*** သျှမ်းပြည်နယ်ဆိုသည်မှာ ** _ ဝန်းသို > ဝိင်းသိူဝ်- ကျားမြို့

 

Photo from Original News Article
 *** သျှမ်းပြည်နယ်ဆိုသည်မှာ **


လက်ရှိတြိဂံလေးနဲ့ ရောင့်ရဲေနေသူများသို့...

မဟာ့မဟာ လူမျိုးကြီးဝါဒသမားများ ဖက်ဒရယ်ကို ခြေကန်အော်နေသူများ အချို့အချို့သော သျှမ်းများသည် သျှမ်းပြည်နယ်ဟုဆိုလျှင် ဖဆပလ ပေးလိုက်သောတြိဂံကွက်လေးသာ မြင်ကြရှာသည်။ ဖဆပလ ပေးသည်အတိုင်း မရရှာဘဲ မိုးကုတ်နှင့် ပြင်ဦးလွင် ပဲ့သွားသေးသည်ကိုလည်း မေ့နေသလား မပြောတတ်ပေ။

တချိန်တုန်းက ခေါင်းဆောင်တွေကတော့ ဘာအမြင်နဲ့လည်းမသိ ကချင်ပြည်နယ်ဟု သတ်မှတ်ရာတွင်လည်း လွယ်လွယ်ပင် လက်မှတ်ထိုးပေးလိုက်ကြသည် ကိုယ့်လူမျိုးလူဦးရေ တာလွန်နေတာလဲမကြည့် သမိုင်းကြောင်းရှိတာလည်းမသိ..

ယနေ့မျက်မှောက်ကာလမှာတော့…

သျှမ်းပြည်နယ်ဟု ဆိုမိချေသောကြောင့် သျှမ်းကစပြီး ပြောရပေလိမ့်မည်။ သျှမ်းဟူသည် ဘာပါနည်း။

သျှမ်း ဟူသောစကားလုံးသည် ပါဠိသို့မဟုတ် သက္ကတဘာသာစကား ဖြစ်ပေသည်။ အဓိပ္ပါယ်ကား ကျယ်လှ၏။ ထိုဝေါဟာရကို
AD -1052တွင် ရေးထိုးခဲ့သော ထိုင်းနိုင်ငံ စပ္ပါ မြို့ဟောင်းကျောက်စာတွင် စတင်တွေ့ရှိရသည်။
အဓိပ္ပါယ်ကား-
ဥသျာ>သျမ်= ဖြူစင်ခြင်း
အသမ=ကောင်းစွာအုပ်ချုပ်တတ်ခြင်း
အာသမ်= ကုန်းပြင်မြင့်တွင် နေထိုင်သူ
သျာမ= ရွှေရောင်
သျှမ်း=တောက်ပခြင်း
ဟူလို။သို့သော် သျှမ်းများကား မိမိကိုယ်ကို TAI တိုင်းဟု ခေါ်ကြသည်။ လွတ်လပ်မှုကို မြတ်နိုးသော လူမျိုး ဟု အဓိပ္ပါရပါ၏။
ဟုတ်ပြီ ပြည်နယ်ဆိုသည်မှာ တိုင်းရင်းသားလူမျိုးအလိုက်ဖြစ်စေ ပထဝီဝင် နယ်နိမိတ်အလိုက်ဖြစ်စေ ပိုင်းခြားထားသော ဒေသ ဟု မြန်မာ့ အဘိဓာန်က အနက်ပေး၏။ ကဲ ထိုသို့ဆိုလျှင် မြန်မာပြည်အထက်ပိုင်းသည် ယခင်က မည်သူတို့နေခဲ့ပါသနည်း။ မည်သူတို့ဒေသပါနည်း။

- စစ်ကိုင်းတိုင်းက စပါစို့။
ပုဂံခေတ်နှောင်းတွင် နာမည်ကြီးခဲ့သော သျှမ်းညီနောင်သုံးဦးအနက် တစ်စီးရှင် သီဟသူ၏သားတော် အသင်္ခယာစောယွန်းက စစ်ကိုင်းကိုတည်ပါသည်။ ဦးကုလားမဟာရာဇဝင် မှန်နန်းရာဇဝင် တို့တွင်ကြည့်ပါလေ။ အထက်တက် ရွှေဘို>မုဆိုးဘို > မုတ်သိူဝ်ဖိတ် -ကျားဖြူမင်း၏ တပ်ဖွဲ့ တည်ရာဒေသ
ကောလင်း>ကောက်လန့် -သူကြီး ကိုးဦး အုပ်ချုပ်သော ဒေသ
ဝန်းသို > ဝိင်းသိူဝ်- ကျားမြို့
ဗန်းမောက်> ပပ်မ်းမောက် -ပန်းတော
ပင်လယ်ဘူး>ပပ်မ်းကိုင်ဖူ- ကျက်ဖတော
ကသာ>ကတ်ဆာ-သာယာသောဈေးမြို့
အနောက်ကမ်းကိုလှမ်းလိုက်ပြန်တော-့
ခန်းပတ်>ခမ်းပတ်ပ်-ရွှေနှင့်ပယင်းထွက်ရာအရပ်
တမူး> တွပ်မိုး-လက်ခုပ်တီးကြိုဆို၍ ရသောအမည်
ကလေး> ကာလေး>ကွာလဲ့- နှုတ်ဆက်ရာအရပ်
မော်လိုက်> မော်လိဂ်-သံထွက်ရာဒေသ
ဖောင်းပြင် >ဖွမ့်ပယ့်>ဖောင်စုဝေးရာ
သောင်သွပ်>ဆောင်ဆွပ် /မူလအမည် စေကောင့်-
မြို့ပေါက်နှစ်ခုရှိသောမြို့ / ဒေသကိုးခုဖြင့် ဖွဲ့စည်းထားသော မြို့
ဟုမ္မလင်း>ဟုမ်မဂ်လန်း- ညောင်ပိန္နဲပင်များပေါက်ရာမြို့
ခန္တီး>ခမ်းတီ -ရွှေမြေ
ကဲဒါဆို ဒါဘယ်သူ့မြေလဲ။ ဘယ်သူတွေပိုင်သလဲ။
ကချင်ပြည်နယ်ဆို ပြောစရာတောင်မလိုပေ။

နန်ချို သျှမ်းအင်ပါယာ မိုင်းမော သျှမ်းအင်ပါယာ ကတည်းက သျှမ်းဒေသ။စစ်မဟာဗျူဟာကျခြင်း နိုင်ငံ့ဘဏ္ဍာတိုးမည့်အရပ်ဖြစ်ခြင်းကြောင့် စစ်တပ်ကြီးစွာထားခဲ့ရတယ်။ ယခု တိုင်းလျဲန်တွေ တိုင်းခမ်းတီးတွေ ဟာ သျှမ်းအင်ပါယာရဲ့ စစ်သူရဲကောင်းတွေပါ။
ကချင်ပြည်နယ်မှာ ခမ်းတီးလုံ စော်ဘွား၉ နယ်ရှိတယ်။ ဗန်းမော် မိုးကောင်း မိုးညှင်း မှာ စော်ဘွားတွေရှိတယ်။ မိုးကောင်းဟာ ဗဟိုဒေသဖြစ်လို့ မိုးကောင်းစော်ဘွားဟာ အထူးအာဏာ ရှိတယ်။ ဒါပေမယ့် သူတို့သက်တမ်းဟာ ကုန်းဘောင်အစပိုင်းအထိပဲ ရှိခဲ့တယ်။ ဗမာမင်းလက်ချက်နဲ့ ရာထူးချခြင်းခံရပြီး ဒီဒေသတွေကို ဗမာမြို့ဝန်ရောက်လာတယ်။ ဗန်းမော်သည် တရုတ်ထွက်ပေါက်ဖြစ်လို့ ဗမာတွေ စောစောရောက်တယ်။ အဲဒီမှာ သျှမ်းတွေဇာတ်ပျက်ပါတော့တယ်။
စစ်ကိုင်းတိုင်းမှာ သောင်သွပ် ကလေး ခမ်းတီး ဝန်းသိုဟာ စော်ဘွားထီးနန်းစိုက်ရာ မြို့တွေ။ေ သာင်သွပ်ဟာ သိပ်ရှေးကျပြီးသြဇာကြီးတယ်။
အင်္ဂလိပ်ဝင်တော့ အိန္ဒိယ ထွက်ပေါက်ရလိုမှု စတာတွေကြောင့် ကလေးစော်ဘွားဆက် အပြတ်ရှင်း ခံရတယ်။ အင်္ဂလိပ်ကို တော်လှန်လို့ ဝန်းသို စော်ဘွားဆက် ပြတ်တယ်။ ဒီမှာ သျှမ်းတွေဇာတ်ထပ်ပျက်တယ်။ ဒါပေမယ့် လူမျိုးမပျောက်သေးဘူးနော် ပြည်နယ်ထဲမှာ ရှိသေးတယ် ဒါတောင့်တချို့ သျှမ်း ပြည်နယ်ထဲက သျှမ်းခေါင်းဆောင်တချို့က ပြောလိုက်သေးတယ်… ဘာသျှမ်းတဲ့...။


၁၉၄၇ဥပဒေအရ စသည်ဖြင့် ဖဆပလ ရဲ့ တစ်ပြည်ထောင်စနစ်ကြောင့် ပြည်နယ်ပျက်ပါတယ်။ ဖဆပလ သိပ်ပါးတယ်။ယဉ်ကျေးပြီး သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ မြန်မာပြည်လို့ပေါက်ပေါက်လာဖို့ အစအဆုံးကူညီခဲ့တဲ့ သျှမ်းတွေကို မယဉ်ကျေးသေးတဲ့ တောင်ပေါ်နေ လူတန်းစားအောက် ထဲ့လွှတ်လိုက်ကြတယ်။ပြီးရော ဖြစ်တဲ့ပြဿနာ အချင်းချင်းရှင်းကြ ဆိုသလိုပေါ့။ ဒေသပျောက်သွားတဲ့ သျှမ်းတွေကို မှတ်ပုံတင်ပေးရာမှာ မဆလတက်တော့ ပါလီမန်နဲ့ စစ်တပ်သာကွာပါတယ် အရင်မူနဲ့ကိုင်ပြီး ဗမာ/ ဗုဒ္ဓလုပ်ပေးလိုက်တယ်။ ဒီတော့ သျှမ်းဗမာဆိုပြီး လူမျိုးတိုးလာပါလေရော။ သျှမ်းစာသင်ခွင့် ဖြတ်တယ်။သျှမ်းစကားပြောခွင့်ကို အစိုးရစာသင်ကျောင်းကစဖြတ်တယ်။ သျှမ်းစကားပြော ဒဏ်ငွေ၅၀ ဒီကစပါတယ်။

ကချင်ပြည်နယ်နဲ့ နာဂတောင်တန်းခရိုင်ထဲ အထဲ့ခံလိုက်ကြရတဲ့ သျှမ်းတွေဘဝဟာ စာပျောက် လူမျိုးကွယ် ကချင်လိုလို နာဂလိုလို သူများအမြင်မှာ ဖြစ်ကြရတယ်။ ပြည်နယ်မခွဲထွက်ပါဘူး ဆိုတဲ့ဂတိနဲ့ ကချင်ပြည်နယ်ရလာပေမယ့် ကချင်က သမ္မတနိုင်ငံထူထောင်မယ်ဆိုပြီး ပြည်ထောင်စုကို ကျေးဇူးဆပ်တော့ စစ်အစိုးရက မသထာတော့ပြန်ဘူး။ ဒီနယ်တွေ လည်းကချင်ထဲမထဲ့လို သျမ်းကိုလည်း ပျောက်စေလိုတဲ့အတွက် စစ်ကို အပျော့ဆွဲတိုက်တယ်။မကြာခဏငြိမ်းချမ်းရေးယူပြီး သျှမ်းတွေကို ဖိထောင်းကြပါတယ်။ လူဦးရေအများဆုံးနဲ့ အတော်လှန်နိုင်ဆုံး တိုင်းလျဲန် တိုင်းခမ်းတီးတွေကို ပေါ်ပေါ်ထင်ထင် ဖိနှိပ်ပါတယ်။ စစ်တပ်က သျှမ်းနီဆို သူပုန်လို့ သတ်မှတ်ချိန်မှာ ကချင်က သျှမ်းနီကို မျိုးဖြုတ်ပါတယ်။မီဒီယာအားကိုးနဲ့လက်ရှိသျှမ်းပြည်နဲ့ ကျန်တိုင်းရင်းသားတွေကိုတော့ ပင်လုံ ပင်လုံ တန်းတူညီမျှရေး တိုင်းရင်းသားချင်းစည်းလုံးပါ ဆိုတဲ့ စကားနဲ့ အကာအကွယ်ယူပြီး လုပ်လိုက်တာ ယခု မြောက်ပိုင်းသျှမ်းပြည်နယ်တောင် ကချင်အထူးဒေသ ဖြစ်မှန်မသိဖြစ်လာခဲ့ပါလေရော။

နာဂတောင်တန်းခရိုင်ဖွဲ့ပြီး ဦးနုမြှောက်စားခဲ့တဲ့နာဂတွေဟာ အိန္ဒိယ Naga land ဒေသက ဆွေတော်မျိုးတော်တွေနဲ့ပေါင်းပြီး ပြည်ထောင်စုကို ကျေးဇူးဆပ်ပါတယ်။ သျှမ်းတွေကုန်တာမြင်ချင်တဲ့ အစိုးရက မသိချင်ယောင်ဆောင်ထားပါတယ်။၂၀၀၈ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးတော့ နာဂတွေက နဂိုခရိုင်အတိုင်းတောင်းပါတယ်။ အစိုးရက မပေးချင်တော့ သျမ်းဖက် မြှားဦးလှည့်ပေး
လိုက်တယ်။ ယခင်ကတည်းက သျှမ်းဒေသအမည်တွေကို ပြောင်းချင်သလို ပြင်ချင်သလို လုပ်တဲ့ နာဂ သျှမ်းတွေဆိုတာ နာဂနဲ့ ဗမာပေါင်းပြီး မွေးလာတာဆိုတဲ့ သမိုင်းအမှားရေးတဲ့နာဂ မိုင်းမောခေတ်က တည်ခဲ့တဲ့ ဘုရားတွေကို သူတို့တည်ပါတယ်ဆိုပြီး ခုထိ အဝတ်နဲ့ကိုယ်မကပ်သေးတဲ့နာဂဟာ သျှမ်းလူထုကို ဆက်ကြေးကောက် ခြိမ်းခြောက်မှုတွေနဲ့ ပြဿနာရှာပါတယ်။ အစိုးရက သျှမ်းတွေကို ချစ်တော့ ခရိုင်မှူး စစ်ဗျူဟာမှူးတွေကို နာဂလူမျိုးကို ခန့်ပေးပြီး လူ့အခွင့် အရေးချိုးဖောက်ခံရတာကို မျက်စိပိတ်ပေးထားတယ်။

နာဂသူပုန်နဲ့ အစိုးရ ဆက်ဆံရေးရုံးကို ခမ်းတီးမြို့မှာ ဖွင့်ပေးပြီး သျှမ်းတွေကို ဖိပါတယ်။
သံလမ်းရိုးဒေသ မှာကချင်က နယ်မြေရချင်တော့ ကဒူးကနန်းတွေကို ကချင်အုပ်စုထဲထဲ့ ပြီး မနောပွဲတက်စေပါတယ်။ ကချင်နဲ့ စစ်ကိုင်းတိုင်းမှာ သျှမ်းတွေ ကုန်အောင် နာဂနဲ့လက်တွဲပြီး ဘိန်း ဖိုး မူးယစ်ဆေးဝါးတွေကို တက်ညီလက်ညီဖြန့်ပါတယ်။ ဒါကို တစ်ဖက်က သျှမ်းတွေဟာ ဘိန်းစားတွေ လို့ပြောနိုင်အောင် မူးယစ်ဆေးဝါးမှုနဲ့ အကွက်ဆင်ပြီး စပေါ့မှာ တစ်နေ့တည်း သျှမ်း၂၀၀လောက်ကို KIAက သတ်ပါတယ်။ မြေပြန့်မှာ နေတဲ့ သျှမ်းသည် ဘိန်းကို လယ်မှာတော့ မစိုက်ကောင်းပါဘူး။

ကဲ ဒီမိုကရေစီပြီဆိုတော့ သျမ်းနီတွေက ခံခဲ့ရတာတွေစိတ်နာပြီး အမျိုးသားရေးလုပ်တော့ သျှမ်းနီသည် သျှမ်းပြည်နယ်နှင့်မဆိုင်ဟု ဘာညာဥပဒေတွေနဲ့တား ပြီး သျှမ်းနီနဲ့ သျှမ်းပြည်ကိုသွေးခွဲပါတယ်။

သျှမ်းပြည်နယ်သားတွေကလဲ ဟ ငါတို့ကအားလုံး သျှမ်းနေချိန်မှာ သူတို့က နီတယ်ဟေ့။ လူကြည့်တော့ ဗမာစကားပြောတယ်။ ပုံစံက ဗမာပုံပဲ ဆိုပြီး ဘာမှမသိဘဲ ဝင်ဆော်တော့ အမျိုးချင်း သေခန်းပြတ်တော့မလို အခြေအနေဖြစ်ပါတော့တယ်။ သျှမ်းအမျိုးသားအလံကို ပြည်နယ်အလံလို့ ပြောပြီး လက်ရှိ သျှမ်းပြည်ထပ်မကွဲအောင် ထိန်းနေကြချိန်မှာ ကချင်နဲ့ စစ်ကိုင်းတိုင်းက သျှမ်းတွေဟာ မြေဂရမ် ပျောက်ရုံမက ဆွေမျိုးတွေရဲ့ အမွေဖြတ်ခြင်းကို ခံရပါတော့တယ်။

ချုပ်ကြည့်ရင် လွတ်လပ်ရေးမရခင်အထိ သျှမ်းပြည်နယ်ဖြစ်ခဲ့တဲ့ ကချင်ဒေသ စစ်ကိုင်းတိုင်းဒေသဟာ လွတ်လပ်ရေးရတော့ မှ ဒေသကွဲပါတယ်။ စစ်အစိုးရလက်အောက် ဒုက္ခအတူ ခံရပြီး ဒီမိုကရေစီ လိုက်မှဘဲ အမွေပြတ်စွန့်ခြင်း ခံရပါတယ်။
သူများဒေသတွေသာ ဒီမို ကရေစီရင်စီမယ် ဒီဒေသတွေကတော့ ခုထိ အမှောင်ဖုံးတုန်း ဆိုတာ လက်တွေ့လာကြည့်ရင် မြင်နိုင်ပါတယ်။

ပြည်နယ် အစစ် မြင်နိုင်ကြပါစေ။

ဆေခမ်းဖ
မန်းတက္ကသိုလ်

By: သျှမ်းနီလူငယ်ကွန်ယက်

Original News Link : https://www.saisengserk.com/2013/12/blog-post_22.html

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment