သျှမ်းပြည်သားများ၏သမိုင်းဝင်အမွေအနှစ်ထိန်းသိမ်းသည့်အဖွဲ့အစည်းများ၊ သျှမ်းစော်ဘွားများ၏ အမျိုးအနွယ်များအား သျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့် ကူညီဆက်သွယ်အကြောင်းကြားပေးပါရန်

 


သို့
သျှမ်းသံတော်ဆင့်

သျှမ်းပြည်သားများ၏သမိုင်းဝင်အမွေအနှစ်ထိန်းသိမ်းသည့်အဖွဲ့အစည်းများ၊ သျှမ်းစော်ဘွားများ၏ အမျိုးအနွယ်များအား သျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့် ကူညီဆက်သွယ်အကြောင်းကြားပေးပါရန် ။

ဘကြီးက ၀န်းသိုစော်ဘွားစဝ်အောင်မြတ်ရဲ့ မြစ် တော်စပ်ပါတယ်။ စော်ဘွားကြီးစဝ်အောင်မြတ်ဟာ သျှမ်းပြည်မြောက်ပိုင်း နေ တိုင်းလျန် ၊ တိုင်းမောဝ်၊ တိုင်းလုံ၊ တိုင်းခမ်းတီ၊ ကဒူး ကနန်း တို့ယုံကြည်အားထားရတဲ့ စံပြမျိုးချစ်ခေါင်း ဆောင် စော်ဘွား ကြီးဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်နယ်ချဲ့တွေကို သူ့ကျွန်မခံလိုစိတ်နဲ့ တော်လှန်ခဲ့တဲ့ သူရဲကောင်း ထဲမှာ နာမည်ကြီး သျှမ်းစော်ဘွား တပါးလည်းဖြစ်ပါတယ်။

စော်ဘွားကြီးဟာ အသက် ၂၃ နှစ်အရွယ်မှာ စော်ဘွားအရိုက်အရာခံ စော်ဘွားဖြစ်လာခဲ့ပြီး သက်တော် ၁၀၃ နှစ်မှသာ နတ်ရွာစံခဲ့ပါတယ်။

မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ၀န်းသိုစော်ဘွားကြီးရဲ့ ဂူဗိမာန်ကတော့ တောင်ကြီးမြို့ ရပ်တော်မူကုန်းမှာတည်ရှိပါတယ်။

Photo Credit to Ba Gyi/ မုံရွာ လမ်းတံတား ဦးပဥ္ဇင်းအဖွဲ့ကနေ ၀န်းသိုမြို့မှာစိုက်ထူဖို့ မန္တလေးမှာထွင်းထုနေဆဲ အမြင့် ၁၈ ပေရှိ ၀န်းသိုစော်ဘွားကြီးစဝ်အောင်မြတ်ရဲ့ ရုပ်ထုတော်

အခုလည်း မုံရွာ လမ်းတံတား ဦးပဥ္ဇင်း ဦးဆောင်တဲ့ အဖွဲ့ကနေ ၀န်းသိုစော်ဘွားကြီးစဝ်အောင်မြတ် ရဲ့ရုပ်ထုတော်ကို မန္တလေးမှာထွင်းထုပြီးတော့ ၀န်းသိုကို သွားထားဖို့စီစဉ်နေကြပါတယ်။ ဂုဏ်ယူဝမ်းသာ စရာဖြစ်ပါတယ်။

ပြသနာကဘာလဲဆိုတော့ – စော်ဘွားကြီးရဲ့ မြေး၊ မြစ်၊ တီ၊ တွတ် အနွယ်ဝင် ၀န်းသို ကောလင်းနယ်က ကျနော်တို့ သျှမ်းအမျိုးတွေက အခုတောင်ကြီးမှာရှိနေတဲ့ စော်ဘွားကြီးရဲ့ ဂူဗိမာန်ကနေ စော်ဘွားကြီး ရဲ့ကြွင်းကျန်တဲ့အရိုးတွေကို တောင်းလာပါတယ်။ ၀န်းသိုနယ်မှာထားဖို့ လို့ဆိုပါတယ်။ အကုန်မပေးချင်လည်း တပိုင်းတစ ပေးလည်းရတယ်လို့ပြောလာပါတယ်။

Photo Credit to Kun Sang Mong/ မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ၀န်းသိုစော်ဘွားကြီးရဲ့ ဂူဗိမာန်ဟောင်း

ကျနော့်အဘေးရဲ့အမွေအနှစ်ကို  ချစ်မြတ်နိုးလို့လုပ်ပေးတာ ၀မ်းလည်းသာတယ်။ ကျေးဇူးလည်းတင်ပါတယ်။

ဒါပေမယ့် နှစ်ပေါင်း ၅၀ ကျော်ကြာရှိနေပြီဖြစ်တဲ့ စော်ဘွားကြီးရဲ့ အုဋ်ဂူကိုတော့ မဖျက်ချင် မဖောက်ထွင်းချင်ပါ။ လူထုရဲ့အရှင်သခင် စော်ဘွားကြီးရဲ့အုဋ်ဂူကို ကျနော်ဖောက်ထွင်းရင် ကျနော့်ကိုအပြစ်ဆိုကြမှာပေါ့။ ဒါကြောင့် ဒီသမိုင်းဝင်အမွေ ၀န်းသိုစော်ဘွားကြီးရဲ့အုဋ်ဂူကို ဆက်လက်ထိန်းသိမ်းဖို့ ကျနော် ယဉ်ကျေးမှု အမွေ အနှစ် ထိန်းသိမ်း တဲ့အဖွဲ့ဘဲဖြစ်ဖြစ် အဖွဲ့အစည်းတခုခု ဖြစ်ဖြစ်လက်ထဲအပ်ပေးချင်တယ်။ ဒီအတွက် သျှမ်းသံတော်ဆင့်ကနေ ၀ုိင်းဝန်းကူညီဆောင်ရွက်ဆက်သွယ် ပေးပါလို့ အကူအညီ တောင်းချင်ပါတယ်။

 

၀န်းသိုစော်ဘွားကြီးရဲ့ သမိုင်းအကျဉ်းကိုကျနော်ပြောပြရမယ်ဆိုရင် –

Photo credit to Ba Gyi/ ပြင်ဆင်မွမ်းမံပြီးသော လက်ရှိ ၀န်းသိုစော်ဘွားကြီးစဝ်အောင်မြတ်၏ ဂူဗိမာန်

၀န်းသိုစော်ဘွားကြီးစဝ်အောင်မြတ်ဟာ  မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ်၊ တပိုတွဲလဆန်း ၁၁ ရက်၊ ခရစ်နှစ် ၁၈၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်တွင် အဘ – မင်းလှ သမန္ဈရန်ဆောင်ဘွဲ့ခံ ဝန်းသို စစ်ကဲ စဝ်ရွှေသာ၊ အမိ သုဝဏ္ဏ ကာယ ဒေဝီဘွဲ့ခံ စဝ်ဒွေးဖြူ တို့မှ မွေးဖွားလာသော မွေးချင်း ရ ဦးအနက်အကြီးဆုံး သားဖြစ်ပါတယ်။

စဝ်အောင်မြတ်ဟာ ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၂ ရက်နေ့မှာ ၀န်းသိုစော်ဘွား အဖြစ် ထီးနန်းတက်ပါတယ်။ ၁၂၄၅ ခုနှစ် စံကားစော်ဘွားကြီး သမီးတော် စပ်ရွှေကြည်နှင့် လက်ဆက်ခဲ့ပါတယ်။

သီပေါမင်းပါတော်မူချိန် အင်္ဂလိပ်တို့ နယ်ချဲ့စိုးမိုးစဉ် ၀န်းသိုစော်ဘွားကြီးဟာ သူ့ကျွန်မခံလိုစိတ်ဖြင့် မြန်မာသက္ကရာဇ် ၁၂၅၂ မှာ အင်္ဂလိပ်တပ်တွေကိုခုခံတိုက်ခိုက်မှာ နာမည်ကြီးလာခဲ့ပါတယ်။

ထို့နောက်ပိုင်း ၀န်သိုစော်ဘွားကြီးဟာ လက်ရှိတရုတ်နိုင်ငံ တယ်ဟုန်တိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သျှမ်းဒေသ မိုင်းလာ စန်းတာသို့ နှစ်ပေါင်း ၃၀ ကျော်သွားရောက်ခိုလှုံခဲ့ပြီး ညောင်ရွှေမြို့ စော်ဘွားကြီးဖြစ်နေသော ဦးရီးတော်မှ ပြန်လည်ခေါ်ဆောင်သဖြင့် ညောင်ရွှေမြို့သို့ လာရောက်နေထိုင်ခဲ့ရာ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်ဟာ မြန်မာ သက္ကရာဇ် ၁၃၂၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်နေ့ (ခရစ် နှစ် ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်) နေ့မှာ တောင်ကြီးမြို့မှာဘဲ အသက် ၁ဝ၃ နှစ်မှာ နတ်ရွာစံသွားခဲ့ပါတယ်။ ယင်းနှစ် ပြာသိုလဆန်း ၉ ရက်နေ့ စော်ဘွားကြီးရဲ့ရုပ်ကလာပ်ကို တောင်ကြီးမြို့ ရပ်တော်မူကုန်း မြောက်ဘက်ရှိ စီစဉ် ရွေးချယ် သတ်မှတ်ထားသော မြေနေရာသို့ ယူဆောင်ကာ တော်ဝင်သျှမ်းမိသားစု ထုံးတမ်းစဉ်လာ အတိုင်း ဂူသွင်း သဂြုႋဟ်ခဲ့ကြပါတယ်။

လေးစားလျှက်
စော်ဘွားကြီးရဲ့မြစ်တော်စပ်သူ

 Original News Link: https://burmese.shannews.org/archives/10238

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment