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင် ငံ တော်ကြီးကို တည်ဆောက်ရာတွင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲခြင်း၊ ပြည်နယ်သစ်များ မူဘောင်ကို ထည့်သွင်း ရေးဆွဲပြဋ္ဌာန်းခြင်းနှင့် လူမျိုး(၁၃၅)မျိုးကို ပြန်လည်သုံးသပ်ပြီး မိမိတို့ရှမ်းနီလူမျိုးအမည်ကို နိုင်ငံတော်က တရားဝင်သတ်မှတ်ပေးရန် တောင်းဆို တိုက်တွန်းပါတယ်” ဟုတိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ စိုင်းဌေးအောင် ကပြောသည်။
တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးဇော်ဦးက ငြိမ်းချမ်းရေးလုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်ရာတွင် လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးအာမခံချက်များနှင့် ကြိုတင်သတ်မှတ်ချက်များကိုအလွန်အကျွံတောင်းဆိုနေခြင်း၊ တရားမဝင်ရယူထားသည့်အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ စီးပွားရေးအခွင့်အလမ်းများကိုတရားဝင်အသိအမှတ်ပြုရန်တောင်းဆိုနေခြင်းများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အဓိကနှောင့်နှေးကြန့်ကြာမှုတစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ လမ်းဖွင့်ပေးထားသည့် နိုင်ငံရေးလမ်းကြောင်းနှင့် ပြည်သူလူထုကရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်းမှန်ကန်စွာလျှောက်လှမ်းသွားရမည်ဖြစ်ပါကြောင်းဆွေးနွေးသည်။

Credit - http://chinworld.info/?p=320  


Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment