ကျွန်မ ရှာတွေ့သမျှ ဝန်းသို သမိုင်း




“လက်ဝဲနော်ရထာ နှင့် တွင်းသင်းတိုက်ဝန်အရေး” / အလောင်းဘုရား အရေးတော်ပုံ (နှစ်စောင်တွဲ)
ရေးသားပြုစုသူ - ဦးလှတင် (လှသမိန်) (အထက်တန်းအရာရှိ၊ ရှေးဟောင်း စာပေးဌာန) တည်းဖြတ်သည်။ (၁၃.၉.၆၁ ခုနှစ် ထုတ်ဝေသည်)
စာမျက်နှာ - ၁၉ မွန်တို့ အထက်တလွှားကို ချီတက်ခြင်း
-       မွန်တပ်သည် မြောက်ဖက် မြေဒူး၊ ရေနဲး၊ ဝန်းသို၊ ကောလင်း၊ တရဲးတောင်မော်၊ မော်နိုင်၊ မော်တုံ မြို့ရွာတွင် တပြင်ကို တပ်နှင့်ချည်းခန့်၍ သိမ်းရုံးစေသည်။
စာမျက်နှာ - ၂၇ ခင်ဦးစားတပ်ကို တိုက်ဖျက်ခြင်း
-       စစ်သူကြီးတာလပန်းလည်း (မွန်) ကောလင်း၊ ဝန်းသို၊ ငန်းစို့တခွင် တပြင်စသော မြောက်ဖက်တလွှားကို သိမ်းရုံးပြီးလျှင် ခင်ဦးစား လကျ်ာပျံချီနှင့် တိုင်ပင်၍ မုဆိုးဖိုကိုရအောင် တိုက်ရမည်…………
စာမျက်နှာ - ၂၇ ခင်ဦးစားတပ်ကို တိုက်ဖျက်ခြင်း
-       တလိုင်း တို့တပ်တွင် (မွန်)ရှိသည့် မြန်မာ၊ ရှမ်း၊ ယွန်း၊ ကဒူးတို့ကိုမူကား တိုက်မည်ကာလကပင် မသလေစေနှင့် မှာတော်မူလိုက်သည်ဖြစ်၍ မသတ်လွှတ်ရသည်။ အထွေးထွေး မရွေးချယ်သာ၍သာ လက်လွန်သူတို့သာ သေလေ၏။ (မြောက်ဖက်ဒေသကို သိမ်းယူထားသော မွန်တပ်တို့အား အလောင်းဘုရားတပ်မှ ဝင်ရောက် တိုက်ခိုက်သိမ်းယူခြင်း)
စာမျက်နှာ - ၄၈ / ၁၆၁ မွန်တပ်ကြီးချီလာပြန်ခြင်း
-       လူမျိုးစုများ (မြန်မာ၊ တလိုင်း၊ ကွေ့၊ လဝ)
-       ကတူး၊ မြန်မာ၊ ရှမ်းယွန်းတို့ ထားသွားနီးရာ ပါရလေသည်။ လက်လွန်မိသည်ကိုသာ လွန်စေ အမှာတော်ရှိ၍ သိမြင်လျက်နှင့် မသတ်ရ၊ တလိုင်းသို့ မဝင်၊ တော်အုံ၊ တောင်ကမ်း ပုန်းလွှဲရှောင်ရှား၍ နေသူတို့ကိုလည်း သွေးငင်းဆောင်ကြဉ်း၍ မျိုးရိက္ခာနှင့် ရပ်စု ရပ်ကွက် ချထားတော်မူ၏။



တတိယမြန်မာနိုင်ငံတည်ဟန်
(မောင်ကျော်ရှင်း - မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး စာပေဆုရ)
စာမျက်နှာ (၃) – ၁၉၊ ၅၀၀ - မုဆိုစ်ခြုမ်တိုက်တွင် ဓမ္မရာဇိကဖုရားဝတ် ၅၀၀ (၁) အစရှိသဖြင့် ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။
-       ယင်းကျောက်စာအရ မူးမြစ်ဝှမ်းလွင်ပြင်တွင် မုတ်ဆိုးပို( မုဆိုဖ်ဝ်)၊ မုတ်ဆိုးခြုံ (မုဆိုဝ်ခြုမ်)၊ မြေတူ (မ္လေတူ) ခင်သာ အစရှိသော မြို့တို့သည် ပုဂံခေတ်ကပင် ကတူးလူမျိုးများ တည်ထောင်ခဲ့သော မြို့များ ဖြစ်ကြောင်းသိရပါသည်။
စာမျက်နှာ (၇) - မူးမြစ်ဝှမ်းလွင်ပြင်၏ အတိတ်သမိုင်းမှ အရိပ်လှိုင်းများ
-       မူးမြစ်ဝှမ်းလွင်ပြင်တွင်တည်ရှိသော မုတ်ဆိုးပို (မုဆိုဖိုဝ်)၊ စည်ပုတ္တရာ၊ ရေခဲ၊ ပဉ္စလငါးရွာ၊ မြေတူး၊ ခင်သာ၊ ဒီပဲယင်း စသော ဒေသများသို့ တိုင်းရင်းသားလူမျိုးများ ဖြစ်သော ပျူ၊ ချင်း၊ ကတူး၊ ရှမ်း၊ မြန်မာစသည်တို့ အခြေစိုက်နေထိုင်ကြပုံသမိုင်းအကျဉ်းချုပ်ကို တင်ပြရန်လိုအပ်ပါမည်။ ယင်းသမိုင်းသည် “တတိယ မြန်မာနိုင်ငံတော် တည်ဟန်” နှင့် အကြောင်း ကျိုးဆက်နွယ်နေပါသည်။
စာမျက်နှာ (၈) – (၉) ရှမ်း၊ တကူး၊  ချင်း၊ မြန်မာတို့ အတူတကွ နေထိုင်ကြပုံ။
စာမျက်နှာ (၁၀) မူးမြစ်ဝှမ်းလွင်ပြင်နှင့် ကဒူး
ကတူးလူမျိုးတို့၏ မှတ်တမ်းများတွင် -
“တကောင်းကတူး၊ ငါးစို့ (ပဉ္စလငါးရွာ)ကတူး၊ မဟာမြိုင်ကတူး၊ ရွှေဘို(မုဆိုပိုလ်) ကတူး နှင့် မိုင်းဘုန်ကတူးဟူ၍ ကတူး ငါးမျိုးရှိကြောင်း” ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းကတူးလူမျိုးတို့သည် အနော်ရထာမင်းလက်ထက်မတိုင်မီကပင် မူးမြစ်ဝှမ်းလွင်ပြင်ပိုင်းရှိ မြေတူး၊ ခင်သာ၊ ဒီပဲယင်း(ထီးပေရှင်)၊ မုတ်ဆိုးပို(ဆုဆိုပိုင်)၊ စည်ပုတ္တရာစသော ဒေသများတွင် အခြေစိုက်နေထိုင်လျက်ရှိကြကြောင်း ကျောက်စာများနှင့် မှတ်တမ်းများအရသိရှိရသည်။
          ကဒူးမြို့များမှာ အဝန်းတာ(၄၃၇)ရှိ ၄၀၀ပြု ဒီပဲရင်း(ထီးပေသျှင်) အဝန်းတာ၄၀၀ မြေတူးမြို့ ၂၀၀ပြု မုတ်ဆိုးဖိုမြို့ ၃၁၀တာရှိ ၇၀ပြု ရေနဲမြို့ ၇၀ပြုကျောက်မြောင်းမြို့ စသောမြို့တို့ဖြစ်ကြပါသည်။ ယင်းတို့မှာ ပုဂံခေတ်ကပင် ကဒူး(တောကဒူး)တို့ တည်ထောင်နေခဲ့ကြသော မြို့တို့ဖြစ်ကြပါသည်။
          သက္ကရာဇ် ၆၀၈ခု ပြာသိုလတွင် ဒီပဲရင်းမှ တိုက်သူကြီး စန္ဓာသံပြင်အမှူးပြုသော ကတူး(သစ်ကဒူး)များသည် ဒီပဲယင်းဒေသဝန်းကျင်ရှိ  လယ်မြေပေါင်းများစွာကို ရောင်းချခဲ့ကြောင်း ရှင်မဟာကဿပကျောက်စာတွင်ရေးထိုးထားခဲ့သည်ကို တွေ့နိုင်ပါသည်။
          ကတူးသည် “သစ်ကတူးနှင့် တောကတူး”ဟူ၍ နှစ်မျိုးရှိသည်။ သစ်ကတူးတို့မှာ ပုဂံခေတ်ဦးအချိန်လောက်ကပင် မြန်မာနိုင်ငံအလယ်ပိုင်တစ်လျှောက်တွင် ကြီးမားသော အုပ်စုများဖွဲ့လျက် နေထိုင်ခဲ့ကြသည်။ အလားတူအချိန်လောက်ကပင် တောကတူးတို့မှာလည်း ထီးပေသျှင်၊ မုတ်ဆိုးပို၊ မြေတူးစသော မူးမြစ်ဝှမ်းတစ်လျှောက်တွင် နေထိုင်ခဲ့ကြကြောင်းသိရှိရသည်။ သို့ဖြစ်၍ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းက-
“ကံတူကို အသက်သို့မဟုတ် သက်ဟူ၍လည်းခေါ်သည်။ သို့သော် ကံတူတို့၏ တောင်ဘက်အကျဆုံးအစုကိုသာ မြန်မာက သက်ဟုခေါ်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၌ သက်တို့ဖြတ်လျက်နေပြီးရှိ၏။ ယင်းတို့သည် မြန်မာနိုင်ငံတွင်းသို့ အစောဆုံးရောက်လာသော တိဘက်မြန်မာအနွယ်ဝင်များဖြစ်၍ ဗုဒ္ဓသာသနာဝင်များလည်းဖြစ်ကြ၏။ ချင်းတောင်ကိုကျော်၍ မဏိပူရတိုင်အောင် ပေါက်မြောက်သူများလည်းဖြစ်သည်။ ယခုတိုင် ရခိုင်ဘက်၌ ရှိကြသေးသည်။ ရွှေဘို၊ တပယင်းနှင့် မူးအညာဘက်တွင်နေသော ကံတူအစုကို သက်ဟုခေါ်၏။ တစ်ဖန် ပုဂံခေတ် သက်ကတူးတို့ နေထိုင်ရာဒေသနှင့်စပ်လျဉ်း၍------”
မူးဝှမ်းလွင်ပြင်နှင့် ချင်း
          ချင်းတိုင်းရင်းသားတို့ ယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများစာအုပ်တွင် ချင်းတို့သည် အနော်က်မြောက်နှင့် အရှေ့မြောက်ဘက်မှဝင်လာကြပြီး နောက်ထပ်ဝင်လာကြသူများအား နေရာပေးရင်း အနောက်ရိုးမဘက်သို့ ပြေင်းရွှေ့သွားကြလေသည်။
          ပုဂံခေတ်ဦး ဂိုမင်းအချိန်ခန့်တွင် ချင်းတို့ဒီပဲယင်းနယ်၏-------။ သစ္စေး(၆) ရွာ၊ ခေါက်စင်း၊ သုဝဏ္ဏဘူမိမှန်ကန်(ရွှေကျင် ၁၃ရွာ)စသော ကျေးရွာများ၏ စစ်တမ်းနှင့် ဖြစ်စဉ်သမိုင်းကိုကြည့်လျင် ယင်းကျေးရွာများတည်ရာ ဝန်းကျင်တစ်လျှောက်တွင် ချင်းပုတီးစေ့၊ ချင်းနားတောင်း၊ ချင်းအိုးကွဲ၊ ချင်းဖိုခနောက်စသော သမိုင်းရုပ်ကြွင်းပျက်စီးများ ထွန်ယက်စိုက်ပျိုးစဉ်မြေထဲမှထွက်ပေါ်လာသည်ကို မကြခဏတွေ့ရပါသည်။ ချင်းကုန်း၊ ချင်းသချိင်းကုန်း၊ ချင်းရွာပျက်ကုန်းစသော အမည်များမှာလည်း ယနေ့တိုင် သုံးစွဲခေါ်ဝေါ်တွင်ကျန်လျက်ရှိနေပါသေးသည်။ သို့ဖြစ်ပါ၍ ဒေသတစ်လျှောက်တွင် ချင်းလူမျိုးများလည်း ပျူ၊ ကတူးစသော တိုင်းရင်းသားတို့နှင့်အတူတကွ သင့်မြတ်ရောနော်နေထိုင်ခဲ့ကြကြောင်းတွေ့ရပါသည်။
မူးမြစ်ဝှမ်းလွင်ပြင်နှင့် ရှမ်း(စာမျက်နှာ ၁၃)
          မောရှမ်းနိုင်ငံတွင် အပါအဝင်ဖြစ်သော ဝန်းသိုမြို့ကို မင်းကြီးစွာစော်ကဲလက်ထက် (၇၂၉-၇၆၂)သက္ကရာဇ် ၇၄၄ခုနှစ်က တည်ထောင်ခဲ့သည်ဟု အဆိုရှိသည်။ ဒေါက်တာသန်းထွန်းကလည်း “သိုလွန်ဖွားကား မြန်မာတို့အသိများသော သိုဟန်ဖွားနှင့် သိုငံဖွားတို့၏ ဖခင်ဖြစ်သည်”ဟု ဆိုသည်။
          သိုလွန်ဖွားသည် အေဒီ ၁၃၈၂မှ ၁၃၉၉အထိ စော်ဖွားအဖြစ် စိုးစံခဲ့သော်လည်း အေဒီ ၁၃၈၄ခုနှစ်မှ အစပြု၍ တရုတ်ဧကရာဇ်က သိုလွန်ဖွားကို မောရှမ်းစော်ဖွားအဖြစ်အသိအမှတ်ပြုသိုဟုဆိုသည်။ တရုတ်ဧကရာဇ်က သိုလွန်ဖွားကို မောရှမ်းစော်ဖွားအဖြစ်အသိအမှတ်ပြုသော မြန်မာသက္ကရာဇ်မှာလည်း ၇၄၄ခုနှစ်ပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာသက္ကရာဇ် ၇၄၄ခုနှစ်ပတ်ဝန်းကျင်မှအစပြု၍ ရှမ်းတို့သည် မူးမြစ်ဝှမ်းဒေသအထက်ပိုင်းတစ်လျှောက်တွင် အုပ်စုလိုက်ဝင်ရောက်ပျံ့နှံ့နေထိုင်လျက်ရှိကြောင်းသိရပါသည်။
          မြန်မာသက္ကရာဇ် ၇၇၅ခုနှစ် မော်တုံမော်ကပ်စားရှမ်းစောဖွားတို့သည် ကဒူးပြည်အပါအဝင် မြေတူးကို လာရောက်ထိပါးသဖြင့် မင်းရဲကျော်စွာသည် တပ်ပေါင်း၁၁တပ်ဖြင့် ချီတက်နှိမ်နှင်းခဲ့ရာ မော်တုံမော်ကယ်စားရှမ်းစော်ဖွားတို့သည် တရုတ်ပြည်တို့ ထွက်ပြေးခုလှုံခဲ့ကြကြောင်းသိရှိရသည်။
          မြန်မာသက္ကရာဇ် ၇၅၀မှ ၈၅၀အထိကာလအတွင်း ကဒူးပြည်တွင် ရှမ်းနှင့်မြန်မာအာဏာလုသောစစ်ပွဲငယ်များ မကြာခဏဖြစ်ပွားခဲ့ဟန်ရှိသည်။ မြန်မာသက္ကရာဇ် ၈၆၈ခုနှစ်မတိုင်မီကပင် မြေတူးနှင့် ရေနဲမြို့တို့ကို ရှမ်းတို့က သိမ်းပိုက်ထားပြီးဖြစ်ခဲ့သည်။ တစ်ဖန်ရှမ်းတို့က ဒီပဲယင်းကိုထိပါးလာခြင်းနှင့်စပ်လျဉ်း၍
သက္ကရာဇ်၆၈၈တွင် မိုညှင်းစော်ဖွားက  ဒီပဲယင်းမြို့ကို တိုက်ယူလေသောကြောင့် တိုက်ဆင်၂၀၀၊ မြင်းသုံးကောင်၊ စစ်သည်ခြောက်သောင်းနှင့် ပုဂံစားသတိုးကိုချီစေသည်။ ရောက်လျင် သတိုးက “နိုင်ငံတော်မြေတူး၊ ငရနဲကို စော်ပွားက ယူလေသည်ကိုမျှ ငါတို့အရှင်က အရေးမယူနေတော်မူသည်ကိုလျက် ယခု ဒီပဲယင်းကိုယူပြန်သည်မှာ စစ်တည်းပြိုင်မည်လော၊ ဒီပဲယင်းကိုသော်လည်းပေးမည်လော”ဟု စေ၏။ စော်ပွားလည်း”ငါသည် ဗိုလ်အားနှင့်ဧကရာဇ်ပင်ဖြစ်သည်။ စစ်ပြိုင်ရမည်ကိုလည်း မခံ့မညား အရေးနှင့်ပြီးလည်းသင့်တော်သည်ဟု ဆိုလိုက်လျင် မြေတူး၊ငရနဲတိုင်အောင် စော်ပွားနယ်ဖြစ်စေ” ပိုင်းခြားဆို၍ ဒီပဲယင်းကိုရလျင် ပြန်ခဲ့၏ဟု ဖော်ပြထားသည်။
          ကတူးပြည်အပါအဝင် မြေတူး၊ ငရနဲစသည့်မြို့များကား ရှမ်းတို့၏လက်အောက်တွင် နှစ်ရှည်လများ တည်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။ ရှမ်း၊မြန်မာစစ်ခင်းရာ စစ်တလင်းပြင်သာဖြစ်ခဲ့သညန်။ သို့ဖြစ်၍ပင်
“သက္ကရာဇ်ရှည် ၈၇၉ခု သက္ကရာဇ်တို ၈၁ခုတွင် မိုးညှင်းက တိုင်ဆင်၃၀၀၊ မြင်းရှစ်ထောင်၊ ဗိုလ်ရှစ်သောင်းနှင့်ချီလာ၍ တိုင်ဆင်၃၅၀၊ မြင်းခြောက်ထောင၊် ဗိုလ်တစ်သိန်းနှစ်သောင်းနှင့် ချီတော်မူသည်၊ ငရနဲတွင် မြင်းတပ်ချင်းတွေ့၍တိုက်သည်။ မြမ္မာမြင်းတပ်ရွေ့သည်ကို ရာဇသင်္ကြန်ဆင်တပ်နှင့်ဖိ၍တိုက်လျှင် ရှမ်းတို့ဆုတ်လေ၍ မြို့နှင့်ခံသည်ကို တဆယ့်နှစ်တပ်လုံးနှင့် ဝန်းရံံလုပ်ကြံလျှင် ။ ငရနဲကိုရတော်မူ၏။ ရှမ်းတို့ပြေးလျှင် ဘယယော်ဓါကို ငရနဲ၊ ရာဇသင်္ကြန်ကို မြေတူးကို ဗိုလ်အားနှင့် အစောင့်ခန့်၍ ပြန်တော်မူသည်ဟု ဖော်ပြထားသည်။ တစ်ဖန် သက္ကရာဇ်(၈၈၆)ခုနှစ်တွင် မြန်မာတို့က မြေတူး၊ ငရနဲ၊ သည်ပုတ္တရာ၊ ဒီပည့်ယင်းစသော ကတူးမြို့များကို လက်လွှတ်လိုက်ရခြင်းနှင့်ပတ်သက်၍”…. …ဆက်၍ စာမျက်နှာ (၁၅၊ ၁၆၊ ၁၇)
စာမျက်နှာ (၄၂) - ပညာပေးစည်းရုံးရေး
ငါအလောင်းတော်ဘုရားသည်ကား ဘုရားရှင်ရှေ့မျက်နှာတောက်ကို ကြည့်၍ (၁၀) ပါးသော တရားဓမ္မလောကတရား (၇)ပါး၊ သင်္ဂဟတရား (၄)ပါးသော ဂတိကို မငဲ့မူ၍ သတ္တဝါအပေါင်းတိုဝ့်အား။ ၅၂၈ပါးသော မေတ္တာနှင့် ရတနာသိဃကုန်ဘောင်ရွှေဘိုမြို့တော်ကြီးကို တည်ထောင်၍ ပြုစုသိမ်မြစ်တော်မူလျှင် လောလင်ဝန်းသို၊ ကလေးသောင်သွပ်၊မိုးညှင်းမိုးကောင်းမိုးတားမိုးမိတ်၊ ယင်းခဲ၊သီပေါသုံးဆယ်၊ လဲချားရပ်စောက်၊ ကသည်းစော်ဘွားတို့မှစ၍ အမှုတော်ကို ထမ်းရွက်ကြလျှင်။ ရေချမ်းအိုးကို လက်နှင့် ပိုက်သကဲ့သို့ ကာယသုခ စိတ္တသုခ၊ နှစ်ပါးကို ရကြသည်။ ငါ၏ သစ္စာတော်ကို မခံမီကာ (ဟံသာဝတီ)တို့ သစ္စာခံခြင်း၊ ဟံသာဝတီတို့လည်း အရှင်မရှိဖြစ်၍ တစ်ယောက်ကို တစ်ယောက် က သစ်ညှစ်ကြခြင်းသည် ပညာနည်းသော သူတို့သာလျှင် မဟုတ်ကို အဟုတ်။ အဟုတ်ကို မဟုတ်ထင်သည်။ ကျေးဇူးသစ္စာတော်နှစ်ပါးနှင့် အညီ ငါ၏ အမှုတော်ကိုထမ်းရွက်လျှင် မြန်မာဇာတ်တူခြင်းကို မဆိုနှင့်ဦး သူပုန်ဖြစ်သော (ဟံသာဝတီ)ပင် ကျိုးနွံဝပ်ပျပ်ထပ်သော်လည်း ငါရွှေနုလှမ်းတော်အထူးမရှိ။ မြန်မာ ကျွန်တော် မျိုးအရပ်ကို ခေါ်သိမ်း၍ ငါရွှေစက်တော် စုံဦး တိုက်လာကြရမည်။
သို့ဖြစ်၍ပင် ရတနာသိင်္ဃကုန်းဘောင်နေပြည်တော်ကြီး၏ လက်အောက်ခံကောလင်း၊ ဝန်းသို စသော မြောက်ဘက်တလွှားမြို့ကျေးရွာများ၊ သိန္နီ၊မိုးမိတ်၊ သီပေါ စသော အရှေ့ဘက်တစ်လွှားမြို့ကျေးရွာများ၊ ကလေး၊တမူး၊ ကသည်းစသော အနောက်ဘက်တလွှား မြို့ကျေးရွာများ စသည်တို့မှ မြို့စားရွာစားတို့သည် ငါ၏ အမှုတော်ကို ထမ်းရွက်ကြသဖြင့် ရေချမ်းအိုးကို လက်ဖြင့် ပွေ့ပိုက်သကဲ့သို့ စိတ် ၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်း (၂)မျိုးပြည့်စုံကြောင်း မိန့်တော်မူခဲ့ပါသည်။
စာမျက်နှာ (၁၆၅) - ကတူးပြည်စိုပြည်ရေး မူဆည်တော်ဖြင့် ရေသွယ်ပေး။
စာမျက်နှာ (၁၈၇) - ရွှေခွန်တော်
၁၁၁၆ ခုနှစ်တွင် ဂနန်း၊ စက်တောပါ မော်ဆယ်ရွာကို ရွှေနန်းတော်ဆက်စေ အမိန့်တော်ရှိ၍ ၎င်း ၁၁၁၆ခုနှစ် ခန်းမှိုင်းကျော်ဆက်။ ဆယ်ရွာရွှေခွန်တော်မ ၁ - ခန်းမှိုင်းကျော်ဆက်သည်ကို မော်ခွင် - ၃၅ိ/=စက်တော-၈၁ိ/=ဂနန်း -၁၈၂ိ/-ဂနန်းပွား ၉ိ/ ချုပ်၍ ထမ်းဆောင်ကြသည်။
၁၁၁၇ ခုနှစ်တွင်။ မော်နိုင်း။ ကမ္ဘာ။နန်းမား။မန်အည်။ စည်းနန်း။မော်ဟိုင်း (၆)ရွာ ရွှေခွန်တော်မကို ခန်းမှိုင်းကျော်ဆက် - ၄၈ - ဝန်းစား ၄ဂူး - ရေးစား - ၂ိ၄ူး - ထန်းစား - ၁၂ူ။
စာမျက်နှာ (၁၉၀) - သံခွန်တော်
သံများကို………….
သံအနောက်တာတွင် ပင်ပုံ၊တာကျဲ၊ရွှေနစ်၊ နန့့်ပုံ၊ ချောင်းဆုံး နှင့် မန်ပင်ကျေးရွာ နယ်မြေများ ပါဝင်သည်။ သံအလယ်တွင် ပင်ဟင်းခါး၊ ရွှေကျောင်း၊ ခိုပျဉ်၊ လက်ရိုက် နှင့် ခမိုးကျေးရွာများ ပါဝင်သည်။ သံအရှေ့တာတွင် လေးသီ၊ ညောင်ခြေထောက်၊ နွားတောနောက်၊ မွတ်သိမ်၊ ဥမင်၊ ကျွန်းကုန်း၊ ကိုင်းကြီးနှင့် တုံးလှော်ကျေးရွာ နယ်မြေတိုကပါဝင်သည်။
ရှေးယခင်က ယင်သံ (၃)တာကျေးရွာနယ်မြေတွင် ရှမ်း နှင့် ကတူးများ ရေနှောနေထိုင်ကြလျက် သံများ ချက်လုပ်ကြသည်။
စာမျက်နှာ (၁၉၂) ခဲခွန်တော်
ရွှေအရှေ့ကြောင်းမှ ရွှေမှူးများက အလောင်းမင်းတရားအား ခဲခွန်တော်များလည်း ဆက်သခဲ့သေးကြောင်း အထောက်အထားများ တွေ့ရပါသည်။ အလောင်းမင်းတရားလက်ထက် မော်နိုင်း ရွှေမှူးကြီး (ရွှေဆက်စော်ဘွား)ခန်းမှိုင်းကျော်က ရွှေအရှေ့ကြောင်းမှ ထွက်သော ခဲများကို တစ်စုတစ်စည်းတည်း စုပေါင်းဆက်သရန် စက်တော ရွှေမှူးထံ ခဲခွန်တော် တောင်းခံခဲ့သည်။ ထိုစဉ် စက်တောရွှေမှူး၏ လက်အောက်ခံသူကြီး ငဦးနှင့် မော်နိုင်းရွှေမှူးကြီး ခန်းမှိုင်းကျော် လက်အောက်ခံသူကြီး ငနိုးတို့ အချင်းချင်း အပြင်းအခုံဖြစ်ကြသည်။
စစ်တောသူကြီး ငဦးက -
“ကျွန်တော်တို့ ကြီးစိုး စီရင်သည့် စက်တောရွာသည် မော်နိုင်း (၁၀) ရွာ ခန်းမှိုင်းကျော်၏ လက်အောက်ခံမဟုတ်။ သီးခြားစီရင် အုပ်ချုပ်သည့် ကျေးရွာဖြစ်သည်။ သို့ဖြစ်၍ ခဲခွန်တော်ကို မော်နိုင်းသို့ မပေးနိုင်။ သီးခြားဆက်မည်။”
ဟုဆိုသည်။ မော်နိုင်းသူကြီး ငနိုးကလည်း -
“စက်တောရွာသည် မော်နိုင်း (၁၀)ရွာ လက်အောက်ခံဖြစ်သည်။ သို့ဖြစ်၍ ခဲခွန်တော်ကို မိမိသို့ ပေးဆောင်ရမည်။”
ဟု အတင်းအကြပ်တောင်းသည်။
နောက်ဆုံး ရေငုပ်ပြိုင်ပွဲပြုလုပ်၍ ရေလားပြိုင်ကြရာ စက်တောသူကြီးက အနိုင်ရရှိခဲ့သည်။ သို့ဖြစ်၍ တရားသူကြီးမင်း နန္ဒသီဟကျော်ထင်က -
“ စက်တောရွာကို မော်နိုင်းဆယ်ရွာအဝင်ပါ ကျေးရွာဖြစ်သည်။ ငနိုးမဆိုသာ၊ မော်နိုင်းဆယ်ရွာသူကြီး ခန်းမှိုင်းကျော်၊ ငနိုးတို့က စက်တောရွာသူကြီး ငဦး၊ ရွာနေရွာသားတို့ကို မင်းမှုမင်းခင်း ကိုင်း မကိုင်းသေး ဆယ်နှစ်မှု ခဲခွန်တော်သွင်း၊ ရွှေခွန်တော်၊ ငွေခွန်တော် အသေးအဖွဲအရပ်ရပ်အလုံးစုံမျိုးတို့ကို မစီရင်၊ မခွဲ၊ မခန့်၊ မဆော်မဖန်၊ မခေါ်မချေ၊ မဆိုမပြောသာ၊ စက်တောရွာသူကြီး ငဦး ရွာနေရွာသားတို့ အစည်ဆင့်ဆက် ၍ အသီးအခြား ထမ်းမြဲအတိုင်း မင်းမှုမင်းခင်း ရွှေခွန်တော်၊ ငွေခွန်တော်၊ ခဲခွန်တော်သွင်း ဆယ့်နျစ်မှ အလုံးစုံမြို့ အသေးအဖွဲတို့ကို စက်တောရွာသူကြီး ငဦး နှင့် ရွာနေရွာသားတို့ကို သီးသီးချားချားထမ်းရွက်စေ” ဟု အမိန့်ချမှတ်လိုက်သည်။
စာမျက်နှာ (၁၉၃)
-       သက္ကရာဇ် ၁၂၃၁ ခုနှစ်၊ တန်တောင်မုန်းလက မော်နိုင်းရွှေမှူး ငဖာလာ (ငဘလာ)၊ မော်တိတ် ရွှေမှူး ကွေတ္တီ၊ မော်ခါးရွှေမှူး ငကြီး၊ မန်အင်းရွှေမှူး ငအောင်မြတ်ကျော် နှင့် မော်ခွင် ရွှေမှူး ငနွယ်တို့က လစဉ် ရွှေမှူးတစ်ဦးလျှင် ခဲပိဿာ (၁၀၀၀)စီ ဆက်သွင်းပါမည်ဟု မင်းတုန်းမင်းအား ကတိပြု၍ ခဲတူးဖော်ချက်လုပ်ခဲ့ကြောင်း သိရှိရပါသည်။
စာမျက်နှာ (၂၁၂) တခါးများ
စမ္ဗူဒီပ ဥဆောင်ကျမ်း
စုဆောင်းတည်းဖြတ်သူ သန်းထွန်း၊ မြန်မာသမိုင်းအဖွဲ့ဝင် (၂၀၀၅/ မြန်မာနိုင်ငံသုတေသနအသင်း ၁၉၆၀ ပုံနှိပ်မှုကို တည်းဖြတ်သည်။ စာတမ်း၊ စစ်တမ်း နှင့် အမိန့်တော်များကို ရက်စွဲအလိုက်စဉ်သည်။
စာမျက်နှာ ၂၈ (ဖော်ဖော်ဝါရီ ၁ရက်၊ ၁၆၀၂)
-       ရတနာသုံးပါးကို မရိုမသေ မလေးမြတ် မကိုင်းမညွှတ်၍ ဘုရားသာသနာသည် ကွယ်ခြင်း၊ မှိန်ခြင်း၊ မေ့လျော့ခြင်းနှင့်တကွ ရိုင်းပြ၍ သောင်းကျန်းခက်ထန် ခက်ထရော်ရှိ၍ နေလေသည်ကား မိုးမိတ်၊ မိုးလှိုင်း၊ မိုးကောင်း၊ မိုးညှင်း၊ မိုးဝန်း၊ ငါးမြို့စော်ဘွားအဆက်ဆက်တို့သည် သာသနာကွယ်လေကုန်၏။ သာသနာကွယ်ကုန်လေ၏။ မင်းမသုဉ်းသောကြောင့် တည်ထောင်၍ နေနိုင်လေသည်။ နေရာတွင်ကား မိုးကောင်းတစ်မြို့၊ မိုးညှင်းတစ်မြို့၊ မိုးမိတ်တစ်မြို့၊ မိုးလှိုင်းတစ်မြို့၊ မိုးဝန်းတစ်မြို့ ထိုငါးမြို့သားတို့သည် မိုးကောင်းတွင် သိုဟုံခင် မိုးညှင်းတွင် သိုဟုတ်တွန်၊ မှိုင်းတွယ်မြို့တွင် သိုဟုံအွန်၊ မိုးမိတ်မြို့တွင် သိုအံ၊ မိုးလှိုင်းတွင် သိုဟုံကပ် မိုးဝန်းတွင် သိုချည် ထိုခြောက်ယောက်သော မင်းတို့သည် ကျိုင်းဟုံ ရွှေနန်းရှင်သားချည်းတည်း။ (မိုးကိုးမိုး - မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ မိုးလှိုင်း၊ မိုးဝန်း၊ မိုးထား၊
-       ထိုမင်းများကို အသီးသီး ပေးကုန်သည်ကား မှိုင်းတွယ်မြို့တွင် သိုဟုံအွန် နှင့် တကွ သိုချည်စံ သိုချည်လဲ သိုချည်ဝန်း သိုသည်ညည် သိုသည်ဇံ သိုသည်လော သိုသွန်လှော် သိုဝိုင် သိုသည်လှော် သိုသည်ဟော သိုချည်လှော် သံဟံသွန် သိုဟုံ သိုဟုံကပ် ငသောကြာ ငပါတော ငလှောက်ကျော်။ မှိုင်းတွယ်မြို့တွင် ထိုစော်ဘွားသား အပေါင်းတို့တွင် ကျိုင်းဟုံရွှေနန်း ရှင်သာ၍ ချစ်ခင်လေးမြတ်တော်မူသည်ကာ သိုဟုံ နှင့် သိုဟုံကပ်ကို သာ၍ ချစ်လေးမြတ်တော်မူသည်။ ခမည်းတော် ရွှေနန်းရှင် ကျိုင်းဟုန်မင်းကြီးသည် ငါမရှိလျှင် ငါ၏ အရိုက်အရာကို အုပ်ချုပ်စိုးဆောင်ရခြင်းငှာ အကြံတော်ရှိသောကြောင့် မြို့တည်လေသည်။ ထိုသို့ အကြံတော်ရှိသည်ကို မိုးကောင်း မိုးညှင်းစော်ဘွားတို့က သိ၍ ကြံရမည်လောဟု ဆင်ပေါင်းမြင်းရံတို့နှင့် ချီလာသည်။ ….”
-       မိုးထားမြို့ မှိုင်းတွယ်မြို့ မိုကောင်းမိုး မိုးဝန်းမြို့ စော်ဘွား တို့သည် မိုးမိတ်မြို့မကောင်း၍ မြို့ကို ပြုပြင်ရမည်။
-       မိုးဝန်းစော်ဘွား သိုချည်လည်း မိုးမိတ် နောင်တော်မြို့သည် မကောင်း၍ နောင်တော်နှစ်ပါး ပြုစုတော်မူ (မည်) လာချေသည်။
-       မိုးစစ် ဆင်ချည်တိုင် ပဲခင်း ကသာ မြတောင် ရွှေအင်းများကို မိုးကောင်းသားတော်ကို ပေးသည်။
-       ခမည်းတော် ကွယ်လွန်လျှင်ပင် ကျိုင်းဟုံ တွင်မနေပြီ သားတော် သိုဟုံ (ဘွား)သည် မိုးမိတ်ကို ပြုစုတော်မူသည်။ မိုးထား မှိုင်းတွယ် မိုးကောင်း မိုးညှင်း မိုးဝန်း စော်ဘွားများသည် မိုးမိတ်မြို့မကောင်း၍ မြို့ကို ပြုစု ပြင် ဆင်ရမည် အဘသစ္စာသည် ငါတို့တွင် ရှိသည်ဖြစ်သောကြောင့် ငါတို့သွား၍ လုပ်အံ့ဟု မိုးကောင်းနောင်တော်သည် ဗိုလ်ခြေ ၁၀၀၀ နှင့် ပြုစုရမည်လာသည်။ မိုးဝန်းသိုချည်လည်း မိုးမိတ်နောင်တော်မြို့သည် မကောင်း၍ နောင်တော်နှစ်ပါး လာ၍ ပြုစုတော်မူလာချေသည်။ …………………
-       (ကမ်းနီ) မြို့ နယ်နိမိတ် အပိုင်းအခြား အစူးအစဉ် ထမ်းရိုးရွက်ရိုး နယ်နိမိတ် အစုအငန်းထမ်း ၇-၈၉၃ အိမ်နက် ကျန် ၃၈၀ ကပ္ပါး အသည်အလာဒိုင်းဝင်း ဘုရားကျောင်းမြေ (ဘဏ္ဍာ)မြေ ဝန်သိုဒိုင်းမြေ တံခါးနီမြေ အဆောင်နီမြေမှ စ၍ အစူအစဉ်ကို သစ္စာတော်ကျမ်း ပေး၍ စစ်တော် ကမ်းနီမြို့……”
-       ကျိုင်း ကိုးကျိုင်း၊ ထီးကိုးစင်း၊ မိုးကိုးမိုး၊ ထားကိုးထား (စာမျက်နှာ - )
စာမျက်နှာ - ၇၉
-       ဇမ္ဗူဒီပါကျွန်း အလယ်ချက်မ မဏ္ဍလရောက်ရာ မဟာဗောဓိဝန်းကျင် သောဠတိုင်းကြီး တစ်ဆယ့်ခြောက်တိုင်း တိုင်းကြီး တစ်ဆယ့်ကိုးတိုင်း တိုင်းကြီးရှစ်တိုင်း ကျိုင်းကိုးကျိုင်း မှိုင်းကိုးမှိုင်း ထးကိုးထား အလံဦးကင်းဖျား အစောင့်အနေ ဒေသ နဂရ ဂါမများကို ခန့်ထား ဖွဲဖက်သည့်အတိုင်း တိုင်းကြီးရှစ်တိုင်းကား ဤသို့တည်။ ဧရာဝတီမြစ်အနောက်ဘက် မြောက်ဘက်သည် သုနာပရန္တတိုင်း။ ဧရာဝတီမြစ်အရှေ့ဘက် တောင်ဘက်သည် တမ္ပဒီပတိုင်း။ သရေခေတ္တရာသည် သီရိခေတ္တရာမတိုင်း။ ကေတုမတီတောင်ငူသည် ဇေယျဝပုဧတိုင်း။ ကုသိန် ဥပါယ်ခိုး မုတ္တမသည် ရာမညတိုင်း။ သုဝဏ္ဏဘုမ္မိ ရွှေမြေရှိ ရှမ်းအရပ် ရှမ်း ၅၇ မြို့သည်။ သုဝဏ္ဏဘုမ္မိတိုင်း။ မိုးနဲ ညောင်ရွှေသည် ကမ္ဗောဇတိုင်း။ မိုးမိတ် ဗန်းမော်သည် စိမ့်တိုင်း။ ဤသို့လျှင် တိုင်းကြီး ရှစ်တိုင်းတည်း။ ၎င်းအတွင်း ကျိုင်းကိုးကျိုင်း၊ မှိုင်းကိုးမှိုင်း၊ ထားကိုးထား ပတ္တမြား မြ ရတနာကိုးပါး ရွှေခွန် ငေခွန် ပုလဲ သန္တာ တို့ပေါများရာ သာသနာတော် ၅၀၀၀ တည်ရာနယ်ကား ဤသို့တည်။
-       သာသနာတော်တည်ရာကား
-       အရှေ့သို့လာသော် နားတဘက်ဖောက် (ပါး) တဘက် (ဆိုး) မှည့်တလုံး(တင်) မျက်နှာ နဖူးမည်း ကျော်ကသည်း (မြေ) အစပ်။
-       အရှေ့တောင်သို့လားသော် ဂျွမ်းပြည်အကုန် ဂုံပြည်အဆုံး သမုဒ္ဒရာအထိ။
-       တောင်သို့လားသော် သမုဒ္ဒရာ ပိဿျူးပြည်။
-       အနောက်သို့လားသော် သမုဒ္ဒရာအလယ်ဍ်တည်သော နဝိမလာကျွန်း။
-       အနောက်သို့လားသော် သရန (ဒါန်) စိတ္တရ (ဒါန်) ပ(န်)ထွာအ (ခြား) ပဋိက္ခရား ကုလားမြေနှင့် အစပ်။
-       အနောက်မြောက်သို့လားသော် (ကတူး) ငနားကြီး ရေပေါ်မီး တက်စိန့်တက်ခေါင် အက္ကပတ် ကုလားမြေ (နှင့် အ)စပ်။
-       မြောက်သို့လားသော် ကမ္ဗောဇ သင်းတွဲမြေ (နှင့် အ)စပ်။
-       အရှေ့မြောက်သို့လားသော် သံတောင်း သံတန်တင်း သံတံခါး သံဘုရား ငတိ င(ယို) ငှက်ညီနောင်နေသော အပြင်အခြား။
စာမျက်နှာ - ၈၅ ကတူးနယ်ကား
-       အရှေ့ကိုလားသော် ပဋ္ဌနဂိုရ်စွန်တိုင်း ငယ်ပါ (မလွန်မြေအစပ်)
-       တောင်ကိုလားသော် တခါးမြို့မြေ နှင့် အစပ်
-       အနောက်ကို လားသော် မြင်က (တေ့) တောင်ကြီး အနောက် (ကို)ရိုးမ
-       မြောက်ကိုလားသော် ပန်းခုံကြော မြို့သစ်မြေနှင့် ကျောခိုင်
သုဝဏ္ဏဘုမ္မိ ဇင်းမယ် ၅၇ မြို့နယ်ကား
-       အရှေ့ကိုလားသော် (ကျိုင်း) ရုံးကြီး မြေနှင့် ကျောခိုင်း
-       တောင်ကိုလားသော် ယိုးဒယားမြေနှင့် ကျောခိုင်း
-       အနောက်ကိုလားသော် မိုးပြဲမြေနှင့် ကျောခိုင်း
-       မြောက်ကိုလားသော် မိုးနဲစော်ဘွား ကိုးထားမြေနှင့် ကျောခိုင်း
၎င်းအတွင်း ၅၇ မြို့ ရှမ်းကိုး စော်ဘွားနယ်ကား
-       အရှေ့ကိုလားသော် (လူး) ၁၂ (ပန်းနား) မြေနှင့် ကျောခိုင်း
-       တောင်ကိုလားသော် ရှမ်း ၅၇ မြို့ ဇင်းမယ်မြေနှင့် ကျောခိုင်း။
-       အနောက်ကိုလားသော် သီပေါ တောင်ပိုင် မိုးကောင်းပါ
-       မြောက်ကိုလားသော် မိုးဝန်းမြေ သံတံတား
-       ၎င်းအတွင်း ကိုးကျိုင်း ကိုးထား ကိုးမှိုင်း ကိုး စော်ဘွား ရှိသည်။
တပယင်း မြို့နယ်ကား
-       အရှေ့ကိုလားသော် မူးချောင်း ကောက်ကောက်စင်းစင်း။
-       တောင်ကိုလားသော် ရှမ်းလေးရွာထိ။
-       အနောက်ကိုလားသော် ဝန်သိုဒိုင်းစာသားမြေနှင့် အစပ်။
-       မြောက်ကိုလားသော် မြေတူးမြို့နှင့် ကျောခိုင်း။

မိုးဝန်းနယ်ကား (စာမျက်နှာ - ၁၀၃)
-       အရှေ့ကိုလားသော် ကျောက်နဂါးရစ်တောင်
-       တောင်ကိုလားသော် မိုးမိတ်မြေနှင့် အစပ်
-       အနောက်ကိုလားသော် ကချင်တောင်
-       မြောက်ကိုလားသော် ကျောက်ခြင်္သေ့တောင်
မိုး (ထား) စ(န္ဒား) နယ်ကား
-       အရှေ့ကိုလားသော် မှိုင်းရုံးကြီးမြေနှင့် အစပ်
-       တောင်ကိုလားသော် လူး ၁၂ ပန်းနားမြေနှင့် အစပ်
-       အနောက်ကိုလားသော် မဲခေါင်မြစ်
-       မြောက်ကိုလားသော် မိုးမျည်း မိုးဝန်းမြေ နှင့်အစပ်

မိုးမျည်းမြေကား
-       အရှေ့ကိုလားသော် မဲပိန်မြို့မြေနှင့်အစပ်။
-       တောင်ကိုလားသော် မိုးထားမြေနှင့်အစပ်
-       အနောက်ကိုလားသော် မဲခေါင်မြစ်ကြီးအထ
-       မြောက်ကိုလားသော် ကချင် ၁၂ (တောင်) မြေထိ

( (ဆက်လက် ရှာဖွေနေဆဲဖြစ်သလို အချက်အလက်များ တွေ့ရှိပါကလည်း ကျွန်မ၏ email address အီးမေးလ်လိပ်စာ kaungkinpyar.mwa@gmail.com သို့ ပို့ပေးဖို့ မေတ္တရပ်ခံအပ်ပါသည်။
ယခုမူ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း - အပိုင်း (၁) ကို ဖတ်ရှုနေဆဲဖြစ်၍ ၎င်းထဲပါ ဝန်းသို စော်ဘွားဦးအောင်မြတ် ၏ မန်ကင်းတောင်တိုက်ပွဲအကြောင်း ထည့်ဖို့ ကျန်နေသေးပါသေးတယ်။ )

လေးစားလျှက်
ဇင်မာဦး (ဂျိုးတောင် - ဝန်းသိုမြို့နယ်။) 

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment