ရှင်သန်ခြင်း အနုပညာ@ အခက်ခဲကာလ အပင်များနှင့် ချိတ်ဆက် ရှင်သန်ခြင်း

 

ရှင်သန်ခြင်း အနုပညာ@ အပင်များနှင့် ချိတ်ဆက် ရှင်သန်ခြင်း"

 

 
 
 
 
 
အပင်များ မစိုက်ခင် မှတ်တမ်းတင်
@ သဘာဝနေကြာခင်း ဖျာချပ်ပေါ်တွင် 
 
 
 
 
 
 
 
 

ကျမဒီကို ပြောင်းရွှေ့လာတာ မေလကတည်းကပါ။ အခု (၃)လ ရှိပြီပေါ့။ ခြံကျယ်ကျယ်ဝင်းလေးနဲ့မို့ သိပ်ပြီးသဘောကျမိပါတယ်။ စပြီး ပြောင်းခါစက မိုးကလည်း သိပ်မကောင်းသေးတဲ့ မေလ။ ဒီဒေသက အနည်းငယ် အပူ ချိန်များတဲ့ဒေသမို့ စစချင်းတော့ ပူခြစ်တောက်ပီး နေခဲ့ရတာပါ။ ဒါပေမယ့် ခြံလေး ဝင်းလေးနဲ့ နေလို့ရပီမို့ အရင် ရန်ကုန်မှာ နေခဲ့ရတဲ့ တိုက်ခန်းကျဉ်းလေးထဲက ဘဝကို ရုန်းထွက်ပြီး ကိုယ်ပိုင်ခြံမြေလေးနဲ့ အိမ်တလုံးမှာ အေးအေးဆေးဆေး ကိုယ်ပိုင်စိတ်ကူးလေးတွေ ချ လုပ်ကိုင်ပြီး နေရဖို့ ဖြစ်လာတော့ အိပ်မက်တွေ အကောင်ထည်ဖော် ချင်ခဲ့တာပါ။ ဒါမို့ အနည်းငယ်ပူပေမယ့် တချို့ရက်တွေလည်း မိုးတွေ စရွာတာတွေရှိ လာတော့ ဒီနေရာလေးကို ဘယ်လိုပြင်ဆင်နေထိုင်မယ်ဆိုတဲ့ စိတ်ကူးအမြင် သစ်ကလေး တွေနဲ့ ဘဝက ပြည့်စုံလို့။ အစက ဒီနေရာလေး အတော်ကို ခြောက်ကပ်နေတာပါ။ ကျမနေတဲ့ နေရာကလည်း ပစ္စည်းအစုတ်တွေရော အကောင်းတွေရော တိုလီ မုတ်စတွေနဲ့ ရှုတ်နေတဲ့ ဂိုဒေါင်လေးပါ။ ဒီဂိုဒေါင်လေးမှာ ကျမတို့ နေဖို့ ဆုံးဖြတ် လိုက်ကြတယ်။ ကျမတို့ သေချာ ရှင်းလင်းပြီး စိတ်တိုင်းကျ ပြင်ဆင်နေထိုင်မယ်ပေါ့။ ပြင်လည်း ပြင်ဆင်ခဲ့ ပါတယ်။ အပြင်က ခြောက်ကပ်နေသလို ပေါင်းပင်ခြောက်ရှည်ကြီးတွေကလည်း နှုတ်သူမရှိပါဘူး။ လူသူလည်း သိပ်မနေထားတဲ့ပုံပါပဲ ပေါင်းပင်တွေက သန်နေကြပါတယ်။ ဆူးပေါင်းပင်တွေပါ။ အပင်ကြီးဆိုလို့လည်း မယ်မယ်ရရ မရှိနေလို့ အပူက တိုက်ရိုက်ကျလို့ နေပူပြင်းပြင်းက စပ်ဖျင်းဖျင်းနဲ့ ခံရခက်တဲ့အနေအထားထိပါ။ အရိပ်အနည်းငယ်ပေးနိုင်တဲ့ အပင်ပျိုမှာ ဆီးသီး ပင်နဲ့ မယ်စလီပင် ပျိုလေး တွေပေါ့။ ထူးခြားလှပနေတာတခုက ဆူးပေါင်းပင်တွေအောက်က နေကြာပန်း ပိစိ လေးတွေပါ။ သူတို့ လေးတွေ ဟာ မျှစ်ခင်းစိမ်းလေးတွေလို ဖျာချပ်တွေဖြတ်ခင်းထားသကဲ့သို့ အပေါ်က အဝါရောင် ကပ်အဝါပွင့်လေးတွေနဲ့ သိပ်ကို လှပနေခဲ့တာပါ။ နေပူပေမယ့် သူတို့ ခြောက်ကပ်ပိန်လိမ် မသွားတာလေးက တမျိုး ကြံ့ကြံ့ခံ လှပနေတာပါ။ ဒါမို့ အရင်က ခြံဝန်းတခုရယ် သီးပင်စားပင် သစ်ပင် ပန်းမံလေးရယ် အိပ်မက်ဆီ သွားဖို့ သိပ်ဝေးတဲ့ အနေအထားတခုတော့ မဟုတ်ခဲ့ပါဘူး။ 

 

          "စစိုက်ဖြစ်တဲ့ သူတို့ အညှောက်ထွက် 
                                                                            လာချိန် နဲ့ အပင်ပေါက်"
 
ခြံထဲက မျှစ်ခင်းပေါင်းခင်းဆူးခြုံတွေကိုရှင်းလင်းပြီး အိမ်အခန်းလေးကိုလည်း သေချာပြင်ဆင်ဖြစ်ခဲ့ သ လို အပင်တချို့ကိုလည်း စိုက်ပျိုးဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်။ အပင်လေးတွေစိုက်နိုင်ဖို့ စျေးထဲက အပင်မျိုးစေ့ဆိုင် တန်းမှာ ကောင်းနိုးရာရာ ကိုယ်လည်းစိုက်တတ်တဲ့ အပင်မျိုး ဝယ်ခဲ့တာပေါ့။ သခွားမျိုးစေ့၊ ချဉ်ပေါင်မျိုးစေ့၊ ရုံးပ တီမျိုးတွေထုပ်တွေ (၃)ထုပ်ဝယ်လာဖြစ်ခဲ့တယ်။ နေကအရမ်းပူနေတဲ့ကာလမို့ နေပူအကာကွယ်ရှိတဲ့ ခြံဝင်း အပြင်အကာအောက်မှာ သခွား၊ ချဉ်ပေါင်၊ ရုံးပတီမျိုးတို့ကို မျိုးစေ့ချဖြစ်ခဲ့တဉ်။ သခွားမျိုးစေ့တွေက များတော့ သူ့အတွက် မြေကျင်းလေးတွေ တူးပြီး ခြံထဲမှာ ချထားဖြစ်ခဲ့တယ်။ တနေ့တနေ့ သူတို့အပင်ပေါက်လာတာ၊ အညှောက်ထွက်လာတာလေးတွေကို ကြည့်ရတာအမော။ ကိုယ်က ရန်ကုန်တိုက်ခန်း မှာ နေလာတာ ခုဆို ဆယ်နှစ် ရှိလာပြီလေ။ ဒီလိုဘဝကို သိပ်ကို ငတ်မွတ်နေခဲ့တာပါ။ နောက်ပြီး စိုက်ပျိုးရေးနဲ့ အရမ်းကို အေးချမ်းတဲ့ ပုံရိပ် ဗွီဒီယိုလေးတွေလည်းကြည့်ဖြစ်တော့ သူတို့ကိုဆို အတော်လေး အားကျပြီး ငါ တနေ့ အကောင်ထည်ဖော်မယ် ဆိုတဲ့ အိပ်မက်က ဘဝမှ အလိုချင်ဆုံးလေ။ ခုလို စိတ်လိုလက်ရ စိုက်ခွင့်ရတော့ ဝမ်းသာတာပေါ့။ နောက်ပီး ကျမ တို့အိမ်က လယ်သမား။ တက္ကသိုလ်မတက်ခင်အထိ လယ်ထဲ၊ တောထဲ တောင်ထဲနေခဲ့တာ၊ အိမ်နောက်ဖေးနဲ့ အခင်းထဲမှာ အမြဲတမ်း အမေနဲ့အတူ စိုက်လိုက်၊ ကောက်လိုက်၊ ရောင်းလိုက် ဘဝက အတွေ့အကြုံတွေကလည်း ကျမကို ပြန်သတိဖော်ပေးပြီး နည်းစံနစ်တွေကို သတိရစေ ပါတယ်။ မျိုးစေ့ချတာ အဲ့မျိုးစေ့တွေရဲ့ အဆင့်တိုင်းက ကိုယ့်အတွက် ရင်ခုန်စရာ အညှောက်လေးတွေ ထွက်လာတာကိုလည်းချစ်တယ်။ အပြင်အရွက်လေးတွေ ထွက်လာ တာကိုလည်း ပျော်နေပြန်ရော။ ဝမ်းထဲ ကလေ။ အပင်ကို စိတ်လိုလက်ရမစိုက်ဖူးတာ ကျောင်းနေတာနဲ့ ရန်ကုန်နေတာပေါင်းရင် နှစ်ပေါင်း ၁၅နှစ် လောက် ရှိပြီလေ။

            ရာသီဉတုက ပူနဲ့ အပင်တွေက အညှောက်လေးတွေ မထွက်ချင်ထွက်လာတာ တွေလည်း ရှိတယ်။ အထူးသဖြင့် မြေကျင်းတူးစိုက်ထားတဲ့ သခွားပင် လေးတွေပါ။ သူတို့ကို နေ့တိုင်းရေလောင်း ဂရုစိုက်။ အပြင် က နွားချေးခြောက်တွေပါ ရှာပြီး ထည့်ပေးပြီး သဘာဝနည်း အတိုင်းပဲ ရှင်သန်နိုင်အောင်လုပ်တယ်။ ဒီလိုပဲ ရေလောင်း လိုက် သဘာဝဓါတ်စာထည့်လိုက်၊ မိုးလေးတဖြိုက် နှစ်ဖြိုက် နဲ့ဆို အပင်လေးတွေက လိမ်လိမ်ကောက် ကောက်နဲ့ တက် လာကြတာ အပင်ပုမျိုးလေးတွေအတိုင်းပါပဲ။ အပြင်ပုလေး တွေမှာ နောက် တစ်လကျော်လောက် နေတော့ အပွင့်တွေ ဝေလို့။ အပွင့်ဝါဝါလေးတွေ ပွင့်လာတာကို ခဏခဏ သွား သွားကြည့်ရတာကလည်း ပီတိတွေ ဖြာလို့။ အသီးမသီး လာရင်လည်း အပွင့်တွေ အလှကြည့်ရတာ အမြတ်ပေါ့ဆိုပြီး လုပ်သင့်လုပ်ထိုက်တာကိုပဲ ရေလောင်းပေါင်းသင်။ မြေကြပ် လာတော့ မြေလေးတွေပုံမှန်ဆွဲ။ မိုးနည်းနည်းရွာလာတော့ အပင်တွေက သဲထဲမှာစိုက်ရတာဖြစ်လို့ မိုးရေထဲပါကုန်တော့ လိုအပ်တဲ့ မြေဓါတ်တွေထပ်ဖို့ ထပ်ဖြည့်နဲ့ ကိုယ်လည်း အားတိုင်း သူတို့ဘာလိုအပ်လဲပဲ အရိပ်တကြည့်ကြည့်ကြည့်ပြီး စမ်းရမ်းလုပ်လိုက်တာ အသီးကင်းလေးတွေစမြင်လာရတယ်။ အဲ့ မေ့တော့မလို့ သခွားနဲ့ ရုံးမတီပင်တွေ သူတို့ကတော့ ပျိုးပင်ငယ်‌လို ပျိုးတဲ့ဆီမှာထားပြီး ပျိုးထားလိုက်တာ မကြာခင် တရိပ်ရိပ်နဲ့ တက်လာပါရော သိပ်ပြီး ထူးထွေဂရုမစိုက်လိုက်ရဘူး။ ကြားထဲ စျေးထဲသွားဖြစ်တော့ ခရမ်းပင်ပေါက်လေးတွေလည်း ဝယ်လာဖြစ်လို့ ခရမ်းပင်ပေါက်တွေရယ်၊ ချဉ်ပေါင်၊ ရုံးပတီရော စိုက်ပြီး တခင်းသပ်သပ်လည်း အစေ့ချစိုက်ဖြစ်တယ်။ ချဉ်ပေါင်ပင်တွေလည်း ကားတာယာအဟောင်းထဲထည့်ထားတာ ဝေလို့။ ချစ်လိုက်တာ သူတို့ ခုလို မစိုက်တတ် စိုက်တတ်ကြားက ဖြစ်လာတာကိုလေ။

သခွားပင်တွေအသီးကင်းကနေ တဝက်နဲ့ပျက်စီးသွားတာတွေလည်း ရှိသလို အသီးလေးကြီးလာတော့ ပိုးထိုးတာလည်းရှိ။ ခုနောက်ပိုင်းအသီးတွေကတော့ ပိုသန်မာလာကြသလိုပါပဲ။ ဘာဆေးမှလည်း မကျွေးဘူး အသီးက သန်သန်မာမာပဲ တစ်ရက်တစ်ရက် တရိပ်ရိပ်နဲ့ ထွားလာတာ ပြူတင်းပေါက်က ခိုကြည့်လို့တမျိုး အခင်းထဲသွားကြည့်လို့တဖုံ ဝမ်းသာပိတိ။ ခုလတွေမှာ မိုးကလည်း ကောင်းလာလိုက်တာဆိုတော့ သူတို့အတွက် ဟန်ကျ ကိုယ်ကကလည်း ကန်စွန်း၊ ချဉ်ပေါင်၊ ဖရုံ၊ သခွား၊ ကြက်ဟင်းခါးသီး ပန်းပင်ဆို နှီးဆီပင်နဲ့ စကားဖြူ ပင်တွေပါ ထိုးထည့်စိုက်ပျိုးထားဖြစ်တယ်။ အရင်က ဘာ သီးပင်စားပင်၊ ပန်းမံပင်မှ မရှိခဲ့တဲ့ မြေကွက် လပ်လေး က နေကြာပန်းပုလေးတွေကြားမှာ လှလို့ပလို့။ နေကြာပန်းပင်တွေက မိုးရွာလေ ပိုအကြီးမြန်လေ မြေမလိုဘူ။ ရေထဲထည့်ထားရင်တောင် အမြစ်တေတွ ပွားလာတတ်တဲ့အမျိုးမို့ ခြုံဖြစ်လာလို့ မကြာမကြာရှင်းလိုက်ရတယ်။ အပွင့်တွေကတော့ လှလိုက်တာ အဆုပ်ဆုပ်ပဲ။

ကိုယ်ကတော့ အင်တာနက်ကနေ နိုင်ငံတကာက စိုက်ပျိုးရေးနည်းစံနစ်တွေ ဘောင်လှလှဖော် နည်းတွေနဲ့ ကိုယ့်မြေနဲ့ အံကိုက် ကိုယ်ဆီမှာ ရှိတဲ့ မျိုးစေ့တွေနဲ့ အဆင်ပြေမယ့်ဟာတွေ ရွေးပြီး စိုက်ဖြစ်တုန်း။ ခုတော့ သခွားပင်တွေဆိုသည်မှာလည်း အသီးတွေး တကင်းကင်း၊ တရိပ်ရိပ်လည်း ကြီးမြဲကြီးရင်းကြားမှာ စိုက်လိုက်၊ အလှကြည့်လိုက်၊ ကောက်စားလိုက်နဲ့ ကျမရဲ့ ယုံကြည်မှု သီအိုရီအတိုင်း ကျမတို့မှာ ရှိတဲ့အရင်း အမြစ်ကြားမှာ ဘယ်လို လှပရှင်သန်အောင်နေလို့ရတယ်ဆိုတဲ့ စိတ်ကူးလေးက တဖြည်းဖြည်း ပုံဖော်လာ သလိုပါပဲ။ တဖက်ကလည်း Recycle လုပ်ရတာကို သိပ်အလေးပေးတယ်။ ဒါမို့ ခြံထဲက ပစ်ထားပီး အသုံးမလို တဲ့ အမှိုက်တွေကို ပြန်အသုံးပြုပြီး မြေဘောင်တွေဖော်တယ်။ ကားတာယာတို့၊ သွပ်စတို့၊ ကော်ခြင်းတောင်း တို့ပေါ့လေ။

ခုလို အခြေနေလေးတွေ အပင်လေးတွေကြီးပြင်းလာလို့ ကျေနပ်ပါတယ်။ ဒီနေရာမှာ ဘယ်လောက် နေဖြစ်မယ်မသိပေမယ့် ကိုယ်နေတဲ့နေရာမှာ နေခဲ့သ‌လောက်ကို လှပစွာ၊ သန့်ရှင်းစွာ၊ သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းတဲ့ အဝန်းအဝိုင်းလေးဖြစ်အောင် လေ့ကျင့်ပေးတဲ့ အနေထားလေးလုပ်ချင်တာပါ။ ကိုယ်မနေရင် လည်း တခြား လာနေတဲ့သူတွေအတွက် ဒီစံနစ်ကို မြင်ဖူးပြီး ထိမ်းသိမ်းဖြစ်မယ်။ နောက်လူတွေလည်း ကောင်း ကောင်း မွန်မွန်နေထိုင်နိုင်မယ်ပေါ့။

စိတ်ကူးက အဲ့သလောက်လေးပါ။ မကြီးကျယ်ပေမယ့် စိတ်ကျေနပ်မှုက အတိုင်းထက်အလွန်မို့ ကိုယ် တိုင် စမ်းသပ်နေထိုင်ကြည့်ဖို့ ခံစားချက် နဲ့ အတွေ့အကြုံကို  ခုလို စာဖွဲ့မျှဝေလိုက်ရပါတယ်။

မ ဉီး

သြဂုတ်လ၊ (၁၂)ရက် ၊ ၂၀၂၁ခုနှစ် 

 

" စိုက်ပျိုးပြီးနောက် အသီးအနှံထွက်

လာသည့် မှတ်တမ်းပုံလေးများ" 

 

 
 အိုးဇို နဲ့ အမှတ်တရ



 


 

 

ကိုယ့်ဘာသာလုပ်ထားတဲ့ Bamboo Trellis နဲ့ လှမှလှ


စိုက်ထားသမျှ နေ့တိုင်းကောက် (ခူး)နိုင် - ကန်ဇွန်းရွက်၊ ပဲသီး၊ ခရမ်းသီး၊ သခွားသီး၊ ရုံးပတီသီး 


   လှလိုက်တဲ့ နေရာလေးဖြစ်


Beautiful and Very Pleasant Place with Harmony of Nature 


နေ့စဉ် ခူးနေကျ မှတ်တမ်း

- ခရမ်းသီး၊ ရုံးပတီသီး


"စိုက်ပျိုးလိုက်၊ အပင်တိုင်ထောင်ဖို့ကို ဒီဇိုင်းအမျိုးမျိုးထောင်လိုက်နဲ့ စိတ်တိုင်းကျနေသူကြီး ကျမ" 💚💚💚💚💚💚💚💚💚💚



WEED ME? 💚💚💚💚🙅🙅🙅🍏🍏🍏🌱🌱🌱


                 

 

              ကျောက်ဖရုံသီးပင် အပွင့်တွေ တအားပွင့်



အသီးတွေ နေ့တိုင်း ကောက် (ခူး)နေရတာကို မှတ်တမ်းယူ

- ကြက်ဟင်းခါးသီး၊ ရုံးပတီသီး 

ဒီတစ်ခေါက် မှတ်တမ်းယူဖြစ်တာက 

- သခွားသီးတွေ၊ ရုံးပတီသီးနဲ့၊ ကြက်ဟင်းခါးသီး အကြီးသီး "တကယ်ပါ ဒါတွေဟာ ကျမလက်နဲ့ စိုက်ပျိုး၊ မြေဆွဲ၊ ရေလောင်း ပေါင်းသင်လုပ်ရင်း ကြီးလာဖြစ်လာကြတာ။  ကိုယ့်ဘာသာတောင် ဒီလောက် လုပ်နိုင်မှန်း မယုံရဲခဲ့ဘူး။"  🌾🌿🍀🍃💚💚💚💚


Oh....Oh...Find my rose plant please :D I grew all of them by the way. :D 

နှင်းဆီပန်းလေး အဖူးပွင့်ချိန် မှတ်တမ်းတင်ထားတာ 

💚💚💚🌺🌻🌼🌷🌸🌹💚💚💚



ကြက်ဟင်းခါးသီးပင်တွေ ခြုံတွေ၊ နွယ်တွေ တက်လာတာ ခံစားကြည့်၊ အသီးပါ မြင်အောင် ကြည့်ပေးနော် 

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚 💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚 💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚 💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚 💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚


စစချင်း လများက ကောက်(ခူး)ခဲ့ရသည့် ခြံထွက် ဟင်း၊ သီးနှံများ

 💚ခရမ်းသီး၊ ရုံးပတီသီး၊ သခွားသီး၊ကြောက်ဖရုံပွင့် 

🍅🍆🍈🍊🍋🍐



အခန်းရှေ့က အထာကျတဲ့ ပန်းပင် နဲ့ ပန်းအိုး 

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

 


                                   ပွင့်ပြီလေ 

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚


ကန်စွန်းပင် 

တကယ်က ဒီထက်ကောင်းထက် ကန်စွန်းခင်းတခုရှိတယ် ပုံက မရိုက်လိုက်ရသေးလို့ :)

🌱🌱🌱🌱🌱🌱🌱🌱🌱🌱



When they grew fast......................

💚💚💚💚💚💚💚💚💚💚💚🌲🌳🌴🌵🍀🌿🌾🍐🍏🍈🍃

ဝိုး.......ကြီးလာလိုက်တဲ့ ချဉ်ပေါင်ပင်တွေ စားလို့ မကုန်လို့......အခြားသူတွေကိုပါ ......မျှဝေဖြစ်တယ်

💚💚💚💚💚💚💚💚💚💚💚🌱🌽🌾🌿🍀🍁🌼🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

 


💚💚💚💚💚💚💚💚💚💚💚🌱🌽🌾🌿🍀🍁🌼🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 💚💚💚💚💚💚💚💚💚💚💚🌱🌽🌾🌿🍀🍁🌼🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 💚💚💚💚💚💚💚💚💚💚💚🌱🌽🌾🌿🍀🍁🌼🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 💚💚💚💚💚💚💚💚💚💚💚🌱🌽🌾🌿🍀🍁🌼🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 💚💚💚💚💚💚💚💚💚💚💚🌱🌽🌾🌿🍀🍁🌼🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 💚💚💚💚💚💚💚💚💚💚💚🌱🌽🌾🌿🍀🍁🌼🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ခုဏက သခွားသီးပင်ပေါက်ကနေ ခုလိုဖြစ်လာပြီး အပေါ်ပုံပါ အသီးတွေကို စားသုံးလိုက်ရတာပါရှင့်...:D :)

အပင်တိုင်ထောင်တာလည်း မိုက်တယ်နော်.....

 🌾🌿🍀🌾🌿🍀🌾🌿🍀🌾🌿🍀🌾🌿🍀🌾🌿🍀🌾🌿🍀🌾🌿🍀🌾🌿🍀🌾🌿🍀🌾🌿🍀🌾🌿🍀🌾🌿🍀🌾🌿🍀🌾🌿🍀

ပထမဆုံးသီးသော ခရမ်းသီး ......

🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆 🍆🍆🍆🍆 🍆🍆🍆🍆 🍆 🍆
🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆



🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆 🍆🍆🍆🍆 🍆🍆🍆🍆 🍆 🍆
🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆

🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆 🍆🍆🍆🍆 🍆🍆🍆🍆 🍆 🍆
🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆


ကားတာယာထဲက ချဉ်ပေါင် .................

💚💚💚💚💚💚💚💚💚💚💚🌱🌽🌾🌿🍀🍁🌼🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 💚💚💚💚💚💚💚💚💚💚💚🌱🌽🌾🌿🍀🍁🌼🍀🍀🍀🍀🍀🍀🍀

 

ကားတာယာထဲက ချဉ်ပေါင် .................

💚💚💚💚💚💚💚💚💚💚💚🌱🌽🌾🌿🍀🍁🌼🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 💚💚💚💚💚💚💚💚💚💚💚🌱🌽🌾🌿🍀🍁🌼🍀🍀🍀🍀🍀🍀🍀

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment