ဉယျာဉ်မှူးရဲ့ အိမ်ရှေ့က လမ်း 📩📩📩📨📨📨📪📪📪🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌅🌅
လွှမ်းလိုက်တာ သီးပင်စားပင် ပန်းပင်လေးတို့ရေ။ ကမ္ဘာကြီးက ဆိုးယုတ်မှုတေနဲ့ ပြည့်နေတယ်လို့ ခံစားချက်ရှိတဲ့အချိန် ခွန်အားပေးနိုင်တာက မင်းတို့ပါ။ ဒါကြောင့်ငါ အားလပ်ချိန်တိုင်း၊ စိတ်လက်ပေါ့်ပါးစေဖို့ တခုခုလုပ်တိုင်း မင်းတို့ကို ငါပျိုးထောင်ဖြစ်ခဲ့တယ်။ အခုဆို ဒီကိုရောက်တာ ခြောက်လ နီးပါးရှိပြီ။ မင်းတို့ကို ငါ ပျိုးထောင်ရင်း အရိပ်တကြည့်ကြည့်နဲ့ ငါ့ရဲ့ အေးမြတဲ့ စိတ်အကြည်ဓါတ်ရအောင် ပံ့ပိုးပေးပြီးနေခဲ့ကြတ (၆) လာရှိပြီလေ။ ငါ သခွားသီးပင်တွေ လေးငါး ခြောက်ကျင်းလောက်စိုက်ဖြစ်တယ်။ ပြီးတော့ ရုံးပတီသီးနဲ့ ချဉ် ပေါင်။ မင်းတို့တွေ အစေ့၊ အညှောက်လေးတွေထွက်လာတုန်းက ငါပျော်လိုက်တာ။ ငါအသက်ရှင်ရပ်တည်ဖို့ တ နည်း အားဖြင့် ငွေဝင်ဖို့တော့ တခြားဟာ လုပ်ပေမယ့် မင်းတို့နဲ့ ထိတွေ့ရတာက ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အတွက် ငါ့ရဲ့ လုပ်ငန်းတစ်ခုပါပဲ။ နောက်ပိုင်း ငါ ဗူးသီးပင်ပေါက်တွေ ရွှေ့စိုက်တယ်။ နှင်းဆီပင်စိုက်တယ်။ သူတို့လည်း အပွင့် လေးပွင်းတောင် ပွင်းပြီးနေပြီ။ ကြက်ဟင်းခါးသီးပင် အစေ့ကျပေါက်လာလိုက်တာ ငါ သူတို့ကိုလည်း နေရာစီစဉ်ပေးပြီး ပျိုးထောင်လိုက်တာ တရိတ်ရိတ် တက်လာရောပဲ၊ ခရမ်းသီးတို့ ဆိုသည် မှာ လည်း ကြိုကြားကြိုကြား သီလာကြလေရဲ့။ နောက် ပဲပင်တွေလည်း ငါပျိုးပြီးစိုက်လိုက်တာ ခုဆိုတစ်တောင့် နှစ်တောင့်တောင် စားနေရပြီလေ။ ချဉ်ပေါင်ဆို မပြောပါနဲ့တော့ စားမကုန်။ တခြားသူတွေ ကိုတောင် ဝေစားဖြစ်နိုင်တဲ့အထိ ကောင်းတာ။ ကန်စွန်းရွက်လည်း ယူကျူကြည့် စိုက်ပျိုးနည်းရှာပြီး ပျိုးထား လိုက်သေး ရဲ့။ အမလေး သူလည်း သူ့တခင်းနဲ့သူ လန်းနေရာ။ မုန့်ညှင့်စေ့တွေ အပင်ပင်ပေါက် ပြောင်းစိုက်လိုက်တော့ ကြီးလာကြတာ၊ သူတို့ကြီးနေတာပဲ ကြည့်ချင်လို့ တခါမှ မကောက်စားဖြစ်သေးဘူး။ ဝိုး မေ့တော့မလို့ ငရုတ်သီးပင်တွေလည်း အစေ့ကို ကိုယ်တိုင်အခြောက်လှန်းပြီး ပုန်းလေးနဲ့ ထည့်စိုက်ထားတာ ခုဆို ငရုတ်သီး ပင်ပေါက်လေးတွေ ကြီးနေလေရဲ့။ ရုံးရဲ့အရှေ့မှာတော့ ဇီဇဝါ အဖြူပင်လေးကို ယွမ်း ၁၀၀ ပေးဝယ်ထားတာ။ မြန်မာငွေနဲ့ဆို အဲ့ချိန်ပေါက်စျေးနဲ့ ၂ သောင်းခွဲလောက်ရှိမယ်။ သူ့ကိုလည်း ကိုယ်တိုင်လုပ် ဂျင်းဘောင်းဘီ ဘိလပ်မြေ ပန်းအိုးနဲ့ အထာကျကျ စိုက်ထားလိုက်တာလေ။ ခုဆို ရုံးရှေ့မှာ လာသမျှဧည့် သည် တွေရဲ့ စူးစမ်းစရာ ဖြစ်နေတော့တာ။ ဘယ်လိုလုပ်ထားတာလဲ။ မိုက်တယ်နော် ဆိုပြီးလေ။ ပန်းပင်တွေကို ချစ်လွန်းလို့ ပန်းမျိုးစေ့ထုပ်တွေ တစ်သောင်းဖို့ ပျိုးဖြစ်တယ်။ တစ်မျိုးပဲ ခုတော့ အပင်ပေါက်တယ်။ ကျန်မျိုးစေ့တွေက ကြွက်စားကုန်တယ်။ အညှောင့်ထွက်လာတော့လေ။ဝိုး တကယ်ကို ကြိုးစား လုပ်ကိုင်ခဲ့ ရတာပဲ။ အဲ့အချိန်တွေတိုင်းက စိတ်လှုပ်ရှားစရာ၊ ကျေနပ်စရာချည်းပဲမို့ ပြန်တွေးတိုင်း ပျော်ရတယ်။ ပင်စိမ်း ပင်တွေ ကိုမေ့တော့မလို့ ငါမင်းတို့ကို အပင်လိုက်မြုပ်ထားလိုက်တာ ဟင်းချက်တုန်းက ပစ်မယ့် အကိုင်း တွေကိုလေ သူတို့လည်း အရွက်ပေါက်စိလေးတွေ ထွက်လာတယ်။ အပင်ပေါက်လေးတွေလည်း ပျိုးထားပါတယ်။ ခုတော့ သူတို့ကို ရေလောင်းမယ့်သူမရှိလို့ ခြောက်ပြီး သေနေလောက်ပြီလို့ပဲ တွက်လိုက်ရပီကွာ။ စိတ်မကောင်းဘူး။

အောက်တိုဘာလ၊ (၉)ရက်၊ ၂၀၂၁ခုနှစ်
သခွားပင်လေးတွေ အညှောက်ထွက်ပြီးနောက် အပင်အဆင့်ရောက်လာချိန်
🍈🍈🍈🍈🍈🍈🍈🍈🍈🍈🍈🍈🍈🍈🍈🍈🍀🍀🍀🍀🍀🌿
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆
အပေါ်က သခွားပင်ပေါက်တွေ ကြီးလာသောအခါ
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
ဉယာဉ်မှူးရဲ့ ခြံပေါ်က တောင်ပေါ်မှ ရှုခင်း
💛💛💛💛💛💛💛💛💛💛💛💛💛💚💚💚💚💚💚💚💚💙💙💗
အသစ်လုပ်ထားတဲ့ Trellis နဲ့
ဉယာဉ်မှူးတို့ ရုံးခန်းတစ်နေရာ
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
Before Roselle Plants are getting grow, the size of ladyfinger plant.💚
No comments:
Post a Comment