ဝန်းသိုမြို့နယ်ပေကုန်းကျေးရွာတွင် ဝါးကိုနှီးဖျာ၍ ရက်လုပ်သည့် ဝါးယပ်တောင်လုပ်ငန်း ယနေ့ထက်တိုင် လုပ်ကိုင်နေရဆဲ


ဝန်းသို နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပေကုန်းအုပ်စု ပေကုန်းကျေးရွာတွင် အိမ် ခြေ ၇၈ လုံး လူဦးရေ ၄ဝဝ ကျော်ရှိပြီး နှစ်စဉ်မိုးစပါးနှင့် နေကြာ၊ မြေပဲနှင့် အခြားရာသီ ပေါ်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် ရှေးဘိုးဘွားလက်ထက်က နွေရာသီကာလ အတွက် ဝါးဖြင့်ရက်လုပ်ကြသော ဝါးယပ်
တောင်လုပ်ငန်းများကိုလည်း အပိုဝင်ငွေရှိ ရန်အတွက် ယနေ့တိုင် လုပ်ကိုင်နေလျက်ရှိ ကြောင်းသိရသည်။

ယင်းကျေးရွာရှိ ဝါးယပ်တောင်လုပ်ငန်းလုပ်ကိုင်ရာတွင် တင်းဝါးဖြင့်သာ ပြုလုပ်ရ သဖြင့် တင်းဝါးများကို ပင်လည်ဘူးမြို့နယ် အတွင်းရှိတောတောင်များမှ နတ်တော်လ နှင့် ပြာသိုလ၌ ခုတ်ယူစုဆောင်းကာ တပေါင်း လနှင့် တန်ခူးလတွင်ရက်လုပ်ကြသည်။

ယပ်တောင်များပြုလုပ်ရာ၌ ဝါးများ ကို အဆစ်လိုက်ဖြတ်၍ မိမိပြုလုပ်လိုသည့်
ယပ်တောင်အပေါ်မူတည်ကာ ဖြတ်တောက် ထားသော ဝါးဆစ်ပိုင်းများကို တစ်ရက် (သို့မဟုတ်)နှစ်ရက် ရေစိမ်ပြီး နှီးအဖြစ်ဖျာရ သည်။ သို့မှသာကျိုးပဲ့မှုနည်းပါးသည်ဟု ဆိုသည်။

ယင်းနောက် ဝါးနှီးကို ဆေးအရောင်တင် ရန်အတွက် မန္တလေး ဈေးချိုတွင် ရောင်းချ နေသော အရောင်စုံဆေးအမှုန့်ကို ဝယ်ယူ၍ ရေနွေးနှင့်ဖျော်စပ်ကာ နှီးများကို မိမိလိုချင်သည့် အရောင်ကိုဆေးသုတ်၍ တစ်ရက် ခန့်နေလှမ်းပြီး နှီးဖျာများကို ရက်လုပ်ကြသည်။ ထိုကဲ့သို့ ရက်လုပ်လျက်ရှိသော ယပ်တောင်များကို ကောလင်းမြို့ရှိ ဝါးဖြင့်ပြုလုပ်သောပစ္စည်းများကို ရောင်ချသည့်ဆိုင်များ
သို့ ယပ်တောင်တစ်ခုလျင် ငွေကျပ် ၁ဝဝ ဖြင့် ဖောက်သည် သွင်းရသည်။

ယပ်တောင်ရက်လုပ်သူများသည် တစ်ဦးလျှင် ပျမ်းမျှတစ်ရက်လျှင် ယပ်တောင် ၁ဝဝ ခန့်ရက်လုပ်ကြပြီး နှစ်စဉ်ပွင့်လင်းရာသီများ၌ကောလင်း-ဝန်းသို၊ ပင်လည်ဘူးမြို့နယ်များရှိ ကျေးလက်ဒေသများတွင် အလှူ၊ မင်္ဂလာများပေါများသဖြင့် အဆိုပါဒေသများမှ အလှူ၊ မင်္ဂလာပြုလုပ်သူများ အော်ဒါမှာယူကြသဖြင့် နှစ်စဉ်ယပ်တောင် လုပ်ငန်းများ သည် အရောင်းတွင်ကျယ်လျက်ရှိကြောင်း သိရသည်။

စိုင်းလူမင်း

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment