ဆေးခြယ်၍ ထိုးမောင်းခေါင်းလောင်းအဖြစ
==========================
ဝန်းသို၊ စက်တင်ဘာ ၂၃။
စစ် ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့တွင် ဒုတိယကမ္ဘာစစ်အ တွင်းက ကြွင်းကျန်ရစ်ခဲ့သော စစ် လက်ကျန် တန်ဗုံးကြီးများကို ဆေး သုတ်အလှဆင်၍ ဘုန်းတော်ကြီး ကျောင်း၊ ဘုရားစေတီတို့တွင် ထိုး မောင်းခေါင်းလောင်းအဖြစ် အသုံး ပြုနေကြကြောင်း သိရသည်။
ဝန်းသိုဒေသသည် ဒုတိယကမ္ဘာ စစ်ကာလက စစ်လမ်းကြောင်းကျ ရောက်ခဲ့သော နေရာဖြစ်ပြီး မြို့၏နေရာအနှံ့ တန်ဗုံးကြီးများချခံရကာ ယခုအခါ ပေါက်ကွဲမှုမရှိကျန်ရစ်ခဲ့ သော ဗုံးကြီးများ အများအပြားကျန် နေသည်။
''အခုဝန်းသိုနယ် ကျောင်းဘုရား တွေမှာ ဆေးသုတ်အလှဆင်ချိတ်ဆွဲ ထားကြတာ၊ ဒုတိယကမ္ဘာစစ်တုန်း က ကျွန်တော်တို့ ဝန်းသိုနယ်ကို အင်္ဂလိပ်တွေချခဲ့တဲ့ အလေးချိန်တန် ချိန်ရှိတဲ့ ဗုံးကြီးတွေပါ၊ မပေါက်ကွဲ ဘဲ ကျန်ခဲ့တဲ့တန်ဗုံးကြီးတွေ၊ ဝန်းသို နယ်က စစ်လမ်းကြောင်းကျတဲ့အ ပြင် နယ်ချဲ့တွေကို ရရာလက်နက် ဖြင့် တော်လှန်တိုက်ခိုက်ခဲ့တဲ့ မျိုးချစ် နယ်မြေ၊ ဝန်းသိုစော်ဘွားဦးအောင် မြတ်ရဲ့ နယ်မြေဆိုတော့ စိစိညက် ညက်ကြေအောင် ဗုံးကြဲခံရတဲ့နယ် မြေပေါ့၊ စစ်ပြီးခေတ်မှ အကြောင်း အမျိုးမျိုးနှင့် ထပေါက်နေတဲ့ဗုံးကြီး တွေရှိသလို တချို့ကလဲ တန်ဗုံးကြီး တွေထဲက ယမ်းရချင်လို့ ထုတ်ယူ သူတွေလဲ တွေ့ရတယ်၊ အခုတော့ ကျွန်တော်တို့ဒေသမှာ တန်ဗုံးကြီး တွေက ထိုးမောင်းခေါင်းလောင်းကြီး
ဝန်းသိုမြို့ ရွှေကျောင်းတော် အတွင်းတွေ့ရသော ထိုးမောင်းခေါင်း လောင်းမှာ လုံးပတ်ငါးပေနှင့် အမြင့် လေးပေဝန်းကျင်ရှိ အလေးချိန် တန် ချိန်ရှိသည့် ဗုံးကြီးများထဲမှ မပေါက် ကွဲသည့်ဗုံးတစ်လုံးဖြစ်ကြော
MOS
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment