![]() |
Photo: Book Cover (Credit to Original Uploader) |
စမ္ဗူဒီပ ဥဆောင်ကျမ်း
စုဆောင်းတည်းဖြတ်သူ သန်းထွန်း၊ မြန်မာသမိုင်းအဖွဲ့ဝင် (၂၀၀၅/ မြန်မာနိုင်ငံသုတေသနအသင်း ၁၉၆၀ ပုံနှိပ်မှုကို တည်းဖြတ်သည်။ စာတမ်း၊ စစ်တမ်း နှင့် အမိန့်တော်များကို ရက်စွဲအလိုက်စဉ်သည်။
စာမျက်နှာ ၂၈ (ဖော်ဖော်ဝါရီ ၁ရက်၊ ၁၆၀၂)
- ရတနာသုံးပါးကို မရိုမသေ မလေးမြတ် မကိုင်းမညွှတ်၍ ဘုရားသာသနာသည် ကွယ်ခြင်း၊ မှိန်ခြင်း၊ မေ့လျော့ခြင်းနှင့်တကွ ရိုင်းပြ၍ သောင်းကျန်းခက်ထန် ခက်ထရော်ရှိ၍ နေလေသည်ကား မိုးမိတ်၊ မိုးလှိုင်း၊ မိုးကောင်း၊ မိုးညှင်း၊ မိုးဝန်း၊ ငါးမြို့စော်ဘွားအဆက်ဆက်တို့သည် သာသနာကွယ်လေကုန်၏။ သာသနာကွယ်ကုန်လေ၏။ မင်းမသုဉ်းသောကြောင့် တည်ထောင်၍ နေနိုင်လေသည်။ နေရာတွင်ကား မိုးကောင်းတစ်မြို့၊ မိုးညှင်းတစ်မြို့၊ မိုးမိတ်တစ်မြို့၊ မိုးလှိုင်းတစ်မြို့၊ မိုးဝန်းတစ်မြို့ ထိုငါးမြို့သားတို့သည် မိုးကောင်းတွင် သိုဟုံခင် မိုးညှင်းတွင် သိုဟုတ်တွန်၊ မှိုင်းတွယ်မြို့တွင် သိုဟုံအွန်၊ မိုးမိတ်မြို့တွင် သိုအံ၊ မိုးလှိုင်းတွင် သိုဟုံကပ် မိုးဝန်းတွင် သိုချည် ထိုခြောက်ယောက်သော မင်းတို့သည် ကျိုင်းဟုံ ရွှေနန်းရှင်သားချည်းတည်း။ (မိုးကိုးမိုး - မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ မိုးလှိုင်း၊ မိုးဝန်း၊ မိုးထား၊
- ထိုမင်းများကို အသီးသီး ပေးကုန်သည်ကား မှိုင်းတွယ်မြို့တွင် သိုဟုံအွန် နှင့် တကွ သိုချည်စံ သိုချည်လဲ သိုချည်ဝန်း သိုသည်ညည် သိုသည်ဇံ သိုသည်လော သိုသွန်လှော် သိုဝိုင် သိုသည်လှော် သိုသည်ဟော သိုချည်လှော် သံဟံသွန် သိုဟုံ သိုဟုံကပ် ငသောကြာ ငပါတော ငလှောက်ကျော်။ မှိုင်းတွယ်မြို့တွင် ထိုစော်ဘွားသား အပေါင်းတို့တွင် ကျိုင်းဟုံရွှေနန်း ရှင်သာ၍ ချစ်ခင်လေးမြတ်တော်မူသည်ကာ သိုဟုံ နှင့် သိုဟုံကပ်ကို သာ၍ ချစ်လေးမြတ်တော်မူသည်။ ခမည်းတော် ရွှေနန်းရှင် ကျိုင်းဟုန်မင်းကြီးသည် ငါမရှိလျှင် ငါ၏ အရိုက်အရာကို အုပ်ချုပ်စိုးဆောင်ရခြင်းငှာ အကြံတော်ရှိသောကြောင့် မြို့တည်လေသည်။ ထိုသို့ အကြံတော်ရှိသည်ကို မိုးကောင်း မိုးညှင်းစော်ဘွားတို့က သိ၍ ကြံရမည်လောဟု ဆင်ပေါင်းမြင်းရံတို့နှင့် ချီလာသည်။ ….”
- မိုးထားမြို့ မှိုင်းတွယ်မြို့ မိုကောင်းမိုး မိုးဝန်းမြို့ စော်ဘွား တို့သည် မိုးမိတ်မြို့မကောင်း၍ မြို့ကို ပြုပြင်ရမည်။
- မိုးဝန်းစော်ဘွား သိုချည်လည်း မိုးမိတ် နောင်တော်မြို့သည် မကောင်း၍ နောင်တော်နှစ်ပါး ပြုစုတော်မူ (မည်) လာချေသည်။
- မိုးစစ် ဆင်ချည်တိုင် ပဲခင်း ကသာ မြတောင် ရွှေအင်းများကို မိုးကောင်းသားတော်ကို ပေးသည်။
- ခမည်းတော် ကွယ်လွန်လျှင်ပင် ကျိုင်းဟုံ တွင်မနေပြီ သားတော် သိုဟုံ (ဘွား)သည် မိုးမိတ်ကို ပြုစုတော်မူသည်။ မိုးထား မှိုင်းတွယ် မိုးကောင်း မိုးညှင်း မိုးဝန်း စော်ဘွားများသည် မိုးမိတ်မြို့မကောင်း၍ မြို့ကို ပြုစု ပြင် ဆင်ရမည် အဘသစ္စာသည် ငါတို့တွင် ရှိသည်ဖြစ်သောကြောင့် ငါတို့သွား၍ လုပ်အံ့ဟု မိုးကောင်းနောင်တော်သည် ဗိုလ်ခြေ ၁၀၀၀ နှင့် ပြုစုရမည်လာသည်။ မိုးဝန်းသိုချည်လည်း မိုးမိတ်နောင်တော်မြို့သည် မကောင်း၍ နောင်တော်နှစ်ပါး လာ၍ ပြုစုတော်မူလာချေသည်။ …………………
- (ကမ်းနီ) မြို့ နယ်နိမိတ် အပိုင်းအခြား အစူးအစဉ် ထမ်းရိုးရွက်ရိုး နယ်နိမိတ် အစုအငန်းထမ်း ၇-၈၉၃ အိမ်နက် ကျန် ၃၈၀ ကပ္ပါး အသည်အလာဒိုင်းဝင်း ဘုရားကျောင်းမြေ (ဘဏ္ဍာ)မြေ ဝန်သိုဒိုင်းမြေ တံခါးနီမြေ အဆောင်နီမြေမှ စ၍ အစူအစဉ်ကို သစ္စာတော်ကျမ်း ပေး၍ စစ်တော် ကမ်းနီမြို့……”
- ကျိုင်း ကိုးကျိုင်း၊ ထီးကိုးစင်း၊ မိုးကိုးမိုး၊ ထားကိုးထား (စာမျက်နှာ - )
စာမျက်နှာ - ၇၉
- ဇမ္ဗူဒီပါကျွန်း အလယ်ချက်မ မဏ္ဍလရောက်ရာ မဟာဗောဓိဝန်းကျင် သောဠတိုင်းကြီး တစ်ဆယ့်ခြောက်တိုင်း တိုင်းကြီး တစ်ဆယ့်ကိုးတိုင်း တိုင်းကြီးရှစ်တိုင်း ကျိုင်းကိုးကျိုင်း မှိုင်းကိုးမှိုင်း ထးကိုးထား အလံဦးကင်းဖျား အစောင့်အနေ ဒေသ နဂရ ဂါမများကို ခန့်ထား ဖွဲဖက်သည့်အတိုင်း တိုင်းကြီးရှစ်တိုင်းကား ဤသို့တည်။ ဧရာဝတီမြစ်အနောက်ဘက် မြောက်ဘက်သည် သုနာပရန္တတိုင်း။ ဧရာဝတီမြစ်အရှေ့ဘက် တောင်ဘက်သည် တမ္ပဒီပတိုင်း။ သရေခေတ္တရာသည် သီရိခေတ္တရာမတိုင်း။ ကေတုမတီတောင်ငူသည် ဇေယျဝပုဧတိုင်း။ ကုသိန် ဥပါယ်ခိုး မုတ္တမသည် ရာမညတိုင်း။ သုဝဏ္ဏဘုမ္မိ ရွှေမြေရှိ ရှမ်းအရပ် ရှမ်း ၅၇ မြို့သည်။ သုဝဏ္ဏဘုမ္မိတိုင်း။ မိုးနဲ ညောင်ရွှေသည် ကမ္ဗောဇတိုင်း။ မိုးမိတ် ဗန်းမော်သည် စိမ့်တိုင်း။ ဤသို့လျှင် တိုင်းကြီး ရှစ်တိုင်းတည်း။ ၎င်းအတွင်း ကျိုင်းကိုးကျိုင်း၊ မှိုင်းကိုးမှိုင်း၊ ထားကိုးထား ပတ္တမြား မြ ရတနာကိုးပါး ရွှေခွန် ငေခွန် ပုလဲ သန္တာ တို့ပေါများရာ သာသနာတော် ၅၀၀၀ တည်ရာနယ်ကား ဤသို့တည်။
- သာသနာတော်တည်ရာကား
- အရှေ့သို့လာသော် နားတဘက်ဖောက် (ပါး) တဘက် (ဆိုး) မှည့်တလုံး(တင်) မျက်နှာ နဖူးမည်း ကျော်ကသည်း (မြေ) အစပ်။
- အရှေ့တောင်သို့လားသော် ဂျွမ်းပြည်အကုန် ဂုံပြည်အဆုံး သမုဒ္ဒရာအထိ။
- တောင်သို့လားသော် သမုဒ္ဒရာ ပိဿျူးပြည်။
- အနောက်သို့လားသော် သမုဒ္ဒရာအလယ်ဍ်တည်သော နဝိမလာကျွန်း။
- အနောက်သို့လားသော် သရန (ဒါန်) စိတ္တရ (ဒါန်) ပ(န်)ထွာအ (ခြား) ပဋိက္ခရား ကုလားမြေနှင့် အစပ်။
- အနောက်မြောက်သို့လားသော် (ကတူး) ငနားကြီး ရေပေါ်မီး တက်စိန့်တက်ခေါင် အက္ကပတ် ကုလားမြေ (နှင့် အ)စပ်။
- မြောက်သို့လားသော် ကမ္ဗောဇ သင်းတွဲမြေ (နှင့် အ)စပ်။
- အရှေ့မြောက်သို့လားသော် သံတောင်း သံတန်တင်း သံတံခါး သံဘုရား ငတိ င(ယို) ငှက်ညီနောင်နေသော အပြင်အခြား။
စာမျက်နှာ - ၈၅ ကတူးနယ်ကား
- အရှေ့ကိုလားသော် ပဋ္ဌနဂိုရ်စွန်တိုင်း ငယ်ပါ (မလွန်မြေအစပ်)
- တောင်ကိုလားသော် တခါးမြို့မြေ နှင့် အစပ်
- အနောက်ကို လားသော် မြင်က (တေ့) တောင်ကြီး အနောက် (ကို)ရိုးမ
- မြောက်ကိုလားသော် ပန်းခုံကြော မြို့သစ်မြေနှင့် ကျောခိုင်
သုဝဏ္ဏဘုမ္မိ ဇင်းမယ် ၅၇ မြို့နယ်ကား
- အရှေ့ကိုလားသော် (ကျိုင်း) ရုံးကြီး မြေနှင့် ကျောခိုင်း
- တောင်ကိုလားသော် ယိုးဒယားမြေနှင့် ကျောခိုင်း
- အနောက်ကိုလားသော် မိုးပြဲမြေနှင့် ကျောခိုင်း
- မြောက်ကိုလားသော် မိုးနဲစော်ဘွား ကိုးထားမြေနှင့် ကျောခိုင်း
၎င်းအတွင်း ၅၇ မြို့ ရှမ်းကိုး စော်ဘွားနယ်ကား
- အရှေ့ကိုလားသော် (လူး) ၁၂ (ပန်းနား) မြေနှင့် ကျောခိုင်း
- တောင်ကိုလားသော် ရှမ်း ၅၇ မြို့ ဇင်းမယ်မြေနှင့် ကျောခိုင်း။
- အနောက်ကိုလားသော် သီပေါ တောင်ပိုင် မိုးကောင်းပါ
- မြောက်ကိုလားသော် မိုးဝန်းမြေ သံတံတား
- ၎င်းအတွင်း ကိုးကျိုင်း ကိုးထား ကိုးမှိုင်း ကိုး စော်ဘွား ရှိသည်။
တပယင်း မြို့နယ်ကား
- အရှေ့ကိုလားသော် မူးချောင်း ကောက်ကောက်စင်းစင်း။
- တောင်ကိုလားသော် ရှမ်းလေးရွာထိ။
- အနောက်ကိုလားသော် ဝန်သိုဒိုင်းစာသားမြေနှင့် အစပ်။
- မြောက်ကိုလားသော် မြေတူးမြို့နှင့် ကျောခိုင်း။
မိုးဝန်းနယ်ကား (စာမျက်နှာ - ၁၀၃)
- အရှေ့ကိုလားသော် ကျောက်နဂါးရစ်တောင်
- တောင်ကိုလားသော် မိုးမိတ်မြေနှင့် အစပ်
- အနောက်ကိုလားသော် ကချင်တောင်
- မြောက်ကိုလားသော် ကျောက်ခြင်္သေ့တောင်
မိုး (ထား) စ(န္ဒား) နယ်ကား
- အရှေ့ကိုလားသော် မှိုင်းရုံးကြီးမြေနှင့် အစပ်
- တောင်ကိုလားသော် လူး ၁၂ ပန်းနားမြေနှင့် အစပ်
- အနောက်ကိုလားသော် မဲခေါင်မြစ်
- မြောက်ကိုလားသော် မိုးမျည်း မိုးဝန်းမြေ နှင့်အစပ်
မိုးမျည်းမြေကား
- အရှေ့ကိုလားသော် မဲပိန်မြို့မြေနှင့်အစပ်။
- တောင်ကိုလားသော် မိုးထားမြေနှင့်အစပ်
- အနောက်ကိုလားသော် မဲခေါင်မြစ်ကြီးအထ
- မြောက်ကိုလားသော် ကချင် ၁၂ (တောင်) မြေထိ
Book Link - https://www.mediafire.com/?97t68u638v7swuk
Credit to Original Uploader. This is not Zinmarwuntho's own link.
No comments:
Post a Comment